5 Dec, 2011

မနေ့ညက အမှန်တော့ ဒီနေ့ မနက်အစောကြီးပေါ့ မြို့ထဲမှာ Shia မူစလင် များရဲ့ Ashura ပွဲ ရှိလို့ ဓာတ်ပုံသွားရိုက်ဖြစ်ပါတယ်။ ဒီပွဲ ရှိတယ်ဆိုတာ သိလို့ ညနေဘက်ကတည်းက ကြိုအိပ်ထားပြီး ညဘက် ၁၁ လောက်ထသွားဖြစ်ပါတယ်။ ဆူးလေ ဘုရားနားက လမ်းပေါ်မှာ ရှိနေတာ ဖြစ်ပါတယ် အဲဒီမှာ ကိုရဲအောင်သူ နဲ့ ဆုံပါတယ်။ အဲဒီမှာ ရောက်တော့ အခေါင်းပုံစံတစ်ခုကို လူတစ်စုထမ်းထားတာ ရှိပါတယ်။ နောက် အနက်ရောင်ဝတ် မူစလင်အမျိုးသမီးတွေ ရှိတယ်၊ ရင်ဘက်ကို လက်ဝါးနဲ့ ရိုက်ပြီး ဘုရားစာလို တစ်ခုခုကို ဆိုနေတဲ့ အမျိုးသား အုပ်စုကြီးလဲ ရှိပါတယ်။
Read the rest of this entry »
1 Dec, 2011

ဒီနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အမှန်တော့ U.S Secretary of State, Hillary Clinton နေ့ပြည်တော်ကနေ ရန်ကုန်မြို့ ကို လာရောက်ပါတယ်။ အမှန်တော့ ဒီနေ့က ဒီဇင်ဘာ ၁ ရက်နေ့ World AIDS Day ရိုက်စရာတွေ ရှိပေမယ့် မရိုက်တော့ပဲ အဲဒီကို သွားဖြစ်ပါတယ်။ နေ့လည် ၃ နာရီမှာ ရွှေတိဂုံဘုရား ဓာတ်လှေကားမှာ အခြား သတင်းဌာနတွေလိုပဲ တန်းစီစောင့်ရပါတယ်။ အမေရိကန် နိုင်ငံသား ကုတ်အကျီဝတ် security တွေ ရှိတယ် မြန်မာပြည်က ရဲ SB တွေလဲ ရှိပါတယ်။ နောက် ဘုရားလုံခြုံရေးများကောပဲ။
Read the rest of this entry »
29 Nov, 2011

November လထဲမှာ ဘလော့ဂ်ကို အသစ် မတင်ဖြစ်တာ အတော်ကြာသွားပါတယ်။ အလုပ်များနေတယ်ရယ် အလုပ်အားတော့ မတင်တာကြာတော့ ပျင်းသွားတာလဲ ပါပါတယ်။ အခုတော့ ဒီလ အစောပိုင်းက သွားဖြစ်ခဲ့တဲ့ တောင်ကြီး တန်ဆောင်တိုင် ပွဲတော်က ပုံတွေတင်လိုက်ပါတယ်။
Read the rest of this entry »
21 Nov, 2011

ဒီရက်ပိုင်း အလုပ်တွေ အရမ်းများနေတာနဲ့ ဘလော့ဂ်တောင် ပုံမှန် မရေးဖြစ်တော့ဘူး ဖြစ်သွားပါတယ်။ ဒီကြားထဲ တောင်ကြီးလဲ သွားလိုက်သေးတယ် မီးပုံပျံပွဲပေါ့ ပုံကတော့ နောက်ရက်မှ တင်တော့မယ်။ အခုကတော့ Dirty Girl ဆိုတဲ့ ဇာတ်ကားထဲက ဇာတ်ဝင်သီချင်းပါ။ movie trailer ကြည့်ရင်းနဲ့ ကြိုက်သွားလို့ Shazam app နဲ့ analyze လုပ်ကြည့်တယ် မရဘူး ဒါနဲ့ ကြားလိုက်ရတဲ့ စာသားကို Google မှာ ရိုက်ရှာမှ ရတော့တယ်။ Chandelle ဆိုထားပြီး The Truth About Me လို့ ခေါ်ပါတယ်။
Read the rest of this entry »
1 Nov, 2011

အောက်တိုဘာ ၃၁ ရက်နေ့ Halloween နေ့မှာ နေ့လည်လောက်ကတည်းက ကိုမျိုးကျော်ထွန်း ကျွန်တော်ရယ် ကိုရဲအောင်သူနဲ့ ၂ ယောက်ရှိတဲ့ သင်္ကန်းကျွန်းဘက် လိုက်လာပြီး အတူတူတွေ့ဖြစ်ကြပါတယ်။ နောက်တော့ ပြည်လမ်းပေါ်က တော်ဝင်စင်တာမှာ Halloween Party နဲ့ စျေးပွဲတော်ရှိတယ် ဆိုလို့ ညနေ ၅ နာရီကျော်လောက်မှာ အရောက်သွားဖြစ်ပါတယ်။ ဟိုရောက်တော့ စင်တာအဝင်မှာပဲ သရဲပုံစံ အဝတ်အစားတွေနဲ့ တော်ဝင်စင်တာက ဝန်ထမ်းများနဲ့ မော်ဒယ်တွေကိုတွေ့ရတာကြောင့် ဓာတ်ပုံစပြီး ရိုက်ဖြစ်ပါတော့တယ်။
Read the rest of this entry »
30 Oct, 2011

29 ရက်နေ့မှာ အင်ဒိုနီးရှားက နိုင်ငံခြားရေးဝန်ကြီး ရောက်နေလို့ ဓာတ်ပုံသွားရိုက်ဖြစ်တယ်။ နေ့လည်ကတည်းက ကိုစိုးကြီး၊ ကိုရဲအောင်သူ နဲ့ ကို black dream တို့ နဲ့ အတူတူ ခြောက်ထပ်ကြီး၊ ရွှေတိဂုံဘုရား၊ စမ်းချောင်းဘက်တွေမှာ ဓာတ်ပုံလိုက်ရိုက်ထားလို့ တော်တော်ပင်ပန်းထားပေမယ့် ညဘက် အိမ်ပြန်ရောက်အပြီးလောက်မှာ ၁၀ နာရီလောက်ပေါ့ မီးသတ်ကားသံတွေ ကြားလို့ မေးကြည့်မိပြန်ပါတယ်။ သိရတာက ၉၆ လမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ထဲမှာ တိုက်ပြိုကျတယ်လို့ သိရတာကြောင့် ကင်မရာဆွဲပြီး ထွက်ရိုက်ဖြစ် ပြန်ပါတယ်။
Read the rest of this entry »
28 Oct, 2011

ဒီဘက်နှစ်တွေမှာ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ကြည့်မိတော့ အရင်လို ကလေးသိပ်မဆန်တော့တာကို သတိထားမိတယ်။ အခုမှ အရွယ်ရောက်တာကိုးဗျ နောက် မတရားတာ မမှန်တာ၊ လွဲနေတာတွေ အရင်လို ကိုယ်နဲ့ မဆိုင်သလို နေတတ်တဲ့ စိတ်မရှိတော့ပဲ သိသလောက်မှတ်သလောက်နဲ့ ဝင်ပြီး ပါမိတာသတိထားမိတယ်။ အရင်ကတော့ လူချစ်ပဲခံမယ် အမုန်းမခံဘူးဆိုတဲ့ အယူအဆမျိုးနဲ့ သူများ မဟုတ်တာလုပ်ရင် ဝင်မပြောခဲ့သလို မသိချင်ယောင်ဆောင်ခဲ့မိတယ်။ နောက်ပိုင်းတော့ သတိထားမိလာတယ် ကိုယ့်အိမ်နီးချင်း မီးလောင်တာ ကို မငြှိမ်းရင် နောင်လဲ ကိုယ့်ဆီကူးလာမှာပဲ ဆိုတာရယ် သူများကို မတရားတာလုပ်နေတာကို ဝင်မကူခဲ့ရင် ကိုယ်အလှည့်ကျရင်လဲ ဝင်ကူမယ့်သူ ရှိမှာ မဟုတ်ဘူးဆိုတာ တွေးမိခဲ့တယ်။
Read the rest of this entry »
26 Oct, 2011

iPhone, iPad က နာမည်ကြီး tower defense ဂိမ်း Fieldrunners ကို အခု Google Chrome web store ကနေ အခမဲ့ ကစားလို့ ရပါပြီ။ ဒီဂိမ်းကို HTML 5 ပေါ်မှာ အခြေခံပြီး ပြန်ရေးထားတာဖြစ်ပါတယ်။ အသံလဲပါပါတယ်။ အရင် iPhone မှာတော့ ကျွန်တော် တော်တော်ကြိုက်တဲ့ ဂိမ်းပါ အရင် အိုင်ဖုန်း ဝယ်ဖြစ်ကတည်းက ခုထိဆော့တုန်းပဲ ရုပ်ထွက်ကောင်းသလို ဆော့ရတာလဲ ပညာသားပါပါတယ်။ အခြား tower defense တွေ ဘာမှ မဆိုင်လောက်အောင် ကောင်းပါတယ်။ မဆော့ဖူးသေးရင်တော့ အခု Chrome ပေါ်မှာ စမ်းဆော့လို့ ရပါပြီ။
22 Oct, 2011

ဒီနေ့ အောက်တိုဘာလ ၂၂ ရက်နေ့မှာ Junction မော်တင်က Korean Film Festival 2011 ကို သွားဖြစ်ပါတယ်။ ဒီပဲွကို ကိုဘို ပြောထားလို့ ကိုရီးယားက မင်းသား နဲ့ မင်းသမီးလာမယ်ဆိုတာလဲ အစောကတည်းက ကြိုသိထားပါတယ်။ ကိုဘိုကပဲ press card စီစဉ်ပေးတာကြောင့် ဒီနေ့ ရောက်ခဲ့တာပါ ပွဲကို ညနေ ၃ နာရီမှာ စတင်ပါတယ်။
Read the rest of this entry »
17 Oct, 2011

ထိုင်းမှာ shopping mall တွေ ဘဏ်တွေ၊ အရောင်းပြခန်းတွေ၊ လူနေတိုက်ခန်းတွေ အားလုံးနီးပါးလောက်မှာ အောက်ဘက် မြေညီထပ် တစ်နေရာလေးမှာတော့ နတ်ကွန်းလို မျိုးလေးတွေ ထားထာတာကို တွေ့ရမှာပါ။ ဗုဒ္ဒဘာသာအပြင် နတ်ကိုးကွယ်သူတွေလဲ များတယ်လို့ သိရတယ် ဒါကြောင့် နတ်ကွန်းလေးတွေ ဆောက်ထားတယ်လို့ ဆိုပါတယ်။ အဲဒီထဲက ဘန်ကောက်မြို့မှာ နာမည်အကြီးဆုံးထဲက တစ်ခုလို့ ပြောလို့ ရတဲ့ နေရာကတော့ မြို့လယ်မှာ ရှိတဲ့ Erawan နတ်ကွန်း ပဲဖြစ်ပါတယ်။
Read the rest of this entry »