
12 ရက်နေ့က Adobe CS5 Road Show သွားဖြစ်ပါတယ် Suntec City, level 2 မှာ လုပ်ခဲ့တာပါ။ မလုပ်ခင် ၁ ပတ်ကျော်ကျော်လောက်ကတည်းက register လုပ်ထားဖြစ်တယ်။ သွားချင်လွန်းလို့ပါ.. ဒါနဲ့ ၁၂ ရက်နေ့ မတိုင်ခင်ကတည်းက အလုပ်လုပ်နေတဲ့ ဆီမှာလဲ ပြောထားလိုက်တယ် Adobe CS5 ပွဲသွားမလို့ ၁ ရက်မလာ ဘူးလို့။ ၁၂ ရက်နေ့ မနက် ၈ ခွဲလောက်မှာ ရောက်ပါတယ်။ Q အရှည်ကြီးမှာ ၀င်ရပ်ပြီး ကောင်တာမှာ register လုပ်တယ် ပြီးတော့ ၀င်ထိုင်နေလိုက်တယ်။ ၀င်ဝင်ချင်းမှာပဲ Adobe logo နဲ့ အိတ်တွေပေးပါတယ် အထဲမှာ discount coupons တွေပါပါတယ်။ CS5 features တွေအကြောင်းပါတယ်။ Dell, HP, Nvidia, Wacom အကြောင်းပါတယ် sposors တွေကိုး။ Agenda, Spot 5 Different ဆိုတဲ့ ဂိမ်း ၂ ခုပါတယ်။ ပလပ်စတစ် လက်ဝါးအရုပ်လေး ၂ ခုပါပါတယ်။ ရမ်းလိုက်ရင် လက် ၂ ဖက်ရိုက်ပြီး အသံထွက်အောင် လုပ်ထားတာလေးပါ။ နောက် whistle ပါတယ်။
Adobe Browser Lab ဆိုတာက Adobe ကနေ host လုပ်ထားတဲ့ web based flash application တစ်ခုပါ။ Web Designer, Developer တွေ သူတို့ ရေးထားတဲ့ ဆိုဒ်ကို OS တွေ Browser တွေမှာ ဘယ်လို render လုပ်တယ်ဆိုတာ ကြည့်ဖို့ လုပ်ထားတာဖြစ်ပါတယ်။

ဒီနေ့ Adobe Cards ဆိုတဲ့ ဆိုဒ်ကို ၀င်ကြည့်ဖြစ်တယ်။ အစက Adobe ကလုပ်တဲ့ အွန်လိုင်း ဖဲရိုက်တဲ့ ဂိမ်းထင်ထားတာ ကြည့်လိုက်တော့မှ Adobe Creative Suit 3 ~ CS 3 ကြော်ငြာဖြစ်နေတယ်။ CS 4 တောင်ထွက်နေမှ CS3 ကြော်ငြာ ကြည့်ဖူးတော့တယ်။ ကြော်ငြာကတော့ အတော်မိုက်တယ်ဗျာ Flash နဲ့ လုပ်ထားတယ် အိုင်ဒီယာ လုံးဝ ကောင်းတယ်.. ကြည့်ရင်းနဲ့ တဖြည်းဖြည်း အားငယ်လာတယ်။ Flash မှ မသုံးတတ်တာကိုး သူလုပ်သွားတာတော့ ဖဲချပ်လေးတွေနဲ့ ကြော်ငြာ လုပ်ထားတယ် မကြည့်ရသေးရင် ကြည့်လိုက်ပါဦးဗျာ။ အရင် Flash နဲ့ Firefox 3 ကြော်ငြာလဲ မိုက်တယ်ဗျ။ ကြည့်ကြည့်ပါဦး။ပျော်ရွှင်ပါစေ။ ။

ဒီနေ့ Digital Inspiration က ပို့စ် တစ်ခုကို ကြည့်ရင်း နှစ်သက်လို့ ပြန် ရှဲ လုပ်လိုက်ပါတယ်။ Adobe Photoshop ရဲ့ Work Space ကို ဒီဇိုင်း လုပ်ပြထားတာပါ။ အုတ်နံရံမှာ လုပ်ထားတဲ့ ဒီဇိုင်းက အိုင်ဒီယာ တော်တော်ကောင်းပါတယ် အဲဒီလို UI ပြောင်းလို့ ရတဲ့ ဆော့ဝဲလေးရှိရင် ကောင်းမယ်။ အခုလောလောဆယ်တော့ Adobe က Creative Suit CS4 လက်ရှိ ထုတ်ထားပါတယ်။ နောက် လက်ရှိ Adobe က Photoshop ကို online မှာ Adobe® Photoshop Express beta အဖြစ်နဲ့ တင်ထားပါတယ်။
Read Air ဆိုတာ Adode AIR runtime မှာ အလုပ်လုပ်တဲ့ desktop application တစ်ခုပါ။ သူက Google Reader ကို desktop မှာ တင်ဖတ်နိုင်အောင် ပြုလုပ်ထားပါတယ်။ သူ့ကို Windows, Linux, Mac တွေမှာ သုံးနိုင်ပါတယ်။ အခု ကျွန်တော် သုံးကြည့်တာ အတော်အဆင်ပြေပါတယ်။ နောက် မြန်မာဖောင့်လဲ ကောင်းကောင်း ဖတ်လို့ ရပါတယ်။ Google Code မှာ download လုပ်ပြီး စမ်းကြည့်နိုင်ပါတယ်။
Adobe AIR ဆိုတာ Adobe systems ကနေ ထုတ်လိုက်တဲ့ Rich Internet Applications အထူးသဖြင့် Desktop Internet Applications တွေ ထုတ်ဖို့ ရည်ရွယ်ထားတဲ့ Cross-Platform Runtime Environment တစ်ခုပါ။ သူက Adobe Flash, Flex, HTML, Ajax, XML တို့ကို အဓိက အသုံးပြုပါတယ်။ AIR ကို ပထမတုန်းက Apollo လို့ ခေါ်ခဲ့ပါတယ်။ နောက်တော့ Adobe Integrated Runtime (AIR) လို့ ပြောင်း ခေါ်ခဲ့တာပါ။ ၂၀၀၇ ခုနှစ်က စခဲ့တာဖြစ်ပြီး နောက်ဆုံး ထုတ်ထားတာက 1.1 (1.1.0.5790) ဖြစ်ပါတယ်။ Linux အတွက် alpha version ကို March 31, 2008 မှာ ထုတ်ပေးထားပါတယ်။

Adobe ရဲ့ Photoshop ကို အခု အွန်လိုင်းပေါ်မှာ Adobe® Photoshop Express ဆိုပြီး စသုံးလို့ ရနေပါပြီ။ Adobe က Photoshop ကို Online မှာ သုံးလို့ရအောင် လုပ်နေတာ ၂ နှစ်နီးပါးလောက်ရှိပါပြီ။ အခုတော့ အစမ်း သဘောမျိုးရနေပါပြီ။ Photoshop မှာလို tools တွေ အစုံမပါသေးပါဘူး တချို့ပဲ ရပါတယ်။ လောလောဆယ်တော့ ကျွန်တော် အဲဒီဆိုဒ်ကိုဝင်နေတာ ၁ ပတ်လောက်ရှိပါပြီ sign up တောင် လုပ်ဖို့ခက်ပါတယ်။ Sign up လုပ်တာ free ပေမယ့် ဆိုဒ်က အားလုံး flash သုံးထားပြီး ကျွန်တော်တို့ ဆီက လိပ်က အဘိုးခေါ်တဲ့ speed နဲ့ တပတ်လောက် မရမက၀င်ကြည့်ပေမယ့် မရပဲ မနေ့ကမှ ကံကောင်းစွာ MICT Park ထဲမှာ ရသွားပါတယ်။ ရတာတောင် sign up လုပ်လို့ရရုံနဲ့ Gallery တချို့ပဲ လျှောက်ကြည့်လိုက်ရပါတယ်။ Photoshop သုံးဖို့လည်းကြံရော ကွန်နက်ရှင်ကျသွားတာ ဘာမှမလုပ်လိုက်ရတော့ဘူး။ ကျွန်တော့်ရဲ့ Photoshop Online နဲ့ ပတ်သတ်တဲ့ အတွေ့အကြုံ ဒါပဲခင်ဗျ။ မိတ်ဆွေတို့ဆီမှာ speed ကောင်းရင်တော့ စမ်းပြီး ကျွန်တော့်ကို ပြန်ပြောပေးပါဦး =) ။
2007 Adobe Design Achievement Award Winners ပုံတွေထဲက Digital Illustration Winner ဆုရပုံတွေတင်လိုက်ပါတယ်။ အခြားဆုရပုံတွေ အများကြီးလည်း Adobe မှာ ကြည့်လို့ရပါတယ်။ အဲဒီထဲကမှ ဒီပုံတွေကို သဘောအကျဆုံးမို့တင်လိုက်တာပါ။ ဒီဇိုင်နာက ဒီပုံအားလုံးကို Adobe® Illustrator® တမျိုးထဲနဲ့ ဆွဲထားတာပါတဲ့။ ကျွန်တော်လည်း Adobe® Illustrator® ကိုစိတ်ဝင်စားပါတယ်။ အဓိကကတော့ Vector ကိုစိတ်ဝင်စားတာပါ။ ဒီပုံတွေကြည့်လိုက်တော့ ပိုပြီးစိတ်ပါလာတယ်။ လောလောဆယ် Photoshop တောင် အခုမှစသင်ရမှာဆိုတော့ ဘာမှမတတ်သေးဘူး။
Digital Illustration: Winner
Jörg Block
Hamburg University of Applied Sciences
Research Calendar of the Hamburg University of Applied Sciences 2008
ဒါက ဒီဇိုင်နာရဲ့ tool အသုံးပြုပုံပါ။ Pro ဆိုတာ သူသုံးတဲ့ tool တွေနဲ့သိနိုင်ပါတယ်။
Tools used
I started by researching the featured subjects. I created pencil-and-paper sketches and converted the sketches to vector art in Adobe® Illustrator®. I created all the forms using the rectangle and ellipse shapes, the pencil tools, or by combining shapes with the Pathfinder. I defined colors with CMYK values and built a color library. My illustrations feature pure color surfaces, linear and radial gradients, adjustment objects, transparencies, and various fill methods.
Adobe, Adobe Illustrator, 2007 Adobe Design Winners, Vector, Awesome Vector, Photography, Vector Art, Digital Vector, Sketch