7 Aug, 2011

Foley Artist ဆိုတဲ့ အကြောင်း vimeo မှာ တွေ့တာလေး ပြန်တင်လိုက်ပါတယ်။ ဇာတ်ကားတွေ ကြည့်တိုင်း sound effect ကို သိပ်သတိမထားမိသလို ရှာရင်လဲ အင်တာနက် ပေါ်မှာ အလွယ်တကူ ရှာလို့ရတယ် ဒါမှမဟုတ် software နဲ့ လုပ်ယူလို့ ရတယ်လို့ တွေးထားမိတဲ့ ကွျန်တော့် အတွက်တော့ ဒီလို လုပ်ယူတယ် ဆိုတာ သိတော့ အတော် အံ့ဩသွားပါတယ်။
Read the rest of this entry »
5 Aug, 2011

Move ဆိုတဲ့ ဗီဒီယို အတိုလေး ဒီနေ့ vimeo မှာ ကြည့်မိပြီး အတော် သဘောကျနေမိပါတယ်။ အဓိက ကတော့ အိုင်ဒီယာပဲဗျ။ Matt Hardin ရဲ့ ကမ္ဘာပတ်ပြီး ရိုက်ထားတဲ့ ဗီဒီယိုနဲ့ အခြေခံချင်းတူပါတယ်။ ဒါပေမယ့် သူက လမ်းလျောက်တဲ့ ပုံစံရိုက်သွားတယ်။ နောက်ဆုံး အဆုံးသတ်လေးလုပ်သွားတာ အတော်လှပါတယ်။ စကားမစပ် ပြောရဦးမယ် ကွျန်တော့်လဲ ဗီဒီယိုတစ်ခု လုပ်ထားတာ ရှိတယ်ဗျ ခုထိ ရိုက်တာ ၅ လလောက်ရှိပြီ မပြီးသေးလို့ မတင်ရသေးဘူး။ မကြာမှီလာမည် ပေါ့ဗျာ…
Read the rest of this entry »
15 Jul, 2011

ဒီလ အစောပိုင်းမှာ Vimeo.com မှာ Nokia ကလုပ်တဲ့ short movie ပြိုင်ပွဲ ဆုရသူတွေ ကြေငြာပါတယ်။ ပထမဆုရသွားတဲ့ ဗီဒီယိုကို ကြည့်ဖြစ်တယ်။ ပြိုင်ပဲွရှိတယ်စကြော်ငြာကတည်းက စိတ်ဝင်စားသွားခဲ့တာပါ သူက အသစ်ထွက်ထားတဲ့ Nokia N8 ဖုန်းနဲ့ ဗီဒီယို ရိုက်ရမှာ။ အခုရသွားတဲ့ဗီဒီယိုက တကယ်လဲ ထိုက်တန်ပါတယ်။ အဓိကကတော့ အရင်အတိုင်းပဲ creative idea က သာစားသွားပါတယ်။ technical အများကြီးသုံးပြိုင်တဲ့သူတွေ ရှိပေမယ့် ခက်ခက်ခဲခဲလုပ်တာတွေ လွယ်လွယ်လုပ်တာတွေ ထက် စိတ်ကူးက အဓိကဆိုတာ ပုံပေါ်ပါတယ်။
Read the rest of this entry »
29 May, 2011

တစ်ရက်က အိမ်မှာ Samsung တီဗီ ကြော်ငြာ ကြိုက်လို့ ပြန်ဖွင့်ကြည့်နေတုန်း ကိုရဲအောင်သူ ပြောလို့ Samsung နောက်ထပ် တီဗီ ကြော်တစ်ခု မိုက်တယ်ဆိုလို့ ရှာကြည့်ဖြစ်ပါတယ်။ Samsung ရဲ့ အရင် 3D LED TV Commercial အကြောင်းတော့ အရင်ကရေးဖူးပါတယ်။ ဒီတစ်ခါလဲ အိုင်ဒီယာတော်တော် ကောင်းပါတယ်။ သီချင်းလဲ ကောင်းပေမယ့် ကြော်ငြာနဲ့ မလိုက်သလိုဖြစ်နေတယ်။ အိုင်ဒီယာကောင်းပေမယ့် ကြော်ငြာကြည့်တဲ့သူ တစ်ယောက် နောက်ထပ် scenes တစ်ခုလာမလား ကြည့်နေတုန်းမှာ Smart တီဗီ ဆိုတာကြီး ပြလိုက်တော့ အရသာပျက်သွားသလိုတော့ ခံစားရတယ်။ အရင် ကြော်ငြာလောက်တော့ သိပ်မကြိုက်ပါဘူး။ ဒါပေမယ့် inspiration ယူလို့ ရပါတယ်။
Read the rest of this entry »
30 Apr, 2011

ဒီဘက်လတွေမှာ ရှိတဲ့ ကင်မရာလေးနဲ့ ဗီဒီယိုတော်တော်များများ ရိုက်ဖြစ်ပါတယ်။ မှတ်တမ်းသဘောမျိုး တွေ့ရာလျောက်ရိုက်တာပါ။ အဲဒါတွေ တင်ဖို့ အတွက် Vimeo.com ကို သုံးရင်း ရလာတဲ့ အတွေ့အကြုံတွေ ပြန်ရှဲပါတယ်။ Vimeo ဟာ ပြည်တွင်းကလူတွေ အတွက် အတော်အဆင်ပြေတဲ့ video sharing ဆိုဒ်ပါ။ YouTube က ကောင်းပေမယ့် ban ခံထားရလို့ တင်ဖို့ မလွယ်သလို ပြည်တွင်းကလူတွေ ကြည့်ဖို့ မလွယ်ပါဘူး။
Read the rest of this entry »
26 Apr, 2011

မနေ့က Canon DSLR Camera Lens တွေထုတ်တဲ့ အကြောင်းရိုက်ထားတဲ့ ဗီဒီယို ယူကျူ့မှာ ကြည့်ဖြစ်ပါတယ်။ အခုကတော့ ဘလော့ဂ်မှာ ပြန်တင်ပြီး စုထားလိုက်တာပါ။ မှန်လုပ်သွားတာအရင်က မမြင်ဖူးတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အပူပေးပြီး ပုံသွင်းသွင်းသွားတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ထင်မထားဘူး ကင်မရာမှန်ဘီလူးကို စက်နဲ့လုပ်တယ်ထင်နေတာ လူနဲ့ ဆင်သွားတာတွေ့ရတယ်။
Read the rest of this entry »
4 Apr, 2011

Rodney Mullen ဆိုတာ ဘယ်သူလဲဆိုတာတော့ အရင်တုန်းက play station 1 ဂိမ်းနဲ့ အခြား console ဂိမ်းတွေမှာ Tony Hawk’s Pro Skaters series ဆော့ဖူးသူတွေကို အဆန်းလုပ်ပြောပြဖို့ လိုမယ် မထင်ပါဘူး။ Rodney Mullen က စကိတ်ဘုတ် စီးသူတစ်ယောက်ဖြစ်ပြီး ငယ်စဉ် ၁၀ နှစ်ကျော်လောက်ကတည်းက ကွျမ်းကျင်သူမို့ TV channel တွေက အစ ခေါ်ပြီးပြရတဲ့ အထိအောင် skate stunt တွေလဲ ကွျမ်းကျင်တာပါ။
Read the rest of this entry »
29 Mar, 2011
မနေ့ညက ခေါင်းမူးပြီး အိပ်ပျော်သွားလို့ Miss ပွဲက ပုံတွေ မတင်ဖြစ်လိုက်ဘူး အခုကတော့ ခဏလာတင်တာပါ Chris Jordan ရဲ့ TED မှာ ပြောသွားခဲ့တဲ့ အကြောင်းအရာပါ။ ဓာတ်ပုံ ဆရာ Chris Jordan ကနေ သူ့ရဲ့ ဓာတ်ပုံ ပညာအသုံးချပြီး လူတွေ သတိထားမိစေဖို့ လုပ်ထားတဲ့ အရာတွေပါ။ တော်တော် အိုင်ဒီယာကောင်းသလို အချိန်လဲ အတော်ပေးထားပုံရပါတယ်။ ဒီရက်တွေမှာ TED talk တွေ တစ်နေ့ ဗီဒီယို တစ်ခုတော့ အနည်းဆုံးကြည့်ဖြစ်နေတယ်။ အဲဒီထဲ ကစိတ်ဝင်စားမိတဲ့ talk တစ်ခုပါ။ စကားမစပ် Miss ပုံတွေ ညမှ ပြန်တင်ပါ့မယ်။
10 Jan, 2011

လွန်ခဲ့တဲ့ ၃ လလောက်က ဆရာတွေနဲ့ အတူ ရုပ်သေးရုပ်ကပွဲတစ်ခုကို သွားဖြစ်ပါတယ်။ ဓာတ်ပုံသွားရိုက်ရင်းနဲ့ သဘောကျလို့ ဗီဒီယိုပါ 720HD နဲ့ ရိုက်ဖြစ်ခဲ့ပါတယ်။ အဲဒီထဲက ဇော်ဂျီအက (Puppet Name ~ Zawgyi) ဗီဒီယိုလေးတစ်ခုကို အဆင်သင့်တုန်းက ဘန်ကောက်မှ ကွန်နက်ရှင်ကောင်းလို့ တင်ဖြစ်ခဲ့တာလေး အခု ဘလော့ဂ်မှာ ပြန်တင်ပါတယ်။
Read the rest of this entry »
5 Jan, 2011

မကြည့်ရသေးဘူးဆိုရင် ကြည့်ဖုိ့ပါ Tron ရုပ်ရှင်ကားထဲကလို မီးလင်းတဲ့ ပစ္စည်းမျိုးတွေ DIY အနေနဲ့ လုပ်လို့ရပါတယ်။ အခုကတော့ အဲဒီလို မီးလင်းနေတဲ့ laptop အိတ်လုပ်နည်းပါ။ စိတ်ဝင်စားဖို့ ကောင်းပါတယ် Craft ကနေ သရုပ်ပြပေးထားတာပါ။ စမ်းကြည့်ချင်ပေမယ့် တချို့ ပစ္စည်းတွေ မရှိလို့ မလုပ်နိုင်သေးပါဘူး။ နည်းတော့ သိသွားတာပေါ့။ ပျော်ရွှင်ပါစေ။
Read the rest of this entry »