Archive for Web

Create Image by using HTML And CSS

Google pixel logo

ဒီနေ့ ကျွန်တော်တို့ HTML နဲ့ CSS ကိုသုံးပြီး Image ပုံတစ်ပုံ လုပ်ကြည့်ရအောင်။ တကယ်တော့ generator တစ်ခုကို သုံးပြီးလုပ်မှာပါ။ အဲဒီ generator က တော်တော်မိုက်ပါတယ် သူက image ပုံတင်လိုက်ရင် အဲဒီ image မှာပါတဲ့ pixel တစ်ခုချင်းစီရဲ့ ကာလာကို ကျွန်တော်တို့ ထည့်မည့်စာလုံးရဲ့ background, text color အဖြစ်နဲ့ class ရာချီသုံးပြီးတော့ pixel ပုံတွေဖန်တီးပြီး image လုပ်ယူတာပါ။ ပုံက text ကို high light လုပ်လိုက်ရင် ကျွန်တော်တို့ ရေးထားတဲ့ စာသားကို ပြန်မြင်ရမှာပေါ့။ အပေါ်မှာ ကျွန်တော်လုပ်ထားတဲ့ Google ဆိုတဲ့ ပုံလေးကို ကြည့်ကြည့်ပါ။ ဒီ generator သုံးဖို့က ပထမဆုံး ဓာတ်ပုံကို ဆိုဒ်တစ်ခုခုမှာ တင်လိုက်ပါပြီးရင် URL ကို အဲဒီမှာ ထည့်လိုက်၊ နောက် high light လုပ်ရင် ပေါ်ချင်တဲ့ စာသားထည့် ပြီးရင် generate လုပ်ရုံပါပဲ။

Read the rest of this entry »

Turn Yourself As Cartoon

funkycartoon_emmawatson2funkycartoon_emmawatson

Be Funky ဆိုတဲ့ဆိုဒ်မှာ ကျွန်တော်တို့ ကိုယ့်ဓာတ်ပုံကို ကာတွန်း ပုံစံလေးတွေ ပြောင်းကြည့်ရအောင်။ ပထမဆုံး Be Funky ကိုသွားလိုက်ပြီး ကိုယ့်ပုံကို စက်ထဲက ဖြစ်ဖြစ် ဆိုဒ်က ဖြစ်ဖြစ်တင်လိုက် ပြီးတာနဲ့ sketch ဆွဲ color လုပ်ပြီး ပြောင်းလို့ရပါပြီ။ ပုံသေးသေးလေးတွေဆိုရင်တော့ ကြည့်မကောင်းဘူး 400 px လောက်ပုံမျိုးမှ အနေတော်ပဲ။ ဆိုဒ်က flash ကိုသုံးထားတာပါ။ ကာလာတွေ sketch တွေကတော့ ကိုယ့်ပုံပေါ် မူတည်ပြီး ချိန်ကြည့်ပါ။ ကျွန်တော်တော့ ဓာတ်ပုံ လိုက်ရှာတာ thumb drive ထဲ ပါလာတဲ့ Emma Watson ပုံနဲ့ လုပ်ကြည့်လိုက်တယ်။

Punk Jacket Of Me, Is that Cool?

သင်္ကြန်နားနီးလာတော့ သင်္ကြန်မှာ လူငယ်တွေ ၀တ်တတ်ကြတဲ့ punk design တွေကို စဉ်းစားမိတယ်။ အချွန် stud တွေ ရိုက်ထားတဲ့ သားရေအကျီတွေနဲ့ လျှောက်သွားတာတွေ သတိရမိတယ်။ အခု အွန်လိုင်းပေါ်မှာတက် အဲဒီလို jacket ကို ကိုယ်ကြိုက်တဲ့ စာသားနဲ့ ရေးကြည့်ကြရအောင်။ Punk Rock Jacket Generator ဆိုတဲ့ ဆိုဒ်မှာ ကျွန်တော် အခုပြထားသလို ပုံလေးတွေ လုပ်လို့ရတယ်။ စမ်းကြည့်ကြပါဦးလား =) >။ ပျော်ရွှင်ပါစေ။

Technorati TagPunk Rock, punk, punk rock generator

Bit Font Maker


BitFontMaker ဆိုတာ အွန်လိုင်းပေါ်မှာတင် ကိုယ့်စိတ်ကြိုက် font ဒီဇိုင်းလေးလုပ်ပြီး download လုပ်သိမ်းထားနိုင်တဲ့ ဆိုဒ်ပါ။ လောလောဆယ် Beta 1 လို့တော့ တပ်ထားပါတယ်။ အဲဒီမှာ A key အတွက် မိတ်ဆွေကြိုက်တဲ့ ဒီဇိုင်းနဲ့ A ကိုပုံစံဆွဲ လိုသလိုပြင်လိုက်လို့ရပါတယ်။ Character တွေ ပြီးတော့ Symbol တွေ Number တွေ အားလုံးပြင်ပြီးခဲ့ရင် တခါတည်း ကိုယ့်ဒီဇိုင်းထုတ်ထားတဲ့ font ကို နာမည်ပေး copyright တပ်ပြီး download လုပ်ယူနိုင်တာပါ။ အွန်လိုင်းကနေ ဖောင့်လုပ်ရတာလွယ်ပေမယ့် ဒီဇိုင်းအနေနဲ့တော့ Font Maker Software တွေလောက် အနုစိတ်လုပ်လို့တော့ မရဘူးပေါ့။ ဒါပေမယ့် online ပေါ်ကနေ ဒီဇိုင်းလုပ်ပြီးတန်း save လုပ်လို့ရတာလေးတော့ သဘောကျမိပါတယ်။ ဒီဖောင့်လုပ်ဖို့ browser အနေနဲ့ IE 6+ Firefox 2+ ဆိုရတယ်လို့ဆိုပါတယ်။ သူများလုပ်ထားပြီးသား ဖောင့်လေးတွေလည်း သဘောကျရင် download လုပ်ယူနိုင်ပါတယ်။

  • Download Fonts

    Technorati TagFont Maker, Online Font Maker, Bitfontmaker, Free Font

  • Search And Download Free Your Fav Music

    ကျွန်တော် အရမ်းကြိုက်တဲ့ သီချင်းတွေထဲမှာ ရှေးရှေးက Hawaii 50 လိုသီချင်းတွေ နောက် When you believe (Prince Of Egypt), Go The Distance, I won’t say i’m in love (Hercules), Lion sleep tonight လို ကာတွန်းကားက ဇာတ်ဝင်သီချင်းတွေလည်း အရမ်းကြိုက်ပါတယ်။ အဲဒီလို သီချင်းဟောင်းတွေ အရင်က ကျွန်တော့်ဆီမှာ ကတ်ဆက်ခွေတွေနဲ့ရှိခဲ့ပေမယ့် အခုချိန်မှာ mp3 နဲ့လိုချင်တဲ့ အခါ ကျွန်တော် Multiply ဆိုတဲ့ Social Networking site (expecially for Music lovers) ဆိုဒ်ကနေရှာပါတယ်။ အခုတော့ ၂ လလောက်ရှိသွားပါပြီ Multiply က Search မှာ Music ဆိုတာလေးမရှိတော့ဘူး။ အဲဒီတော့ အခက်တွေ့ပါတယ် နောက်တော့ ဒီ Seekmp3 dot Info ဆိုတဲ့ Mp3 search engine ဆိုဒ်လေးတွေ့ပါတယ်။ သီချင်းတွေ အထူးသဖြင့် ကျွန်တော် အရမ်းလိုချင်တဲ့ ရှားပါးသီချင်းတွေ၊ ရှေးတုန်းက သီချင်းတွေ 95 ရာခိုင်းနှုန်းလောက်ကို ရှာလို့ရခဲ့ပါတယ်။

    သူက သီချင်းတွေကို အခြားဆိုဒ်တွေကနေရှာပေးတာ သူ့ဆိုဒ်မှာတင်ထားတဲ့ သီချင်းတစ်ခုမှ မရှိဘူးခင်ဗျ။ အထူးသဖြင့် ESnip ဆိုဒ်ကနေ ရှာပေးတာပါ။ အခြား Mp3 free download ဆိုဒ်တွေမှာဆို band တစ်ခုကို နာမည်ကျော်သီချင်း ၄ ပုဒ်လောက်သာလျှင် download ပေးလုပ်ပါတယ်။ ဒီဆိုဒ်မှာတော့ album တစ်ချပ်လုံး download လုပ်လို့ရပါတယ် (album ထဲက သီချင်းတွေအမည်နဲ့ တစ်ပုဒ်ချင်းစီတော့ ရှာရမှာပေါ့)။ ပြီး download လုပ်လို့ရသလို download မလုပ်ပဲလည်း နားထောင်လို့လည်းရပါတယ်။ နားထောင်ရင်လည်း အခြားဆိုဒ်တွေလို ပြတ်ပြတ်သွားပြီး (buffer) လုပ်တာကြာတာမျိုး မဖြစ်သလောက်ပါပဲ။ ပေါ့လည်းပေါ့တယ်။ အရင်က ကျွန်တော်သီချင်းနားထောင်ချင်ရင် Pure Volume မှာ နားထောင်ပါတယ်။ အဲဒီမှာက flash သုံးထားတော့ သီချင်းနားထောင်ရတာ သိပ်တော့အဆင်မပြေဘူး ပြီးတော့ သီချင်းက ၄ ၅ ပုဒ်လောက်ပဲ နားထောင်လို့ရတယ်။ ဒီမှာတော့ ကြိုက်သလောက် ကြိုက်ရာနားထောင်လို့ရတယ်။ တခုတော့ရှိတယ် သီချင်းရှာတဲ့အခါ တချို့လင့်တွေက နဂိုဆိုဒ်မှာ သီချင်းဖိုင်မရှိတော့တာမျိုးလေးတော့ ဖြစ်တတ်တယ်။ ဖြစ်ခဲပါတယ်။ ကျွန်တော်တော့ အဲဒီဆိုဒ်က နေ့စဉ်မ၀င်မဖြစ်ပါပဲ။

    ကျွန်တော်ငယ်ငယ်က နားထောင်ခဲ့တဲ့ သီချင်းတွေ အထူးသဖြင့် disco dance ပုံစံသီချင်းတွေ အားလုံးနီးပါး download လုပ်လိုက်တယ်။ Vengaboys, Aqua, Cartoon, toy box, solid base တို့လိုသီချင်းတွေ နောက် Motley Crue, Ramones, Aerosmith, Deep Purple, Mr.Big, Jimi Hendrix, Metallica တွေ အများကြီး download ချပစ်လိုက်တယ်။ ဆိုဒ်နာမည်တော့ မမှားပါနဲ့ဦး Seekmp3 dot Info ပါ။ အခြားဆင်တူ seekasong တွေ ဘာတွေလည်းရှိသေးတော့။ လောလောဆယ်တော့ သူကနောက်ထပ်အနေနဲ့ SeekTV.com နဲ့ SoftwareDL ဆိုတဲ့ အခြားနှစ်ခုပါ စမ်းနေပါတယ်။ SeekTV က Music Videos တွေ free download ပေးတဲ့ဆိုဒ်ပါ။ Beta ပဲရှိပါသေးတယ်။ တကယ်တော့သူက YouTube က ဖိုင်ကိုပဲ ဒေါင်းလုဒ်လုပ်တာပါ။ သူဆီမှာ download လုပ်တာထက် ကျွန်တော်အရင်က ရေးခဲ့တဲ့ YouTube Download လုပ်တဲ့နည်း ၂ မျိုးကတောင် ပိုမြန်ပါလိမ့်ဦးမယ်။ ကျွန်တော်ကတော့ ဒီဆိုဒ်လေးကို မူပိုင်ခွင့်နဲ့ ညှိပြီး ရပ်သွားမှာတောင် စိုးရိမ်မိတယ်။ ဒါကြောင့် အားတိုင်း download ပဲလုပ်နေတော့တာပဲ =) ။

    Thanks A lot To Go2Web2

    Technorati TagFree Download MP3, Music, Mp3 Search Engine, Download Free Music Albums

    Online Love Letter Generator


    Myspace Lover Letter ဆိုတဲ့ ဆိုဒ်လေးမှာ မိတ်ဆွေတို့ မနက်ဖြန် အတွက် သက်ဆိုင်တဲ့ သူဆီ email ပို့ဖို့ flash နဲ့ love letter လေးတစ်စောင်လောက်ကို ဖန်တီးနိုင်ပါတယ်။ ကိုယ်ရေးချင်တဲ့ စာသားကို လိုတိုရှင်းရေး၊ ပြီးနောက်ခံ ကာတွန်းပုံလေးတွေရွေး ပြီးရင် သူ့အောက်မှာပေးထားတဲ့ code ကို ကော်ပီကူးပြီး သက်ဆိုင်သူရဲ့ blog, my space စတဲ့ page မှာ ထည့်လိုက်ရုံပါပဲ။ =) ပျော်ရွှင်ပါစေ။

    Technorati Tagloveletter, flash, Online Generator

    Einstein Will Teach You About Love


    Dynamic Einstein picture ဆိုတဲ့ ဆိုဒ်က ကိုယ်ရေးချင်တဲ့ စာသားကိုရိုက်ထည့်ပြီး button လေး တစ်ချက်နှိပ်လိုက်တာနဲ့ ကိုယ်ရေးချင်တဲ့ စာသားကို အပေါ်မှာပြထားသလိုပဲ အိုင်စတိုင်းရဲ့ black board ပေါ်မှာ မြေဖြူစာလုံးပုံစံနဲ့ လာပေါ်ပေးမှာပါ။ ဘာလို့ အခုမှ ဒီဆိုဒ် အကြောင်းေ၇းသလဲဆိုတော့ မနက်ဖြန်အတွက်ပေါ့ဗျာ =) မနက်ဖြန်မှာ ကိုယ်ကြိုက်တဲ့ ဘာဘာညာညာ =) စာသားတွေနဲ့ အိုင်စတိုင်း blackboard ပုံလေးနဲ့ ကိုယ့်သက်ဆိုင်သူဆီ email ပို့လို့ ရတာပေါ့ဗျာ =) ။

    Technorati Tagfunny einstein, Image Generator

    Free Rice


    Free Rice ကို မိတ်ဆွေတို့ သိပြီးဖြစ်မှာပါ သူက english vocabulary လေ့ကျင့်လို့ရမယ် ပြီးတော့ ဆန်အလှူလည်း လုပ်ပြီးသားဖြစ်နိုင်အောင်လုပ်ပေးတဲ့ဆိုဒ်ပါ။ သူက စကားလုံးတစ်ခုပေးပြီး အဓိပါယ်တူတဲ့ စကားလုံးကို အဖြေ ၄ ခုထဲက ရွေးပေးရတာပါ။ ပြီးခဲ့တဲ့နေ့ကတောင် အမတစ်ယောက်နဲ့ ဆော့ကြည့်တာ ဆန်စေ့ ၄၀၀၀ နီးပါး လှူလိုက်တယ်။ ကျွန်တော် အင်္ဂလိပ်စာ တော်လို့တော့မဟုတ်ဘူး။ ကျွန်တော့်ဘာသာဖြေရင် တစ်လုံးမှမှန်မှာ မဟုတ်ဘူး။ သူက အလကားလည်းဆော့ရသေးတယ် ဆန်ကျတော့ ဘယ်လိုလှူလည်းဆိုတော့ သူ့အောက်မှာပါတဲ့ ကြော်ငြာတွေကနေ ရတဲ့ ပိုက်ဆံနဲ့ လှူတာပါ။

    သူပြောတာက တစ်ခါမှန်ရင် ဆန်အစေ့ ၂၀ လှူလို့ရတယ်လို့ေ၇းထားပေမယ့် ကျွန်တော်ထင်တာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ လှူပြီးသားဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။ အင်္ဂလိပ်စာတိုးတက်စေချင်တဲ့ သဘောနဲ့ တစ်ခါမှန်ရင် အစေ့ ၂၀ လှူနိုင်တယ်လို့ ရေးထားတာဖြစ်မယ်။ ဆန့်စေ့လေးတွေ လှူလိုက်တာ ဘာပြောင်းလဲသွားနိုင်မှာမို့လည်းလို့တော့ ပြောချင်ပြောပါလိမ့်မယ် ဆန်စေ့လေးတွေ အများကြီးဖြစ်လာရင် ထမင်းဆိုတာ ဖြစ်တာပဲမဟုတ်လား။ အနည်းဆုံးတော့ အစာငတ်နေတဲ့သူအတွက် ဆန်ပြုတ်လောက်ကလည်း အရေးကြီးပါတယ်။ Live 8 တုန်းက Will Smith ပြောသွားတာလေး မှတ်မိတယ် ၁၅ စက္ကန့်တိုင်းမှာ ကမ္ဘာပေါ်မှာ လူတစ်ယောက် ဆာလောင်မှု သို့ အစာနဲ့ ပတ်သက်တဲ့ရောဂါနဲ့ သေနေရပါတယ်။ အထူးသဖြင့် အာဖရိကမှာ ဖြစ်ပါတယ်။ ကဲပါ ကျွန်တော်တို့ အလှူလုပ်ရအောင်ဗျာ။

    ဒီပို့စ်ကိုဘာလို့ရေးသလဲဆိုတော့ ကျွန်တော် ဒီဆိုဒ်အကြောင်း ပို့စ်တွေ တွေ့ခဲ့တဲ့ Vincent Chow, n Design Studio, CMS MDY တို့ကို အားကျလို့ပါ။ ကျွန်တော်လည်း ရေးလိုက်တော့ မသိသေးတဲ့သူတစ်ယောက် သိသွားရင် ဒီပို့စ်ရေးရတာ အမြတ်ပဲပေါ့ဗျာ။ ပျော်ရွှင်ပါစေ။ =)

    Technorati TagFree Rice, Online Donation

    Create Your Logo Like Google


    Google Font ဆိုတာ Google ရဲ့ သူ့ home page က font ဒီဇိုင်းပုံမျိုးနဲ့ ကိုယ့်လိုဂိုလုပ်လို့ရအောင် Google က ဖန်တီးပေးထားတဲ့ဆိုဒ်ပါ။ logo လုပ်ပြီးရင်လည်း domain ၀ယ်ချင်ဝယ်လို့ရအောင် domain search နဲ့ Goomain ကိုလည်း ထည့်ပေးထားပါတယ်။ Goomain က GoDaddy ထက်တော့ ဈေးကြီးတယ်ဗျ။ အပေါ်က logo က ကျွန်တော်စမ်းလုပ်ကြည့်ထားတာ။

    GoogleFont

    Technorati TagGoogle, GoogleFont, Goomain

    Feed Button

    မိတ်ဆွေရဲ့ ဆိုဒ်ဘားမှာ feed button image တွေအများကြီးနဲ့ စိတ်ရှုပ်နေပြီလား။ ဒါဆိုရင်တော့ အဆင်ပြေဖို့နည်းလမ်းရှိပါတယ်။ FeedButton မှာ သင့် feed url ကို ထည့်ပြီး JS script နဲ့ button လေး တစ်ခု အလွယ်တကူ လုပ်နိုင်ပါပြီ။ ဒီလိုဆိုရင် sidebar နေရာ ချွေတာပြီးသားဖြစ်ပြီပေါ့။ ဒီ Drop Down Button က Draft က feed လိုပါပဲ။ မတူတာက ဒီတစ်ခုက feed button ပိုများပြီး mouse over လုပ်ရုံနဲ့ပြပေးတာပါ။

    Technorati TagFeed Button, RSS Buttons, RSS, XML, Atom