Archive for Windows OS

View Camera RAW files with Thumbnails on Windows

Microsoft Camera RAW Codec

Mac OS တွေ မှာ Camera ကထွက်တဲ့ RAW file တွေကို ဘာမှ ထည့်စရာမလိုပဲ default view, quick preview တွေ ကြည့်လို့ ရပေမယ့် Windows မှာတော့ ဒီအတိုင်းဆို မသိပါဘူး။ ကြည့်မယ်ဆို ACD See လို ဆော့ဝဲတွေ ထည့်ရပါတယ်။ အဲဒါတွေမထည့်ပဲ windows explorer ထဲမှာ တင် thumbnail နဲ့ မြင်ရချင်တယ် ဆိုရင်တော့ Microsoft ကထုတ်ပေးထားတဲ့ Microsoft Camera Codec Pack သွင်း ပေးဖို့ လိုပါတယ်။

Read the rest of this entry »

iPhone 5 with Windows 7

iPhone 5 with Windows 7

ဒီနေ့တော့ မျက်စိနာနေလို့ စာများများ မရေးတော့ပါဘူး။ ဗီဒီယိုပဲ တင်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် CES နဲ့ ခပ်ဆင်ဆင် တောင်ကြီးမှာ လုပ်တဲ့ TEQ Technology Exhibition မှာ ပြခန်းတစ်ခုက ပြထားတဲ့ iPhone 5 (Giant iPhone) ကြီးမှာ Windows 7 run ပြထားတာကို ရိုက်ထားဖြင်းဖြစ်ပါတယ်။ ဒီဗီဒီယိုကို ဘော်ဒါကြီး ကိုကိုရဲ ကနေ လက်တွေ့စမ်းသပ်ပြထားတာဖြစ်ပါတယ်။

Read the rest of this entry »

Virtual Box ~ Sun Microsystems

Sun Microsystems ~ Virtual Box

Virtualization ဆိုတာ အခုချိန်မှာ အရမ်းခေတ်စားတဲ့ နည်းပညာ တစ်ခုဖြစ်ပါတယ်။ အရင်တုန်းက Virtual Machine (VM) မျိုးကို လူသိပ်မသုံးကြပါဘူး။ ကျွန်တော်တောင် လွန်ခဲ့တဲ့ ၂ နှစ်လောက်ကမှ သူငယ်ချင်း LeoJack ပေးလို့ VMware ကို စသုံးဖူးတာပါ။ သူကတော့ VMware နဲ့ Virus တွေ စမ်းတယ်၊ မွေးတဲ့ အလုပ်လုပ်တဲ့ မွေးမြူရေးသမားပေါ့ =D ။


Microsoft Office Word Cheat

Image Hosted by ImageShack.us

Microsoft ရဲ့ Office Word က Cheat လုပ်တဲ့နည်းလေး site တစ်ခုက တွေ့ခဲ့မိလို့ ပြန်ပြီး ဝေမျှတာပါ။ Microsoft Word ကိုဝင်ပြီး စာမျက်နှာ အသစ်မှာ =rand(200,99) လို့ ရိုက်ပြီးရင် Enter နှိပ် ခဏ စောင့် လိုက်ရင် El veloz murcielago hindu comia feliz ……….. ပြင်သစ်လား ဂြိုလ်သားစာလား မသိရတဲ့ စာလုံးတွေ စာမျက်နှာ အများကြီးနဲ့ ကျလာပါလိမ့်မယ်။ Office 2003 နဲ့ သူ့အောက် version တွေမှာ ဆိုရင်ပေါ့။ Office Word 2007 မှာတော့ အဲဒီ error ကို ပြင်လိုက်ပြီ ဒါပေမယ့် ဒီလိုစာတွေတော့ ကျလာသေးတယ် (အောက်ပုံကိုကြည့်ပါ)။ ထူးဆန်းတယ်နော် =) ။


Image Hosted by ImageShack.us

Technorati tags:
, , , , , , ,

Speed Boot Up Sequence By Defragmenting All Key Boot Files

ကွန်ပျူတာ ဖွင့်တဲ့ အခါ Boot တက်တဲ့ Speed မြန်စေဖို့ ဒီလို ပြင်လိုက်ပါ။

ပထမဆုံး Run ကနေ regedit ဖွင့်ပါ။ အဲဒီကနေ HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Dfrg\BootOptimizeFunction အထိ ဖွင့်ပါ။ အဲဒီ location ရောက်ရင် ညာဖက်က အကွက်မှာ Enable ဆိုတဲ့ ဖိုင်ကို ကလစ် လုပ်ပြီး Y လို့ထည့်ပါ။ Y ဆိုတာက Yes ကို ဆိုလိုတာပါ။ ဒီလို ပြင်လိုက်ခြင်း အားဖြင့် Boot တက်တဲ့ အချိန် မြန်လာပါလိမ့်မယ်။

Technorati tags:
, , , , , , , , , , , , , , , , , , ,

Microsoft Windows Computer တွေမှာ password မေ့နေခဲ့ရင် ဒီလိုဝင်ပါ


Quick Windows XP Login HackFree videos are just a click away

ကိုယ်သုံးချင်တဲ့ ကွန်ပျူတာမှာ ကိုယ့် user အကောင့် မရှိခဲ့ရင် ဒါမှမဟုတ် password မေ့နေခဲ့ရင် ဒီနည်းလေးနဲ့ ၀င်လို့ရပါတယ်။ ဒါက hidden administrator အနေနဲ့ ၀င်တာပါ။ သေချာအောင် log in page ရောက်တာနဲ့ Alt နဲ့ Ctrl ကို လုံးဝဖိထားပြီး Delete ကီးကို နှစ်ခါ နှိပ်လိုက်ပါ။ ဒီနည်းက Vista မှာ ရမရတော့ ကျွန်တော်လည်း မစမ်းဖူးပါဘူး။ XP မှာတော့ အလုပ်ဖြစ်ပါတယ်။ ကြည့်ကြည့်ပါဦး။ သူများဖိုင်တွေတော့ မဖျက်ရဘူးနော်။ ကြည့်ရုံပဲကြည့် ဒါမှမဟုတ် ကူးရုံပဲ ကူးနော်။ =)

Technorati tags:
, , , , , , , , , , , , , , , , , , , , ,

USB device တွေကို ကွန်ပျူတာ ကနေ ဒီအတိုင်း ဆွဲဖြုတ် သင့်သလား

ကျွန်တော်တို့တွေ ကွန်ပျူတာမှာ thumb drive ဖြစ်ဖြစ် အခြား USB device တွေ တပ်ပြီး ဖြုတ်တဲ့ အခါမှာ အလွယ်ပဲ ဆွဲဖြုတ် ကြပါတယ်။ ဒါဟာ Safety Remove Hardware ကနေ စနစ်တကျ ဖြုတ်တာ မဟုတ်လို့ အန္တရာယ် ရှိတယ်လို့ ထင်ရပါတယ်။ ဟုတ်ပါတယ် အန္တရာယ် ရှိပါတယ။် ဘယ်အခါမှာလဲ ဆိုတော့ စက်က တင်ထားတဲ့ OS က Windows XP မပေါ်ခင်က OS တွေဆိုရင် အန္တရာယ် ရှိပါတယ်။ အရင် XP မပေါ်ခင်က Safety Remove Hardware ကနေ စနစ်တကျ မဖြုတ်ရင် အဲဒီ device ပျက်ဆီး သွားနိုင် ပါတယ်။

Microsoft က အဲဒီ ပြသနာကို ဖြေရှင်းတဲ့ အနေနဲ့ Windows XP ထုတ်တဲ့ အခါမှာ USB device တွေ စိတ်ချလက်ချ ဖြုတ်လို့ ရအောင် စီစဉ် ပေးထား ပါတယ်။ Windows XP ထုတ်ပြီး နောက်ပိုင်း ထုတ်တဲ့ Vista လို OS တွေမှာ အကုန် စိတ်ချ လက်ချ ဖြုတ်လို့ရပါတယ်။ Windows 98 ဒါမှ မဟုတ် Me လို ဟာမျိုးမှာ တော့ Safety Remove Hardware ကို သုံးပြီးမှသာ ဖြုတ်ရ ပါလိမ့်မယ်။

တခြား သတိထား စရာကတော့ ကျွန်တော်တို့ cyber cafe` လို ဆိုင်တွေမှာ သုံးရင် USB device တပ်မယ်ဆိုရင် စိတ်အချရဆုံးက စက်ရှေ့က USB ပေါက်မှာ မတပ်ဘဲ နောက်ဘက်က mother board မှာ bulit-in ပါတဲ့ USB port မှာ ပဲတပ်ပါ ခင်ဗျား။ တခါတရံ စက်တွေက ဆင်တဲ့ အခါမှာ အရှေ့ ပေါက် USB ဆင်တုန်းက ကြိုးမှားတပ်ထားခဲ့ရင် ကိုယ် drive လေးတပ်လိုက်ရင် ကြွသွားပါလိမ့်မယ်။ ဒါကြောင့် သေချာအောင် built-in USB port မှာ ပဲတပ်သင့်ပါတယ်။ ကျွန်တော်ကတော့ drive တပ်ရင် အရှေ့ကပဲတပ်ပြီး ဖြုတ်ရင်လဲ တခါထဲဆွဲ ဖြုတ်ပါတယ်။ အပျင်းကြီး လို့ပါ။ ဟဲဟဲ သဗ္ဗေ usb ကံမသကာ ပေါ့ဗျာ။

Technorati tags:
, , , , , , , , , , ,

Shutdown Shortcut လုပ်ရအောင်

Image Hosting


1. Desktop ပေါ်တွင် right-click လုပ်၍ ပေါ်လာသော Dropdown Menu မှ New ကို သွားလျှင် ဘေးမှ နောက်ထပ် ပေါ်လာသော Menu မှ Shortcut ကို ကလစ်လုပ်ပါ။

2. ထိုအခါ ပေါ်လာသော Create Shortcut Wizard box (ပုံတွင် ကြည့်ပါ) ၏ ပေါ်လာသော text box တွင် shutdown -s -t 01 ဟူသော စာတမ်းကို ရိုက်၍ Next နှိပ်ပါ။

3. နောက်ထပ် ပေါ်လာသော Window တွင် မိမိ ပေးလိုသော နံမည် (ဥပမာ- shortcut to shutdown) ရိုက်၍ Finish နှိပ်လိုက်လျှင် Desktop ပေါ်တွင် shutdown လုပ်ရန် shortcut တစ်ခု ရပါလိမ့်မည်။ ပြီးရင် ကိုယ်ကြိုက်တဲ့ icon ပုံလေး ချိန်းလိုက်ရင် ပိုမိုက်သွားတာပေါ့ဗျာ။

Technorati tags:
, , , , , , , , , ,

ကွန်ပျူတာမှာ Register Owner Name ဘယ်လို ပြောင်းမလဲ

ကျွန်တော်တို့ ကွန်ပျူတာ ၀ယ်တဲ့ အခါမှာ တခါတလေ ဆိုင်က OS တင်ပေး လိုက်ရင် Register Owner Name ကို ကြုံရာ ကျပန်း ရိုက်ထည့်ကြပါတယ်။ များသော အားဖြင့် ကိုယ့်ဆိုင် နာမည် ရိုက်ကြတယ်။ အဲဒီ နဂို ပါလာတဲ့ Register Owner Name ကို ပြင်ချင်ရင် ဒီလိုပြင်လို့ ရပါတယ်။


Adminstrator အဖြစ်နဲ့ Log On ဖွင့်လိုက်ပါ။ Run ကနေ regedit ကို ဖွင့်ပါ။ ပြီးရင် HKEY_LOCAL_MA-CHINE\SOFTWARE\Microsoft\WindowsNT\Current Version အထိ ရောက်အောင် ဖွင့်ပါ။ အဲဒီ အဆင့် ရောက်ရင် ညာဘက် pane လို့ ခေါ်တဲ့ ဘောင်ထဲမှာ RegisteredOwner ဆိုတဲ့ စာသားကို ရှာပြီး ကလစ် နှိပ်လိုက်ရင် မိမိ အမည်ထည့်လို့ ရမယ့် ၀င်းဒိုး တစ်ခု ပေါ်လာပါမယ်။ အဲဒီမှာ အမည် ရိုက်ထည့်ရုံပါပဲ။

ကျွန်တော် အရင် ဒီနည်းကို မသိခင်က ကျွန်တော့် စက်မှာ ဆိုင်က တင်ပေးလိုက်တဲ့ OS မှာ Register Owner Name က သူတို့ဆိုင် နာမည် ထည့်ပေးလိုက် ပါတယ်။ ကျွန်တော် အဲဒါပြင်ချင်တာနဲ့ admin ကနေ ကိုယ့်နာမည်နဲ့ admin account တစ်ခု ထပ်ဆောက်ပြီး နဂို OS တင်တုန်းက ပါလာတဲ့ account ကိုဖျက်လိုက်ပါတယ်။ အစကတော့ အဆင်ပြေ သလိုလိုနဲ့ နောက်တော့ regedit ခေါ် ကြည့်တော့ admin မဟုတ်လို့ ခေါ်လို့မရပါတဲ့ error လာလာပြပါတယ်။ ကျွန်တော် account က admin လုပ်ထားတာပါ ဘယ်လို ဖြစ်ပါလိမ့်လို့ စဉ်းစားမရ ဖြစ်ခဲ့ပါတယ်။ နောက်တော့ မှ နဂို OS တင်တုန်းက admin နဲ့ နောက်မှ တင်တဲ့ admin power မတူမှန်းသိရ ပါတယ်။ အခုပြင်ချင်ရင် အပေါ်က ရေးထားတဲ့ အတိုင်း Register Owner Name ကို ပြင်လို့ ရပါတယ်။

Image Hosting at ImageHosting.com

Technorati tags:
, , , , , , ,