Happy Birthday to You

Happy Birthday!!

to

You!!

Read the rest of this entry »

Another Birthday Cake!!

happy-birthday-cake-htz

25 ရက်နေ့က မွေးနေ့ကိတ်တစ်လုံး စင်္ကာပူက အမ လက်ဆောင်ပေးတာ ထပ်ရတယ်။ တနှစ်ထဲနဲ့ ကိတ်နှစ်လုံးပေါ့ :D ။ နောက်ထပ်ကျွေးစရာ သူငယ်ချင်းမရှိတာနဲ့ အိမ်မှာပဲ ကိုယ့်ဖာသာ စားလိုက်တယ်။ လက်ဆောင်ပေးတဲ့ အမကို ကျေးဇူးတင်ပါတယ်။ ။

Happy Birthday!!

htootayzar_birthdaycake

ဒီနေ့ June 25 က ကျွန်တော့် မွေးနေ့ပါ….. ဒီနှစ်၊ ဒီနေ့မှာ အသက် ၂၀ ပြည့်ခဲ့တယ်။ မွေးနေ့က မနေ့က ညနေက ဘလော့ခ် ညီအကို မောင်နှမတွေနဲ့ လုပ်ဖြစ်တယ်။ ညနေဘက်မှာ မြေနီကုန်းက YKKO မှာ လုပ်ဖြစ်တယ်။ ကျွန်တော်၊ ဘော်ဒါကြီးမင်းယွန်းသစ်၊ ကိုမျက်လုံး၊ ကိုဖိုးသူတော်၊ ကိုကျော်ဇေယျ၊ ကိုဗိုလ်ကြီး၊ ကိုယောသား၊ ကိုဇင်ကိုလတ်၊ အမ ဘာညာ၊ အမ ပင့်ဂိုး တို့နဲ့ ပေါ့ခင်ဗျ။ အမမီကတော့ မလာဖြစ်ဘူး။ နောက် ဘော်ဒါကြီး leo jack က နဲနဲ နောက်ကျမှ ရောက်တယ်။ ကိုဇင်ကိုလတ် ကတော့ သွားစရာရှိလို့ အစောကြီး ပြန်သွားတယ်။ ပျော်ပျော်ပါးပါးပဲ စားကြသောက်ကြ နောက် အားလုံးက ကျွန်တော့်မွေးနေ့ လက်ဆောင်အဖြစ် birthday cake လက်ဆောင်ပေးတယ်။ ကိတ်ကတော့ အပေါ်မှာ ဘာစာတွေရေးထားလည်း ကျွန်တော်လည်း သေသေချာချာ မဖတ်မိဘူး အိမ်ရောက်မှ ဓာတ်ပုံကြည့်ပြီး ပြန်ဖတ်ရတယ်။ ရေးထားတာက Happy Birthday Congratulation Tay Zar 44 လို့ ရေးထားတာ ခင်ဗျ :D သူများတွေ မြင်ရင် ကျွန်တော်အသက် ၄၄ နှစ်ရှိပြီလို့ ထင်ကုန်ကြမယ် ထင်တယ် :P

Read the rest of this entry »

Happy Birthday

Image Hosting

ဒီနေ့ ကျွန်တော့် မွေးနေ့ပါ။ အသက်တော့ မပြောတော့ပါဘူး။ မင်းသမီးတွေ မင်းသားတွေလို လျှိုထားမယ်. =) အားလုံးကို အမ demo လက်ဆောင်ပေးတဲ့ မွေးနေ့ ကိတ်လေး စားဖို့ ဖိတ်ပါတယ်။ အ၀စားနော်။