11 Dec, 2008

Search.io ဆိုတာ search engine အသစ်တစ်ခုပါ အမှန်တော့ သူ့ကို engine လို့တောင် မခေါ်သင့်ဘူး ထင်တယ်။ သူက ကိုယ်ရှာချင်တဲ့ web, image, video စတာတွေ အပေါ်မူတည်ပြီး နာမည်ကြီးဆိုဒ်တွေရဲ့ result တွေကို tab စနစ်နဲ့ ပြပေးတာပါ။ ဒါက အမှန်တော့ အရင်ပြောဖူးတဲ့ Google + Yahoo!! Search Engines တွေ နဲ့ တူတယ်။
Read the rest of this entry »
19 Sep, 2008
twitter Grader ဆိုတာ Website Grader လိုပဲ twitter တွေကို အဆင့် သတ်မှတ်ပေးတဲ့ ဆိုဒ်တစ်ခုပါ။ အဲဒီဆိုဒ်မှာ ကိုယ့်ရဲ့ twitter user name ကို ထည့်လိုက်တာနဲ့ သူက အဆင့်တွက်ပေးမှာပါ။ သူမှာ အမြင့်ဆုံး အမှတ်က 29,196 ဖြစ်ပါတယ်။ သူက ဘာကို ကြည့်တာလဲဆိုတော့ followers အရေ အတွက်၊ power of network of followers၊ နောက် updates အရေအတွက် စတာတွေကို ကြည့်ပါတယ်။ နောက်သူ့မှာ ကိုယ် updates တွေထဲက အကြိမ်ရေ များများပါတဲ့ စကားလုံးတွေကို tag cloud အနေနဲ့ လဲပြပေးပါတယ်။
Read the rest of this entry »
16 Sep, 2008

ပြီးခဲ့တဲ့ အပတ် သောကြာနေ့ (12.8.2008) မှာ MysteryZillion က ပြုလုပ်တဲ့ Edu.MysteryZillion စာနယ်ဇင်း မိတ်ဆက်ပွဲကို လမ်း 50 အထက် ဘလောက်မှာ ရှိတဲ့ CycoDyno အင်တာနက် ကဖေးမှာ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်လဲ ကိုSaturngod တို့ကို ကူညီရင်း အဲဒီနေ့က မုန့်သွားစား အဲ သွားကူဖြစ်ခဲ့ပါတယ်။ ဖိတ်ကြားထားတဲ့ စာပေနယ်က ပုဂ္ဂိုလ်တွေ၊ နောက် MysteryZillion က အဖွဲ့သားတွေ အစုံအညီ တက်ရောက်ခဲ့ကြပါတယ်။
Read the rest of this entry »
9 Sep, 2008

မနေ့ညက လုပ်စရာရှိတဲ့ ဘန်နာဆွဲတဲ့ အလုပ်ရယ်၊ သူငယ်ချင်း တစ်ယောက် အတွက် CD layout ရယ် ဆွဲပြီး မအိပ်ချင်သေးတာနဲ့ Google’s Chrome ကို စမ်းကြည့် ဖြစ်ပါတယ်။ 20 things about Google’s Chrome ပို့စ်မှာ ကျွန်တော် ပြောခဲ့ သလိုပဲ Chrome က WebKit ကို သုံးတဲ့ အတွက် layout design တွေမှာ IE အတွက်လို သီးသန့် လိုက်ပြင်စရာမျိုးတွေ မရှိပါဘူး။ သုံးရတာလဲ မြန်တယ် အဆင်လဲပြေပါတယ်။
Read the rest of this entry »
5 Sep, 2008
WebSiteGrader ဆိုတဲ့ဆိုဒ်မှာ ကျွန်တော်တို့ ဆိုဒ်တွေ၊ ဘလောခ့်တွေရဲ့ လင့်ထည့်ပြီး grade ရယူနိုင်ပါတယ်။ သူက Google PR, Alexa, Technorati, Yahoo, Delicious, Digg စတဲ့ page ranking system တွေရဲ့ ရမှတ်ကို ကြည့်ပြီးမှ 1 ကနေ 100 အကြားအတွင်းမှာ ဆိုဒ်ကို သတ်မှတ်ပေးပါတယ်။ ကျွန်တော်တို့ ဆိုဒ်က အပေါ်ကပြောခဲ့တဲ့ အထဲက rank တွေ ကောင်းလေ၊ grade ကောင်းကောင်းရလေ ဖြစ်မှာပါ။ နောက်သူက ဆိုဒ်ရဲ့ meta data နောက် inbound link, blog link, error link, h1 tag, traffic တွေလဲ တခါတဲ စစ်ပေးပါတယ်။ ကျွန်တော် စစ်တာ အရင်က မြင့်ပါတယ် တဖြည်းဖြည်း ကျလာလိုက်တာ အခု 70 ပဲရှိတော့တယ်။ အမှားတွေ လုပ်မိသွားတာ ခင်ဗျ ပြန်ပြင်ရဦးမယ်။ ပြောရရင် ဒီ grade စစ်တာလေးက SEO tool ပါပဲ။
Read the rest of this entry »
8 Aug, 2008
ဒီနေ့ flickr မှာ ဓာတ်ပုံတင်တဲ့ပွဲတစ်ခုလုပ်တယ် 888 လို့ နာမည်ပေးထားပါတယ်။ ဒီနေ့မှာ ရိုက်ထားတဲ့ ဓာတ်ပုံကို တင်ရမှာဖြစ်ပါတယ် ကျွန်တော်တော့ အခု မတင်နိုင်သေးဘူး ဒီနေ့မှ ဘာပုံမှ မရိုက်ဖြစ်ဘူးလေ ရိုက်စရာ ဖုန်းက ကင်မရာပဲရှိတယ်..အခုညတော့ ရိုက်လိုက်ဦးမယ် Flickr မှာ ဓာတ်ပုံသိပ်မတင်ရသေးဘူး. ဒီနေ့မှာ နိုင်ငံတကာကစုံတွဲတွေက မင်္ဂလာဆောင်ချင်ကြတယ်ဆိုပဲ 8.8.08. 8:00 မှာ ဆောင်ကြတာ အများကြီးပဲ နောက် twitter မှာလည်း twitt တွေ အများကြီးဖတ်ရတယ်. ကျွန်တော်တို့ ဆီမှာတော့ မင်္ဂလာဆောင်တာမျိုးတွေ သိပ်မကြားမိဘူး ဒီနေ့လမ်းပေါ်မှာတွေရတာ ရဲတွေ လုံထိန်းတွေပဲ အများကြီးတွေ့တယ်
ရေးနေတာတောင် ဘယ်ရောက်သွားလဲ မသိဘူး ထားပါ Flickr ဓာတ်ပုံပွဲ အကြောင်းဆက်ရအောင်..
How can you participate?
Read the rest of this entry »
26 Jul, 2008
ဒီနေ့ မြန်မာ wikipedia မှာ စာရေးဖို့ လုပ်ဖြစ်ရင်း wiki အကြောင်းတွေ လိုက်ဖတ်ဖြစ်တယ်။ Google မှာလည်း ကိုယ်ပိုင် encyclopedia ရှိနေခဲ့တာ reader ဖတ်မှပဲသိရတော့တယ်။ ပြီးခဲ့တဲ့ 24 ရက် July ကမှ စတာ Knol ~ A Unit Of Knowledge (Beta) တဲ့. Wikipedia လိုပဲ ကိုယ်သိတာရှိရင် ၀င်ရေးပြင်ရေး နိုင်တယ်။ Wiki နဲ့ လုံးဝခြားနားတဲ့ အချက်က Wiki က GNU License နဲ့ ပါ Knol ကတော့ ကြိုက်ရာ Creative Commons licenses တွေထဲက တစ်ခုကို သုံးနိုင်တယ်။ နောက်သူက blog တွေလို အောက်ဘက်မှာ comments ရေးလို့ရတယ်။ နောက်ကိုယ့် GoogleAds Publisher ID နဲ့ ဆိုဒ်ဘားမှာ adsense ထည့်ပြီး ပိုက်ဆံရှာလို့ရတယ်။ ကံဆိုးစွာပဲ အဲဒီမှာ ရေးမယ်ဆိုရင် Google ကို ဖုန်းဆက်ပြီး ဒါမှမဟုတ် Credit Card နဲ့ Verify လုပ်ပေးရတယ်။ မြန်မာကဆို ရေးဖို့မလွယ်ဘူး တကယ်တော့ ကျွန်တော်လည်း ရေးဖို့ မစဉ်းစားပါဘူး eng လိုမှမရေးတတ်တာ မြန်မာလိုရေးတာတောင် အခုထိဘယ်လိုရေးရလဲ မသိသေးဘူး။ ဘာရယ်မဟုတ်ပါဘူး ကွန်ပျူတာ ဝေါဟာရတွေ (နောက်အခြား စကားလုံးတွေ) ကြည့်ချင်ရင် wiki လို နောက်ထပ် ကြည့်စရာတစ်နေရာတိုးလာတာပေါ့ဗျာ။
Read the rest of this entry »
13 Jul, 2008
ဒီနေ့ အင်တာနက်သုံးတော့ ပုံမှန် ၀င်နေကြ အတိုင်း deviantArt ကို ၀င်လိုက်တော့ ဆိုဒ် ဒီဇိုင်းအသစ် version အသစ်ပြောင်းတာကို စသတိထားလိုက်မိတယ်။ အားလုံးကပြောင်းသွားတယ် အရင်လို recent deviation ကို ၄ ပုံမဟုတ်တော့ပဲ အများကြီးပြပေးတယ် နောက် daily deviation ၄ ပုံကို footer မှ ပြပေးတယ် နောက် poll တစ်ခုပါလာတယ်….. အဆင်ပြေသွားတာက categories view ပဲ side bar နဲ့ တွဲပြထားလိုက်တော့ ရှာရလွယ်သွားတယ် နောက် search မှာ categories အလိုက်ရှာဖို့ drop down ထည့်ပေးလိုက်တာက အရမ်းကို အဆင်ပြေတယ် အရင် version 5 Mudkips ကဆို အဲဒီလို ရှာနိုင်ဖို့ကို Home Page (front page) ကို အမြဲပြန်သွားရတယ် အခုတော့ ကြိုက်တဲ့နေရာက ရှာလို့ ရနိုင်ပါပြီ။
Read the rest of this entry »
3 Jul, 2008

ဒီနေ့ ကျွန်တော်တို့ HTML နဲ့ CSS ကိုသုံးပြီး Image ပုံတစ်ပုံ လုပ်ကြည့်ရအောင်။ တကယ်တော့ generator တစ်ခုကို သုံးပြီးလုပ်မှာပါ။ အဲဒီ generator က တော်တော်မိုက်ပါတယ် သူက image ပုံတင်လိုက်ရင် အဲဒီ image မှာပါတဲ့ pixel တစ်ခုချင်းစီရဲ့ ကာလာကို ကျွန်တော်တို့ ထည့်မည့်စာလုံးရဲ့ background, text color အဖြစ်နဲ့ class ရာချီသုံးပြီးတော့ pixel ပုံတွေဖန်တီးပြီး image လုပ်ယူတာပါ။ ပုံက text ကို high light လုပ်လိုက်ရင် ကျွန်တော်တို့ ရေးထားတဲ့ စာသားကို ပြန်မြင်ရမှာပေါ့။ အပေါ်မှာ ကျွန်တော်လုပ်ထားတဲ့ Google ဆိုတဲ့ ပုံလေးကို ကြည့်ကြည့်ပါ။ ဒီ generator သုံးဖို့က ပထမဆုံး ဓာတ်ပုံကို ဆိုဒ်တစ်ခုခုမှာ တင်လိုက်ပါပြီးရင် URL ကို အဲဒီမှာ ထည့်လိုက်၊ နောက် high light လုပ်ရင် ပေါ်ချင်တဲ့ စာသားထည့် ပြီးရင် generate လုပ်ရုံပါပဲ။
Read the rest of this entry »
24 Jun, 2008


Be Funky ဆိုတဲ့ဆိုဒ်မှာ ကျွန်တော်တို့ ကိုယ့်ဓာတ်ပုံကို ကာတွန်း ပုံစံလေးတွေ ပြောင်းကြည့်ရအောင်။ ပထမဆုံး Be Funky ကိုသွားလိုက်ပြီး ကိုယ့်ပုံကို စက်ထဲက ဖြစ်ဖြစ် ဆိုဒ်က ဖြစ်ဖြစ်တင်လိုက် ပြီးတာနဲ့ sketch ဆွဲ color လုပ်ပြီး ပြောင်းလို့ရပါပြီ။ ပုံသေးသေးလေးတွေဆိုရင်တော့ ကြည့်မကောင်းဘူး 400 px လောက်ပုံမျိုးမှ အနေတော်ပဲ။ ဆိုဒ်က flash ကိုသုံးထားတာပါ။ ကာလာတွေ sketch တွေကတော့ ကိုယ့်ပုံပေါ် မူတည်ပြီး ချိန်ကြည့်ပါ။ ကျွန်တော်တော့ ဓာတ်ပုံ လိုက်ရှာတာ thumb drive ထဲ ပါလာတဲ့ Emma Watson ပုံနဲ့ လုပ်ကြည့်လိုက်တယ်။