Blog Day 2009

Blog Day 2009

ဒီနေ့ August 31 က နိုင်ငံတကာက blog တွေ စုပေါင်းပြီး လုပ်လေ့ရှိတဲ့ Blog Day ပါ။ ဒီနှစ်နဲ့ ဆိုရင် Blog Day ဆိုတာကို စလုပ်ခဲ့တာ ၅ နှစ်ရှိပြီ… ကျွန်တော်လဲ တစိတ်တပိုင်း အနေနဲ့ ပါတာ တတိယမြောက်နှစ်ပေါ့… Blog Day အကြောင်းပြောရရင် မပြောတော့ပါဘူး Blog Day ဆိုဒ်မှာသာ ဖတ်ကြည့်ပါတော့.. ဘာပဲပြောပြော blogDay initiator Nir Ofir ရဲ့ အိုင်ဒီယာကို သဘောကျပါတယ် 31 ရယ် 08 ကို ပေါင်းထားတဲ့ 3108 ဆိုတာလေးကို သဘောကျပါတယ်..

Read the rest of this entry »

Blogger Supports Twitter, Recent Posts, Comments Widgets

Blogger Twitter Widget

Google ရဲ့ Draft Blogger (Blogspot) မှာ Picasa photos, Twitter Updates, Recent Posts, Recent Comments တွေကို မနေ့က စပြီး widget အနေနဲ့ အလွယ်တကူ ထည့်လို့ရပါပြီ။ အရင်ကလဲ အဲဒါတွေ ထည့်ချင်ရင် ကိုယ့်ဖာသာ RSS feed, Twitter update JS ဖိုင်တွေနဲ့ ထည့်ရင်ရပေမယ့် အခုတော့ တရားဝင်စပြီး အလုပ်လုပ်တာပါ။

Read the rest of this entry »

Blog Analytics 2009

Blog Analytics

ကျွန်တော့် blog မှာ ပြီးခဲ့တဲ့ ၄ လစာလောက် အ၀င်အထွက် စာဖတ်သူစာရင်းကို မနေ့ညက ပြန်ကြည့်ဖြစ်ပါတယ်။ အဲဒီထဲက တချို့ကို ပြန်ပြီး တင်ထားတာပါ။ အခု စာဖတ်သူဖတ်နေတဲ့ ဒီ blog မှာ tracking system 5 ခုရှိပါတယ်။ အမှန်တော့ စာဖတ်သူတွေ ဘယ်လို article မျိုးကို ကြိုက်ကြသလဲ.. ဘယ် ဆိုဒ်တွေက ညွှန်းလို့ ရောက်လာသလဲ၊ Search Engine တွေမှာ ဘယ်လို ရှာပြီး လာခဲ့သလဲကို သိချင်လို့ ထည့်ထားတာပါ။

Read the rest of this entry »

WordPress 2.9 Screenshot Leak!!

WordPress Wireframe

WordPress ရဲ့ အသစ်ထွက်မယ့် version 2.9 ပုံကို ဒီမှာ ကြည့်လို့ရပါပြီ… :D တကယ်တော့ မဟုတ်ပါဘူး အရင်အပတ်က connection အရမ်းမြန်ခဲ့တဲ့ အကြောင်းကို ပြချင်လို့ပါ blog ရေးမယ်ဆိုပြီး ၀င်လိုက်တာ အကြာကြီး ၅ မိနစ်နီးပါးလောက်စောင့်လိုက်တော့ အဲဒီပုံမှာ ပြထားတဲ့ အတိုင်းတက်လာတယ် ပုံတင်ဖို့ upload ကလစ်လုပ်တော့ Lightbox တက်မလာဘူး… စိတ်ကုန်သွားတယ်ဗျာ.. အဲဒီအချိန်တုန်းက Gtalk လဲမတက်ဖူး တက်တာဆိုလို့ Twitter တစ်ခုပဲ Tweetie က နေတက်လာပါတယ်.. ဒါနဲ့ လုံးဝ blog မလုပ်လိုက်ရဘူးပေါ့ဗျာ.. =D အခုလဲ မကောင်းသေးပါဘူး အရင်ထက်တော့ နဲနဲလေး ပိုတက်လာတာပဲ ရှိသေးတယ်။ ဘယ်လိုများ လုပ်စားရပါ့မလဲ.. outsourcing ဆိုတာ ဝေးပြီ…

Vote For Best Banner Of 2008

မင်္ဂလာပါ.. အချိန်တွေ တဖြည်းဖြည်း ကုန်လာခဲ့တာ အခုဆိုရင် တနှစ်ဆိုတာလဲ ကုန်သွား ပြန်ပြီ.. ဒီနေ့တော့ ကျွန်တော့် ဘလော့ဂ်က ၂၀၀၈ အတွင်းမှာ သုံးခဲ့တဲ့ banner တွေကို ပြန်စုပြီး မဲပေးလို့ ရအောင် လုပ်ထားပါတယ်။ လှတယ် ထင်တဲ့ banner ကို အောက်ဆုံးက poll မှာ vote လုပ်ပေးကြပါဦး ခင်ဗျ။ Multiple Vote ရပါတယ်။

ဒီ Banner တွေ အားလုံးကို ကျွန်တော် Photoshop အဓိက သုံးပြီး ဆွဲခဲ့ပါတယ်။ Banner တွေကို သူ့ ရာသီ၊ ပွဲတော်၊ အထိမ်းအမှတ်နေ့ တွေ အလိုက် သုံးခဲ့တာ ဖြစ်ပြီး အချို့ လိုဂိုတွေက သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ logo တွေ သုံးခဲ့တာ ဖြစ်ပါတယ်။ အခု နှစ်မှာလဲ အမြဲပြောင်းဖို့ အစီအစဉ်ရှိပါတယ်။ ၂၀၀၇ တုန်းကတော့ တနှစ်လုံးမှာမှ ဘန်နာ ၅ ခုသာ လဲနိုင်ခဲ့တာ ဖြစ်ပြီး ဒီနှစ်မှာတော့ စုစုပေါင်း ၁၇ ခု ရှိပါတယ်။ အောက်က ပုံတွေကို အကြီး ကြည့်ချင်ရင် ကလစ်လုပ်ပြီး ကြည့်နိုင်ပါတယ်။ ပျော်ရွှင်ပါစေ။ ။

1. Happy New Year 2009
Happy New Year

2. Blog Action Day 2008
Blog Action Day 2008

3. Blog Day 2008

Read the rest of this entry »

WordPress Vs Blogger

MBS Network မှာ ကိုမျိုးကျော်ထွန်း က WordPress Vs Blogger ဆိုပြီး စ discussion စလုပ်လို့ အဲဒီမှာ ရေးဖြစ်တာတွေကို ဒီပို့စ်မှာ ပြန်ကူး ထည့်ထားဖြစ်ပါတယ်။ WordPress Group မှာ မန်ဘာ ၄၀ လောက်ရှိပေမယ့် ကျွန်တော်ကမေး ကိုမျိုးကျော်ထွန်းက ဖြေနဲ့ နောက်ဆုံး ကျွန်တော်တို့ ၂ ယောက်ပဲရှိလို့ နောက်ပိုင်း အားမရှိလို့ ရောက်တောင် မရောက်ဖြစ်ပါဘူး။ အချစ်အကြောင်းသွား ဆွေးနွေးတာကမှ အလုပ် ဖြစ်ဦးမယ် ထင်တယ် :P … အဲဒီမှာရေးဖြစ်တာတွေကို ဒီနေ့အတွက် ပို့စ်ထပ်တင်လိုက်ပါတယ်။ WordPress နဲ့ Blogger/Blogspot ခြားနားတဲ့ အချက်တွေပါ။ စာဖတ်သူလဲ စဉ်းစားမိရင် ကွန်မန့်မှာ ထပ်ရေးသွားနိုင်ပါတယ်။ ကျွန်တော် update လုပ်ပါ့မယ်။ မူရင်းပို့စ်ကို WordPress Vs Blogger မှာ ကြည့်နိုင်ပါတယ်။

1. Blogger မှာ label(Category) ပဲပါတယ် tag မရှိတဲ့ အတွက် နောက်ပိုင်းမှာ label ဖောင်းပွလာတာမျိုးဖြစ်တယ် Technorati tag ထည့်လို့ရပေမယ့် တကယ်တန်းတော့ သိပ်အသုံးမ၀င်ဘူး SEO keyword မျိုးအနေနဲ့ပဲ သုံးလို့ရတယ်… WP မှာ tag ပါတော့ tag cloud လုပ်လို့ရသလို tag ကို အခြေခံတဲ့ related posts လိုမျိုးတွေ ထည့်လို့ရတယ်…

2. Blogger မှာ Image ထည့်ရင် alt, title နဂိုက ထည့်မပေးတဲ့ အတွက် Image Search အတွက် rank မရနိုင်ဘူး.. ထည့်ချင်ရင် ကိုယ့်ဘာသာ ထည့်ရင် ရပါတယ်..

Read the rest of this entry »

Happy Blog Day 2008

31 ရက်နေ့တုန်းက ကျွန်တော် Blog Day အတွက် ပို့စ်မတင်လိုက်ရဘူး။ အမှန်တော့ ကျွန်တော်တင်မလို့ပါပဲ ၃၁ ရက်က ကျောင်းက ပရောဂျက်က နောက်ဆုံးရက် ဖြစ်နေတာကြောင့် စာကိုပဲလုပ်နေရတယ် နောက် ကျောင်းသွားတာနဲ့ ပြန်ရောက်တော့ ဘာမှမလုပ်နိုင်တော့တာ.. flag ပြသွားတယ်။ ပရောဂျက် လုပ်နေရတာနဲ့ ညတောင် ကောင်းကောင်း မအိပ်ရတာ ၄ ရက်လောက်ရှိသွားလို့။ မနေ့က တင်မယ်လုပ်တော့မှ screenshot ဖမ်းထားတဲ့ပုံတွေ၊ ဘန်နာပုံတွေထည့်ထားတဲ့ ဖိုဒါကို virus က ၀င်ဖျက်သွားပြီး စက်ဟန်းနေတာနဲ့ မတင်လိုက်ရပြန်ဘူး။ ဒီနေ့မှ တင်ဖြစ်ပါတယ်။

Blog Day 2008 အတွက် blog 5 ခု ရွေးထားပါတယ်။ အရင်နှစ် 2007 ကလိုပဲ မြန်မာ ဘလော့ဂ်နှစ်ခု နိုင်ငံခြားက ဘလောဂ် ၃ ခုပါ။ ကျွန်တော် လွန်ခဲ့တဲ့ရက်က ပြောခဲ့သလိုပဲ ဒီနှစ်မှစ ဖတ်ဖြစ်တဲ့ blog 5 ခုပါ။ ဘယ်ဘလောခ့်တွေလဲ ဆိုတော့ ~

Read the rest of this entry »

Plan for Blog Day 2008

ဒီလ 31 ရက်နေ့မှာ Blog Day နေ့ ရှိပါတယ်။ တဖြည်းဖြည်းနဲ့တော့ နီးလာပါပြီ.. ကမ္ဘာအနှံ့က ဘလော့ခ်ဂါပေါင်းများစွာက အဲဒီနေ့မှာ သူတို့ နှစ်သက်ရာ ဘလောခ့်အသစ် 5 ခုကို မိတ်ဆက်ပို့စ် ရေးကြမှာပါ။ Blog Day နှစ်စဉ်ပြုလုပ်ခဲ့တာ ဒီနှစ်နဲ့ ဆိုရင် ၄ နှစ်မြောက်ပြီဖြစ်ပါတယ်။ ဒီနှစ် အတွက် ဘလော့ခ် 5 ခု ရွေးပြီး ပို့စ်တင်ရဦးမှာပါ။ မနှစ်က Blog Day 2007 တုန်းကတော့ ကျွန်တော် မြန်မာ ဘလောခ့် ၂ ခု အပါအ၀င် ဘလောခ့် 5 ခု အကြောင်းပို့စ် တင်ခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော် ရွေးခဲ့တဲ့ ဘလောခ့်တွေမှာ 5 ခုလုံးက ဘလောခ့်ဂါတွေ လာဖတ်ကြတော့ အဆင်ပြေအောင် ဘိုလို မတတ်ဘဲ တတ်သလောက် လျှောက်ရေးခဲ့ပါတယ်။ ဒီနှစ်တော့ ကျွန်တော်ရွေးမယ့် ဘလောခ့်ပိုင်ရှင်တွေက လာကြည့်မှာမဟုတ်တဲ့ အတွက် မြန်မာလိုပဲ ရေးပါမယ်။

Read the rest of this entry »

Myanmar Blogger Society Network

Myanmar Blogger Society Network ကို join ဖို့ ကိုညီလင်းဆက် ပို့ထားတဲ့ အီးမေးကို မနေ့ညက ဖတ်ရပါတယ်.. ဖတ်ပြီးပြီးချင်း အဲဒီမှာ အကောင့်သွားလုပ်လိုက်ပြီး လျှောက်ပတ်ကြည့်ပါတယ် အသိတွေ၊ အမျိုးတွေ အများကြီးမို့ အားလုံးကို လိုက်ပြီး add ရင်းနဲ့ သူငယ်ချင်းတို့ကိုလည်း လာရောက် ပူးပေါင်းဖိတ် ဘလောခ့်ကနေ ဖိတ်ပါတယ် ခင်ဗျား… :)


View my page on Myanmar Blogger Society

Add Your Google Talk Status to Your Blog or Site

Google Talk Online Badge

ကျွန်တော် အရင်နှစ်တုန်းက ကျွန်တော့် ဘလော့ခ်မှာ ကျွန်တော် online မှာ ရှိကြောင်းကို reader တွေသိနိုင်တဲ့ sidebar widget မျိုးကို အချိန်တော်တော်ကြာ ရှာခဲ့ဘူးပါတယ်။ အဲဒီတုန်းက ဆိုဒ် ၂ ခုကို တွေ့တယ် အဲဒီ ၂ ခုက Gtalk က status ကို ယူသုံးထားတာ (အဲဒီတုန်းက Google က အဲဒီလို service မပေးသေးဘူး) ။ ဆိုဒ်တွေတော့မမှတ်မိတော့ဘူး တစ်ခုက co.uk နဲ့ဆိုဒ်ရယ် နောက် Jabbar မှာတွေ့တာရယ်။ ကျွန်တော် စမ်းကြည့်တယ် ၂ ခုလုံး အဆင်မပြေဘူး အလုပ်လည်း မလုပ်ဘူး။ ၂ ခုလုံးက သူတို့ add ခိုင်းတဲ့ mail ကို Gtalk မှာ add လုပ်ခိုင်းတာ။ ဒါနဲ့ လုံးဝကို မရတော့လို့ လက်လျှော့လိုက်ပြီး နောက်ထပ် ထပ်ရှာ ဖြစ်တယ်။ နောက် တစ်ခုတွေ့တာက Skype status သုံးတယ်။ သူကတော့ အဆင်ပြေတယ် သူဆိုဒ်မှာ လိုချင်တဲ့ badge ဒီဇိုင်းရွေးပြီး ကုဒ်ကို ထည့်ရုံပဲ။ တစ်ခုရှိတယ် စက်ကနေ Skype ကို log In လုပ်ရင် setting ထဲမှာ show my status to public ဆိုတာ လေးကိုတော့ on ပေးရမယ်။ ဒါဆိုရင် Skype status ကို ဘလောခ့်မှာ ထည့်ထားလို့ရပြီ။ ကျွန်တော် အဲဒါကို ၁ လလောက်ပဲ ထည့်လိုက်တယ် နောက် ပြန်ဖြုတ်လိုက်တယ် ဘာလို့လည်းဆိုတော့ Skype က မြန်မာလူမျိုး သုံးတာနည်းတယ်၊ နောက် သုံးရင် Gtalk သုံးတာထက် ပိုပြီး ကွန်နက်ရှင်ကောင်းဖို့ လိုတယ်၊ နောက် စက်နိမ့်ရင် နဲနဲလေးတယ်။ အဲဒါတွေကြောင့် ပြန်ဖြုတ်လိုက်တယ်။
Read the rest of this entry »