25 Feb, 2010
မနေ့က 24 ရက်မှာ Apple CEO ဖြစ်တဲ့ Steve Jobs ရဲ့ ၅၅ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ ၅၅ နှစ်ဆိုပေမယ့် ရောဂါ ကြောင့် ရုပ်က အသက်ထက်ပိုပြီး အိုနေတယ်လို့ ထင်ရတယ်။ ဘာပဲဖြစ်ဖြစ်ပါ Steve Jobs လို လူတော် တစ်ယောက်က ကမ္ဘာပေါ်မှာ အကြာကြီး ရှိနေသင့်တာပါပဲ။ Steve စွမ်းဆောင် ချက်တွေကြောင့်ပဲ ဒီနေ့အချိန်တွေမှာ Apple ဆိုတဲ့ ပန်းသီးလေး လူတွေ ကြားမှာ ပြန်မြင်နေရတာ။ မဟုတ်ရင် 96 ကျော်လောက်ကတည်းက Apple က သူများလက်အောက်ခံ ဖြစ်သွားခဲ့မှာ…
ဒီနေ့ အချိန်မှာ Apple က Steve ကြောင့် Computer အပြင် ကမ္ဘာပေါ်မှာ Mobile Devices အရေအတွက် အများဆုံးထုတ်တဲ့ ကော်ပိုရေးရှင်း ဖြစ်လာခဲ့တယ်။ အရင်က Apple Computer Inc. ကနေ Apple Inc. ဆိုပြီး ဖြစ်လာနိုင်ခဲ့တယ်။ Mobile Phone OS တွေထဲမှာ applications အများဆုံး ရှိခဲ့တယ်၊ မနေ့ကပဲ ကမ္ဘာပေါ်မှာ သီချင်းအများဆုံး ရောင်းနိုင်တဲ့ online store ဖြစ်လာခဲ့တယ်။ မနေ့က iTunes Store ကနေ သီချင်းရောင်းတာ 10 Billion အရေအတွက်ကို ကျော်သွားခဲ့ပြီ။ ဒါက ၇ နှစ်အတွင်းမှာ ရောင်းခဲ့တာ။ Steve Jobs က ကမ္ဘာပေါ်မှာ လူစိတ်အဝင်စားဆုံး Keynotes Speaker ဖြစ်ခဲ့တယ်။ Steve Jobs’ Presentations တွေ ဘာကြောင့် လူစိတ်ဝင်စားလဲဆိုတဲ့ စာအုပ်တွေလဲ သူများတွေ ရေးပြီး စာအုပ် အများကြီး ထုတ်ထားတာတွေ့ရတယ်။ CEO Of The Year ဆုတွေလဲ ရခဲ့တယ်။ ဆိုတော့ လူတော်တစ်ယောက်ဖြစ်တဲ့ Steve မွေးနေ့မှာ ပျော်ရွှင်ပြီး ကျန်းမာရေး အမြဲကောင်းနေဖို့ ဆုတောင်းပါတယ်။
Read the rest of this entry »
3 Jan, 2010

Mozilla ရဲ့ Firefox Web Browser က ဒီလထဲမှာပဲ ၅ နှစ်ပြည့်ပါတယ်။ ဒီ browser က လက်ရှိအချိန်မှာ market share လဲ တော်တော်များများရထားတဲ့ အပြင် developers အများစုရဲ့ လက်ဆွဲ browser ဖြစ်နေပါပြီ။ နောက် Web Standards တွေ လိုက်နာတဲ့ အပြင် HTML 5, CSS 3 တို့လို draft တွေပါ အမြဲ support လုပ်ပေးနဲ့ browser တစ်ခုပါ။
Read the rest of this entry »
10 Aug, 2009

လွန်ခဲ့တဲ့ သောကြာနေ့က Little Fella လို့ ချစ်စရာနာမည်နဲ့ ခေါ်ကြတဲ့ deviantArt 9 နှစ်ပြည့်မွေးနေ့ပါ။ deviantArt ဆိုတာကတော့ ကမ္ဘာ့အကြီးဆုံး Visual Artists တွေ စုစည်းနေတဲ့ ဆိုဒ်တစ်ခုလို့ ပြောလို့ ရပါတယ်။ အဲဒီမှာ resources တွေရနိုင်တယ်၊ Inspiration တွေ ယူနိုင်တယ်၊ tutorial တွေ လေ့လာနိုင်တယ်၊ ကမ္ဘာအနှံ့က artists တွေနဲ့ မိတ်ဖွဲ့လို့ ရနိုင်တယ်… deviantArt ရဲ့ support လုပ်နိုင်မှုကိုလဲ အရမ်းကြိုက်တယ်။ သိန်းချီတဲ့ resources တွေကို host လုပ်ပေးထားတဲ့ နေရာတစ်ခုပါ။ သူ့ရဲ့ 9 နှစ်မြောက်ခဲ့တဲ့ အောင်မြင်မှုကို Happy Birthday လို့ ပို့စ်တင်လိုက်တာပါ။ =D
Read the rest of this entry »
9 Jul, 2009

မနေ့က 7 ရက်နေ့က Apple ရဲ့ App Store 1 နှစ်ပြည့်တယ်လို့ iTunes မှာ ဖတ်ရတယ်။ အဲဒီ အတွက် သူတို့ iTunes Page တစ်ခုလုပ်ထားပြီး iPhone Game, Apps တချို့ကို စုစည်းပေးထားပါတယ်။ အမှန်တော့ အဲဒါတွေထက် iPod Touch တွေ discount လုပ်ပေးသင့်တာ
လောလောဆယ်တော့ iPod Touch မှာ အသစ်ထွက်မယ့် 3rd Gen မှာ camera ပါလာနိုင်တယ်လို့ သတင်းတချို့ ကြားနေရတယ်။ ဘာပဲပြောပြောပါ… Happy Birthday App Store
25 Jun, 2009

ဒီနေ့ က လွန်ခဲ့တဲ့ နှစ်က June 25 လိုပါပဲ ကျွန်တော် အသက် တစ်နှစ်ထပ်ကြီးသွားတဲ့ နေ့ပါ။ မွေးနေ့က လုပ်လေ့မရှိတာကြောင့် ဒီနှစ်လဲ ပုံမှန်ပဲ ထင်ထားတာ ဘယ်သူမှ မသိလောက်ဖူးပေါ့… ၂၃ ရက်နေ့လောက်ကတည်းက Happy Birthday ဆုတောင်းတွေ ရလာနေတော့ ကျွန်တော့်အကောင့်မှာ setting မှာ တစ်ခုခုမှားနေလားလို့ ပြန်ကြည့်ဖြစ်တယ်။ ကြည့်ရတာ ကြိုပြီး ဆုတောင်းပေးထားတာ ထင်ပါတယ်။
Read the rest of this entry »
14 Mar, 2009

မနေ့ က March 13 ဟာ World Wide Web ရဲ့ 20 ပြည့်နှစ် မွေးနေ့ပါ။ Tim Berners Lee စပြီး တီထွင်ခဲ့တဲ့ Web ဟာ အခုဆိုရင် လူတိုင်းအတွက် အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာနေပါပြီ။ ဒီတော့ ကျွန်တော်လဲ Web ပေါ်ကနေပဲ ပြောတော့မယ် Happy Birthday 2 World Wide Web ပါ =D & thank you Tim
Read the rest of this entry »
25 Feb, 2009

မနေ့က February 24 ရက်မှာ Apple Inc ရဲ့ CEO Steve Jobs ရဲ့ 54 နှစ်ပြည့်မွေးနေ့ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ Apple Inc မှာ တာဝန်ထမ်းနေတာ မဟုတ်ပါဘူး ရောဂါ ကြောင့် ၆ လခန့် အနားယူနေတယ်လို့ သတင်းတွေမှာ ပြီးခဲ့တဲ့ လက ဖတ်ရပါတယ်။ သူဟာ Apple ကို စပြီး တည်ထောင်ခဲ့တဲ့သူ တစ်ဦးလဲ ဖြစ်ပါတယ်.. နောက်ပိုင်း 1990 ကျော်လောက်မှာ Apple နာမည် ကျလာပြီးတဲ့ နောက် သူ့ရဲ့ iPod ထုတ်ကုန်တွေနဲ့ Apple ကို ပြန်အသက်ဆက်ပေးခဲ့တာပါ။
Read the rest of this entry »
16 Jan, 2009

ဒီနေ့မှာ ကမာႝ ပေါ်မှာ အစုံဆုံး နှင့် ဘာသာစကား အများဆုံး စွယ်စုံကျမ်း ဖြစ်တဲ့ Wikipedia က 8 နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ Wikipedia မှာ စွယ်စုံကျမ်းဆိုတဲ့ အတိုင်း သိလိုတာ အကုန်ရှာနိုင်ပါတယ် နောက် ကိုယ်တိုင်လဲ ပါဝင်ရေးသားနိုင်ပါတယ်။ ရှိပြီးသားတွေကိုလဲ အလွယ်တကူ ပြင်ဆင်နိုင်ပါတယ်။ နောက် မရှိသေးတဲ့ result ကို ကိုယ်တိုင် ၀င်ရေးနိုင်ပါတယ်။
Read the rest of this entry »
15 Jan, 2009

မနေ့က ၁၄ ရက်နေ့မှာ နာမည်ကျော် Javascript famework တစ်ခုဖြစ်တဲ့ JQuery က ၃ နှစ်ပြည့်ခဲ့ပါတယ်။ JQuery က အခု လက်ရှိ javascript framework တွေထဲမှာ အောင်မြင်ဆုံး တစ်ခုလို့ ပြောရင်ရပါတယ်။ သူ့ကို ဘယ်သူတွေ သုံးလဲဆိုတော့ Google, Dell, WordPress, Drupal, Technorati, NBC စတဲ့ နာမည်ကြီး ဆိုဒ်တွေ သုံးပါတယ်။ သူက Write Less, Do More ဆိုတဲ့ အတိုင်း ရေးရတာ ရှင်းရှင်းပဲ. နောက် ဖိုင်ဆိုဒ်ပေါ့တယ်။
Read the rest of this entry »
7 Nov, 2008

November 6 ရက်နေ့မှာ Social Bookmarking Site ~ Delicious က ၅ နှစ်ပြည့်ပါတယ်။ သူက အရင်က Del.icio.us အဖြစ်နဲ့ နာမည်ကျော်ခဲ့တဲ့ web 2.0 ဆိုဒ် တစ်ခုပါ။ အခုဆိုရင် Delicious မှာ 5.3 Million users, 180 million unique URLs saved တွေ community, စိတ်ဝင်စားဖွယ်ရာ လင့်ခ်တွေနဲ့ အောင်မြင်နေတဲ့ ဆိုဒ် တစ်ခုပါ။
Read the rest of this entry »