Archive for Video

Amazing Stunts and Tricks by Aung Zaw Oo

Aung Zaw Oo's Stunts And Tricks Showreel 2010

တစ်နေ့က ဆိုဒ်တစ်ခုမှာ Stunt ဗီဒီယို တစ်ခုကြည့်ဖြစ်ပါတယ်။ နာမည်ကြီး ဘလော့ဂ်လို့ပြောလို့ရတယ် အဲဒီမှာ မြန်မာနာမည်တွေ့လို့ စိတ်ဝင်စားသွားတာပါ။ အောင်ဇော်ဦး (Aung Zaw Oo AKO) လို့ခေါ်တဲ့ သူတစ်ယောက်လုပ်ပြသွားတာ တွေ့ပါတယ်။ တကယ်ကို စတန့်တွေ ကွျမ်းကွျမ်းကျင်ကျင် လုပ်ပြသွားပါတယ်။ ကွျန်တော်ကတော့ အမေရိကန်ကပါ အမေရိကတစ်ယောက် မြန်မာတစ်ယောက်လို့ ယူဆပါတယ်။

Read the rest of this entry »

Military Cemetery

Military Cemetery ဆိုတာ အမှန်တော့ ဘာမှမဟုတ်ပါဘူး ကျွန်တော် ရိုက်ထားတဲ့ Video Clip နာမည်ပါ။ ရိုက်ထားတာက လှည်းကူးက စစ်သင်းချိုင်း မှာ ရိုက်ထားတာမို့ပါ။ အဲဒီတုန်းက Canon 550D ၀ယ်ထားတာ ၁ လလောက်ပဲရှိသေးတဲ့ အချိန်မှာ သူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက် သွားဖြစ်တာပါ။ ရိုက်ရင်းနဲ့ video ပါ HD 1080p နဲ့ ရိုက်ထားတာတွေကို background တီးလုံးလေးနဲ့ တွဲထားတာပါ။


Super Mario Bros.

Vimeo မှာ Super Mario Bros. ဆိုတဲ့ animation video တစ်ခုတွေ့မိလို့ ပြန် share ပါတယ်။ ဂျာမနီနိုင်ငံက ကျောင်းသားတစ်ယောက်ရဲ့ personal project တစ်ခုပါ။ သဘောကျလို့ ပြန်တင်ဖြစ်ပါတယ်။ Mario ဆိုတာက Nintendo Family Game တုန်းက စက်ဝယ်ရင် တွဲပါတဲ့ ဂိမ်းဖြစ်တာရယ်ကြောင့် လူသိများပါတယ်။ အဲဒီတုန်းက 8 Bit graphic ရယ် midi သံရယ်က အခုထိမရိုးနိုင်လို့ ဖုန်းထဲတောင် Mario ringtone လုပ်ထည့်ထားသေးတယ် :D ဘလောဂ်မတင်ဖြစ်တာကြာသွားပါတယ်။ ကြာဆို ရန်ကုန်မှာ ကျွန်တော့် blog က ဘန်းခံထားရတော့ ကျော်ရတာ အခက်အခဲရှိတာကြောင့် ခဏခဏပျောက်နေတာပါ။ Have A Nice Day!!

Changi to Yangon Airport in Stop Motion

Singapore to Yangon in Stop Motion from Htoo Tay Zar on Vimeo.

Stop Motion Video တစ်ခုကို Vimeo မှာ တင်ထားလိုက်ပါတယ်။ အဲဒါက Changi ကနေ Yangon ပြန်တုန်းက ပြတင်းပေါက်နားမှာ ခုံနံပါတ်ကျတာကြောင့် လုပ်ဖြစ်သွားတာပါ။ ရည်ရွယ်မထားပဲ အဲဒီနားကျနေတာရယ်နောက် လေယာဉ်က ထွက်ဖို့ နဲနဲကြာနေတာကြောင့် ပါလာတဲ့ iPhone 3G နဲ့ ရိုက်ဖြစ်ပါတယ်။ 3G မှာ Qik လို App နဲ့ ဗီဒီယို ရိုက်လို့ ရပါတယ်။ Jailbreak လုပ်စရာမလိုတော့ပါဘူး။


Enter A New Dimension

A New Dimension

TV က Channel 5 မှာ လာလာနေတဲ့ ကြော်ငြာတစ်ခုကို သတိထားမိတယ်။ မိုက်တယ်.. ပုံမှန်ကြော်ငြာတွေနဲ့ မတူပဲ လူတွေ သတိထားမိစေနိုင်တယ်။ Samsung က သူ့ရဲ့ 3D LED TV ကြော်ငြာပါ။ Enter A New Dimension လို့ tag line ထည့်ထားတယ်။ မြို့ထဲမှာ LED TV တွေ ဆက်ပြီး ပုံရိပ်အကြီးလုပ်ပြသွားတယ်။ အောက်မှာ ကြော်ငြာ ကြည့်လို့ ရပါတယ်။


Hitler Not Happy About YouTube Policy

Hitler not happy about the 550d… from oliver walker on Vimeo.

Hitler Downfall ဆိုတာက YouTube မှာ အရင်က နာမည်ကြီး video clip တွေပါပဲ။ အမှန်က အဲဒီ video က အများကြီးရှိတယ် iPad လဲရှိတယ် Camera လဲရှိတယ် iPhone လဲရှိတယ်။ မူရင်း “The Downfall: Hitler and the End of the Third Reich” ဂျာမန် စကားပြော ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်ခန်းကို ဖြတ်ထုတ်ပြီး အောက်က စာသားမှာ ပေါက်ကရ ဟာသတွေ english လိုရေးပြီးတင်ကြတာပါ။ အရင် iPad ထွက်တုန်းကလဲ Hitler iPad မှာ camera မပါတာ ipod touch အကြီးစားကြီးဆိုပြီး ပေါက်ကရ စာသားတွေထိုးပြီး တင်ကြတယ်။ ရုပ်တည်ကြီးတွေနဲ့ သရုပ်ဆောင်နေတာကို အောက်က ဟာသတွေလျောက် ဘာသာ ပြန်ထားတာ တကယ်ရီရတယ်။
