RAGE HD Game for iPhone, iPad

RAGE HD Game for iPad

ဒီနေ့ အွန်လိုင်းကြည့်ရင်းနဲ့ Rage HD ဆိုတဲ့ first person shooter game တစ်ခု ရောင်းတာကနေ ခဏရက်ပိုင်းပဲ free ပေးနေတာတွေ့လို့ ဘလော့ဂ်မှာ တင်ပြီး share လိုက်ပါတယ်။ အမှန်တော့ ဒီဂိမ်းအကြောင်း မိုဘိုင်းဖုန်း မဂ္ဂဇင်းတစ်ခုကို ရေးပြီးပေးဖူးတာရှိနေလို့ အဲဒီစာပဲ ပြန်ကူးတင်လိုက်တာပါ။ ဂိမ်းက ကံဆိုးချင်တော့ အကြမ်းပတမ်းတွေမို့လားမသိဘူး Singapore App Store မှာ မရှိလုိ့ အခမဲ့ free ပေးနေတာတောင် ကွျန်တော်မဆော့ရသေးပါဘူး။ ကောင်းမယ့်ပုံပဲ။

Read the rest of this entry »

Pet Pal ~ iPhone App Let You Control Your Pets

Gameloft's Pet Pal

Gameloft ဆို​ု​တာ Asphalt Racing, N.O.V.A, Hero Of Sparta လို​ဂိမ်း​တွေ​နဲ့ iPhone, iPad မှာ နာမည်ကြီး​တဲ့ ဂိမ်း publisher ပါ။ Gameloft က​နေ​ပြီး​တော့ လက်​ရှိ သိပ္ပံ ပညာ​ရှင်​တွေ​နဲ့ ပေါင်း​ပြီး လေ့​လာ​ထား​စမ်းသပ်​ထား​တဲ့ video တစ်​ခု​ကို youtube မှာ ကြည့်​ရ​ပါ​တယ်။ Pet Pal လို့ခေါ်​တဲ့ iPhone app ဖြစ်​ပြီး အဲ​ဒီ app နဲ့ မိမိ အိမ်​မှာ​မွေး​ထား​တဲ့ တိ​ရိ​စာ​္​ဆန်​တွေ​ကို ခိုင်း​စေ​လို့​ရ​နိင်​အောင် လုပ်​ထား​ပေး​တာ ဖြစ်​ပါ​တယ်။

Read the rest of this entry »

Electronic Art iPhone, iPad Games are now just 0.99$ for X’mas

Electronic Art iPhone, iPad Games

၂ ရက်ရှိပါပြီ Game Publisher giant ကြီး Electronic ရဲ့ iPhone, iPad games တွေက အခုဆို 0.99$ နဲ့ Christmas Discount ပေးနေပါတယ်။ ပုံမှန်ဆို အဲဒီ ဂိမ်းတွေက 10 ဒေါ်လာလောက်ရှိတာပါ။ ဂိမ်းတွေမှာနာမည်ကြီး Need For Speed, SIM City, Dragon Lair, C&C စတာတဲ့ title တွေ အကုန်ပါပါတယ်.. လောလောဆယ်တော့ AppStore မှာ top 10 မှာ တက်နေပါပြီ။


Add Me in Your Game Center

game-center-icon

ဘာရယ်မဟုတ်ပါဘူး အားနေလို့ ဘာတင်ရမလဲ စဉ်းစားရင်း iOS Game Center ထဲမှာ ကျွန်တော့်ကို add ဖို့တင်လိုက်တာပါ။ ဒီ iPhone, iPad တွေရဲ့ Game Center အားနည်းချက်က FaceBook, Twitter, Google က သူငယ်ချင်းတွေကို ရှာလို့မရတာပဲ။ Social sites အများစု အဲဒီလို ၀င်ရှာခွင့်ပေးပေမယ့် ဒီတစ်ခုကတော်တော်ဆိုးပါတယ်။


The Guardian Eyewitness

The Guardian Eyewitness

The Guardian Eyewitness ဆိုတာ uk က နာမည်ကြီး Guardian သတင်းဌာနက ထုတ်တဲ့ iPad application ပါ။ သတင်းဓာတ်ပုံတွေကိုပဲ တစ်နေ့တစ်ပုံ အွန်လိုင်းကနေ အရောက်ပို့ပေးတဲ့ service ပါ။ High resolution ပုံတွေကို iPad screen ပေါ်မှာကြည့်ရတာ တကယ်ကို ကောင်းပါတယ်။ App က free ပေးပါတယ်။


MMKeyboard ~ Myanmar Sar Keyboard for iPhone, iPad

Myanmar Keyboard iPhone iPad App

မနေ့ က MoeSeth ဆီကနေ invitation message ပို့လာတာကို စရပါတယ်။ သူ develop လုပ်ထားတဲ့ App တစ်ခု စပြီး launch လုပ်တဲ့ အကြောင်းနဲ့ promo code တစ်ခု ပို့ပေးလိုက်တာပါ။ App နာမည်က MMKeyboard လို့ခေါ်ပြီး Universal App ဖြစ်တာမို့ iPhone, iPod touch သာမကပဲ iPad မှာ ပါအလုပ်လုပ်ပါတယ်။ အရင်က ကိုစေတန် develop လုပ်ထားတဲ့ Myanmar ZawGyi Keyboard ရှိပေမယ့် jailbreak လုပ်မှရတာရယ် iPad မှာ မရတာကြောင့် အခက်အခဲရှိခဲ့ ပါတယ်။ အခုကတော့ တရားဝင် App Store world wide ကရောင်းတာဖြစ်လို့ jailbreak လုပ်စရာမလို သလို iPad မှာပါ ရပါပြီ။


Ornagai Dictionary Hits Version 1.4

Ornagai Icon Ornagai iPhone App ရဲ့ Version 1.4 ကို ဒီနေ့ iTunes App Store မှာ update လုပ်လို့ရပါပြီ။ အခု version မှာ Search Box ပျောက်ပျောက် သွားတတ်တဲ့ ပြသနာကို ရှင်းပေးထားပါတယ်။ iPad Support လုပ်ထားပါတယ်။ Search Box ပျောက်သွားတဲ့ အခါ ပြန်ထွက်ပြီး ပြန်ဝင်လဲ ဆက်ပျောက်နေတတ်တာက Multi-Tasking က last state ကို save မှတ်ထားပေးလို့ပါ။

Mobile UI Dev ~ Keynote From YGNMobDev

Mobile Apps UI Designs

မနေ့ကလုပ်ခဲ့တဲ့ YGN Mobile Development Conference မှာ ကျွန်တော် section တုန်းက သုံးခဲ့တဲ့ Keynote presentation ဖိုင်ပါ။ SlideShare မှာ ပြန်တင်ထားဖြစ်ပါတယ်။ Keynote ထဲတော့ data ဘာမှသိပ်ပါမှာ မဟုတ်ပါဘူး ကျွန်တော် ပါးစပ်ကပဲ များများပြောသွားပြီး Inspirational Designs တွေကိုလဲ iPhone နဲ့ iDemo (ScreenSplitr) သုံးပြီး ပြရင်းပြောသွားလို့ပါ။ အခုတော့ အဲဒီဘာမှ သိပ်မပါတဲ့ pdf လေးတင်ထားလိုက်ပါတယ်။ အောက်မှာ ကြည့်လို့ရပါတယ် Flash Player လိုပါတယ်။ စက်ထဲမှာ ထားရင် ဖျက်မိမှာစိုးလို့ အွန်လိုင်းမှာ တင်ထားလိုက်တာပါ။ ကျေးဇူးတင်ပါတယ်။


Live Photos From YGN Mobile Dev Conference

Yangon Mobile Development Conference 2010

ဒီနေ့လုပ်တဲ့ Yangon Mobile Development Conference 2010 က live photos တချို့တင်လိုက်ပါတယ်။ ဒီထက်များတဲ့ ပုံတွေကိုတော့ http://tinyurl.com/ygnmobdev link မှာ ဆက်ပြီး ကြည့်ရှုနိုင်ပါတယ်။


Yangon Mobile Development Conference 2010

Yangon Mobile Development 2010

မနက်ဖြန် 14 ရက်နေ့မှာ Info-Tech Room 205 မှာ Yangon Mobile App Development Conference 2010 ပွဲရှိပါတယ်။ ဒီပွဲမှာ လက်ရှိ ခေတ်စားနေတဲ့ iPhone, Android, Java, Windows Mobile Phone Applications တွေ အကြောင်းပြောကြမှာပါ။ မြန်မာပြည်နဲ့ အခြား နိုင်ငံခြားက မြန်မာ Mobile Developer တွေ ပြောကြမှာပါ။ အခြားသူတွေလဲ အွန်လိုင်းကနေ Q&A ဖြေပေးမယ့် အစီအစဉ်တွေရှိပါတယ်။ ကျွန်တော့် section လဲပါပါတယ် ကျွန်တော်ကတော့ Developer မဟုတ်တာမို့ Mobile UI အကြောင်း နဲ့ Creative App တွေအကြောင်း အဓိကပြောပါမယ်။ ပွဲကို မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိရှိမှာ ဖြစ်ပြီးတော့ ပွဲမှာ Myanmar Developer App တွေ Technomation Studio က Mobile Apps တွေ free ပေးပါမယ် နောက် Stickers တွေလဲ ပေးမှာပါ။ ဒါကြောင့် Mobile Development ကို စိတ်ဝင်စားသူများ တက်ရောက်ဖို့ ဖိတ်ပါတယ်။
