Archive for Web 2.0

Desktoptwo – Revolutionary Web-based Desktop

Desktoptwo

DesktopTwo ဆိုတာ web-based Desktop ပါ။ စိတ်ကူး ကောင်းကောင်းနဲ့ ဖန်တီးထားတာလို့ ပြောလို့ရပါတယ်။ သူက ကျွန်တော်တို့ရဲ့ နေ့စဉ်သုံး desktop ကို အင်တာနက်ရှိတဲ့ ဘယ်နေရာက မဆို သုံးလို့ရနိုင်အောင် လုပ်ပေးမယ်ဆိုတဲ့ အိုင်ဒီယာပါ။ ဒီလိုမျိုးဆိုဒ်တွေက နောင်အချိန် အင်တာနက် ကွန်နက်ရှင် တစ်ကမ္ဘာလုံး အမြန်နှုန်းနဲ့ ရတဲ့ အခါ အောင်မြင်နိုင်တာပေါ့ =) ။ သူ့မှာ လောလောဆယ် Beta အနေနဲ့ သုံးလို့ ရပါတယ်။ သုံးကြည့်တဲ့ အခါမှာ ပထမဆုံးတွေ့ရတာက လိုအပ်ချက်တော်တော်များတာတွေ့ရပါတယ် ဘာတွေလည်းဆိုတော့ ကျွန်တော်တို့ browser မှာ pop up allow လုပ်ပေးရမယ် နောက် cookie, javascript, နောက် flash player လိုအပ်ပါတယ်။ သူကလည်း flash သုံးထားတာဖြစ်ပြီး Adobe ရဲ့ Photoshop Express လောက်တော့ မလေးပါဘူး တက်တာမြန်ပါတယ်။ သူ့ရဲ့ desktop မှာ RSS reader, Mp3 player, Blog, Chat, Notepad, Calendar, Message Board, Hard Disk တွေ စတာတွေ desktop ပေါ်မှာ တင်ပေးထားပါတယ်။

Blog က အဲဒီမှာ တိုက်ရိုက်ရေးလို့ ရပြီး reader တွေ ဖတ်လို့ ရမယ့် လင့်က yourname.desktoptwo.com မှာ ရမှာပါ။ တစ်ခုဆိုးတာက အပေါ်နားက Ads banner ပိတ်ပစ်လို့ မရပါဘူး။ နောက် Desktop မှာ Wallpaper က စိတ်ကြိုက်လဲလို့ မရပဲ သူပေးထားတဲ့ ၈ ခုလား မသိ အဲဒါပဲလဲလို့ ရပါတယ်။ ကျွန်တော်တော့ အကောင့်လုပ်ထားပြီးကတည်းက ၁၀ ခါလောက်ပဲ ၀င်ဖူးပါတယ် ဒါတောင် MICT ထဲမှာမှ ၀င်ပါတယ်။ အပြင်မှာဆို log in ၀င်ဖို့တောင် တော်တော်စောင့်ယူရပါတယ်။ Flash ဆိုဒ်တွေရဲ့ အားနည်းချက်က အဲဒီလို ကွန်နက်ရှင် နှေးရင် ကြည့်လို့ မရတာလို့ ပြောလို့ ရမလား မသိဘူး။ ကွန်နက်ရှင်ကောင်းတဲ့ နိုင်ငံတွေမှာ တော့ ဒီဆိုဒ်က နည်းနည်းလောက် ဖြစ်ဖြစ်တော့ အသုံးတည့်နိုင်မယ်လို့ ထင်ပါတယ်။

Desktoptwo

Technorati TagDesktoptwo, Web based Desktop, Web 2.0, Flash Site, Flash Desktop

Adobe® Photoshop Express beta


Adobe ရဲ့ Photoshop ကို အခု အွန်လိုင်းပေါ်မှာ Adobe® Photoshop Express ဆိုပြီး စသုံးလို့ ရနေပါပြီ။ Adobe က Photoshop ကို Online မှာ သုံးလို့ရအောင် လုပ်နေတာ ၂ နှစ်နီးပါးလောက်ရှိပါပြီ။ အခုတော့ အစမ်း သဘောမျိုးရနေပါပြီ။ Photoshop မှာလို tools တွေ အစုံမပါသေးပါဘူး တချို့ပဲ ရပါတယ်။ လောလောဆယ်တော့ ကျွန်တော် အဲဒီဆိုဒ်ကိုဝင်နေတာ ၁ ပတ်လောက်ရှိပါပြီ sign up တောင် လုပ်ဖို့ခက်ပါတယ်။ Sign up လုပ်တာ free ပေမယ့် ဆိုဒ်က အားလုံး flash သုံးထားပြီး ကျွန်တော်တို့ ဆီက လိပ်က အဘိုးခေါ်တဲ့ speed နဲ့ တပတ်လောက် မရမက၀င်ကြည့်ပေမယ့် မရပဲ မနေ့ကမှ ကံကောင်းစွာ MICT Park ထဲမှာ ရသွားပါတယ်။ ရတာတောင် sign up လုပ်လို့ရရုံနဲ့ Gallery တချို့ပဲ လျှောက်ကြည့်လိုက်ရပါတယ်။ Photoshop သုံးဖို့လည်းကြံရော ကွန်နက်ရှင်ကျသွားတာ ဘာမှမလုပ်လိုက်ရတော့ဘူး။ ကျွန်တော့်ရဲ့ Photoshop Online နဲ့ ပတ်သတ်တဲ့ အတွေ့အကြုံ ဒါပဲခင်ဗျ။ မိတ်ဆွေတို့ဆီမှာ speed ကောင်းရင်တော့ စမ်းပြီး ကျွန်တော့်ကို ပြန်ပြောပေးပါဦး =) ။

  • tayzar44 @ Adobe® Photoshop Express

    Technorati TagPhotoshop, Adobe, Adobe Photoshop Express, Online Photoshop

  • Barack Obama Logo Generator

    Barack Obama Logo Generator ဆိုတဲ့ဆိုဒ်က Barack Obama ရဲ့ လိုဂို ပုံစံ လေးလုပ်ပေးတဲ့ဆိုဒ်ပါ။ အဲဒီဆိုဒ်မှာ ကိုယ့်ဆီက ဓာတ်ပုံလေး၊ အဗေတာလေး တင်ပြီးတော့ ဖြစ်ဖြစ် လိုဂိုတစ်ခုကို အွန်လိုင်းပေါ်မှာတင် လုပ်နိုင်ပါတယ်။ အဲဒီဆိုဒ်မှာ Obama အတွက် ရန်ပုံငွေ အလှူလည်း လုပ်လို့ရတာ တွေ့ရပါတယ်။ ကျွန်တော်က Obama ကို ထောက်ခံတဲ့သူ မဟုတ်ပေမယ့် လိုဂိုလေးတော့ စမ်းလုပ်ကြည့်လိုက်ပြီ။ Obama ကော Hillary ကော ဘယ်သူ့မှ မထောက်ခံဘူး။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့မှ မဲပေးလို့မရပဲ =) ။

  • Obama Logo Generator
  • Flickr Gallery

    Technorati TagBarack Obama, Logo Generator, Obama Logo

  • LinkBunch – Combine Multiple Links Into One Link


    LinkBunch ဆိုတာ links (URL) များစွာကို link တစ်ခုတည်းမှာ ပေါင်းစည်းပေးတဲ့ ဆိုဒ်လေးပါ။ ကျွန်တော်တို့တွေ IM, Twitter, Gtalk တွေမှာ သူငယ်ချင်းကို လင့်ပေးချင်တဲ့ အခါ လင့်ကရှည်နေတဲ့ အခါ ဒါမှမဟုတ် link အများကြီးပေးချင်တဲ့ အခါမှာ အဲဒီလို စာတွေအများကြီးနဲ့ မျက်စိ ရှုပ်စရာ လင့်တွေပေးမယ့် အစား ဒီ LinkBunch ဆိုတဲ့ ဆိုဒ်လေးမှာ generate လုပ်ပြီး လင့်တိုတိုလေးပေးလိုက်တာက မျက်စိရှုပ်ပိုသက်သာပြီး ပိုမြန်ပါလိ့မ်မယ်။ သူမှာ text box လေးပါပြီးတော့ အဲဒီထဲမှာ ကိုယ်ပေးချင်တဲ့လင့်တွေ ထည့်ရမှာပါ။ လင့်တစ်ကြောင်းကို Enter တစ်ခုနှိပ်ပြီး ထည့်ပေးပါပြီးရင် Bunch ဆိုတာလေး နှိပ်လိုက်ရင် link အတိုလေးတစ်ခုကို ပေးပါလိမ့်မယ်။ အဲဒါလေးကိုပဲ Copy လုပ်ပြီး သူငယ်ချင်းကို ပေးရုံပါပဲ။ ဒါအပြင် သူ့မှာ ကိုယ်ပေးထားတဲ့လင့်တွေကို သူငယ်ချင်းက ကြည့်ရင် အဆင်ပြေအောင် SnapShot javascript လေးပါ ထည့်ပေးထားတာ တွေ့ရပါတယ်။ နောက် သူ့အောက်ဘက်က Open Entire Bunch ကို နှိပ်ရင်တော့ သူငယ်ချင်းက ပေးထားသမျှလင့်တွေ အားလုံးကို သူက new tab နဲ့ browser မှာ အကုန်ဖွင့်ပေးမှာပါ။ LinkBunch လေးနဲ့ ပျော်ရွှင်နိုင်ပါစေ။

    Sample Link

    Technorati TagLinkbunch, Put Multiple Links into One Link, Web 2.0, Generator, Hyperlink Generator

    20 Free Glossy Web 2.0 Badges And Stickers

    Banner တွေ ဆိုဒ်ဘားတွေမှာ အလွယ်တကူ ထည့်နိုင်တဲ့ web 2.0 glossy Badges လေးတွေပါ။ ဖိုတိုရှော့ထဲမှာ ဖြစ်ဖြစ် စာသားနဲ့တွဲပြီး ဘလောခ့်ကို အလှဆင်နိုင်ပါတယ်။

  • Download Glossy Badges

    Technorati TagWeb 2.0, Web 2.0 Badges, Glossy Vector

  • Search And Download Free Your Fav Music

    ကျွန်တော် အရမ်းကြိုက်တဲ့ သီချင်းတွေထဲမှာ ရှေးရှေးက Hawaii 50 လိုသီချင်းတွေ နောက် When you believe (Prince Of Egypt), Go The Distance, I won’t say i’m in love (Hercules), Lion sleep tonight လို ကာတွန်းကားက ဇာတ်ဝင်သီချင်းတွေလည်း အရမ်းကြိုက်ပါတယ်။ အဲဒီလို သီချင်းဟောင်းတွေ အရင်က ကျွန်တော့်ဆီမှာ ကတ်ဆက်ခွေတွေနဲ့ရှိခဲ့ပေမယ့် အခုချိန်မှာ mp3 နဲ့လိုချင်တဲ့ အခါ ကျွန်တော် Multiply ဆိုတဲ့ Social Networking site (expecially for Music lovers) ဆိုဒ်ကနေရှာပါတယ်။ အခုတော့ ၂ လလောက်ရှိသွားပါပြီ Multiply က Search မှာ Music ဆိုတာလေးမရှိတော့ဘူး။ အဲဒီတော့ အခက်တွေ့ပါတယ် နောက်တော့ ဒီ Seekmp3 dot Info ဆိုတဲ့ Mp3 search engine ဆိုဒ်လေးတွေ့ပါတယ်။ သီချင်းတွေ အထူးသဖြင့် ကျွန်တော် အရမ်းလိုချင်တဲ့ ရှားပါးသီချင်းတွေ၊ ရှေးတုန်းက သီချင်းတွေ 95 ရာခိုင်းနှုန်းလောက်ကို ရှာလို့ရခဲ့ပါတယ်။

    သူက သီချင်းတွေကို အခြားဆိုဒ်တွေကနေရှာပေးတာ သူ့ဆိုဒ်မှာတင်ထားတဲ့ သီချင်းတစ်ခုမှ မရှိဘူးခင်ဗျ။ အထူးသဖြင့် ESnip ဆိုဒ်ကနေ ရှာပေးတာပါ။ အခြား Mp3 free download ဆိုဒ်တွေမှာဆို band တစ်ခုကို နာမည်ကျော်သီချင်း ၄ ပုဒ်လောက်သာလျှင် download ပေးလုပ်ပါတယ်။ ဒီဆိုဒ်မှာတော့ album တစ်ချပ်လုံး download လုပ်လို့ရပါတယ် (album ထဲက သီချင်းတွေအမည်နဲ့ တစ်ပုဒ်ချင်းစီတော့ ရှာရမှာပေါ့)။ ပြီး download လုပ်လို့ရသလို download မလုပ်ပဲလည်း နားထောင်လို့လည်းရပါတယ်။ နားထောင်ရင်လည်း အခြားဆိုဒ်တွေလို ပြတ်ပြတ်သွားပြီး (buffer) လုပ်တာကြာတာမျိုး မဖြစ်သလောက်ပါပဲ။ ပေါ့လည်းပေါ့တယ်။ အရင်က ကျွန်တော်သီချင်းနားထောင်ချင်ရင် Pure Volume မှာ နားထောင်ပါတယ်။ အဲဒီမှာက flash သုံးထားတော့ သီချင်းနားထောင်ရတာ သိပ်တော့အဆင်မပြေဘူး ပြီးတော့ သီချင်းက ၄ ၅ ပုဒ်လောက်ပဲ နားထောင်လို့ရတယ်။ ဒီမှာတော့ ကြိုက်သလောက် ကြိုက်ရာနားထောင်လို့ရတယ်။ တခုတော့ရှိတယ် သီချင်းရှာတဲ့အခါ တချို့လင့်တွေက နဂိုဆိုဒ်မှာ သီချင်းဖိုင်မရှိတော့တာမျိုးလေးတော့ ဖြစ်တတ်တယ်။ ဖြစ်ခဲပါတယ်။ ကျွန်တော်တော့ အဲဒီဆိုဒ်က နေ့စဉ်မ၀င်မဖြစ်ပါပဲ။

    ကျွန်တော်ငယ်ငယ်က နားထောင်ခဲ့တဲ့ သီချင်းတွေ အထူးသဖြင့် disco dance ပုံစံသီချင်းတွေ အားလုံးနီးပါး download လုပ်လိုက်တယ်။ Vengaboys, Aqua, Cartoon, toy box, solid base တို့လိုသီချင်းတွေ နောက် Motley Crue, Ramones, Aerosmith, Deep Purple, Mr.Big, Jimi Hendrix, Metallica တွေ အများကြီး download ချပစ်လိုက်တယ်။ ဆိုဒ်နာမည်တော့ မမှားပါနဲ့ဦး Seekmp3 dot Info ပါ။ အခြားဆင်တူ seekasong တွေ ဘာတွေလည်းရှိသေးတော့။ လောလောဆယ်တော့ သူကနောက်ထပ်အနေနဲ့ SeekTV.com နဲ့ SoftwareDL ဆိုတဲ့ အခြားနှစ်ခုပါ စမ်းနေပါတယ်။ SeekTV က Music Videos တွေ free download ပေးတဲ့ဆိုဒ်ပါ။ Beta ပဲရှိပါသေးတယ်။ တကယ်တော့သူက YouTube က ဖိုင်ကိုပဲ ဒေါင်းလုဒ်လုပ်တာပါ။ သူဆီမှာ download လုပ်တာထက် ကျွန်တော်အရင်က ရေးခဲ့တဲ့ YouTube Download လုပ်တဲ့နည်း ၂ မျိုးကတောင် ပိုမြန်ပါလိမ့်ဦးမယ်။ ကျွန်တော်ကတော့ ဒီဆိုဒ်လေးကို မူပိုင်ခွင့်နဲ့ ညှိပြီး ရပ်သွားမှာတောင် စိုးရိမ်မိတယ်။ ဒါကြောင့် အားတိုင်း download ပဲလုပ်နေတော့တာပဲ =) ။

    Thanks A lot To Go2Web2

    Technorati TagFree Download MP3, Music, Mp3 Search Engine, Download Free Music Albums

    Linux Distribution Chooser

    UbuntuKubuntuMandrivaOpensuse

    Linux ကို ကျွန်တော် အိမ်မှာတင်ပြီး သုံးချင်နေတာကြာပြီ အိမ်က HardDisk က ပြည့်နေတော့ ခုထိမစမ်းရသေးဘူး။ ဒါပေမယ့် အခု Hard Disk ၀ယ်တော့မှာဆိုတော့ Linux တွေထဲက ဘယ်ဟာ အကောင်းဆုံးဖြစ်မလဲလို့ အင်တာနက်မှာ လိုက်ရှာနေတာ ၂ ရက်လောက်ရှိပြီ။ လိုက်ရှာရင်းနဲ့ Ozzu ဆိုတဲ့ forum မှာ link တစ်ခု ညွှန်းထားတာတွေ့တာနဲ့ သွားစမ်းကြည့်လိုက်တယ်။ သူက ကိုယ်နဲ့ လိုက်ဖက်မယ့် version ကို မေးခွန်း ၁၅ ခုလောက်မေးပြီး အဖြေထုတ်ပေးတယ်။ အရင် ကျွန်တော်တို့စမ်းနေကြ Online Quiz တွေလိုပဲ။ စမ်းမယ်ဆိုရင်တော့ browser က java script နဲ့ cookie ကို enable လုပ်ပေးရပါမယ်။ အဖြေက ၄ ခုပြပေးပါတယ် အဲဒီထဲက နှစ်သက်ရာရွေးပေါ့ (Screen Shot ပါကြည့်လို့ ရပါတယ်)။ အပေါ်ကပြထားတဲ့ လိုဂို ၄ ခုက ကျွန်တော်နဲ့ အဆင်ပြေမယ့် Linux ၄ ခုပေါ့။ အခြားအနေနဲ့ ကျေးဇူးပြုပြီး ကျွန်တော်ကို Linux ထဲက အဆင်ပြေမယ့် version နဲ့ အခြား အတွေ့အကြုံလေးတွေကို ကွန်မန့်မှာရေးပေးခဲ့ကြပါဦး။ သူအဖြေထုတ်ပေးတဲ့ Distributions တွေထဲမှာ ဘာလို့လည်း မသိဘူး Red Hat မပါဘူး ခင်ဗျ။ ကျွန်တော်တို့ကျောင်းမှာ Red Hat နဲ့ သင်ပါတယ်။

    Linux Distribution Chooser

    Distributions included
    Fedora Core 7
    Mandriva 2008
    OpenSuSE 10.3
    Debian 4.0
    (Simply-)MEPIS 6.0
    Ubuntu, Kubuntu 7.10
    Linspire 6
    Freespire 2
    Xandros 4
    PCLinuxOS 2007
    Gentoo 2007.1
    Slackware 12
    Arch Linux 2007.08
    Foresight Linux 1.4.1

    Technorati TagLinux, GNU, Ubuntu, Kubuntu, Fedora, Opensuse, Red Hat

    Web 2.0 Master’s Degree

    Web 2.0 Master Degree ရဖို့ Quiz လေးတွေ ဖြေကြည့်ရအောင်ဗျာ။ အဲဒီမှာ အဆင့် ၃ မျိုးရှိပါတယ်။ Student, Bachelor, Master Degree ဆိုပြီး ရှိပါတယ်။ ကိုယ်အဖြေပေါ်မူတည်ပြီး အဖြေထွက်မှာပါ။ မေးခွန်းက ၁၀ ခုမေးတာပါ။ ကျွန်တော် ဖြေတာ Master Degree ရလာတယ်။ 10 ခုမှာ 9 ခုမှန်ပြီး 1 ခုမှားပါတယ်။ ပထမဆုံး တစ်ခုပေါ့မှားတာ။ မေးခွန်းတွေက တကယ်တန်းကြည့်ရင် လွယ်နေပါတယ်။ Icon ပုံတွေပြပြီးမေးတဲ့ မေးခွန်း (နံပါတ် 2 လားမသိ) ဟာဆိုရင် အသိသာကြီးပါ။ အမှန်က အခြား ဆင်တူရိုးမှား icon တွေ ထည့်သင့်တာပါ။ နောက် မေးခွန်း ၁၀ ခုထည်းက နည်းသလိုလိုပါပဲ။ လောလောဆယ်တော့ Degree က 2.0 ပဲရှိပါသေးတယ်။ နောက်မကြာခင်မှာ 3.0 ရှိလာမယ်ထင်ပါတယ်။

    Technorati TagWeb 2.0, Master Degree, Tay Zar

    Online Web 2.0 Button Generator


    သင့် ဘလောခ့်မှာ button လေးတွေကို Web 2.0 Design Glossy button လေးတွေကို ဒီဇိုင်းအခြေခံရှိစရာမလိုပဲနဲ့ ဖန်တီးနိုင်ပါပြီ။ My Cool Button (Beta 0.6) ဆိုတဲ့ဆိုဒ်မှာ အလိုရှိတဲ့ အရောင်, စာသား, icon လေးနဲ့ Online ပေါ်မှာတင် generate လုပ်ရယူနိုင်ပါတယ်။ Rounded Corner ပုံစံနဲ့ Button တွေကို png format နဲ့ ရယူနိုင်မှာပါ။ Button အတွက် font ကို လည်းပေးထားတဲ့ Drop down ထဲကနေ ၁၅ မျိုးခန့်ထဲက စိတ်ကြိုက်ရွေး လုပ်နိုင်ပါတယ်။ Zawgyi font တော့မရပါ။ Icon အနေနဲ့ နဂို RSS, Social Bookmarks icons တွေသုံးလို့ရသလို ကိုယ့်ကိုပိုင် Icon png format ကိုလည်း တင်ပြီးသုံးနိုင်ပါတယ်။ Rounded Button ဖြစ်တဲ့အတွက် ကျန်တဲ့အစိတ်အပိုင်း (Background) က png format ပေမယ့် transparent အနေနဲ့ထုတ်ပေးတာ မဟုတ်တဲ့ အတွက် ကိုယ့် blog, web ရဲ့ background နဲ့ လိုက်ဖက်တဲ့ အရောင်ကို background အနေနဲ့ ထည့်ပေးဖို့လိုပါတယ်။ Web 2.0 button လေးတွေကို အဆင့် ၄ ဆင့်နဲ့ အွန်လိုင်းမှာတင် ဖန်တီးပြီး ဘလောခ့်ကို အလှဆင်လိုက်ရအောင်။

    Preview

    Reaper
    RSS

    Technorati TagWeb 2.0, Glossy Button, Online Generator