
ဒီနေ့ May 2 ရက်နေ့ဟာ ShutDown Day 2009 ပါ။ သူက campaign တစ်ခုပါ ဒီနေ့မှာ တစ်နေ့လုံး ကွန်ပျူတာ မဖွင့်ပဲနေဖို့ တိုက်တွန်းတာပါ။ စွမ်းအင်ချွေတာဖို့ပါတဲ့.. ကျွန်တော်ကတော့ မနေနိုင်ဘူး… အလုပ်ရှိသေးတယ်.. ဒါပေမယ့် မီးပျက်ရင်တော့ ဘာမှ မတတ်နိုင်ဘူး။ နေရတာပဲ စွမ်းအင်ချွေတာတာ ဒီနိုင်ငံကို ဘယ်ကမှမမှီနိုင်ပါဘူးလေ.. အခုတောင် မီးပျက်နေတယ်။ လောလောဆယ်တော့ ပူအိုက်နေလို့ အခုတိုတိုပဲ ရေးပြီး အပြင်ထွက်တော့မယ်ဗျာ။ Happy ShutDown Day!!
ဒီနေ့ April 22 က Earth Day ဖြစ်ပါတယ်။ ကမ္ဘာကြီးအတွက် နေ့ပေါ့။ ဒီနေ့မှာ Discovery Channel, National Geographic တွေမှာ ကမ္ဘာကြီးအကြောင်း ပြောကြတယ်.. Search Engines တွေမှာ social networks တွေမှာလဲ logo လေးတွေ ပြောင်းကြတယ်။ အဲဒီဲက နာမည်ကြီး ဆိုဒ်တချို့က logo တွေ တင်လိုက်ပါတယ်။
ဒီနေ့လဲ World AIDS Day 2008 (WAD) နေ့အတွက် ပို့စ်ဆက်တင်ပါဦးမယ်။ အမှန်တော့ အခုလို ၂ ပို့စ် ခွဲတင်ဖို့ အစီအစဉ် မရှိပေမယ့် မနေ့က တင်ရင်းနဲ့ ကွန်နက်ရှင်ကျသွားတာ publish လုပ်လိုက်တာ အခု တင်တဲ့ အောက်ပိုင်းပါမလာတော့ပဲ ဖြစ်သွားတာ။ အခုမှ ပုံတွေ နဲ့ အခြား လင့်ခ်တွေ တင်ရတာပါ။ ကွန်နက်ရှင်ကတော့ ဒီရက်ပိုင်း တော်တော်ဆိုးနေတယ်။ အခု တင်ထားတဲ့ပုံတွေက AIDS, HIV အတွက် သရုပ်ဖော်ထားတဲ့ ဓာတ်ပုံ၊ ဂရပ်ဖစ်တွေပါ။ အားလုံးက ဖန်တီးမှုအားကောင်း သလို မြင်ရုံနဲ့ ပုံရဲ့ အဓိပါယ်ကိုလဲ သိနိုင်ပါတယ်။ ပုံတွေက copyright (CC) တွေရှိ ထားတဲ့ အတွက် အောက်ကပုံတွေကို အခြားနေရာ NGO project, Non Profit project ဖြစ်ခဲ့ရင်တောင် သုံးခွင့်မရှိတာကိုတော့ သတိထားပေးပါ။ ပျော်ရွှင်ပါစေ။ ။
စာဖတ်သူတို့ရဲ့ စက်ထဲမှာ အရမ်းဆိုးပါတယ်ဆိုတဲ့ virus တချို့ ရှိကောင်းရှိနေနိုင်ပါတယ်.. ဒါပေမယ့် အဲဒီ virus ထက်ပိုပြီး အရေးကြီးတဲ့ virus က HIV (Human immunodeficiency virus) ဆိုတဲ့ virus ပါ။ ကျွန်တော်တို့ ကွန်ပျူတာ မရှိရင်တောင်နေနိုင် ပေမယ့် ကိုယ့် ချစ်ရတဲ့ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ နောက် ချစ်သူတွေ မရှိပဲ မနေနိုင်ပါဘူး။ AIDS ဆိုတဲ့ ရောဂါက ဒီနေ့ အထိ ကမ္ဘာပေါ်က 25 million ကျော်ကို သေစေခဲ့ ပြီးပါပြီ။ ဒီလို လူတွေကို ခြိမ်းခြောက်နေတဲ့ virus ကို ကာကွယ်ဖို့ က ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၁ ရက်နေ့ ဟာ AIDS အတွက် အားလုံး သတိရှိနေစေဖို့ အတွက် သတ်မှတ်ထားတဲ့ World AIDS Day ပါ။ ဒီနှစ် 2008 အတွက် ဆောင်ပုဒ်ကတော့ Stop AIDS. Keep the Promise – Lead – Empower – Deliver ဖြစ်ပါတယ်။
31 ရက်နေ့တုန်းက ကျွန်တော် Blog Day အတွက် ပို့စ်မတင်လိုက်ရဘူး။ အမှန်တော့ ကျွန်တော်တင်မလို့ပါပဲ ၃၁ ရက်က ကျောင်းက ပရောဂျက်က နောက်ဆုံးရက် ဖြစ်နေတာကြောင့် စာကိုပဲလုပ်နေရတယ် နောက် ကျောင်းသွားတာနဲ့ ပြန်ရောက်တော့ ဘာမှမလုပ်နိုင်တော့တာ.. flag ပြသွားတယ်။ ပရောဂျက် လုပ်နေရတာနဲ့ ညတောင် ကောင်းကောင်း မအိပ်ရတာ ၄ ရက်လောက်ရှိသွားလို့။ မနေ့က တင်မယ်လုပ်တော့မှ screenshot ဖမ်းထားတဲ့ပုံတွေ၊ ဘန်နာပုံတွေထည့်ထားတဲ့ ဖိုဒါကို virus က ၀င်ဖျက်သွားပြီး စက်ဟန်းနေတာနဲ့ မတင်လိုက်ရပြန်ဘူး။ ဒီနေ့မှ တင်ဖြစ်ပါတယ်။
Blog Day 2008 အတွက် blog 5 ခု ရွေးထားပါတယ်။ အရင်နှစ် 2007 ကလိုပဲ မြန်မာ ဘလော့ဂ်နှစ်ခု နိုင်ငံခြားက ဘလောဂ် ၃ ခုပါ။ ကျွန်တော် လွန်ခဲ့တဲ့ရက်က ပြောခဲ့သလိုပဲ ဒီနှစ်မှစ ဖတ်ဖြစ်တဲ့ blog 5 ခုပါ။ ဘယ်ဘလောခ့်တွေလဲ ဆိုတော့ ~
Happy Blog Day ပါ။ ဒီနေ့ 31 August ဘလော့ခ်ဒေး အတွက် နှစ်သက်တဲ့ ဘလော့ခ်ဂါ ၅ ယောက်ရွေးထားပါတယ်။ သူတို့တွေက –

He is one of my favorite blogger from Malaysia (I think). He wrote about technology, blogging, funny and other.. I try to write posts like him. Sometimes I translated some of his useful posts.

He is a blogger from my country Myanmar (Burma). He worte about computer, technology and other tips & tricks. I also like CMS Blog. He is also a one of my favorite Myanmar Bloggers. I always ask him if i got a computer problem. Everytime I used internet I always read his blog and subscribe feed from blog.

Myo Kyaw Htun is also my favorite blogger from Myanmar (Burma). He said “He is a programmer studies web development”. He wrote about web development, blogging, tutorials and some cool stuffs. I always ask him when i have blogging problems. I subscribe feed from him to read new posts from blog.

Sharing the life is a one of my fav blog. I try to search information of latest technology. I think this blogger crazy latest cars. Aniway, I like that blog.

If I’ve got ani blogging problems, I always try to solve by one blog. That blog is tips for new bloggers. That blog is a useful blog for newbie blogger like me. You’ll see blogging tips and information about many widget there.
သူတို့ ၅ ယောက်က ကျွန်တော်အမြဲ အင်တာနက်သုံးတိုင်း ကြည့်ဖြစ်တယ်။ သူတို့ရေးတာက ၅ ယောက်လုံးများသော အားဖြင့် ကွန်ပျူတာနှင့် နည်းပညာ အကြောင်းကို အဓိကထားရေးကြတယ်။ ကျွန်တော်သူတို့ကို အားကျတယ်။ ဒါကြောင့် သူတို့လို ရေးဖို့လည်းလိုက် ကြိုးစားကြည့်တယ်။ ကျွန်တော်က ဘာမှတော့ မတတ်ပါဘူး။ သင်တန်းတက်ဖို့လည်း မတတ်နိုင်ပါဘူး။ ဒီလိုပဲ ကိုယ်ရေးချင်တဲ့ အကြောင်းအရာကို အင်တာနက်ကနေ ရှာဖတ်ပါတယ်။ ပြီးတော့ ကိုယ်သိသလောက် ပြန်ရေးပါတယ်။ စာဖတ်သူလည်းဖတ်လို့ရမယ် ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်ဘာသာရှာဖတ်ရင်းနဲ့ အကျင့်လုပ်ကြည့်တာပါ။ မသိတဲ့ အကြောင်းအရာတွေဆိုရင်တော့ ကျွမ်းကျင်သူတွေ လိုက်မေးယူရတာပါပဲ။ သင်တန်းတက်ဖို့ မတက်နိုင်လို့ self learning လုပ်ဖို့ အတွက် အဓိကထားပြီး ဘလော့ခ် လုပ်ဖြစ်ခဲ့တာပါ။ ကျွန်တော်အတွက်တော့ သူတို့ ၅ ယောက်က မြင်ဆရာတွေပါပဲ။ သူတို့ဘယ်မှာနေလဲ ကျွန်တော် မသိပါဘူး။ သူတို့ အသက် ဘယ်လောက်ရှိပြီလဲ ကျွန်တော်မသိပါဘူး။ သူတို့တွေကို မမြင်ဖူးပေမယ့် သူတို့ရဲ့ ပို့စ်တွေက တကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူတို့တွေ အမြဲ ဘလော့ခ်ေ၇းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
Tag : www.technorati.com
www.blogday.org
Technorati tags:
3l0g day, blog day from myanmar, blogger day, blogday2007, blogging