Democracy Activists Pray At Shwe Da Gon Pagoda

Democracy Activists Pray At Shwe Da Gon Pagoda to free all Political Prisoners

ဒီနေ့ စက်တင်ဘာလ ၂၇ ရက် နေ့မှာ မနက် NLD ရုံးဘက်ရောက်ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တည်ထောင်တဲ့ နှစ်ပတ်လည် ရှိတာကြောင့်ပါ… ဓာတ်ပုံတော့ သေချာမရိုက်ဖြစ်ပါဘူး မဟုတ်လဲ သတင်းအနေနဲ့ သုံးမှာ မဟုတ်တဲ့ အတွက် အနီးအနားကနေပဲ စောင့်ကြည့်နေလိုက်ပါတယ်။ ပွဲပြီးတဲ့ နောက်မှာတော့ ရွှေတိဂုံ ဘုရားပေါ်မှာ ဒီနေ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ ဆုတောင်းပွဲ ရှိတယ် လို့ ပြောကြတာနဲ့ ဘုရား ရင်ပြင်တော်ပေါ်ကို အခြား စီနီယာ ဓာတ်ပုံသတင်းထောက်တွေ နဲ့ အတူတူ တက်ခဲ့ပါတယ်။

Read the rest of this entry »

What is STANDARD ?

standards

STANDARD ဆိုတဲ့ စကားလုံးကို မြန်မာလို အားဖြင့် အဆင့်အတန်း ဒါမှမဟုတ် စံသတ်မှတ်ချက် လို့ အဓိပ္ပါယ်ရပါတယ်။ ဒီရက်ပိုင်း တွေးမိနေတဲ့ အတွေးတွေက ကျွန်တော်တို့မှာ စံသတ်မှတ်ချက် ဆိုတာကော ရှိရဲ့လားပေါ့။ မနေ့ညက အိမ်အပြန်လမ်းမှာ တွေ့တဲ့ လမ်းဘေးက ကားတွေ ကြည့်ရင်းလဲ စဉ်းစားမိတယ် ဒီကားတွေ ဘယ် စံသတ်မှတ်ချက်နဲ့ သွင်းနေတာလဲ။ ကျွန်တော်တို့ ဆီမှာ အခုဆို ဒီမိုကရေစီစနစ်အရ လွှတ်တော်ဆိုတာတွေလဲ ပေါ်လာပါပြီ။ မြန်မာပြည်အတွက် လုပ်စရာတွေ အများကြီးရှိတယ်ဆိုတာ မှန်ပေမယ့် စံသတ်မှတ်ချက်တွေ လွှတ်တော်မှာ ဆွေးနွေးတာ ခုထိမတွေ့ရသေးဘူး။ ကျွန်တော်အနေနဲ့ ကတော့ စံသတ်မှတ်ချက် မရှိသရွှေ့ အဆင့်အတန်း မရှိသေးတဲ့ သူအဖြစ် ခံယူမိနေဦးမှာပါပဲ။

Read the rest of this entry »

Chinese Street Hawker from Yangon Downtown

Chinese Immigrant Street Hawker from Yangon Downtown

ဒီနေ့ စက်တင်ဘာလ ၂၂ ရက် ညနေပိုင်းမှာ ကိစ္စလေးရှိလို့ ကျွန်တော်ရယ် ကိုငြိမ်းချမ်းနိုင် ရယ် မြို့ထဲ ၂၉ လမ်းဘက်ရောက်ဖြစ်ပါတယ်။ ၂၉ လမ်းနဲ့ အနော်ရထာလမ်း ထောင့်တစ်နေရာမှာတော့ လူတွေ အုံပြီးကြည့်နေတဲ့ လမ်းဘေးစျေးသည်ရှိတာ ကြောင့် အဝေးကလှမ်းကြည့်လိုက်တော့ မုန်လာဥနီ တွေကို လှီးပြထားတာ တွေ့လို့ ဓားတို့ အခြား ဟင်းချက်ရာမှာ သုံးတဲ့ ပစ္စည်းတွေ ရောင်းတာလို့ သိလိုက်ပါတယ်။ အနားကပ်ကြည့်တော့မှ ထူးခြားတာတွေ့ရတော့တယ်။

Read the rest of this entry »

Yangon Wedding Fair 2011

Yangon Wedding Fair 2011

မနေ့က စက်တင်ဘာလ ၁၈ ရက်နေ့မှာ မနက် ၉ နာရီ အရောက် Park Royal Hotel ကို သွားဖြစ်တယ်။ အဲဒီမှာ Wedding Fair 2011 ပွဲ ရှိတာကိုး ပွဲက ၁၀ နာရီစမှာ ရောက်သွားတော့ ခန်းမနဲ့ ကော်ရစ်တာတစ်လျောက်မှာ မင်္ဂလာခန်းဝင် ပစ္စည်းအရောင်းဆိုင်တွေ၊ ဝတ်စုံအရောင်းဆိုင်တွေ၊ မိတ်ကပ် အရောင်းဆိုင်တွေ တွေ့ရတယ်။ ခန်းမကတော့ ကျဉ်းတယ်ဗျ မီဒီယာတွေကို ပရိတ်သတ်တွေရဲ့ အနောက်ဘက်မှာ နေရာပေးထားတာ တွေ့ရတယ်။

Read the rest of this entry »

Canon to Announce 5D Mark III ?

Canon-The-Story-Begins-5D-MarkIII

မနေ့က Canon ကနေ နိုင်ငံခြားက ကင်မရာ industry ထဲက လူတွေကို “The Story Begins” ဆိုတဲ့ စာသားနဲ့ November 3 ရက်နေ့မှာ Hollywood မှာ ပွဲလုပ်ဖို့ ဖိတ်ထားတာ တွေ့ရပါတယ်။ ဒီပွဲက သေချာပါတယ် Canon ရဲ့ full frame ကင်မရာ အသစ် 5D Mark III စပြီး ပွဲထုတ်မှာပါ။ အရင် 5D Mark II က ထုတ်ထားတာ တော်တော်ကြာနေပြီ ဖြစ်သလို လက်ရှိ အချိန်မှာ အခြား မော်ဒယ်တွေနဲ့ ယှဉ်ရင် တော်တော် နောက်ကျနေပါပြီ ဒါကြောင့် update လုပ်တာလဲ ဖြစ်ပါတယ်။ Mark III မှာ သေချာတာကတော့ HD ဗီဒီယို အတွက်လဲ တော်တော် ကောင်းအောင် ပြင်ထားမှာ သေချာပါတယ် ဒီတစ်ခါပွဲလုပ်မယ့် နေရာကိုက Hollywood ဖြစ်နေတာက အဆန်းကိုးဗျ။

Read the rest of this entry »

V-Finder With Eye Cup

V Finder for CAPA

လွန်ခဲ့တဲ့ ၂ ရက်လောက်က DSLR ကင်မရာအတွက် မှာထားတဲ့ LCDVF (LCD View Finder) တစ်ခု ရောက်လာပါတယ်။ အသိအကိုတစ်ယောက် ယူလာပေးတာပါ မှာထားတာက လွန်ခဲ့တဲ့ ၂ ပတ်လောက်ကပါ။ တံဆိပ်က V-Finder ဖြစ်ပါတယ်။ မဝယ်ခင်ကတည်းက အွန်လိုင်းမှာကော အရင်တစ်ခါ တင်ခဲ့ဖူးတဲ့ Philip Bloom ဗီဒီယိုထဲပါတဲ့ Zacuto ရဲ့ Z-Finder လဲတွေ့တယ်ပေါ့ ဒင်းကတော့ စျေးကြီးတယ်ခင်ဗျ 250$ လောက်ရှိတာနဲ့ 50$ လောက်ပဲရှိတဲ့ V-Finder ယူဖြစ်ပါတယ်။

Read the rest of this entry »

Super 8 will come out with Myanmar Unicode!! Umm

Windows 8 with Myanmar Unicode fonts (Via Mg Pyone)

ဒီနေ့ facebook မှာ မောင်ပြုံး နဲ့ ကိုမောင်မောင်ဆန်း တို့ ပြောလာလို့ အသစ်ထွက်မယ့် Microsoft Windows 8 မှာ မြန်မာယူနီကုတ် ဖောင့် စပြီး built in ပါတော့မယ် ဆိုတာသိရပါတယ်။ Microsoft က Windows 8 Developer Preview ကို ပြီးခဲ့တဲ့ ရက်ကမှ ထုတ်ပေးလိုက်တာ ဖြစ်ပြီး UI က Windows Phone 7 OS လို လေးထောင့်ကွက်လေးတွေနဲ့ ဆိုတာ CNET TV မှာ တစ်နေကမှ ကြည့်ထားမိပြီး download ဆွဲသေးတယ် 3.6 GB ဆိုတော့ တစ်ဝက်နဲ့ တင် မတက်တာနဲ့ မလုပ်ဖြစ်တော့တာ ဒီနေ့ ယူနီကုတ် ဖောင့် တရားဝင် ပါမယ် ကြားရတော့ တော်တော်ပျော်သွားပါတယ်။

Read the rest of this entry »

5th Anniversary Of Myanmar Bloggers’ Society

5 Anniversary Of Myanmar Bloggers' Society

မနေ့က မြန်မာအင်ဖိုတက် အခန်း ၂၀၅ မှာ လုပ်တဲ့ ၅ နှစ်မြောက် Myanmar Bloggers’ Society ရဲ့ seminar ပွဲကို သွားဖြစ်ပါတယ်။ အစက အားလုံးတိုင်ပင်ပြီးတော့ ဒီနှစ်ပွဲမလုပ်တော့ဘူး စဉ်းစားထားကြတာပါ အားလုံးစုပြီး ခရီးပဲထွက်မယ် လုပ်ကြရင်းကနေ ပွဲပြန်လုပ်ဖြစ်တာ ဖြစ်ပါတယ်။

Read the rest of this entry »

5 Anniversary Of Myanmar Bloggers Society’s Seminar

Myanmar Bloggers' Society

မနက်ဖြန် စက်တင်ဘာ ၁၀ ရက်နေ့မှာ ကျွန်တော်တို့ Myanmar Bloggers Society ကနေ ဦးဆောင်လုပ်မယ့် seminar တစ်ခုကို Info-Tech မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီပွဲက MBS ရဲ့ ၅ နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ ပြုလုပ်တဲ့ ပွဲလဲဖြစ်ပါတယ်။ တကယ်လို့ များ လမ်းကြုံခဲ့ရင်ဖြစ်ဖြစ် အားရင်ဖြစ်ဖြစ် ကြွရောက်ပေးဖို့ ဖိတ်ကြားအပ်ပါတယ်။

High Speed Memory Card for DSLR HD Videography

SDHC, CF  Card for DSLR Camera

Canon 550D လေးဝယ်တုန်းက DSLR နဲ့ HD documentary, movie အတို ဗီဒီယိုလေးတွေ ရိုက်မယ် ဆိုတဲ့ ရည်ရွယ်ချက်လဲ ပါပါတယ်။ ဝယ်တုန်းက ဆိုင်မှာစမ်းပါတယ်။ အိမ်မှာလဲ အိုကေတယ်ပေါ့ တကယ်တမ်း outdoor တွေရိုက်တယ်နောက် လေးမိနစ် ငါးမိနစ်လောက်ကြာတဲ့ အပိုင်းတွေ ရိုက်တဲ့ အခါ error တစ်ခုလာပြပါတော့တယ်။

Read the rest of this entry »