hit counter

Archive for Web

Are My Sites Up?

Are My Sites Up? ~ When your websites go down, shouldn't you be the first to know?

Are My Sites Up? (AMSU) ဆိုတာက tracking web site တစ်ခုပါ။ သူမှာ free နဲ့ premium (paid) ၂ မျိုးရှိပါတယ်။ Free မှာ ဆိုဒ် ၅ ခု ထည့်လို့ရပါတယ်။ သူက Google Analytics လို keyword, visitors စတာတွေ အကုန်လုပ်ပေးတာ မဟုတ်ပါဘူး site down time ကို စစ်ပေးတာပါ။

Read the rest of this entry »

This is a Chrome Experiment

This is a Chrome Experiment (WebKit)

The 289.com က Chrome Experiment ကို ဒီနေ့ ကြည့်ဖြစ်ပါတယ်။ ဒါက Chrome test လုပ်ထားတာပါ Scroll bar တွေနဲ့ wave ပုံစံလုပ်ပြထားပါတယ်။ Russia က developer လုပ်ထားတာပါ javascript library ကို သုံးထားပါတယ်။ အလုပ်လုပ်မှာက WebKit layout engine သုံးထားတဲ့ Safari နဲ့ Google Chrome မှာ လုပ်ပါတယ်။

Read the rest of this entry »

Bring Down IE6 ~ It’s Time to Unite!!

Let's Bring Down Internet Explorer 6

Internet Explorer 6 ဆိုတာ Windows XP မှာ တွဲပါတဲ့ Web Browser ပါ။ ဒီ browser က users တွေ အသုံးများပြီး အလွယ်တကူသုံးကြပေမယ့်.. Web Designer/Developer တွေ အတွက် ခေါင်းခဲစရာ ဖြစ်ခဲ့တာ ကြာပြီလို့ပြောလို့ရပါတယ်။

Read the rest of this entry »

Happy Birthday to 8 Years Old Wikipedia!!

Happy Birthday Wikipedia

ဒီနေ့မှာ ကမာႝ ပေါ်မှာ အစုံဆုံး နှင့် ဘာသာစကား အများဆုံး စွယ်စုံကျမ်း ဖြစ်တဲ့ Wikipedia က 8 နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ Wikipedia မှာ စွယ်စုံကျမ်းဆိုတဲ့ အတိုင်း သိလိုတာ အကုန်ရှာနိုင်ပါတယ် နောက် ကိုယ်တိုင်လဲ ပါဝင်ရေးသားနိုင်ပါတယ်။ ရှိပြီးသားတွေကိုလဲ အလွယ်တကူ ပြင်ဆင်နိုင်ပါတယ်။ နောက် မရှိသေးတဲ့ result ကို ကိုယ်တိုင် ၀င်ရေးနိုင်ပါတယ်။

Read the rest of this entry »

Create Tilt Shift Photos Online

Tilt Shift Fx

Tilt Shift Maker ဆိုတဲ့ ဆိုဒ်မှာ ဓာတ်ပုံတွေကို tilt shift effect တွေ အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ ဒီ FX ကို photoshop ထဲမှာ လုပ်လို့ ရပေမယ့် ဒီ အွန်လိုင်းက လုပ်တာက ပိုမြန်ပါတယ်။ အန်လိုင်းက ပုံကို လင့် ထည့်ပြီး တိုက်ရိုက်လုပ်နိုင်သလို စက်ထဲက ဖိုင်ကို upload လုပ်ပြီးလဲ ပြင်နိုင်ပါတယ်။ 4MB အထိ အမြင့်ဆုံး ဖိုင်ဆိုဒ်ရပါတယ်။ Tilt Shift ပုံတွေ ကြည့်ချင်တယ်ဆိုရင်တော့ Flickr Group မှာ ဆက်ကြည့်နိုင်ပါတယ်။ ကျွန်တော်တော့ Info-Tech ပုံစံငယ်လေးတွေ ပုံကို စမ်းကြည့်လိုက်တယ်။

Read the rest of this entry »

Myanmar Genius

Myanmar Genius

လွန်ခဲ့တဲ့ အပတ်က ကျွန်တော်ဆီကို အီးမေး တစ်စောင်ရောက်လာပါတယ်.. အဲဒါက Myanmar Genius ဆိုတဲ့ portal invitation စာပါ.. အခု လက်ရှိတော့ ကျွန်တော်လဲ အဲဒီမှာ အကောင့်လုပ်ပြီး စာဖတ်နေပါတယ်.. စာထဲက Myanmar Genius အကြောင်းကတော့..

စက္ကန့် နှင့်အမျှပြောင်းလဲနေတဲ့ ကျွန်တော်တို့ ရဲ့ ၂၁ ရာစုခေတ်ထဲမှာ အသိပညာ၊ အတတ်ပညာ များဟာ အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲလို့ လာနေပြီ ဖြစ်ပါတယ်…။ ဒီလိုတိုးတက်ပြောင်းလဲနေ တဲ့ နည်းပညာများ၊ အသိပညာများကို မျက်ခြေမပြတ်လိုက်နိုင်ဖို့ ဆိုရင်တော့ ကျွန်တော်တို့ ရဲ့ မျက်စိတွေ၊ နားတွေကို အစွမ်းကုန် ဖွင့်ထားဖို့လိုပါလိမ့်မယ်…။

Read the rest of this entry »

Twitter Buttons

Twitterbuttons

TwitterButtons ဆိုတာကတော့ Twitter ယူဇာ တွေ အတွက် ကိုယ့်ဆိုဒ်၊ ဘလော့ဂ်မှာ button ထည့်ချင်တဲ့ အခါသုံးနိုင်တဲ့ ဆိုဒ်တစ်ခုပါ။ သူ့မှာ အပေါ်ဆုံးက text box မှာ ယူဇာထည့်လိုက်ပြီး go နှိပ်လိုက်ရင် အောက်ဘက်က button ပုံတွေထဲက ကိုယ်ကြိုက်တဲ့ ပုံအောက်က ကုဒ်ကူးပြီး ကိုယ့် ဆိုဒ်မှာ ထည့်ရုံပါပဲ။

Adobe Cards

Adobe Cards

ဒီနေ့ Adobe Cards ဆိုတဲ့ ဆိုဒ်ကို ၀င်ကြည့်ဖြစ်တယ်။ အစက Adobe ကလုပ်တဲ့ အွန်လိုင်း ဖဲရိုက်တဲ့ ဂိမ်းထင်ထားတာ ကြည့်လိုက်တော့မှ Adobe Creative Suit 3 ~ CS 3 ကြော်ငြာဖြစ်နေတယ်။ CS 4 တောင်ထွက်နေမှ CS3 ကြော်ငြာ ကြည့်ဖူးတော့တယ်။ ကြော်ငြာကတော့ အတော်မိုက်တယ်ဗျာ Flash နဲ့ လုပ်ထားတယ် အိုင်ဒီယာ လုံးဝ ကောင်းတယ်.. ကြည့်ရင်းနဲ့ တဖြည်းဖြည်း အားငယ်လာတယ်။ Flash မှ မသုံးတတ်တာကိုး သူလုပ်သွားတာတော့ ဖဲချပ်လေးတွေနဲ့ ကြော်ငြာ လုပ်ထားတယ် မကြည့်ရသေးရင် ကြည့်လိုက်ပါဦးဗျာ။ အရင် Flash နဲ့ Firefox 3 ကြော်ငြာလဲ မိုက်တယ်ဗျ။ ကြည့်ကြည့်ပါဦး။ပျော်ရွှင်ပါစေ။ ။

7 E Book Search Engines

PDF Search Engine

ကျွန်တော် E Book ~ pdf တွေ ဖတ်စရာရှိတာတွေကို ရှာရင် အမြဲ free ရတဲ့ ဆိုဒ်တွေမှာ ရှာလေ့ ရှိပါတယ်။ ဆိုဒ်တွေ ဖတ်ရင် စာအုပ် အသစ်တွေထွက်ရင် အမြဲဖတ်ချင်တယ် ခက်တာက ကျွန်တော်တို့ ဆီမှာ အဲဒီ စာအုပ်တွေ ၀ယ်လို့ မရဘူး။ နောက် ၀ယ်ဖို့ အဲဒီ 30, 40, 100, 200, 500 တန် စာအုပ်တွေ ၀ယ်ဖို့လဲ ပိုက်ဆံ မရှိပါဘူး။ အဲဒီတော့ အရင်ဆုံး အခုတင်လိုက်တဲ့ PDF EBook Search Engine တွေမှာ လိုက်ရှာပါတယ်။ အဲဒီ ဆိုဒ်တွေမှာ နာမည်ကျော် စာအုပ်တွေ ဖရီး download လုပ်လို့ ရပါတယ်။ ထွက်တာ မကြာသေးတဲ့ စာအုပ်လဲ ရတယ်။ နည်းပညာ၊ ဟာသ၊ ၀တ္တု၊ မဂ္ဂဇင်း အစုံ ရှာလို့ ရပါတယ်။ တော်တော် အသုံးတည့်ပါတယ်။ လောလောဆယ်တော့ Site Point က စာအုပ်တွေ အလကားရလို့ ပျော်နေပါတယ်။ ဖတ်ဖို့ မီးမလာတော့ လောလေဆယ် ဘာမှ လုပ်မရဘူး။ :D

Read the rest of this entry »

Search io ~ Tabbed Search

Search.io ဆိုတာ search engine အသစ်တစ်ခုပါ အမှန်တော့ သူ့ကို engine လို့တောင် မခေါ်သင့်ဘူး ထင်တယ်။ သူက ကိုယ်ရှာချင်တဲ့ web, image, video စတာတွေ အပေါ်မူတည်ပြီး နာမည်ကြီးဆိုဒ်တွေရဲ့ result တွေကို tab စနစ်နဲ့ ပြပေးတာပါ။ ဒါက အမှန်တော့ အရင်ပြောဖူးတဲ့ Google + Yahoo!! Search Engines တွေ နဲ့ တူတယ်။

Read the rest of this entry »