Happy Birthday to 9 Years Old Mac OS X

Today, 24 March is the day that Mac OS X become 9 Years Old. Apple introduced OS X on March 24, 2001. For me, OS X is the best one I’ve ever used. And I’m waiting new OS that can beat Mac OS X. OS X is also the first Mac OS that can run on Intel Chip. Now, Current OS X version is 10.6.2 and code name called Snow Leopard (only 64 bit).
10 Things About iPad That Steve Won’t Tell You

iPad ကို နောက်လ April 3 ရက်နေ့မှာ US မှာ စဖြန့်တော့မယ်။ တချို့တွေကလဲ စိတ်ဝင်စားကြတယ်၊ တစ်ချို့ကလဲ စိတ်မဝင်စားကြဘူး။ ကျွန်တော်ကတော့ စိတ်မဝင်စားဘူး မတတ်နိုင်လို့
Steve Jobs ကတော့ keynotes မှာ အပြောကောင်းသူဆိုတော့ မနားတမ်း ကောင်းကြောင်းတွေ ပြောသွားလေရဲ့။ ကျွန်တော်ကတော့ မဝယ်နိုင်မယ့်တဲ့ ကျောက်သင်ပုန်းကြီး ကိုတော့ စိတ်ဝင်စားနေတယ်။ Steve မပြောသွားတဲ့ အချက်တွေလဲတွေ့နေရလို့ ၁၀ ခုစုလိုက်ပြီး ဖွပါရစေတော့။
Happy Birthday to 55 Years Old Steve Jobs
မနေ့က 24 ရက်မှာ Apple CEO ဖြစ်တဲ့ Steve Jobs ရဲ့ ၅၅ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ ၅၅ နှစ်ဆိုပေမယ့် ရောဂါ ကြောင့် ရုပ်က အသက်ထက်ပိုပြီး အိုနေတယ်လို့ ထင်ရတယ်။ ဘာပဲဖြစ်ဖြစ်ပါ Steve Jobs လို လူတော် တစ်ယောက်က ကမ္ဘာပေါ်မှာ အကြာကြီး ရှိနေသင့်တာပါပဲ။ Steve စွမ်းဆောင် ချက်တွေကြောင့်ပဲ ဒီနေ့အချိန်တွေမှာ Apple ဆိုတဲ့ ပန်းသီးလေး လူတွေ ကြားမှာ ပြန်မြင်နေရတာ။ မဟုတ်ရင် 96 ကျော်လောက်ကတည်းက Apple က သူများလက်အောက်ခံ ဖြစ်သွားခဲ့မှာ…
ဒီနေ့ အချိန်မှာ Apple က Steve ကြောင့် Computer အပြင် ကမ္ဘာပေါ်မှာ Mobile Devices အရေအတွက် အများဆုံးထုတ်တဲ့ ကော်ပိုရေးရှင်း ဖြစ်လာခဲ့တယ်။ အရင်က Apple Computer Inc. ကနေ Apple Inc. ဆိုပြီး ဖြစ်လာနိုင်ခဲ့တယ်။ Mobile Phone OS တွေထဲမှာ applications အများဆုံး ရှိခဲ့တယ်၊ မနေ့ကပဲ ကမ္ဘာပေါ်မှာ သီချင်းအများဆုံး ရောင်းနိုင်တဲ့ online store ဖြစ်လာခဲ့တယ်။ မနေ့က iTunes Store ကနေ သီချင်းရောင်းတာ 10 Billion အရေအတွက်ကို ကျော်သွားခဲ့ပြီ။ ဒါက ၇ နှစ်အတွင်းမှာ ရောင်းခဲ့တာ။ Steve Jobs က ကမ္ဘာပေါ်မှာ လူစိတ်အဝင်စားဆုံး Keynotes Speaker ဖြစ်ခဲ့တယ်။ Steve Jobs’ Presentations တွေ ဘာကြောင့် လူစိတ်ဝင်စားလဲဆိုတဲ့ စာအုပ်တွေလဲ သူများတွေ ရေးပြီး စာအုပ် အများကြီး ထုတ်ထားတာတွေ့ရတယ်။ CEO Of The Year ဆုတွေလဲ ရခဲ့တယ်။ ဆိုတော့ လူတော်တစ်ယောက်ဖြစ်တဲ့ Steve မွေးနေ့မှာ ပျော်ရွှင်ပြီး ကျန်းမာရေး အမြဲကောင်းနေဖို့ ဆုတောင်းပါတယ်။
iBook is Great But
Apple ရဲ့ iPad က မကြာခင် ထုတ်တော့မယ်။ 27 ရက်နေ့က Steve Job ရဲ့ Presentation Keynote ကို ဒီနေ့မနက် အားနေတာနဲ့ ထိုင်ကြည့်မိတယ်။ ပြီးတော့ Apple.com/iPad မှာ လဲနောက်တစ်ခေါက်သွားကြည့်မိတော့ သတိထားမိတာ တွေ့လို့ ပြန်တင်ပါတယ်။ အခု ထွက်မယ် iPad မှာ အရင် iPhone, iPod Touch တွေနဲ့မတူပဲ Store ၃ ခုပါမှာပါ။ iTunes Store, App Store နဲ့ အခုအသစ်ပါမှာက iBooks ဆိုတဲ့ စာအုပ်ဆိုင် ပါ။
Formula Of iPad

Apple ရဲ့ iPad ဆိုတာ ဘာကြီးလဲ မသိသေးသူများ အတွက်ပါ။ ပုံမှာ ပြထားတဲ့ အတိုင်းပါပဲ မှိုစားထားတဲ့ iPod Touch ကြီး ဖြစ်ပါတယ် ခင်ဗျား။
Apple never use any rude image for Advertisement
လွန်ခဲ့တဲ့လတွေကတည်းက အွန်လိုင်းမှာ လူပြောများနေတဲ့ Apple က မိုက်ရိုင်းတဲ့ iPod ကြော်ငြာဆိုတဲ့ ဟာအကြောင်းပြောချင်လို့ပါ။ အရင်ကတည်းက မရေးခဲ့ပေမယ့် အခု community site တစ်ခုမှာ ထပ်တွေ့ပြန်လို့ စရေးဖြစ်ပါတယ်။ အရင်ကတည်းကမရေးတာက ရေးပြန်ရင် ကျွန်တော် Apple ရူးရူးနေလို့ ကြောင်နေတယ် ပြောနေမှာ အခုတော့ အဲဒီပုံကို ခဏတိုင်းတွေ့နေရလို့ ရေးဖြစ်ပါတယ်။ ပုံကိုတော့ ကျွန်တော့်ဆီမှာ မတင်ထားတော့ဘူး ပုံက မြတ်စွာဘုရား ပုံတော်လက်ထဲမှာ iPod touch တစ်လုံးထည့်ထားပြီး မျက်နှာတော်ကို Apple က Jony Ive ပုံကို အစားထိုးထားတာပါ။
Time to Change Default iPhone SSH Password

ပထမဆုံး iPhone / iPod touch worm ကတော့ တော်တော်နာမည်ကြီးသွားတယ် ထိတဲ့သူလဲများပါတယ်.. အဲဒီ Worm က jailbreak လုပ်ထားတဲ့ အိုင်ဖုန်း တွေမှာသာဝင်နိုင်ပါတယ်။ ဘယ်လိုဝင်လဲဆိုရင် jailbreak လုပ်ထားတဲ့ iPhone, iPod တွေ အားလုံးရဲ့ default password က username ~ root နဲ့ password ~ alpine က အကုန်အတူတူပါပဲ အဲဒီကနေ၀င်ပါတယ်။ တကယ်လို့ အဲဒီ default password ကိုပြောင်းထားရင် မ၀င်နိုင်တော့ပါဘူး။ ဘယ်လိုပြောင်းမလဲဆိုတော့ ..
Apple Officially Announced Black Friday

Apple ကနေ Black Friday ကို တရားဝင်ကြေငြာလိုက်ပါပြီ… Black Friday က အရင်ကတည်းက ကောလဟာလ ထွက်နေခဲ့တာပါ။ အရင်ထွက်တုန်းကတော့ black friday မှာ 30% Discount လောက်အထိရှိမယ်လို့ သတင်းထွက်ပေမယ့်။ အခု တရားဝင်ဆိုဒ်မှာတော့ ဘာမှမပြောထားပါဘူး။ တကယ်တန်းလျော့ပေးလဲ 30, 40, 50$ လောက်အထိသာ အများဆုံးလျှော့ပေးမှာပါ။ ရက်ကတော့ တစ်နှစ်တစ်ခါဆိုတဲ့ အတိုင်း ဒီလ နိုဝင်ဘာလ 27 ရက်နေ့ ဖြစ်ပါတယ်။
Apple updates iMac, MacBook & New Magic Mouse
Apple က သတင်းတွေထွက်နေတဲ့ အတိုင်း iMac, MacBook, Macmini နဲ့ mouse အသစ် Magic Mouse ဆိုပြီးထုတ်လိုက်ပါပြီ။ ဆိုဒ်သွားကြည့်လိုက်တော့ iMac ကို အရင်တွေလိုက်ရတယ်။ အခု အသစ်ထွက်တဲ့ iMac က အရင်ထက် အနည်းငယ်ပိုပါးပါတယ်.. ထူးခြားတာကတော့ iMac ကို QuadCore အထိ မြင့်လို့ရတယ် RAM ကို 16 GB အထိ ရတယ်။
နောက် ဈေးကလဲ လုံးဝကို ချထားတယ် 21 inch ကို 1100$ နဲ့ရတယ်။ 27 လက်မကတော့ Apple ထုတ်ထဲမှာ အကြီးဆုံးဆိုဒ်ဖြစ်လာတယ် ဈေးက 1700$ ကစတယ်။ LED BackLit Display သုံးပြီး view angle က အရင်ထက်အများကြီးပိုကျယ်တယ်။ SD card slot ပါတယ်။ အထူးခြားဆုံးက iMac တိုင်းမှာ wireless mouse, Magic Mouse က standard အနေနဲ့ပါတယ်။ အရင်ကဆို wired တွေနဲ့လာတာ wireless ဖြစ်ချင်ရင် ပိုက်ဆံထပ်ပေးရတယ်။ နောက် ဈေးက အရင်က 24 လက်မက 1400 လောက်ကစတယ် အခုက အများကြီးကို သက်သာသွားပြီ။




