New Search Engine

search engine အဆန်း တွေတွေ့လို့ အားလုံးကို ပြန်ဝေမျှ ပါရစေ သူတို့က တစ်ချိန် ထဲမှာပဲ နာမည်ကျော် search engine တွေရဲ့ result ကို တစ်ချိန်ထဲမှာ ပြပေးနိုင်တယ် image တွေရှာရင်လည်း google တို့ yahoo, msn တို့မှာ ရှာတဲ့ result တွေကို တစ်ချိန်ထဲ တစ်ဆိုဒ် ထဲကနေ ပြပေး နိုင်တယ် တစ်ချို့တွေမှာဆို google, yahoo, msn တို့မှာတောင်မရတဲ့ site မျိုးစုံက video တွေ audio တွေပါ ရှာယူ နိုင်တယ် အဆင် ပြေတယ် ကြိုက်တယ် ဆို tool bar ပါ download လုပ်ယူ လိုက်လို့ ရတယ်…

www.dogpile.com (အားလုံးထဲမှာ အမိုက်ဆုံးတစ်ခုပဲ တစ်ချိန်ထဲမှာ google, yahoo, msn ကိုရှာလို့ရတဲ့အပြင် audio ရော video ပါရှာလို့ရတယ်)

www.doubletrust.net (ဒါက ဂျပန် က ကျောင်းသား တစ်ယောက် လုပ်ထားတာ)

www.gahooyoogle.com

Technorati tags:
, , , , , ,

Ultimate Guitar

Guitar Pro ဆော့ဝဲ ရှိပြီဆိုရင်တော့ လေ့ကျင့်ဖို့ gp5 ဖိုင်တွေ ဒေါင်းလုဒ်လုပ်ဖို့လို ပါတယ် အဲဒီဖိုင်တွေ ဒေါင်းလုဒ်လုပ်ဖို့ ဆိုဒ်တွေ အများကြီး ရှိတဲ့ထဲက အဆင်ပြေတဲ့ နေရာတစ်ခုကတော့ Ultimate Guitar ပါပဲ အဲဒီဆိုဒ်မှာ ဟိုးအရင် Ramones, AC DC တို့ကနေ ဒီနေ့  MCR , Linkin Park လို နောက်ပေါ် band တွေ အထိ နောက်ဆုံးထွက် album တွေရဲ့ ဖိုင်တွေပါရနိုင်တယ် သီချင်း title နဲ့ ရှာလို့ရသလို band name နဲ့ရော တစ်ခြား လေ့ကျင့်ခန်း တွေပါရနိုင်တယ် ဒီဆိုဒ်မှာ ကိုယ့်သီချင်းနှတ် လည်းတင်ချင် တင်လို့ရတယ် ပြီးတော့ နာမည်ကျော် သီချင်းနှတ် တွေကိုလည်း တီးကြည့်ပြီး rating ပေးလို့ ရတယ် နာမည်ကျော် သီချင်း ဒါမှမဟုတ် လူသိများတဲ့ သီချင်း ဒါမှမဟုတ် themes တွေ (ဥပမာ X’mas လို သီချင်းမျိုး) ရှာချင်တယ် ဆိုရင်တော့ search မှာ Misc လို့ရိုက်ပြီး band name ကိုရွေး search လုပ်လိုက်ပါ…

Photo Sharing and Video Hosting at Photobucket

Technorati tags:
, , ,

Guitar Pro 5.0

ဂစ်တာ တီးဖို့ ၀ါသနာ ပါသူတွေ အတွက် ဆော့ဝဲ ကောင်းလေး တစ်ခု အကြောင်း အသိပေးပါရစေ။ သိပြီးသားလည်း ဖြစ်ချင် ဖြစ်မှာပါ Guitar Pro 5 ဆိုတဲ့ ဆော့ဝဲပါ နောက်ဆုံး ထွက်ထားတဲ့ version က 5.0 ပါ သီချင်းတွေရဲ့ guitar tab နှတ်လို့ ခေါ်တဲ့ tablature ကိုပြပေးနိုင်တယ် ပြီးတော့ သူမှာပါတဲ့ play ခလုတ်ကို နှိပ်လိုက်ရင် မူရင်း သီချင်းသံကို midi သံနဲ့ နှတ်ကို အချိန်ကိုက် ပြပေးနိုင်တယ် ဂစ်တာ နှတ်အပြင် တခြား bass, drum, piano, keybord, violin, Flute စတဲ့ တူရိယာတွေ ရဲ့ နှတ်တွေပါ ပြပေးနိုင်တယ် ကိုယ်တိုင် စပ်ထားတဲ့ သီချင်း တွကိုလည်း အဲဒီ ဆော့ဝဲ နဲ့ လိုအပ်တဲ့ အသံတွေ ထပ်စပ်လို့ ရတယ် သူရဲ့လိုချင်တဲ့ သီချင်း နှတ်ဖိုင်မှန်သမျှကို အင်တာနက်မှာ အလွယ်တကူ ရှာယူနိုင်တယ် ဖိုင်ဆိုဒ် ကလည်း တစ်ခု တစ်ခုမှ 30.0 KB တို့ 50 KB တို့လောက်ပဲ ရှိတယ် ဘယ် band မဆို နာမည်မရှိတဲ့ band က အစ သူတို့ ရဲ့ မူရင်း နှတ်တွေကို ရှာယူ ပြီး လေ့ကျင့်နိုင်တဲ့ ဘက်စုံ သုံး ဆော့ဝဲကောင်း တစ်ခုပေါ့ သုံးမယ်ဆိုရင် ဂစ်တာ သိပ် ကျွမ်းကျင်စရာ မလိုပါဘူး chord တီးတတ်ရုံ ကြိုးညွှိ တတ်ရုံလောက်နဲ့ တင်ရပါတယ် သူတီးပုံနဲ့  tab နှတ် ဘယ်လို ကြည့် ရတယ် ဆိုတာ သိရင် အဆင် ပြေပါတယ် အဆင် မပြေတာ ရှိရင် ကျွန်တော့် ကိုမေးပါ ကျွန်တော် သိသလောက်ရှင်း ပြပေးပါမယ် ကျွန်တော် ဂစ်တာကို ဆရာ နဲ့ မသင်ဖူးဘူး အဲဒီ ဆော့ဝဲတွေ သုံး စာအုပ်တွေ ဖတ်နဲ့ပဲ နဲနဲပါးပါး တီးတတ် သွားတာ…

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

Arch Enemy-Doomsday Machine (2005)

သူငယ်ချင်း အားလုံးကို band တစ်ဖွဲ့ အကြောင်း ပြောချင် ပါတယ် နာမည်က Arch Enemy ပါ ဆွီင်္ဒင်က အဖွဲ့ ဗျ ဒါပေမယ့် အခု သူတို့ က ကမ္ဘာကျော် ဖြစ်နေပြီ အမျိုးအစားက နဲနဲကြမ်းတယ် death metal အများစုပေါ့ သူတို့ကို ကျွန်တော် စတွေ့တော့ youtube မှာ My Apocalypse နဲ့ စတွေ့တယ် တစ်ခါထဲ နားမထောင်ရ မနေနိုင်အောင် ဖြစ်သွားတယ် နောက်တော့ သူတို့ ဆိုဒ် မှာ fan သွားဝင် လိုက်တယ် သူတို့ က ၁၉၉၇ လောက် ကတည်းက ရှိခဲ့တာတဲ့ဗျ နောက်အခု အဆိုတော် Angeli က ၂၀၀၁ ခုလောက်ကမှ ပါလာတာပါ သူအသံကလည်း အံသြရလောက်အောင် ကြောက်စရာကောင်း ပါတယ်… နောက် သူတို့ ရဲ့ lead guitar သမား Michael Amott ကလည်း ကျွန်တော့် အကြိုက် ဂစ်တာသမား တစ်ယောက်ပဲ သူရဲ့ skill ကို တစ်ပုဒ်လောက် နားထောင်ရုံနဲ့ သိနိုင်ပါတယ် သူတို့ရဲ့ ၂၀၀၅ တုန်းကထွက်ခဲ့တဲ့ album Doomsday Machine ကို ကျွန်တော် တင်ထား တယ်ဗျ အဲဒီ album ထဲက သီချင်း အကုန်လုံး ကောင်းတယ်ဗျ ကျွန်တော် ညွန်းချင်တဲ့ သီချင်းတွေက
Nemesis, My Apocalypse, I Am Legend, Slave Of Yesterday ပါ ဒီ album ထဲက Nemesis နဲ့  My Apocalypse နှစ်ပုဒ်ကို music video
ရိုက်ထားတယ် သူတို့ ရဲ့ album သစ်ကိုတော့ ဒီနှစ်ထဲမှာ ဖြန့်လိမ့်မယ် ထင်တယ်
  • Click Here To Download Album

  • Photo Sharing and Video Hosting at Photobucket

    Photo Sharing and Video Hosting at Photobucket

    ရွာလိုက်တဲ့မိုး

    အခုတစ်လော ရန်ကုန်မှာ မိုးတွေ အရမ်းရွာတယ်…. လူတွေလည်း သေကြတယ်လို့ ကြားတယ် အလုံ၊ သစ်တောလမ်း ဘက်မှာဆိုလား မိသားစု လေးယောက် မိုးရွာလို့ ရေတွေတက်လာပြီး ဓာတ်လိုက် သေကြတယ်တဲ့သေတဲ့အထဲမှာ ILBC တက်နေတဲ့ ကလေး နှစ်ယောက် ပါတယ်ဆိုပဲ သူတို့ တွေက အမေသူငယ်ချင်း ရဲ့ ညီမတွေတဲ့ အဲဒီရက်တွေမှာဆို မီးလည်းပျက် ရေတွေကလည်း မြို့ ထဲမှာ တောင်ကြီးတယ် အလုံဘက်က တစ်ချို့ အိမ်တွေက ရေမြုတ်တာ ပစ္စည်းတွေလည်း ပျက်ဆီး လူတွေလည်း နေစရာမရှိနဲ့ ဒုတ်ခရောက်ကြတယ် ကျွန်တော်တောင် ယုဇနပလာဇာ သွားတုန်းက မနက်က သွားတုန်းက မိုးမရွာဘူး ပလာဇာထဲမှာ တစ်နာရီလောက် နေပြီးပြန်ထွက် လာတော့ ပလာဇာရှေ့မှာ ရေက ပေါင်လောက် ရောက်နေရော လူတွေလည်း ကားလမ်း ပေါ်ဆင်းမရနဲ့  ဒုတ်ခရောက်နေကြတယ် ကားလမ်းဘေးက ပုလက်ဖောင်းက နဂိုတည်းက အပေါက်တွေနဲ့  ရေတက်တော့ အပေါက်တွေ မမြင်ရတော့ ဘယ်သူမှမဆင်းရဲကြဘူး taxi တွေက ဂွင်တွေ့ပြီးဈေး တက်တောင်း ကုန်ကြတယ်အမှန်က မိုးကအဲဒီလောက် မဟုတ်ဘူးဗျ မြောင်းတွေက ရေစီးလမ်းကြောင်း ပိတ်နေလို့ ရေတက်တာဒါနဲ့ကျွန်တော်လည်း ပါလာတဲ့ mp4 က ကင်မရာနဲ့ ဓာတ်ပုံ ရိုက်ခဲ့ လိုက်တယ်ဗျ…..

    Photo Sharing and Video Hosting at Photobucket

    Photo Sharing and Video Hosting at Photobucket

    Photo Sharing and Video Hosting at Photobucket

    ဘလောခ်ရဲ့ အစ

    ဒီနေ့ တော့ ကျွန်တော့် ဘလောခ် ကို publish လုပ် လိုက်ပြီ။ ကျွန်တော် ဒီဘလောခ် လုပ်ထားတာ ဖေဖော်ဝါရီ က တည်းက အဲဒီမှာ စမ်းနေတာနဲ့ ကြာနေတာ။ ကျွန်တော် က HTML အကြောင်း မသိ တော့ (HTML အကြောင်း မသိဘူး ဆိုတော့ တခြား အကြောင်းတွေ သိတယ်လို့ ထင်စရာ ရှိပါတယ်.. တစ်ခြား အကြောင်းလည်း ဘာမှ မသိပါဘူး) အဲဒီ HTML အကြောင်းတွေ လိုက်ရှာ ဖတ်နေ ရတာနဲ့ စမ်းရတာနဲ့ အချိန်ကြာ သွားတာပါ။ ကျွန်တော် HTML စာအုပ် ၀ယ်ဖတ် မယ် ပြောတော့ ကျွန်တော့် ဆရာ ကိုမျိုးသန့် ကတော့ ပြောပါတယ် စာအုပ် ၀ယ်ရင် အင်္ဂလိပ် လို ရေး ထားတာ ၀ယ်တဲ့။ အင်္ဂလိပ်စာအုပ် ဖတ်တာအလေ့အကျင့် ရအောင်လို့ ထင်တယ်။ ဒါနဲ့ မြိုထဲက ဆိုင်တွေ လိုက်မေးတော့ တွေ့ပါရဲ့ စာအုပ်ဖိုး တွေက သောင်းကျော်တွေ ဒါနဲ့ မ၀ယ် ဖြစ်ဖူး နောက်မှ ဆရာ ဆိုလိုတာ အင်္ဂလိပ် လိုပဲပြန် copy လုပ်ထား တဲ့ စာအုပ်မျိုး ကို ပြောတာ မှန်း သိတယ် ပြီးတော့ တီချယ်ချယ်ရီ ကတော့ ပြောပါရဲ့ Dreamwaver သုံးကြည့် ပါလားတဲ့ အဲဒါနဲ့ စမ်း ကြည့်တာ အဆင် ပြေသွား တယ်။ နောက် အင်တာနက် မှာပဲ ဆိုဒ်ဘားမှာ ထည့်လို့ရမယ့် element တွေ ရှာရင်းနဲ့ အချိန်ကုန် ပြန်ရော။ နောက်တော့ eot လုပ်ဖို့  ကိုမောင်လှ ဘလော့ခ်မှာ ဖတ်ဖြစ်တယ် နောက် ကိုညီလင်းဆက် နောက် ကိုမျက်လုံး ဘလော့ခ် တွေမှာ လိုက်ဖတ် ဖြစ်တယ် နောက်တော့ စမ်းကြည့်လိုက် အယ်ရာ တက်လိုက် နဲ့ပဲ ဒီဘလောခ် လေး ဖြစ်လာတယ်။ ပြီးတော့ ကျွန်တော် အပေါ်က ပြောခဲ့တဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြား ဆရာတွေ အားလုံးကို ကျေးဇူး တင်ပါတယ်။ ပြီးတော့ ကျွန်တော် မေ့ကျန်ခဲ့တဲ့ ဆရာတွေ အားလုံးရော…..

    Technorati Profile