hit counter

GeoLocation Tweets From Yangon!!

Geolocation Tweets From Yangon, Myanmar

Twitter က လူသုံးများလာနေတဲ့ Micro Messaging, Micro Blogging Site တစ်ခုဆိုတာတော့ အားလုံးလဲ သိပြီးဖြစ်မှာပါ။ ကျွန်တော်တို့ ပြည်တွင်းမှာလဲ အရင် နှစ်တွေကထက်စာရင် အသုံးများလာနေပါတယ်.. ဒါပေမယ့် ဒီနှစ် အစ ဒုတိယ အပတ်လောက်မှာပဲ ISP က ban သွားပါတယ်။ ပြည်တွင်းက ပုံမှန် tweet တဲ့သူက ကျွန်တော်သိသလောက် မဘန်းခင် အချိန်တွေကတည်းက လူ ၃၀ တောင် မပြည့်ပါဘူး.. အဲဒီထဲကမှ Geolocation based tweet တဲ့သူဆို ပိုတောင်နည်းပါတယ်။

Read the rest of this entry »

Of Course, ISP loves me

Htoo Tay Zar .com has been banned

မြန်မာပြည်ရဲ့ နာမည်ကျော် HtooTayZar.com blog ကြီးကို MTP (Bagan ISP) မှာ လွန်ခဲ့တဲ့ ၃ ရက်ခန့်က စပြီး home page template အသစ်ပြောင်းပေးလိုက်ပါပြီ။ အရင်လို Large Background တွေလဲ မရှိတော့ဘူး တက်တာလဲ အရမ်းမြန်ပါတယ်။ အပေါ်မှာ screenshot ပြထားပါတယ်။ ဘယ်လိုဖြစ်ပြီး အဲဒီလို page ကို ပြောင်းပေးလဲ မသိတော့ပါဘူး။

Read the rest of this entry »

MPT Need To Respect Users

iPhone's Worst Marriage

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း Myanmar Post And Telecommunication ကနေ ဒီလ ဇန်နဝါရီ ၁ ရက်နေ့မှာ တရားဝင်ကြေငြာပါတယ် mobile phone တွေအားလုံးရဲ့ အထွက်ခေါ်ခကို တစ်မိနစ်ကို ၅၀ ဈေးနဲ့ တိုးလိုက်တယ်လို့ ဂျာနယ်မှာ ဖတ်ရပါတယ်။ အဲဒီနှုန်းနဲ့ စတွက်မယ့် ရက်က ဒီနှစ် ဇန်နဝါရီ ၁ ရက်နေ့က စတွက်ယူမှာ ဖြစ်ပါတယ်။

Read the rest of this entry »

Myanmar IT Pros Gathering

Myanmar IT Pros Gathering

Myanmar IT Professionals ရဲ့ Myanmar Yangon Gathering ကို ဒီနေ့ Info Tech မှာ မနက် ၁၀ နာရီက စပြီးပြုလုပ်ခဲ့ပါတယ်။ မနက်ပိုင်းမှာ Open talk အစီအစဉ် ပြုလုပ်ခဲ့ပြီး နေ့လည်မှာ break time ရှိခဲ့ပါတယ် နောက် 201 မှာ ဆက်ပြီး showcase အစီအစဉ် ပြုလုပ်ပါတယ်။ နေ့လည် ၂ နာရီမှာတော့ 205 မှာ MCPA နဲ့ ပူးပေါင်းပြီး MCPA က ဦးရဲရင့်ဝင်း က Online community အကြောင်း ကို Ravi က LAMPP နဲ့ ဦးဝင်းထိန်ဝင်း က .Net အကြောင်းကို ဆွေးနွေးပေးခဲ့ကြပါတယ်။

Read the rest of this entry »

No More Annoying Mobile Signal In Myanmar

MM MPT GSMအရင်က ကျွန်တော် တစ်ခါ ရေးခဲ့ဖူးတယ် ရန်ကုန်မှာ GSM ဖုန်းလိုင်းမှာ 3G Handset တွေမှာ လိုင်းမမိတော့ပဲ Network Error ပြတဲ့ ပြသနာ အခု မဖြစ်နိုင်တော့ဘူး လို့ သတင်း ဖတ်ရပါတယ်။ အရင်က GSM နဲ့ WCDMA (3G) ဖုန်းလိုင်း ၂ မျိုးရှိတာ။ လူအများစု မသိကြလို့ပါ အဲဒီ အင်တာနက် ရတဲ့ 3G ဖုန်းလိုင်းက လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတဲက ရန်ကုန်မြို့ထဲမှာ ရှိနေတယ်။

ကျွန်တော်ကြားတာ စမ်းနေတယ်လို့ပြောတယ်.. နောက် power ရှိတဲ့သူတွေမှ ရတယ်လို့ ကြားမိတယ်။ ကိုယ့်ဖာသာ အိမ်မှာ စမ်းကြည့်သေးတယ် လိုင်းကတော့ မိတယ် password, proxy တွေ မသိတော့ ၀င်လို့ မရဘူး။ ကျွန်တော့် အရင်ဖုန်းက Sony Ericsson K800 က 3G support လုပ်တော့ မကြာမကြာ လိုင်းအပြင်ရောက်သွားပြီး No Ntw. ဆိုပြီး လာပေါ်လေ့ရှိတယ်။ ပုံမှန်သဘောတရားအရ GSM နဲ့ WCDMA 2 လိုင်းရှိနေရင် ဖုန်းတွေက အလိုလျောက် လိုင်းဆွဲအားကောင်းတဲ့ WCDMA (3G) ကို ၀င်သွားတတ်တယ်။ 3G Handset တွေမှာ အဲဒါကို setting မှာ သွားပိတ်မထားရင် ရန်ကုန်မြို့ထဲမှာ မကြာခဏ လိုင်းမမိတော့တဲ့ ပြသနာ ရှိခဲ့တယ်။ iPhone မှာလဲ အလိုလျောက်ရှာတယ် ဒါပေမယ့် ပိတ်ထားရင်ရပါတယ်။

Read the rest of this entry »

Ornagai {English ~ Myanmar Dictionary}

Ornagai ~ English - Myanmar Dictionary

Ornagai ဆိုတာက English Myanmar Dictionary ၀ဘ်ဆိုဒ် တစ်ခုပါ။ Ornagai မှာ အင်္ဂလိပ်စာကနေ မြန်မာ စာ (အဘိဓာန်) အလွယ်တကူ ရှာနိုင်သလို မြန်မာ ကနေ အင်္ဂလိပ်စာကိုလဲ ပြန်ရှာလို့ ရပါတယ်။ Ornagai ဆိုဒ်က ရိုးရှင်း တက်တာမြန်သလို ရှာတဲ့ အခါမှာလဲ Google လို auto suggestion ထည့်ပေးထားပါတယ်။ Result မှာ noun, verb, adj, adv စတာတွေကို ခွဲပေးထားတဲ့ အပြင် voice spelling ပါထည့်ပေးထားပါတယ်။

Read the rest of this entry »

Once Again On Yangon-Mandalay High Way

High Way to Mandalay

လွန်ခဲ့တဲ့ ၂ ပတ်လောက်က ရန်ကုန် ကနေ မန္တလေး ကို အလုပ်လုပ်ဖို့ အတွက် လာဖြစ်ပါတယ်။ အခု အကြိမ်က ဒီနှစ်ထဲမှာ ဒုတိယ အကြိမ်ပါ။ ပထမ အကြိမ်ကလဲ မဖွင့်ရသေးတဲ့ Yangon – Mandalay High Way ကနေ သွားခဲ့တာပါ။ အခုရေးမှာက ခရီးအကြောင်းထက် လမ်းအကြောင်းကို ရေးမလို့ပါပဲ။ အထူးအဆန်း ကိစ္စ မဟုတ်ပေမယ့် မသွားဖူးသေးတဲ့ သူတွေ အတွေ့အကြုံ ပြောချင်တဲ့ သဘောပါ။

Read the rest of this entry »

Myanmar Weather and Natural Disaster Information

Cyclone Scale Chart

တဖြည်းဖြည်းနဲ့ Nargis တိုက်ခဲ့တဲ့ အချိန်မျိုးကို ရောက်လာတော့မယ်။ အခုချိန်တွေမှာ ရန်ကုန်မှာ (မြန်မာပြည်အနှံ့လဲ တူမယ်ထင်တယ်) အရမ်းပူပါတယ်.. လေလဲ အရမ်းတိုက်တယ် ဒါပေမယ့် လေပူတွေ တိုက်တာပါ။ ရာသီဥတုက မငြိမ်ဘူး ဒီနေ့ နေအရမ်းပူပေမယ့် နောက်နေ့ မိုးအုံ့ပြန်ရော. ရာသီဥတုက တဖြည်းဖြည်းနဲ့ လူတိုင်းသက်ဆိုင်လာနေပြီ.. လက်ရှိ အွန်လိုင်းမှာ မြန်မာလို ရာသီဥတု သတင်း ပေးတဲ့ဆိုဒ် မရှိဘူးလို့ ပြောလို့ ရအောင်ရှားပါတယ်။ လက်ရှိကတော့ Myanmar Weather and Natural Disaster Information ဆိုတဲ့ Google Site တစ်ခုရှိပါတယ်။

Read the rest of this entry »

Last Day Of Thin Gyan (Water Festival) 2009

Myanmar Thin Gyan (Water Festival) 2009 Last Day

ဒီနေ့က သင်္ကြန် အတက်နေ့ ဖြစ်ပါတယ်.. မနက်ဖြစ်က စပြီး နှစ်သစ်ကို ရောက်ပြီပေါ့.. ဒီနေ့ အတက်နေ့မှာ မနက်ပိုင်း နေခဏ ပူလိုက်ပြီး နေ့လည်က စပြီး မိုးအုံ့ပြီး ရွာပါတယ်။ နေ့လည် လောက်မှာ သူငယ်ချင်း ၂ ယောက်နဲ့ အအေးဆိုင်ထိုင် ဖြစ်တယ်။ အရင် အတိုင်းပါပဲ အိမ်နား တစ်ဝိုက်က မဏ္ဍပ် တွေသာ ရိုက်ဖြစ်ပါတယ်။ နောက် ရွှေရင်အေး စတုဒီသာ တိုက်နေတဲ့ နေရာမျိုးတွေပဲ ရိုက်ဖြစ်ပါတယ်။ မနက်ဖြန်တော့ ဘုရား သွားဖြစ်ပါတယ်။ ဒီနေ့ကတော့ ဒီနဲနဲပဲ ရိုက်ဖြစ်တာပါ။ မနက်ဖြန်ကစပြီး နှစ်သစ်ရောက်ပြီမို့ နှစ်သစ်မှာ ပျော်ရွှင်အေးချမ်းပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။ ပျော်ရွှင်ပါစေ။ ။

Read the rest of this entry »

May Thu – Water Proof Techno


May Thu – Water Proof Techno from Htoo Tay Zar on Vimeo.

သင်္ကြန် သီချင်း ကွန်နက်ရှင်ကောင်းနေတုန်း တင်လိုက်ပါတယ်.. တင်နေတာ အကြိုနေ့ကတဲကပါ ဒီနေ့မှ အဆုံးထိရတာ.. ဆိုတာက မေသူ၊ ရေးသူက အရိုး ပါ။ ဘာရယ်မဟုတ်ဘူး သီချင်းစာသားကို ကြိုက်လို့ပါ။ ကြိုက်ဆို အရိုးရေးတာကိုး။ နောက် ကတာလဲ လှတယ် ထင်တယ်။ တင်တုန်းက quality အခုလောက်မဆိုးပါဘူး။ နဂိုဖိုင်ကိုက မကောင်းတာပါ။ အဲဒါကို သူက ထပ် compress လုပ်လိုက်ပုံရပါတယ်။ မူရင်းဖိုင်လိုချင်ရင် Vimeo မှာ ယူလို့ရပါတယ်။ ပျော်ရွှင်ပါစေ။ ။