My Burmese Blog » Burma

Burmese Tour Guide Kid Speaking 4 Languages
YouTube မှာ စိတ်ဝင်စားစရာ ဗီဒီယိုလေးတစ်ခု တွေ့လို့ ပြန်ရှဲတာပါ။ ဘာမှမဟုတ်ပါဘူး မြန်မာလူမျိုး ကလေးလေးတစ်ယောက် ဘာသာစကား ၄ မျိုးပြော နိုင်တာကို နိုင်ငံခြားသားတွေ အံ့ဩနေတဲ့ ဗီဒီယိုလေးပါ။ ကွျန်တော်တို့ ဆီမှာက စားဝတ်နေရေးခက်တော့ ကလေးကအစ ပို့စ်စကတ်ရောင်း၊ တိုးဂိုက်ကြုံသလိုလုပ်နဲ့ ဆိုက်ကားသမား၊ မြင်းလှည်းသမားက အစ ထမင်းစားရေသောက်လောက် ဘာသာစကား ၄ မျိုးလောက် တတ်ကြပါတယ်။

ပုဂံတုန်းကတောင် ရွှေဆံတော်ဘုရားမှာ တစ်ခါ ကလေးမလေးတွေ ကွျန်တော့်ကို ဘာသာစကား တစ်ခုပြီးတစ်ခုနဲ့ ပြောပြီး ပုဆိုးတွေရောင်းနေသေးတယ်။ အဲဒီတုန်းကတော့ ရုပ်တည်နဲ့ပေါ့ နိုင်ငံခြားသားအထာနဲ့ ကလေးမခမျာ ဘာသာစကား တစ်ခုမဟုတ် တစ်ခုပြောင်းပြောနေတာ နောက်ဆုံးကြမှ မဝယ်သေးပါဘူး ညီမရယ်ဆိုမှ ပြုံးပြီး ထွက်သွားလေရဲ့ =) အခုလဲ ဒီဗီဒီယိုလေးကြည့်ပြီး ပြုံးမိပါရဲ့ ကလေးက လေးမျိုးလဲပြောတတ်တယ် မျက်နှာက တကယ့်အရိုးအတိုင်းပဲ ရီနေလိုက်တာ သဘောကျမိပါရဲ့။ ဒီလို ကလေးတွေ ပညာသင်ချိန်မှာ ပညာသင်ခွင့်ရမယ်ဆို နောင်တစ်ချိန် နိုင်ငံခေါင်းဆောင် ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူငြင်းမလဲ…

Related Posts

Amazing Stunts and Tricks by Aung Zaw Oo

Explosion At A Warehouse in Yangon, Myanmar

Non-Stop Train from Myanmar

Chinese Street Hawker from Yangon Downtown

A Visit to Myanmar TV Program Shooting

Veteran Foley Artist

MOVE

Lion ~ First Well Known OS Comes with Myanmar Unicode
နောက်လ July ထဲဆိုရင် Mac OS အသစ် Lion ထွက်ပါတော့မယ်။ ဒီ lion ဟာ features အသစ် 250 ကျော်နဲ့ ထူးခြားချက်တွေရှိသလို အထူးခြားဆုံးကတော့ မြန်မာဖောင့် ကို မူလ OS ထဲမှာ သွင်းပေးထားတာပါပဲ။ Unicode font ဖြစ်ပါတယ်။ ကွျန်တော်ကော အခြား နည်းပညာ အကြောင်းရေးနေသူတွေကာ အားလုံး အရင်ကတည်းက လူမုန်းခံပြီး ပြောခဲ့ရတဲ့ အကြောင်းလေးပါ… PC OS Vendors တွေဟာ တစ်ချိန်ကြရင် Unicode based fonts ကို သာ support လုပ်မယ်ဆိုတာ အခုတော့ အိမ်မက်တွေ တကယ်ဖြစ်လာပါပြီ။

ဆိုတော့ နောင်အချိန် မိတ်ဆွေ စာဖတ်သူဟာ Apple ထုတ် Mac computers တွေ ဝယ်တာနဲ့ မြန်မာဖောင့်ဆိုတာ တကူးတက သွင်းစရာမလိုတော့ပါဘူး။ မြန်မာဆိုဒ်တွေ (Unicode အသုံးပြုထားတဲ့) blogs  တွေကို ဘာမှ လုပ်စရာမလိုပဲ ဖတ်လို့ ရမှာပါ။ ရေးလို့ ရမှာပါ။ နောင်အချိန်ကြရင် Mac တင်မဟုတ်ပဲ အသစ်ထွက်မယ် Windows 8 မှာပါ ပါလာမယ်ဆိုရင်တော့ အတိုင်းအထက်အလွန်ပဲပေါ့ဗျာ။

အခုကတော့ အပေါ်မှာ Apple.com ရဲ့ Lion features ထဲက မြန်မာစာ ကို support လုပ်ပေးထားပါတယ်ဆိုတဲ့ စာကြောင်းလေး ကူးယူဖော်ပြလိုက်ပါတယ်။ ဘာကြောင့် Unicode font ပဲပါလာသလဲဆိုတဲ့ နောက်ကွယ်က အကြောင်းတွေကိုလဲ သိထားသင့်ပါတယ်။ အရင်ကတည်းက ပြောခဲ့သလိုပါပဲ Unicode ဟာ Unicode.org ဆိုတဲ့ နိုင်ငံတကာ non-profit အဖွဲ့အစည်းဖြစ်ပြီး သူကနေ ကမ္ဘာပေါ်မှာ ရှိတဲ့ လူမျိုးတိုင်းရဲ့ ဘာသာစကားတိုင်းကို ကွန်ပျူတာပေါ်မှာ ရေးလို့ ရမယ်၊ ဖတ်လို့ရမယ်၊ တွက်ချက်လို့ ရမယ့် အခြေအနေရောက်အောင် စီစဉ်ဆောင်ရွက်ပေးနေတာပါ။ သူတို့ကနေ ချမှတ်ထားတဲ့ code point အရေအတွက် နေရာတွေ အလုပ်လုပ်ပုံတွေကို လိုက်နာထားတဲ့ ဖောင့်ကို Unicode based fonts လို့ခေါ်တာပါ။

Unicode fonts ဆိုတာ Myanmar 3 တစ်မျိုးထဲကို ခေါ်တာမဟုတ်ပါဘူး။ သူတို့ သတ်မှတ်ထားတဲ့ standards တွေကို အားလုံးလိုက်နာတဲ့ ဖောင့်တိုင်းကို Unicode based fonts တွေလို့ ခေါ်ပါတယ်။ စာလုံးပုံစံ တွေလဲ မျိုးစုံ ဒီဇိုင်းစုံရှိပါတယ်။ ဖောင့် အများစုဟာဆိုရင် အခမဲ့ Open Sources ပေးထားကြတာပါ။ အခမဲ့ open sources ဆိုတာကလဲ နိုင်ငံတကာက လက်ခံတဲ့ license တွေနဲ့ ပေးထားတာမို့ မည်သူမဆို စီးပွားရေးအတွက်တောင် အခမဲ့ သုံးနိုင်ပါတယ်။

Lion OS X မှာ Unicode font ပါလာတာ တော်ကြာ ပြည်တွင်းက Unicode အစွန်းရောက်တွေ စာပို့ပြီး တောင်းဆိုတယ်တွေ ဘာတွေကြောင့် ထင်နေဦးမယ်။ Unicode.org ရဲ့ အမြဲတမ်း member အချို့ကို wikipedia မှာ တွေ့သလောက်ပြောပြချင်တယ်… သေးသေးလေးတွေပါပဲ Adobe, Apple, Google, IBM, Microsoft, Oracle, Sun Microsystems, Yahoo စတာတွေ ပါပါတယ်။ ဆိုတော့ နောင် အချိန်မှာ အဲဒီ giant vendors ကြီးတွေ Myanmar Sar ကို support လုပ်ရတော့မယ်ဆိုရင် ဘယ်လို အမျိုးအစားဖောင့်ကို သုံးမလဲ ဆိုတာ စဉ်းစားကြည့်လို့ ရပါတယ်။

အခမဲ့ပေးတယ်ဆိုတာ ပြောရင်း အရင်က စင်ကာပူမှာ အသိအကိုကြီး တစ်ယောက်ပြောဖူးတာ သတိရပါတယ်။ သူက မြန်မာလူမျိုးတွေ အတွက် ရည်ရွယ်ထားတဲ့ အိပ်ဆောင် pocket pc, tablet ထုတ်ချင်တာပါ။ သူမှာ develop လုပ်ဖို့ အကုန်ရှိတယ် တစ်ခုပဲ မြန်မာစာအတွက် font ရွေးရာမှာ အခက်အခဲဖြစ်နေတယ်။ သူက စီးပွားဖြစ်လုပ်မှာဆိုတော့ အခမဲ့ license နဲ့ ကွျန်တော်၊ ကွျန်မတို့ က ဒီပစ္စည်းကို အခမဲ့ပေးသုံးပါတယ်ဆိုပြီး ပေးထားတဲ့ ဖောင့်က ယူနီကုတ် ဖောင့်ပဲရှိတာတွေ့ခဲ့တယ်။ သူက အခြားလူသုံးများတဲ့ ဖောင့်ကို သုံးချင်ပေမယ့် အဲဒါတွေက အများအတွက် အခမဲ့ပေးတယ်ဆိုပေမယ့် တရားဝင်လိုင်စင်နဲ့ အတိအလင်းပေးထားတာမဟုတ်တော့ တစ်ချိန်မှာ ပြသနာ တက်မှာ စိုးနေခဲ့တာတွေ့ရတယ်။ ကွျန်တော် ကျေးဇူးကန်းပြီး လျောက်ရေးတာမဟုတ်ပါဘူး business လောကမှာ ကိုယ်စီးတဲ့မြင်း အထီးလား၊ အမလားမသိပဲ နိုင်ငံတကာမှာ အလုပ်လုပ်လို့ မရပါဘူး ဆိုတာ နားလည်ခဲ့ရတာပါ။ Apple က Unicode သုံးသလိုပဲ အခြား pc, tablets company တစ်ခုခုက လဲ မြန်မာစာ support လုပ်မယ်ဆို ဒီအတိုင်းပဲ အခမဲ့ဆိုပြီး ကြေငြာထားသလို နိုင်ငံတကာက လက်ခံထားတဲ့ Unicode fonts တွေကိုပဲ သုံးမှာ အသေအချာပါပဲ။

Lion OS ကို နောက်လထဲမှာ ထုတ်မယ်ဆိုပေမယ့် လောလောဆယ် developer တွေအတွက် ထုတ်ပေးထားပါတယ်။ ကိုထူးမြင့်နောင်က အဲဒီက screenshots တွေတင်ပေးထားတော့ ကြည့်မိတယ်။ Lion OS ဟာ မြန်မာဖောင့် ၂ မျိုး ထည့်ပေးထားတာတွေ့ရပါတယ်။ Myanmar Sangam MN ဆိုတဲ့ unicode standards လိုက်နာထားတဲ့ ဖောင့်ပါ။ Unicode Standards ကို လိုက်နာထားတော့ အခြား ပုံစံတူ Myanmar3, Masterpiece Uni Sans, Padauk စတဲ့ ဖောင့်တွေနဲ့ အတူတူပဲ။

ောက်တစ်ခုထူးခြားတာက ဖောင့်ထည့်ပေးရုံတင် မဟုတ်ပဲ အခြား လုပ်ဆောင်ချက်  တွေပါထည့် ပေးထားပါတယ်။ iCal ဆိုတဲ့ calendar မှာ အကုန် မြန်မာလို ပြပေးတယ် icon မှာကအစ မြန်မာလိုပါ။ နောက် နာရီကိုလဲ မြန်မာလို ပြတယ်။ သူက နေ့လည်နဲ့ ညနေဆိုပြီး AM, PM ကိုတောင် ပြပေးသေးတယ်။ ရက်စွဲတွေလဲ ဗုဒ္ဓဟူး စသဖြင့်ပြတယ် လတွေရောပဲ။ တော်တော်လေးကို ပျော်ဖို့ ကောင်းပါတယ်။ သေချာတာကတော့ Lion OS က သက်သေပြပေးတာပါပဲ Unicode fonts တွေဟာ ကွန်ပျူတာပေါ်မှာ စာလုံးပေါ်ပြီး လူက မျက်စိနဲ့ ဖတ်ရုံသက်သက် မဟုတ်ပဲ compute လုပ်လို့ ရတယ်ဆိုတာ ပြပေးတာပါ။

မြန်မာလူမျိုးဟာ အစွဲအလန်းကြီးပါတယ် တော်ရုံတန်ရုံဆို ဘယ်သူမှ အသစ်ကို မစမ်းချင်ကြပါဘူး။ ဒါပေမယ့်  သေချာတာကတော့ Web ပေါ်မှာ မြန်မာဖောင့်အတွက် version 1.0 ဟာ ဇော်ဂျီဖောင့် ဖြစ်ပြီး version 2.0 ဟာ ယူနီကုတ် ဖြစ်လာမှာ မလွဲပါဘူး။ နောင်ကျရင် မိတ်ဆွေ နိုင်ငံခြားမှာ ကျောင်းတက်လို့ library ထဲက ကျောင်းပိုင် computer ပဲဖြစ်ဖြစ် လေဆိပ်ထဲက အခမဲ့ ကွန်ပျူတာပဲဖြစ်ဖြစ် Mac OS Lion တင်ထားတာဖြစ်နေရင် မိတ်ဆွေဘာမှလုပ်ဖို့ မလိုပါဘူး စာကြည့်တိုက်ထဲ၊ လေဆိပ်ထဲတင် မြန်မာ Wikipedia တွေ ယူနီကုတ်နဲ့ ရေးထားတဲ့ မြန်မာဆိုဒ်တွေ၊ ဘလောခ်တွေ အပျင်းပြေဖတ်နေလို့ ရတယ်။ အင်မတန်ပျော်ဖို့ ကောင်းသဗျာ… အိမ်က ကွျန်တော့် MacBook Pro screen ကွဲသွားတာနဲ့ အသစ်ဝယ်ရတော့မှာ Lion ပါတာ တစ်ခု နောက် ၄ လလောက်နေရင် ဝယ်လိုက်မယ် စိတ်ကူးတယ်။

နောက်လ ထွက်ရင်တော့ အခုလက်ရှိစက်မှာ US$30 ပေးပြီး Mac App Store ကနေ တင်လိုက်မယ် စိတ်ကူးထားတယ်။ Lion ဟာထွက်ခဲ့သမျှ Mac OS ထဲမှာ ပျော်ဖို့ အကောင်းဆုံး OS ပါ။ နောက်လထွက်မှ screen shots တွေ တစ်ပုံကြီး ထပ်တင်ပါဦးမယ်။ လောလောဆယ်တော့ ကိုစေတန် blog မှာ တင်ထားတဲ့ ပုံတွေကြည့်ပြီး မျက်ရည်ဝဲလို့ ရပါတယ်။ မြန်မာစာကို ဒီလုိ ကမ္ဘာကျော် company တွေက support လုပ်တာ ပထမဆုံးအကြိမ်နဲ့ အံဩဖို့ အကောင်းဆုံးပါ။ အကျိုးအမြတ်ထူးထူးခြားခြား ရှိလာမှာ မဟုတ်ပေမယ့် မြန်မာစာကို support လုပ်ပေးတဲ့ Apple နဲ့ CEO Steve Jobs နောက် Apple teams ကို အရမ်းကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။

Unicode Related Articles

Why Unicode?

Risking My Own Blog With Unicode

Unicode Interview with VOA, Lawka Ahla

Related Posts

Keynotes from Apple WWDC 09

The App Store is about to hit 1 Billion Download

Applying Myanmar CDMA EVDO Internet

Aung San Su Kyi Speech @ NLD Headquarter

Apple’s New Magic Trackpad, Battery Charger and MacPro

Repairing MacBook Pro Fan

Pairing Apple Remote

3rd Anniversary Of Nargis Cyclone
အခု မေ​လ မှာ ၂​၀⁠၀​၈ တုန်း​က တိုက်​ခဲ့​တဲ့ မုန်တိုင်း နာ​ဂစ် ၃ နှစ်​ပြည့်​ဖြစ်​ပါ​တယ်။ ဒီ​ရက်​ပိုင်း ဘင်​လာ​ဒင် သေ​တာ နဲ့ royal wedding က top trend ဖြစ်​နေ​ပေ​မယ့် ကွ​ျန်တော်​တို့​ဆီ​တိုက်​ခဲ့​တဲ့ မုန်တိုင်း Nargis ဟာလဲ အမှန်​တော့ တော့​ဖြစ်​သင့်​ပါ​တယ်။ အဲ​ဒီ​မုန်တိုင်း​ကြောင့် ဧရာဝတီတိုင်း​မှာ လူ ၁ သိန်း ၃ သောင်း​လောက်သေ​ခဲ့​တာ​ဟာ WTC September 11 လူ ၃​၀⁠၀​၀ ကျော်​သေ​တာ​ထက် ပို​အထိ​နာ​ပါ​တယ်။ အနာဂတ်​မှာ​လဲ လူ​တွေ​ဟာ စစ်​ပွဲ​တွေ လူ​အချင်းချင်း​သတ်​လို့ သေ​ရ​တာ​တွေ​ထက် disaster တွေ သက်​လို့ သေ​ရ​တဲ့ ပမာဏ​က အများ​ကြီး​ပို​နေ​ဦး​မှာ​ပါ​ပဲ။

မှတ်မိသေးတယ် နာ​ဂစ်​လာ​တော့​မယ့် ည​က ဝ​ရန်​တာ​ထွက်​ထိုင်​ပြီး တစ်ဖက်​လမ်းကြား​က တိုက်​ခေါင်​မိုး လေတိုက်​တိုင်း လန်​သွား​တာ​ကို ထိုင်​ကြည့်​နေ​ခဲ့​တာ​ပါ။ ည ၁ နာရီ​လောက်​ရောက်​တော့ မ​နေ​နိုင်​တော့​တာ​နဲ့ ဝင်​အိပ်​တုန်း မနက် ၆ နာရီ​လောက်​မှာ နောက်​ဘေး​က ပြတင်းပေါက်​မှန်​ကွဲ​သံကြီး​ကြောင့် လန့်​နိုး​လာ​ပြီး ထ​ကြည့်​တော့ မုန်တိုင်း အရှိန်​အတော် တက်​နေ​ပါ​ပြီ.. အိမ်​ရှေ့ ပြတင်းပေါက်​ဆွဲ​ဖွင့်​ကြည့်​တော့ လမ်းပေါ်​မှာ အိမ်​ရှေ့​အိမ်​က ရေအိုး​စဉ်​တွေ​ကော သရက်​ပင်​တွေ​ကော အကုန် လမ်းမ​မှာ လဲ​နေ​တယ်။ လေ​အရမ်း​ကြမ်း​တော့ တံခါး​ပေါက်​ကို တစ်​ယောက်​ထဲ ပြန်​ပိတ်​လို့ မ​ရ​ဘူး။ အိမ်​ရှေ့​တိုက် ၂ လုံး​ကြား​က ထွက်​လာ​တဲ့ လေ​က လေ​ခွ​ျန်​သံထွက်​နေ​တယ်။

အဲဒီတုန်း​က ရှိ​တဲ့ Sony Ericsson K800i ဖုန်း​နဲ့ ဗီ​ဒီ​ယို​ရိုက်​ထား​လိုက်​တယ်။ ကွာ​လ​တီ​ကတော့ မ​ကောင်း​ဘူး။ အဲ​ဒီ​နေ့​က မနက် ၁​၀ နာ​ရီကျော်​လောက်​မှာ မုန်တိုင်း​တိတ်​သွား​တော့ အဲ​ဒီ​ဖုန်း​ကင်​မ​ရာ​နဲ့ ပဲ မြို့​ထဲ​ဘက် တစ်​ယောက်​ထဲ လမ်း​လျောက်​ထွက်​ရင်း လျောက်​ကြည့်​ဖြစ်​ပါ​တယ်။ ရေကျော်​လမ်းမ​မှာ လဲ အပင်​တွေ​လဲ​တယ် ရေ​က ဒူး​လောက်​ရှိ​ပါ​တယ်။ ဗိုလ်​ချုပ်​လမ်း​က ဗန်​ဒါ​ပင်​တွေ၊ ညောင်​ပင်​ကြီး​တွေ အကုန်​လမ်းပေါ်​မှာ​လဲ​နေ​တယ်။ ၄​၆ လမ်း​က ကို​လို​နီ​ခေတ် ၂ ထပ်​အိပ်​တစ်​လုံး​က အလယ်​က သစ်သား အခံ​ကြီး ကွ​ျံ​ကျ​ပြီး အိမ်​က ဘေး​ပတ်လည် အခွံ​ပဲ​ကျန်​တာ​တွေ့​တယ် လူ​ထိခိုက်​တာ မ​တွေ့​ခဲ့​ဘူး။

မြို့ထဲ​မှာ ဆိပ်ကမ်း​သာ​လမ်း​နား​မှာ ရပ်​ထား​တဲ့ ကား​တစ်​စီးပေါ် သစ်ပင်​ပိ​ပြီး ပြား​နေ​တာ​တွေ့​ရ​တယ်။ နောက်​တော့ ရွှေ​ဘုံ​သာ​လမ်း​ဘက် က​နေ ဗိုလ်​ချုပ်​လမ်း​အတိုင်း ပြန်​တယ်။ နောက်​တော့ ဘော်​ဒါ​တွေ ရှိ​တဲ့ ကျောက်​မြောင်း​ဘက် ထွက်​ဖြစ်​တယ် တွေ့​သ​မျှ အပျက်​အစီး​တွေ​လဲ ဖုန်း​ကင်​မ​ရာ​နဲ့ ဓာတ်​ပုံ​ရိုက်​တယ်။ နောက်​တော့ ဖုန်း​ဘက်​ထ​ရီ ကုန်​ရော​ပဲ… လျှပ်စစ်မီး​တွေ​လဲ အကုန်​ပျက်​သွား​တာ​မို့ နောက် ၁​၅ ရက်​လောက်​အထိ ဖုန်း အား​သွင်း​ဖို့ မ​ရှိ​လိုက်​ဘူး။

နာ​ဂစ်​တုန်း​က ဘော်​ဒါ​က က​ရိန်း​ကား​နဲ့ လိုက်​သွား​တာ​ဆို​တော့ သူ​ပြော​ပြ​လို့ သိ​ရ​တယ် တိ​ရိစ္ဆာန်​ရုံ​ထဲ​က မျောက်​တွေ​တို့ မြွေ​တွေ​တို့ သစ်ပင်​တွေ ကျိုး​ကျ​တာ​တွေ​က နေတက်​ပြီး လွတ်​ကုန်​တယ် ပြော​တယ်။ သူ​တို့ ကားပေါ်​တောင် မျောက်​တက်​လာ​သေး​တယ် ဆို​ပဲ။ အခြား​မြို့​နယ်​ဘက်​တွေ​မှာ​တော့ တိုက်​ပြို​လို့ လူသေ​တာ… မိုးရွာ​တုန်း အိမ်​အမိုး​လိုက်​ကောက်​နေ​တုန်း နောက်ထပ် သွပ်မိုး​ရှ​ပြီး သေ​တာ​တွေ​လဲ ကြား​ရ​တယ်။ ရန်ကုန်​လို ကမ်း​ရိုး​တန်း​နဲ့ နဲ⁠နဲ​ဝေး​သွား​တဲ့ နေရာ​တောင် ဒီ​လောက်​ပြင်း​ရင် ဧရာဝတီတိုင်း​မှာ လူ​အတော် အသက်​ဆုံး​လိမ့်​မယ်​လို့ အဲ​ဒီ​ရက်​က ခန့်​မှန်းမိ​တယ်။

အဲဒီရက်တွေ​မှာ စား​သောက်​ကုန်​ခြောက်​တွေ တစ်​ချို့ ဆိုင်​တွေ​က စျေး​တင်​ရောင်း​ကြ​ပြီး တစ်​ချို့​က အရင်​အတိုင်း ရောင်း​တာ​တွေ့​ရ​တယ်။ ကြား မိ​တာ ဆန်​ဆိုင်​တစ်​ဆိုင်​ဆို နောက်​ရက်​တွေ​မှာ ဆန်​တစ်​ပြည် ၃ ၄ ထောင်​နဲ့ ဝယ်​ချင်​ဝယ်​မ​ဝယ်​ချင်​နေ​ဆို​ပြီး ဆိုင်​ရှေ့​မှာ ဘုတ်​ထုတ်​ရေးထား​တယ်​ဆို​လား လူ​တွေ​က အမြင်​ကတ်​လာ​တော့ မ​ဝယ်​ဘူး လု​တယ်​ကွာ​ဆို​ပြီး လုပ်​သွား​လို့ ပိုက်ဆံ​မ​ရ​ပဲ ကုန်​သွား​တယ်​လို့ ကြား​မိ​သေး​တယ်။ ဂျပန် ငလျင်​မှာ သူ​များ​တွေ အစားအသောက်​တွေ အခ​မဲ့​တောင် လုပ်​ပစ်​တယ်​ကြား​တော့ အားကျ​မိ​တယ်။ ပြည်​တွင်း​မှာ​က အဲ​ဒီ​လို စိတ်​ဓာတ်​တွေ ရှိ​တော့​ရှိ​တယ် ရှားပါး​လာ​နေ​ပြီ။

အဲဒီတုန်း​က အခက်​အခဲ​က ရေ​ပဲ လမ်း​ထဲ​က အိမ်​တိုင်း​ရေရ​ဖို့ လမ်း​ထိပ်​က ဂျိုး​ဖြူ ဘုံ​ပိုင်​ခေါင်း​က​နေ အကုန် ရေ​ဆွဲ​သယ်​ကြ​ရ​တော့​တာ​ပဲ။ ရန်ကုန်​မှာ နေညို​ရင် ရေခပ်​ဆင်း​တဲ့ ဓလေ့ ခဏ​ဖြစ်​သွား​တယ်။ မုန်တိုင်း​က အတော်​ပြင်း​ခဲ့​တာ​ပါ တံခါး​ပေါက် ကြား​သေး⁠သေး​လေး​က​နေ လေ​တွေ ဝင်​ရင် လေ​ခွ​ျန်​သံ​လို​ဖြစ်​နေ​တယ်။ အကယ်​လို့​များ အဲ​ဒီ​ဟာ​က ပြင်း​အား​အတော်​ရှိ​တဲ့ ငလျင်​သာ​ဖြစ်​ခဲ့​ရင် ဧရာဝတီတိုင်း​က ရွာ​ကလူ​တွေ ဆူ​နာ​မီ​မ​လာ​သ​ရွေ့ အဲ​လောက် လူသေ​မှာ မဟုတ်​ဘူး။ သေ​ချင်း​သေ ဖြစ်​သ​လို​ဆောက်​ထား​တဲ့ တိုက်​တွေ ၉​၀ ရာ​ခိုင်​နှုန်း​လောက်​ရှိ​တဲ့ ရန်ကုန်​က လူ​တွေ​ပဲ သေ​ကြ​မှာ… န​မိတ်​ဖတ်​တာ​တော့ မဟုတ်​ပါ​ဘူး နောက်​နှစ်​တွေ​မှာ​လဲ မုန်တိုင်း၊ ငလျင်၊ မီး​တောင်​ပေါက်​တာ​တွေ ရေ​ပြတ်​တာ​တွေ ကမ္ဘာ​မှာ ကြုံ​ရ​ဦး​မယ်။ လူ​တွေ​အားလုံး ဘေး​အန္တရာယ်​ကင်း ပါ​စေ​လို့ ဆုတောင်း​ပါ​တယ်….

Related Posts

Applying Myanmar CDMA EVDO Internet

2010 Myanmar Election News (Update)

Diary Of Me (14/9/10)

Snakes Becoming Domestic Pets in Myanmar

Invitation For Upcoming BarCamp Yangon Meeting

13th Anniversary PhotoCity ~ Photo Exhibition

Laptop Keyboard with Myanmar Sar

Origin Of Arakanese and Burmese Scripts
မြောက်​ဦး​မြို့ ကို​ရောက်​တုန်း​က မြို့​ထဲ​က​နေ တောင်​ဘက်​ကို ချောင်း​တစ်​ခု​ကူး​သွား​ရင် တောင်ပေါ်​မှာ တည်ထား​တဲ့ ဘုရား​တစ်​ဆူ​ရှိ​ပါ​တယ်။ အဲ​ဒီ ဘုရား​မှာ စိတ်ဝင်စား​ဖို့​ကောင်း​တဲ့ ရခိုင် နဲ့ မြန်မာ စာလုံး​တွေ​ရဲ့ ပြောင်းလဲ​လာ​ပုံ အဆင့်​ဆင့်​ကို ပြ​ထား​တာ​တွေ့​ခဲ့​ရ​တာ​ကြောင့် ဓာတ်​ပုံ​ရိုက်​ထား​ဖြစ်​ပါ​တယ်။ အခု​ကတော့ အခြား လေ့​လာ​ချင်​တဲ့​သူ​တွေ သုံး​ရအောင် ဘ​လော့ဂ်​မှာ ပြန်​တင်​တာ​ပါ။ စာ​တွေ​လဲ အသေး​စိတ် ဖတ်​လို့​ရအောင် 2000px width နဲ့ ဖိုင်​အကြီး တင်​ထား​ပါ​တယ်။ အပေါ်​က ပုံ​ကို က​လစ်​နှိပ်​ပြီး ရ​ယူ​နိုင်​ပါ​တယ်။

Related Posts

49,189,812 ~ The Number Of Myanmar Population

What is STANDARD ?

Super 8 will come out with Myanmar Unicode!! Umm

Burmese Tour Guide Kid Speaking 4 Languages

Veteran Foley Artist

Photography Cheat Sheet

Stuxnet ~ An Open Source Weapon

Trip To Arakan, Sittwe & Myauk Oo
၂၀၁၁ ဇန်နဝါရီ ၄ ရက်​နေ့​က ရခိုင်ပြည်နယ် စစ်တွေမြို့​ဘက်​ကို အလည်​အပတ်​သွား​ဖြစ်​ပါ​တယ်။ ခရီး​က အမှန်​တော့ ထွက်​ဖို့ စီစဉ်​ထား​တာ​မဟုတ်​ပေ​မယ့် ဦး​လေး​က အဲ​ဒီ​ဘက်​ကို အလုပ်​ကိစ္စ​နဲ့ သွား​စရာ​ရှိ​တာ​ကြောင့် လိုက်​သွား​ဖြစ်​တာ​ပါ။ ရခိုင်​ဆို ငပလီ၊ သံ​တွဲ​ဘက် ငယ်⁠ငယ်​တုန်း​က ရောက်​ဖူး​ပေ​မယ့် စစ်​တွေ​ကို​တော့ မ​ရောက်​ဖူး​တာ​ကြောင့် ပထမ​ဆုံး အကြိမ်​ဖြစ်​ခဲ့​ပါ​တယ်။ အဲ​ဒီ​တုန်း​က ခရီးသွား​နေ​တယ် ဆို​ပေ​မယ့် ဘ​လော့ဂ်​မှာ​က schedule post လုပ်​ထားခဲ့​တာ​မို့ ကွ​ျန်တော်​မ​ရှိ​ပေ​မယ့် တစ်​နေ့ post တစ်​ပုဒ်​တော့ တက်​နေ​ခဲ့​ပါ​တယ်။

စစ်​တွေ​ကို သွား​ဖို့​အတွက် ပြည်​တွင်း​လေ​ကြောင်း​လိုင်း​မှာ လက်မှတ်​ဝယ်​ရ​ပါ​တယ်။ ရုံး​က ပန်းဆိုး​တန်း အောက်​ဘ​လောက် Strand Hotel နား​မှာ​ပါ။ အဲ​ဒီ​မှာ လေ​ယာဉ်​လက်မှတ်​ဝယ်​ပြီး နောက်​ရက်​မှာ စ​ထွက်​ဖြစ်​ပါ​တယ်။ စစ်​တွေ​သွား​မယ့် ဂျက်​လေ​ယာဉ်​က တစ်​စီး​တည်း​သော လေ​ယာဉ်​လို့ သိ​ရ​ပြီး စစ်​တွေ၊ အမ်း နဲ့ အခြား မြန်မာ​နိုင်ငံ အနှံ့​ကို ပျံ​နေ​တာ​လို့ သိ​ရ​ပါ​တယ်။ တော်တော်​လဲ အလုပ်​လုပ်​နိုင်​တဲ့ လေ​ယာဉ်​ပါ​ပဲ။

စစ်တွေမြို့​လေ​ဆိပ်​က မြို့​နဲ့ နီး​ပါ​တယ်။ ပြော​ရ​ရင် မြို့​ထဲ​လို့​တောင် ပြော​လို့ ရ​ပါ​တယ်။ အဲ​ဒီ​မှာ လေ​ယာဉ်​ဆင်း​ပါ​တယ်။ စစ်တွေမြို့​ဟာ ခဏ​တိုင်း သ​တင်း​တွေ​ထဲ​ပါ​နေ​ကြ​ဆို​တော့ အရမ်း​ကြီး​တိုးတက်​နေ​မယ် မျော်​လင့်​ထား​ပေ​မယ့်။ စိတ်ကူး​ထဲ​က​လို မဟုတ်​သေး​တာ တွေ့​ရ​ပါ​တယ်။ မြို့​မှာ ကို​လို​နီ​ခေတ်​က လက်ရာ​နဲ့ အဆောက်​အဦး​တွေ အများ​ကြီး ရှိ​ပြီး ရှေး​တုန်း​က နာရီ​စင်​ကြီး တစ်​ခု​လဲ တွေ့​ပါ​တယ်။ နောက် စစ်​တွေ မြို့​မှာ ပင်လယ်ကမ်းခြေ​လဲ ရှိ​ပါ​တယ်။ ညနေ​ဘက် တစ်​ရက်​အရောက်​သွား​ဖြစ်​ပါ​တယ်။ ကံဆိုး​ချင်​တော့ ကင်​မ​ရာ​အပြည့်​အစုံ​ယူသွား​ပြီး မမ်​မို​ရီ​ကတ်​က တည်းခို​ဆောင်​မှာ ကျန်​ခဲ့​လို့ ကမ်းခြေ​ရောက်​မှ ကား​နဲ့ ပြန်ယူ​ရ​ပါ​သေး​တယ်။

စစ်​တွေ ကမ်းခြေ​က သောင်ပြင်​အတော်​ကျယ်​ပါ​တယ်။ ဒီ​ဘက်​ကမ်း​နား​မှာ ပလပ်​စ​တစ်​အိတ် အမိှ​ုက်​တွေ အရမ်း​များ​တာ​ကြောင့် လှ​ချင်​ရက်​နဲ့ ဓာတ်​ပုံ​ရိုက်​လို့ မ​ရ​ပါ​ဘူး။ ရေစပ်​နား​မှ ရိုက်​လို့ ရ​တယ်။ ကမ်းခြေ​နဲ့ တစ်ဖက် ၁ မိုင်​လောက် အကွာ​မှာ​တော့ view point ရှိ​ပါ​တယ်။ အဲ​ဒီ​ဘက် ဓာတ်​ပုံ​သွား​ရိုက်​ဖို့ ရောက်​ပေ​မယ့် january လ​ဖြစ်​ပြီး ညနေ​လောက်​မှာ​တင် မြူ​တွေ အရမ်း​ကျနေ​တာ​ကြောင့် ဘာ​မှ ရိုက်​လို့ မ​ရ​ခဲ့​ပါ​ဘူး။ View point က ဝင်း​ဦး​ကား​ထဲ​မှာ ပါ​ဘူး​တဲ့ နေရာ​ပါ ဘေး​မှာ ကျောက်ဆောင် အလှ​တွေ​ရှိ​ပါ​တယ်။ ကို​လို​နီ​ခေတ် အမြောက်​တစ်​ခု​လဲ တွေ့​ရ​တယ်။ တစ်ဖက်​က ၄ ဖာ​လုံလောက် ပင်လယ်​ဘက်​မှာ ကွ​ျန်း​အသေး​လေး​ရှိ​ပြီး အလုပ်​လုပ်​တဲ့ မီးပြတိုက် တစ်​ခု​ရှိ​ပါ​တယ်။ မြူ​တွေ​ကျနေ​တာ​ကြောင့် ဘယ်​လို​မှ ရိုက်​မ​ရ​ခဲ့​ပါ​ဘူး။

နောက်​ရက်​တွေ​မှာ မြောက်​ဦး မြို့​ဘက်​တွေ​ကို ထွက်​ဖြစ်​ပါ​တယ်။ လမ်း​မှာ ရထား​လမ်းဖောက်​နေ​တာ​ကို​တွေ့​ရ​ပါ​တယ် လမ်း​က ပုဏ္ဍား​ကွ​ျန်း​မြို့ အကျော်​ထိ ရထား​ပြေး​လို့ ရ​နေ​ပါ​ပြီ။ တစ်ဖက် ကျောက်တော် အထိ​ရောက်​အောင် ဖောက်​နေ​တာ​တွေ့​ရ​ပါ​တယ်။ ကား​မောင်း​ပို့​ပေး​တဲ့ အကိုကြီး​က အဲ​ဒီ​ဘက်​မှာ အရင်​က သွား​ရေး​လာ​ရေး ခက်ခဲ​တဲ့ အကြောင်း ပြော​ပြ​ပါ​တယ်။ အခု​ရထား ရှိ​လာ​တော့​မှာ ၁ ယောက် ၂​၀​၀ နှုန်း​နဲ့ စစ်​တွေ​ကို ရောက်​ဖူး​တဲ့​သူ​တွေ ရှိ​လာ​တယ်​လို့ ပြော​ပါ​တယ်။ အရင်​က မိုင် ၂​၀ လောက်​ပေ​မယ့် မြစ်​တွေ ချောင်း​တွေ များ​တော့ သေ​သာ​သွား​တယ် စစ်​တွေ မ​ရောက်​ဖူး​သူ​တွေ ရှိ​တယ်​လို့ ပြော​တယ်။

စစ်​တွေ မြောက်​ဦး ကား​လမ်း​က လမ်း​အတော်​ကျဉ်း​တာ​တွေ့​ရ​ပါ​တယ်။ လမ်း​မှာ သတိထား​မိ​သ​လောက် ဆိုင်​ကယ်​သွား​တာ​တောင် ရှား​ပါ​တယ်။ ကွ​ျန်တော် သွား​ခဲ့​တဲ့ အသွား​အပြန်​မှာ လမ်း​မှာ ကျော်​ရ​တာ​ကော၊ မျက်နှာချင်းဆိုင်​လာ​တဲ့ ကား​ကော ၁​၀ စီး​လောက်​ပဲ​ရှိ​ပါ​တယ်။ အမှန်​အတိုင်း​ပြော​ရ​ရင် မ​တိုးတက်​သေး​ပါ​ဘူး။

သွား​ရင်း​နဲ့ ခရီး​တစ်ဝက်​လောက်​မှာ ကျောက်တော်​မြို့​ကို ဖြတ်​ရ​ပါ​မယ်။ နောက်​တော့ ကုလား​တန် မြစ်​ကို ဖြတ်ဆောက်​ထား​တဲ့ ကစ္စ​ပ​န​ဒီ တံတား​ကို ဖြတ်​ရ​ပါ​တယ်။ တစ်​ဘက်​ကမ်း​မှာ​တော့ တောင်​တစ်​လုံး​ရှိ​ပြီး တောင်ပေါ်​မှာ ဘုရား​တစ်​ဆူ​ရှိ​ပါ​တယ်။ ဒါ​နဲ့ အဲ​ဒီ​တောင်​ကို ကား​နဲ့ တက်​ဖြစ်​ပါ​တယ်။ တောင်​တစ်​တောင်​လုံး​ဟာ မျောက်​တွေ​ကို ဘေးမဲ့ပေး​ထား​တာ​မို့ မျောက်​ကောင်​ရေ ၁​၀⁠၀ ကျော်​လောက်​ရှိ​လောက်​မယ့် အရေအတွက်​ကို တွေ့​ခဲ့ ရ​ပါ​တယ်။ တောင်ပေါ်​က​နေ ဓာတ်​ပုံ​ရိုက်​ပြီး ပြန်​ထွက်​ကြ​ပါ​တယ်။ ကျောက်​တောင်​က​နေ ၁​၀ မိုင်​လောက် သွား​ပြီး​တဲ့ အခါ​မှာ​တော့ တန်ခိုးကြီး မဟာ မြတ်​မု​နိ​ဘုရား​ကို ရောက်​ပါ​တယ်။ ဒီ​ဘုရား​ဟာ ကို​လို​နီ​ခေတ်​က အမြောက်​ဆံ လုပ်​ဖို့ သယ်ယူ​ခံ​ခဲ့​ရ​တာ​ဖြစ်​ပြီး ဘုရား​တန်​ခိုးတော် နဲ့ အိမ်မက်​တွေ​မျက်​မြင်​ပြီး နောက်​ပိုင်း​မှာ​မှ အဂ​လိပ်​တွေ ကိုယ်တိုင် ဒီ​နေရာ​ကို ပြန်​ပင့်​ဆောင်​လာ​တာ​ဖြစ်​ပါ​တယ်။

နောက်​တော့ ကွ​ျန်တော်​တို့ မြောက်​ဦး​ဘက်​ကို ဆက်​ထွက်​ဖြစ်​ကြ​ပါ​တယ်။ ဘုရား​က​နေ ကျော်​လာ​တာ​နဲ့ နောက်​ပိုင်း​မှာ လမ်း​က ပို​ကြမ်း​လာ​ပါ​တယ်။ ကျောက်ခဲ​တွေ ပွ​စိ​ထ​နေ​တဲ့ လမ်းပေါ်​မှာ လိှ​ုင်း​စီး​နေ​ရသ​လို သွား​ရ​ပါ​တယ်။ လမ်း​မှာ တွေ့​ရ​တဲ့ တံတား​တွေ​က​လဲ ကို​လို​နီ​ခေတ်​က ဆောက်​ခဲ့​ဟန်​တူ​တဲ့ သံ​ဘောင်​နဲ့ အနီ​ရောင် တံတား​ကြီး​တွေ​ပါ။ လမ်း​ကြမ်း⁠ကြမ်း​ကို သွား​ပြီး​ရင်​တော့ မြောက်​ဦး​မြို့​ကို ရောက်​ပါ​တယ်။

မြောက်​ဦး​မြို့​ဟာ မြို့​ထဲ​မှာ တင်​ကို ရှေး​ဟောင်း​ဘုရား​တွေ အများ​ကြီး​ရှိ​တဲ့ မြို့​ဖြစ်​ပါ​တယ်။ နိုင်ငံ​ခြား​သား တစ်​ချို့ တွေ့​ရ​ပေ​မယ့် နည်း⁠နည်း​သာ​ရှိ​ပါ​တယ်။ ပုံ​မှန်​ပြည်​တွင်း ခရီးသွား​ကတော့ လုံး​ဝ မ​ရှိ​သ​လောက်​ပါ​ပဲ။ သျှစ်​သောင်း​ဘုရား နဲ့ အခြား ဘုရား​တွေ လှည့်​ဖူး​ဖြစ်​ပါ​တယ်။ ဘုရား​အများ​စု​ဟာ ကို​လို​နီ​ခေတ်​မှာ လက်နက်​လုပ်​ဖို့ အတွက် သယ်​ဆောင်​လုယူ​ခံ​ရ​တာ​ကြောင့် အချို့ ကြေး​ဆင်းတု​ဘုရား​ကြီး​တွေ​ကို ရွံ​နဲ့ မံ​ပြီး အုတ်​ဘုရား​ပုံစံ ပြောင်း​ခဲ့​ရ​တာ​တွေ၊ မြစ်​အောက်​ထဲ​မှာ​ဖွက်​ထားခဲ့​ကြ​ရ​တဲ့ သမိုင်း​တွေ​များ​ပါ​တယ်။ မြောက်​ဦး​မြို့​မှာ နန်းတော်​ရာ နဲ့ ပြ​တိုက်​ကို​လဲ လေ့​လာ​လို့ ရ​ပါ​တယ်။

မြောက်​ဦး​မြို့​ဟာ ရှေး​ဟောင်း​ယဉ်ကျေး​မှု​တွေ လေ့​လာ​လို့ ရ​တဲ့ မြို့​ဖြစ်​ပေ​မယ့် သွား​လာ​ရ​ခက်ခဲ​တာ ကြောင့် နိုင်ငံ​ခြား​သား​ရော ပြည်​တွင်း ဧည့်​သည်​ပါ နည်း​ဟန်​တူ​ပါ​တယ်။ နောက် အစားအသောက်​လဲ ထူး​ထူးဆန်း​ဆန်း​ရှား​ပါ​တယ်။ တစ်​ည​က အထူး ရှားပါး ရေကြက်​ဟင်း ဆို​ပြီး ကွ​ျန်တော်​တို့​ကို ချက်​ကြေ​ွး​ပါ​သေး​တယ်။ တကယ်​တန်း ပန်းကန်​ရောက်လာ​တော့​မှာ ရေကြက်​ဆို​တာ ပြည်​ကြီး​ငါး ကင်း​မွန် တွေ​ဖြစ်​နေ​တာ တွေ့​ရ​တယ်။ မြို့​ရဲ့ နာမည်ကြီး number 1 ဆို​လား စား​သောက်​ဆိုင်​ဟာ စားပွဲ ၄ လုံး​သာသာ ပဲ​ဆံ့​တဲ့ ဆိုင်​သေး​လေး​ဖြစ်​နေ​တာ​လဲ တွေ့​ရ​ပါ​တယ်။

မြောက်​ဦး မြို့​မှာ ၁ ည အိပ်​ပြီး​တဲ့ နောက်​တော့ စစ်​တွေ​ကို ပြန်​ဖြစ်​ပါ​တယ်။ ဒီ​ခရီး​စဉ်​က ဓာတ်​ပုံ ကောင်း​ကောင်း မ​ရို​က​လိုက်​ရ​ပါ​ဘူး။ ဆောင်း​မ​ကုန်သေး​တာ​ကြောင့် ညနေ နဲ့ မနက်​မှာ မြူ​တွေ ထ​နေ​တာ​ကြောင့် ရိုက်​လို့ မ​ရ​ခဲ့​ပါ။ ခရီး​စဉ်​ဟာ​လဲ ဖုန်​အတော်​ထူ​ပါ​တယ်.. ကင်​မ​ရာ မှန်ဘီလူး​လဲ​ရင်း​နဲ့ ဘယ်​နား​က အမှုန်​မှန်း​မ​သိ​တာ​က မှန်​အောက်​က censor ပေါ်​တည့်⁠တည့်​တက်ကပ်​သွား​လို့ ည​ဘက်​အတော် ရှင်း​ယူ​လိုက်​ရ​သေး​တယ်။ ဒါ​တောင် မှန်ဘီလူး​လဲ​ရင် ကား​မှန် အကုန်​ပိတ်​ထား​တာ​ပါ။ စစ်​တွေ မှာ​တော့ မ​ပြန်​ခင် ညနေ​ဘက်​ထပ်​ပြီး view point ထပ်​သွား​ဖြစ်​တော့ လေ​ယာဉ်​တစ်​စင်း ပျံ​သွား​တာ အနောက်​ဘက်​မှာ အင်​ဂျင်​အပူ​ရှိန်​နဲ့ ရေ​ေ​ငွ့​တိမ်​တန်း​ကြီး ဖြစ်​ကျန်​နေ​တာ​တွေ့​တာ​နဲ့ အကြံရ​ပြီး ညီ​ဝမ်း​ကွဲ​ကို တိမ်​တွေ မှုတ်​ထုတ်​နေ​တဲ့ ပုံလုပ်​ခိုင်း​ပြီး ရိုက်​ခဲ့​သေး​တယ်။ အဲ​ဒီ​ပုံ​တော့ သဘောကျ​တယ် perspective ကော mood ကော ကွက်​တိ​ဖြစ်​သွား​လို့​ပါ။ အခု​ကတော့ အဲ​ဒီ ခရီး​စဉ်​က ပုံ​တွေ​ပါ။ ခရီး​စဉ်​သွား​တဲ့ အတိုင်း စီ​ထား​တာ​ပါ။ ရှု​စား​ကြ​ပါ​ဦး…

Related Posts

Me & My First DSLR

Applying Myanmar CDMA EVDO Internet

InLay Lake ~ Where Beautiful Sunset Exist

InLay Lake ~ Beautiful Lake Surrounded By Mountain

Did I Catch Ghost in Photos?

Aung San Su Kyi Speech @ NLD Headquarter

Trip To Ancient City Bagan

Applying Myanmar CDMA EVDO Internet
လွန်​ခဲ့​တဲ့ အပတ်​က ၅ သိန်း​တန် CDMA ဖုန်း​အတွက် EVDO သွား​လျောက်​ဖြစ်​ပါ​တယ်။ ၅ သိန်း​တန် ဒေါ်လာ ၅​၀​၀ တန် ဖုန်း​က မြန်မာ​ပြည်​မှာ လက်​ရှိ ၃ မျိုးရှိ​ပါ​တယ်။ CDMA 800 MHz ခေါ် ရန်ကုန်​ဖုန်း ရှိ​တယ်၊ CDMA 450 MHz ခေါ် နေပြည်တော်​ဖုန်း​ရှိ​တယ်၊ နောက် ၅ သိန်း​တန် GSM ဆို​တာ​လဲ ရှိ​သေး​တယ်။ အဲ​ဒီ​ထဲ​က​မှ 800 MHz အတွက် လျောက်​တာ​ပါ။ နောက်​လူ​များ အင်​တာ​နက် လျောက်​မယ်​ဆို လွယ်​အောင် steps တွေ အခု​တင်​ထား​လိုက်​ပါ​တယ်။

ပထမ​ဆုံး သက်ဆိုင်​ရာ​ဖုန်း​လျောက်​တုန်း​က မြို့​နယ်​ရဲ့ ဆက်​သွယ်​ရေး​ရုံး​ကို သွား​ရ​ပါ​တယ်။ သူ​က လေး၊ ငါး​မြို့​နယ်​ကို ဆက်​သွယ်​ရေး​ရုံး​တစ်​ခု သတ်​မှတ်​ပေး​ထား​တာ​ပါ။ အဲ​ဒီ​မှာ ဖုန်း​လျောက်​တုန်း​က စာချုပ်​မူရင်း၊ နောက် ဓာတ်​ပုံ ၂ ပုံ​လို​ပါ​တယ်။ ဖောင်​ဖိုး​တစ်​ထောင်​နဲ့ ဘာ​မှန်း​မ​သိ​တဲ့​ဖိုး ၅​၀​၀ ပေါင်း ၁​၅​၀​၀ လောက်​ပေး​ပြီး ဖောင်​ဖြည့်​ပါ ။ နောက် CDMA SIM card ကို ထုတ်​ကြည့်​ပြီး အဲ​ဒီ​က code number တွေ ဖောင်​မှာ ဖြည့်​ပါ ပြီး​ရင် အဲ​ဒီ​က ရုံး​ပိုင်​လား​တော့ မ​သိ စာ​တွေ​စစ်​ပြီး ​ေ​ငွ​သွင်း​ဖို့ ပန်းဆိုး​တန်း​သွား​ခိုင်း​ပါ​လိမ့်​မယ်။

​ေ​ငွ​သွင်း​ဖို့​က ပန်းဆိုး​တန်း အောက်​ဘ​လောက်​မှာ ရှိ​တဲ့ ဘဏ် ၂ ကို သွား​ရ​ပါ​မယ်။ ဘဏ် ၁ နဲ့ ကပ်​ရပ်​ဖြစ်​ပါ​တယ်။ အဲ​ဒီ​မှာ ပိုက်ဆံ​သွင်း နောက် ချ​လံ ယူ​ပြီး​ရင်း အစော​ပိုင်း​က ဖောင်​ဝယ်​ခဲ့​ရ​တဲ့ သက်ဆိုင်​ရာ ဆ​သရ ရုံး​ကို ပြန်သွား​ပါ​လေ။ အဲ​ဒီ​မှာ ဘာ​မှန်း​မ​သိ​တာ​တွေ လုပ်​ပေး​ပါ​လိမ့်​မယ်။ နာမည်ခေါ်​ရင် ရ​လာ​တဲ့ စာ​ရွက်​နဲ့ အလုံ​ကို သွား​ရ​ပါ​မယ်။

ဆ​သရ ကရ​လာ​တဲ့ စာ​ရွက်​တွေ​နဲ့ အလုံ exchange ရုံး​မှာ ဖောင်​ဖြည့်​ပြီး လက်​ရှိ ရ​ပြီး​သား CDMA SIM card ကို ပလပ်​စ​တစ်​အိပ်​လေး​ထဲ​ထည့် ဖောင်​နဲ့​တွဲ​ပြီး တင်​ထား​ပါ။ နောက် ၁ နာ​ရီကျော်​လောက် အဲ​ဒီ​မှာ ထိုင်​စောင့် ပြီး​နာမည် ခေါ်​တဲ့ အခါ SIM Card အသစ်​ကို ယူ​လို့​ရ​ပါ​ပြီ။ အခု​ရေးထား​တာ စာ​အနေ​နဲ့ တို​ပေ​မယ့် တကယ်​တမ်း​လုပ်​ရင် နေပူ​ကြီး​ထဲ​မှာ လူ​တန်း​စီ​ရ စောင့်​ရ​နဲ့ တစ်​နေ​ကုန်​ပါ​တယ်။ SIM card ရ​ပြီး နောက်​နေ့​မှာ ဖုန်း​ပြန်ပြော​လို့ ရ​ပါ​မယ်.. နောက် ထပ် ၄​၈ နာရီ​လောက်​ကြာ​ရင်​တော့ EVDO Internet ရ​ပါ​ပြီ။

ပြော​ရ​ရင် ခေတ်​မှီ​ဖွံ့ဖြိုး​တိုးတက်​ချင်​တယ်​ဆို​ရင် လူ့​စွမ်းအား​တွေ​ကို ဒီ​လို ဘာ​မဟုတ်​တဲ့ ကိစ္စ​နဲ့ တစ်​နေ​ကုန်​ရ​တာ နှမြော​ဖို့ ကောင်း​ပါ​တယ်။ စင်​ကာ​ပူ​တုန်း​က ဖုန်း 3G ပါ​အပါအဝင်​လျောက်​တုန်း​က အကို​လျောက်​ပေး​တာ ၁​၅ မိ​နစ်​အတွင်း SingTel မှာ ရ​လိုက်​ပါ​တယ်.. ဘန်​ကောက်​မှာ​တုန်း​က​လဲ ကို​မျိုးကျော်​ထွန်း EDGE Internet လုပ်​ပေး​တာ texi စီး​ရင်း​လုပ်​ပေး​သွား​တာ ကားပေါ်​က​နေ အောက်​မ​ဆင်း​ခင်​ရ​ပါ​တယ်။ ကွ​ျန်တော်​တို့​ဆီ​မှာ​တော့ တစ်​နေ​ကုန်​တယ်.. နောက် ပိုက်ဆံ​ယူ​ပုံ​က​လဲ data usage နဲ့ မဟုတ်​ပဲ မိ​နစ်​နဲ့ ဖြတ်​ယူ​ပါ​တယ်။ ဒါ​မျိုး​က အင်​တာ​နက် ကျ​ချင်​ကျနေ​မယ် ပိုက်ဆံ​တော့​တွက်​နေ​မယ့် သဘော​ပဲ။

လွန်​ခဲ့​တဲ့ ၂ ရက်​က MRTV က သ​တင်း​မှာ ကြေငြာ​တာ​တစ်​ခု​တွေ့​ရ​တယ် လွှတ်တော်​အမတ် တစ်​ယောက်​က မြန်မာ​နိုင်ငံ​မှာ ဖုန်း​တွေ စျေး​အရမ်း​ကြီး​နေ​ပြီး ဖုန်း​အမျိုး​အစား​တွေ​လဲ များ​နေ​ကြောင်း​နဲ့ သူ​များ​နိုင်ငံ​တွေ​လို လူ​တိုင်း​သုံး​နိုင်​တဲ့ စျေး​ဖြစ်​အောင် လုပ်​ပေး​ဖို့ လွှတ်တော်​မှာ အဆို​တင်​တာ​တွေ့​တယ်။ သက်ဆိုင်​ရာ ဆက်​သွယ်​ရေး​ဝန်ကြီး​က မြန်မာ​နိုင်ငံ​မှာ ဖုန်း​ဘယ်လောက်​ချ​ပေး​ထား​ပြီး လူ​ဘယ်​နှ​ယောက်​သုံး​တယ်​ဆို​တာ​တွေ ပြော​ပြီး လူ​တိုင်း ဖုန်း​ကိုင်​နိုင်​ဖို့ တစ်​ဆင့်​ခြင်း​လုပ်​နေ​တဲ့ အကြောင်း​ရှင်း​ပြ​သွား​တယ်။

ကွ​ျန်တော်​တို့​ဖုန်း​လိုင်း​ေ​ငွ​သွင်း​ရ​တာ ဒေါ်လာ ၅​၀⁠၀ ကျော်​သွင်း​ယူ​ရ​တာ​ပါ ဒါ​တောင် သူ​များ​နိုင်ငံ​တွေ​လို​မဟုတ်​ပဲ အိမ်ထောင်​စု​စာရင်း​တွေ​ကော မိတ္တူ​တွေ​ကော​အစုံ​ပဲ ပါ​ရ​သေး​တယ်။ သူ​များ​နိုင်ငံ​တွေ​ထက် စျေး​အရမ်း​ကြီး​ပါ​တယ်။ အခု​ချိန်​က ဒီ​မို​က​ရေ​စီ ကူးပြောင်း​မယ်​လို့ တရားဝင်​ကြေငြာ​ထား​တဲ့ အချိန်​ပါ။ အစိုးရ အဖွဲ့ အစည်း​တစ်​ရပ်​ဟာ ပြည်​သူ​ကို အလုပ်​အကွ​ျေး​ပြု​ဖို့ က အရေး​အကြီး​ဆုံး အချက်​ပါ ပြည်​သူ​တွေ​ကို လွယ်​အောင် ကိုယ်တိုင် လုပ်​မ​ပေး​နိုင်​ရင် လုပ်​ပေး​နိုင်​မယ့် အခြား ပုဂ္ဂလိက​ကို လွှဲ​ပေးလိုက်​ပါ လို့ အကြံ​ပြု​ချင်​ပါ​တယ်။

ဒီ​စာ​ကို​ဖတ်​နေ​မယ့် သူ​ထဲ​မှာ ဘ​လော့ဂ်​တွေ​စောင့်​ကြည့်​ဖို့ တာဝန်​ယူထား​ရ​တဲ့ ပုဂ္ဂိုလ်​တွေ​လဲ​ပါ​မှာ​ပါ စဉ်းစား​ကြည့်ပါ မိတ်ဆွေ​တို့ မိသား​စု​ဝင်​တွေ​လဲ ဖုန်း​အလကား​ရ​နေ​တာ​မဟုတ်​ပါ​ဘူး ကိုယ်​က ပိုင်​တယ်​ဆို​ပြီး အလွယ်​ရ​လိုက်​ပေ​မယ့် မိတ်ဆွေ​တို့ သားသမီး​တွေ မျိုး​ဆက်​တွေ​ကြ​ရင် မိတ်ဆွေ​တို့​လို့ VIP ဖြစ်​ချင်​မှ ဖြစ်​တော့​မယ် အဲ​ဒီ​အခါ​ရောက်​ရင် သူ​တို့ မ​ပင်ပန်း​ပဲ လုပ်​လို့ ရ​နိုင်​မယ့် စနစ်​တွေ​ကို ကိုယ်​ချင်း​စာ​စိတ်​တွေ​နဲ့ ပြောင်းလဲ​ဖို့ လို​နေ​ပြီ​ဆို​တာ စဉ်းစား​သင့်​ပါ​ကြောင်း ဒီ​နေရာ​က​နေ ပြော​လို​ပါ​တယ်။

Related Posts

Lion ~ First Well Known OS Comes with Myanmar Unicode

3rd Anniversary Of Nargis Cyclone

Trip To Arakan, Sittwe & Myauk Oo

Aung San Su Kyi Speech @ NLD Headquarter

2010 Myanmar Election News (Update)

Trip To Ancient City Bagan

Diary Of Me (14/9/10)

YGN Utd VS Zayar Shwe Myay FC Match
ဒီ​နေ့ ညနေ​ပိုင်း​မှာ Myanmar National League က လက်​ရှိ အမှတ်ပေး​ဇယား ထိပ်​ဆုံး​က အသင်း​တွေ​ဖြစ်​တဲ့ ရန်ကုန် ယူ​နိုက်​တက် နဲ့ ဇေ​ယျာ​ရွှေ​မြေ အသင်း​တို့​ပွဲ​ကို သွား​ကြည့်​ဖြစ်​ပါ​တယ်။ နေ့​လည်​က Info Tech မှာ​လုပ်​တဲ့ NLP Lab ရဲ့ Unicode လက်​ရှိ အခြေအနေ​နဲ့ ရှေ့​ဆက်​လုပ်​သွား​မယ့် product တွေ​အကြောင်း workshop တက်​နေ​တာ​နဲ့ ဘော​လုံး​ပွဲ​ကို ဒုတိယ​ပိုင်း​မှ ရောက်​ဖြစ်​ပါ​တယ်။

ဒီ​နေ့​ပွဲ​က အမှတ်ပေး​ဇယား​ထိပ်​ဆုံး​က ၂ သင်း​ဖြစ်​တဲ့​အပြင် ရံှ​ုး​ခဲ့​ရင် ၂ သင်း​လုံး​အတွက် ပထမ​ဆုံး ရှုံး​ပွဲ​ဖြစ်​မှာ​မို့ ပွဲ​က တော်တော်​ကြည့်​ကောင်း​ပါ​တယ်။ အသေး​စိတ်​ကု​ိ​တော့ Soccer Myanmar ဆိုဒ်မှာ ဖတ်​ကြည့်​လို့ ရ​ပါ​တယ်။ ဒီ​နေ့​က နောက်ကျ​ရောက်​တာ​ရယ် နောက် မန်း​လေး​ညှပ်​ဖိနပ်စီး​ထား​တာ​ကြောင့် မီ​ဒီ​ယာ​ကတ် ပါ​ပေ​မယ့် ကွင်း​ထဲ​ထိ မ​ဝင်​ဖြစ်​လိုက်​ပါ​ဘူး။ နောက်​အခေါက်​များ​ကြ​ရင်​ဝင် ရိုက်​ပါ​ဦး​မယ်။ မီ​ဒီ​ယာ​ကတ်​က ကွ​ျန်တော်​ရယ် ကို​ဘို​ဘို ရယ် ၂ ယောက် အတူတူ​ရထား​တာ​ပါ။

ကင်​မ​လား ယူသွား​ပြီး​ရိုက်​ပါ​တယ် 55~250mm lens နဲ့ ရိုက်​ပေ​မယ့် ပုံ​က​အောက်​က​အတိုင်း ဝေး​နေ​ပါ​သေး​တယ်။ ဒါ​တောင် APSC Canon 1.6x မြောက်​လိုက်​ရင် 250 ဆို​ပေ​မယ့် 400 ရှိ​ပါ​တယ်။ နောက်​အခေါက်​ကွင်း​ထဲ​က ရိုက်​ရင် ကို​ကောင်း​မယ်​လို့ တွေး​မိ​တယ်။ သို့သော်​လဲ နဲ​နဲ သတိထား​ဖို့​လို​တာ တွေ့​ရ​ပါ​တယ် ပရိတ်​သတ်​တွေ ရေဘူး​မ​ယူ​ရ​ပေ​မယ့် ရေ​ထုပ်​တွေ​နဲ့ လှန်း​ပေါက်​တာ အဝေး​ကြီး အထိ​ရောက်​ပါ​တယ်။ ကွင်း​ထဲ​မှာ စိတ်ပျက်​စရာ​က အပြန်​အလှန်​ဆဲ​နေ​ကြ​တာ​ပါ။ ကွ​ျန်တော်​လဲ ဘော​လုံး​ပွဲ ဝါသနာ​မ​ပါ⁠ပါ​ဘူး ဒါ​ပေ​မယ့် အဲ​ဒီ​လို အသင်း​စွဲ​တွေ​နဲ့ ဆဲဆို​နေ​တာ​တော့ ကြည့်​မ​ရ​ပါ​ဘူး။ နိုင်ငံ​တကာ​ပွဲ​မှာ ဘာ​မှ​လုပ်​မ​ပြ​နိုင်​ပဲ ပြည်​တွင်း​မှာ​ပဲ အချင်းချင်း ရန်​စောင်​နေ​လို့ ဘာ​မှ ထူး​မ​လာ​ဘူး​ထင်​ပါ​ရဲ့။

နောက်​အခေါက်​ဆို အွန်​လိုင်း​တောင် live တင်​လို့ ရ​နိုင်​ပါ​တယ် media တွေ​အတွက် အင်​တာ​နက် ပေး​ထား​ပါ​တယ်။ ဒါ​ပေ​မယ့် ကို​ဘို​ပြော​တာ လိုင်း​က တက်​လိုက် ပြတ်​လိုက်​ဆို​ပဲ။ အပေါ်​ဘက်​မှာ​တော့ ကွ​ျန်တော်​နဲ့ နာမည်​ခပ်​ဆင်⁠ဆင်​တူ သူဌေး​တစ်​ယောက်​ကတော့ မော်​ဒယ်​တချို့​နဲ့ ဘော​လုံး​ပွဲ​ကို အပျင်း​ပြေ လာ​ကြည့်​တာ​တွေ့​ပါ​တယ်။ ဘော​လုံး​ပွဲ​က နောက်ဆုံး ၃ ဂိုး ၂ ဂိုး​နဲ့ ရန်ကုန်​က နိုင်​သွား​ပါ​တယ်။ ဒါ​နဲ့​ပြန်​ခဲ့​တော့ အပြင်​လမ်းပေါ်​မှာ လူ​တချို့ ရန်​ဖြစ်​တာ တွေ့​လိုက်​သေး​တယ်။ နာမည်​တူ သူဌေး​မင်း​ကတော့ hammer ကား​စီး​ပြီး ပြန်သွား​ရဲ့ ကွ​ျန်တော်​ရယ်၊ ကို​ပြည်​ဖြိုး​ရယ် ကို​ဘို​ဘို ရယ်​ကတော့ ကျိုက်က္က​ဆံ Super One အထိ​လမ်း​လျောက် အအေး​ဝယ်​သောက်​ပြီး ပြန်​ဖြစ်​ခဲ့​ကြ​ပါ​တယ်။

ဓာတ်​ပုံ​များ​ကို အောက်​မှာ ကြည့်​လို့ ရ​ပါ​တယ်။ တစ်​နေရာ​ထဲ​က​နေ ရိုက်​တာ​မို့​ပုံ​တွေ​က angle ထပ်​နေ​လို့ နည်း⁠နည်း​ပဲ​တင်​လိုက်​ပါ​တယ်။ အောက်​ဆုံး​ကတော့ ကင်​မ​လာ​နဲ့ ရိုက်​ဖြစ်​လိုက်​တဲ့ ဗီ​ဒီ​ယို​လေး​တွေ edit လုပ်​ပြီး Vimeo မှာ​တင်​ထား​တာ​ပါ။ ကံ​များ​ကောင်း​ချင်​တော့ ဒီ​နေ့ upload လုပ်​တာ ချက်ချင်း​ကို အမြန်​တက်​သွား​လို့ တွဲ​တင်​နိုင်​ပါ​တယ်။ ကျေးဇူး​ပါ။

Related Posts

Bus drove into A Store @ Shwe Gon Dine Point

Burmese Tour Guide Kid Speaking 4 Languages

Graduation Ceremony Of National University of Arts and Culture Yangon

Truck carrying teak trunks flipped over

Aung San Suu Kyi Trip to Bago

Myanmar VS Oman Soccer Match Interrupted by Crowd with Violence!!

64th Anniversary Martyrs’ Day

Bus drove into A Store @ Shwe Gon Dine Point
ဒီ​နေ့ မနက် (24 Jan 2011) အစော​ပိုင်း ၈ နာ​ရီကျော်ကျော်​လောက်​မှာ ရွှေ​ဂုံ​တိုင် မီး​ပိ​ွုင့်​မှာ လိုင်း​ကား​တစ်​စီး အရှိန်​လွန်​ပြီး လမ်း​ထောင့်​က ဆိုင်​တစ်​ဆိုင်​ကို ဝင်​အောင်း​ပါ​တယ်။ ကား​က ဘီ​အမ်​ကား​ပါ အရှိန်​အတော်​ပြင်း​ပုံ​ရ​ပါ​တယ် သူမ​တိုက်​ခင်​ဖြတ်​ရ​မယ့် ပ​လက်​ဖောင်း​ကို​က ၁ ပေ​ခွဲ​လောက် အမြင့်​ရှိ​ပါ​တယ်။ အဲ​ဒါ​ကို ကျော်​ပြီး​မှ တိုက်တာ​ဆို​တော့ အရှိန်​ကို​ခန့်​မှန်း​ကြည့်​လို့ ရ​ပါ​တယ်။ ဝင်တိုက်​ခံ​ရ​တဲ့​ဆိုင်​က မျက်နှာ​ကျက် အလှ​ဆင် မီး​ဆိုင်း​တွေ ရောင်း​တဲ့​ဆိုင်​ပါ။ မနက်​အစော​မို့ ဆိုင်​မ​ဖွင့်​သေး​ပါ​ဘူး။

ကား​က ဆိုင်ပိတ်​ထား​ပေ​မယ့် ဘာ​ဂျာ​တံခါး​ကို​လဲ အရှိန်​နဲ့​တိုက်​ပြီး အတွင်း​က မှန်​တွေ​ခွဲ​ပြီး မီး​ဆိုင်း​တွေ​ပါ ဝင်​အောင်း​ပါ​တယ်။ ခေါင်း​ဝင်​ကိုယ်​ဆံ့​ဆို​တာ ဒါ​မျိုးပဲ​ထင်​တယ် ကိုယ်​ထည်​ပါဝင်​သွား​တယ်။ ပုံ​မှန်​ဆို မနက်​တွေ​မှာ အဲ​ဒီဆိုင်​ရှေ့ ပ​လက်​ဖောင်းပေါ်​မှာ ဂျာနယ်၊ သတင်းစာ အခွဲ​သမား​တွေ စာ​မျက်နှာ​စီ နေ​ကြ​ပါ။ ဒီ​နေ့​တော့ ကံကောင်း​ချင်​တော့ တစ်​ယောက်​မှ မ​ထိ​ပါ​ဘူး။ လိုင်း​ကားပေါ်​က ခရီးသည်​တချို့ ဒဏ်ရာ​ရ​တာ​နဲ့ လန့်​နေ​တာ​မျိုး​တွေ တွေ့​ရ​ပါ​တယ်။ လိုင်း​ကား​က ကမာ​္​ဘ​အေး​ဘုရား ဘက်​အခြမ်း​က​လာ​တာ​ဖြစ်​ပြီး ဆိုင်​ထဲ မ​ဝင်​ခင် အိမ်​စီး​ကား​တစ်​စီး​နဲ့ တက္က​စီ တစ်​စီး​ကို​လဲ တိုက်​ခဲ့​ပုံ​ရ​ပါ​တယ်။ ကား​တွေ အဲ​ဒီ​နား​မှာ တွေ့​ရ​တယ်။ ကံဆိုး​ချင်​တော့ တိုက်​စရာ လမ်း​ကွေ့​ကွ​ျန်း​ကော ဓာတ်​တိုင်​ကော ရှိ​ပါ​ရက်​နဲ့ ဆိုင်​ထဲ​ကို​တောင်​မှ အပေါ်​အတိုင်း အတိ​အကျ​ဝင်​သွား​တာ ကား​သမား​ကံဆိုး​တယ် ပြော​ရ​မယ်။ အထဲ​မှာ မီး​ဆိုင်း​တွေ​က သိန်း​ချီ​တန်​တာ​တွေ ချည်း​ပါ​ပဲ။

ရန်ကုန်မြို့​မှာ ကွ​ျန်တော် သတိထား​မိ​သ​လောက် ကား​မတော်တဆ​မှု ဖြစ်​လေ့​ရှိ​တာ ရွှေ​ဂုံ​တိုင်​မီး​ပိ​ွုင့်​ရယ် နောက် မဟာ​ဗန္ဒု​လ​တံတား အဆင်း​က ဒေါ​ပုံ​ဘက်​အခြမ်း​ကွေ့​တွေ​က မ​ကြာ​မ​ကြာ​ဖြစ်​လေ့​ရှိ​ပါ​တယ်။ ရွှေ​ဂုံ​တိုင်​ပိ​ွုင့်​က ကမာ​္​ဘ​အေး​ဘုရား​ဘက်​ခြမ်း​က​လဲ ဂုံး အဆင်း အပေါ်​ခြောက်​ထပ်​ကြီး​ဘက်​က​လဲ အဆင်း​အပြင် ပိ​ွုင့်​က အမြဲ​ကား​ကျပ်​တာ​တွေ ကြောင့်​ဖြစ်​တတ်​ပါ​တယ်။ မဟာ​ဗန္ဒု​လ​တံတား​ဘက်​ကတော့ တံတား​အဆင်း​ကြီး​မှာ ချဉ်းကပ်​လမ်း​တောင် မ​ပါ​ဘဲ တန်း​ပြီး​ကွေ့​ရ​တာ​ဖြစ်​နေ​တာ​ရယ် လမ်း​က​လိှ​ုင်း​ထ​နေ​တာ​တွေ ကြောင့်​ပါ။ ဒီ​နေ့ အဲ​ဒီ​ဘက်​လဲ ရောက်​ဖြစ်​တော့ အဲ​ဒီ​မှာ လမ်း​အကာ​တွေ ကွန်​က​ရစ်​နဲ့ တစ်​ဘက်​ကို​မြင့်​ပြီး အရှိန်​ထိန်း​ဖို့ ဇောင်း​လုပ်​နေ​တာ​တွေ​တော့ တွေ့​ခဲ့​ရ​ပါ​တယ်။ ဒါ​တောင် ညနေ​မှာ ကား​တစ်​စီး မီးတောက်​ပြီး ဘော​နက်​အပေါ်​က ဆေး​တွေ ကြွ​တက်​နေ​တာ မီး​ပိ​ွုင့်​တစ်​ခု​မှာ မြင်​ခဲ့​သေး​တယ်။ ကင်​မ​ရာ​ထုတ်​ရိုက်​ရ​မှာ ပျင်း​သွား​လို့ ပုံ​မ​တင်​နိုင်​တော့​တာ​ပါ။

Related Posts

YGN Utd VS Zayar Shwe Myay FC Match

Burmese Tour Guide Kid Speaking 4 Languages

Graduation Ceremony Of National University of Arts and Culture Yangon

Truck carrying teak trunks flipped over

Aung San Suu Kyi Trip to Bago

Myanmar VS Oman Soccer Match Interrupted by Crowd with Violence!!

64th Anniversary Martyrs’ Day

How To ReNew Your Myanmar Passport
အရင်​က How To Apply Myanmar Passport ဆိုတာ ရေး​ပြီး​တဲ့ နောက် ၃ နှစ်ကျော် အကြာ အခု​တစ်​ခေါက်​ကတော့ How to Renew Your Passport အကြောင်း​ဖြစ်​ပါ​တယ်။ ပြီး​ခဲ့​တဲ့ နှစ်​က ရုတ်​တ​ရတ် အစီ​အစဉ်​မ​ရှိ​ပဲ စင်​ကာ​ပူ ထွက်​သွား​တော့ သေချာ​မ​ကြည့်​ခဲ့​တာ​မို့ ပတ်​စ​ပို့ သက်​တမ်း​ကုန်​ခါ​နီး ရောက်​သွား​ဖြစ်​ပါ​တယ်။ တကယ်​တမ်း​တော့ ဟိုမှာ အကြာ​ကြီး​နေ​ဖို့​လဲ အစ​က အစီ​အစဉ်​မ​ရှိ​တာ​ကြောင့် ပါ⁠ပါ​တယ်။ သက်​တမ်း​တိုး​ရ​မယ်​ဆို​တော့ စင်​ကာ​ပူ မြန်မာ​သံ​ရုံး ၂ ခေါက်​လောက် သေချာ​အောင်​သွား​ကြည့်​တော့ နေ​ရ​တာ​နဲ့ မကာ​မိ​အောင် အခွန်​ေ​ငွ ပေး​ရ​မယ့်​ကိန်း​ဆိုက်​နေ​တာ​မို့ ရန်ကုန်​ပြန်​ပြီး သက်​တမ်း​တိုး​ဖြစ်​ပါ​တော့​တယ်။

ပထမ လန့်​နေ​သေး​တယ် ​ေ​ငွ​မ​ဆောင်​ပဲ မြန်မာ​ပြည်​ပြန်လာ​ရင် လေ​ဆိပ်​မှာ ရစ်​ခံ​ထိ​မယ်​ထင်​တာ ကံကောင်း​လို့ ဘာ​မှ​မ​ဖြစ်​ဘူး။ ဒီ​ကြား​ထဲ လက်​ကျန် ပတ်​စ​ပို့​က​လ​လေး​နဲ့ ဘန်​ကောက် ဘား​ကမ့် သွား​ဖြစ်​လိုက်​သေး​တယ်။ မြန်မာ​ပြည်​က ထိုင်း​သံ​ရုံး​က ဗီဇာ မ​ပေး​ဘူး​လုပ်​နေ​တာ အတော်​လေး​လုပ်​ယူ​လိုက်​တော့​မှ တုံး​ထု​ပေးလိုက်​တယ်။ ဒါ​တောင် ဟို​ဘက်​ကို သူ​တို့ အာမ​မ​ခံ​ဘူး​ဆို​လို့ လေ​ယာဉ်ပေါ် ဘုရား​တ​ရ​သေး​တယ် ကံကောင်း​ချင်​တော့ ဘန်​ကောက် လူ​ဝင်​မှု​ကြီးကြပ်​ရေး​က တုံး​ထပ်​ထု​ပေးလိုက်​လို့ လေ​ဆိပ်​က​နေ မြို့​ထဲ​ထွက်​ခွင့်​ရ​တော့​တယ်။

အဲ​ဒီ​က​နေ ရန်ကုန်​ပြန်​ရောက်​ပြီး​တဲ့ နောက် ပတ်​စ​ပို့​သက်​တမ်း​တိုး​ဖြစ်​ပြီး အခု​စာအုပ်​အသစ် ဘား​ကုတ်​နဲ့ လက်​ဝယ်​ပြန်​ရ​ပြီ​မို့ ကွ​ျန်တော်​ကြုံ​ခဲ့​ရ​တဲ့ သက်​တမ်း​တိုး​တုန်း​က အခက်​အခဲ​တွေ၊ ဘယ်​သူ့​မှ​မေး​လို့​မ​ရ​တဲ့ အဆင့်​တွေ​ကို ဘ​လော့ဂ်​မှာ ပြန်​ရေး​ဖြစ်​ပါ​တယ်။ ပြည်​တွင်း​မှာ စာအုပ်​အသစ်​သက်​တမ်း​တိုး​ဖို့ စဉ်းစား​နေ​သူ​များ လွယ်ကူ အဆင်​ပြေ​အောင်​ပါ။ မ​လို​သေး​လဲ ကွ​ျန်တော်​့​ဘ​လော့ဂ်​မှာ ရေး​ဖူး​တာ စိတ်​ထဲ​မှတ်ထား​ပြီး လို​တဲ့ အချိန် ပ​ရင့်​စာ​ရွက်​ထုတ်​ပြီး သွား​လုပ်​နိုင်​ပါ​တယ်။

1 ~ ပထမ​ဆုံး ပတ်​စ​ပို့​စာအုပ် သက်​တမ်း​တိုး​တော့​မယ်​ဆို​ရင် ကိုယ့်​စာအုပ်​ဖတ်​ပြီး တွက်​ကြည့်ပါ နိုင်ငံ​ခြား​မှာ ၃ လ​အထက်​နေ​ခဲ့​တယ်​ဆို အခွန်​ေ​ငွ​ဆောင်​ဖို့ လို​ပါ​တယ်။ အလည်​ပဲ​နေ​နေ၊ ပျော်​လို့​နေ​နေ၊ အလုပ်​နဲ့​ပဲ​နေ​နေ ပေး​ကို ပေး​ရ​ပါ​တယ်။ သွား​ခဲ့​တဲ့ ခရီး​တွေ​က တစ်​ကြိမ်​ထဲ​နဲ့ ၃ လ​လောက်​မ​ကြာ​ခဲ့​ဘူး​ဆို​ရင် ဆောင်​စရာ​မ​လို​ပါ​ဘူး။

2 ~ အမှန်​တော့ စာအုပ်​သက်​တမ်း​တိုး​တယ် လို့​သာ​ဆို​တာ​ပါ တကယ်​လုပ်​ရ​တဲ့ အဆင့်​တွေ​က စာအုပ်​ပထမ​ဆုံး စ​လုပ်​တုန်း​က​အတိုင်း​ပဲ ပို​လာ​တာ အဲ​ဒီ အခွန်​ဆောင်​ရ​တာ​တွေ​ပါ​ပဲ။ ၃ လ​အထက်​နေ​ခဲ့​တယ်​ဆို​ရင် အခွန်​ဆောင်​ဖို့ အရင်​လုပ်​ရ​ပါ​မယ်။ အဲ​ဒါ​က ကိုယ့် သန်းခေါင်​စာရင်း​ရှိ​တဲ့ မြို့​နယ် အခွန်​ရုံး မှာ​ပဲ ဆောင်​လို့​ရ​ပါ​တယ်။ အခွန်​ရုံး​က​နေ ၃ လ​အထက်​ပို​နေ​ခဲ့​တဲ့ လ​တွေ​ကို တစ်​လ​ကို ဘယ်လောက်​ဆို​ပြီး တွက်​ပါ​တယ်။ ကွ​ျန်တော်​ကြ​တော့ စင်​ကာ​ပူ​မှာ ကျော်​ခဲ့​တာ​ဆို​တော့ စင်​ကာ​ပူ​ေ​ငွ​နဲ့ လ​တွေ​ပြန်​ဆောင်​ရ​ပါ​တယ်။ မြို့​နယ်​အခွန်​ရုံး​မှာ အလှူ​ေ​ငွ​ပေး​ပြီး​တဲ့​နောက် သူ​တို့ တွက်​ပေးလိုက်​တဲ့ စာ​ရွက်​နဲ့ ​ေ​ငွ​ပမာဏ​ကို နိုင်ငံ​ခြား​ကုန်သွယ်​မှု့​ဘဏ်​မှာ ​ေ​ငွ​သွား​သွင်း​ရ​ပါ​တယ်။

3 ~ ​ေ​ငွ​ကို မြို့​လယ် ဗဟို​တရားရုံး​ဘေး​က နိုင်ငံ​ခြား ကုန်သွယ်​မှု့​ဘဏ်​မှာ ဆောင်​ရ​ပါ​တယ်။ မြန်မာ​ေ​ငွ​နဲ့ ပြန်​တွက်​ပြီး​ဆောင်​ရ​ပါ​တယ်။ ​ေ​ငွ​ကို အပြင်​က​ပေါက်​စျေး​နဲ့ တိုက်ရိုက်​တွက်​ဆောင်​လို့ မ​ရ​ပါ​ဘူး။ အပြင်​ထက်​ပို​လဲ ပေး​ရသ​လို ဘဏ်​က​နေ ​ေ​ငွ​ဆောင်​ပေး​တဲ့ ဘဏ်​အကောင့်​ပိုင်​ရှင် ကို​လဲ ​ေ​ငွ​ပေး​ရ​ပါ​သေး​တယ်။ အဲ​ဒါ​က ​ေ​ငွ​သွင်း​ပြီး ဘာ​လက်မှတ်​မှ​လဲ မ​ရ​ပဲ ၂​၄ နာ​ရီကျော်​လောက်​စောင့်​ရ​ပါ​တယ်။ ြ​ပြီး​ရင်​ရ​လာ​တဲ့ ​ေ​ငွ​သွင်း​ပြီး​ကြောင်း စာ​ရွက်​တွေ​ကို မိတ္တူ​ဆွဲထား​ပြီး မြို့​နယ် အခွန်​ရုံး​ကို ပြန်သွား​ရ​ပါ​မယ်။

4 ~ အခွန်​ရုံး​မှာ ​ေ​ငွ​ဆောင်​ပြီး​ကြောင်း စာ​ရွက်​ထပ်​ထုတ်ပေး​လိုက်​ပြီး​တဲ့ နောက် အဲ​ဒီ​စာ​ရွက်​နဲ့ သက်ဆိုင်​ရာ မြို့​နယ်​မှာ​ပဲ မြန်​မာ့ စီးပွား​ရေး​ဘဏ်​ကို သွား​ရ​ပါ​တယ်။ အဲ​ဒီ​မှာ ​ေ​ငွ​သွင်းခဲ့​ပြီး​ကြောင်း​စာ​ရွက်​ပေးလိုက်​ရင် သူ​တို့​က တုံ​ကင်​စာ​ရွက်​ပြန်​ထုတ်ပေး​ပြီး ၅ ရက်​လောက်​နေ​မှ ပြန်လာ​ခိုင်း​ပါ​တယ်။ ၅ ရက်​လောက် အဲ​ဒီ​ေ​ငွ သွင်း​ပြီး​ကြောင်း​စာ​ရွက်​လေး​ကို စီးပွား​ရေး​ဘဏ်​တွေ အဆင့်​ဆင့် တင်​သွား​ပြီး အဆင့်​ဆင့်​ပြန်​ကျ​လာ​တဲ့ အခါ ပြန်သွား​ယူ​ပါ။ စာ​ရွက်​ကို မိတ္တူ​ဆွဲ​ပါ။

5 ~ ပြီး​တော့​မှ ပန်းဆိုး​တန်း​က ပတ်​စ​ပို့ ရုံး​မှ ဖောင်​စတင်​ဖို့ လုပ်​ရ​ပါ​မယ်။ အပေါ်​က အဆင့်​တွေ​က နိုင်ငံ​ခြား​မှာ ၃ လ​အောက်​ပဲ နေ​ခဲ့​တဲ့​သူ​တွေ လုပ်​စရာ​မ​လို​ပါ​ဘူး။ အခု အဆင့်​က​နေ စ​လုပ်​ရ​မှာ​ပါ။ တကယ်​တော့ ဒီ​အဆင့်​တွေ​အားလုံး​က ပထမ​ဆုံး ပတ်​စ​ပို့ စ​လုပ်​တုန်း​က အတိုင်း​ပဲ ဘာ​မှ လျော့​လုပ်​ရ​တာ​မ​ရှိ​ပဲ ​ေ​ငွ​ပို​ဆောင်​ရ​တာ​သာ ကွာ​ပါ​တယ်။ ပထမ​ဆုံး ​ေ​ငွ ၃​၀⁠၀​၀ စ​သွင်း​ပြီး ဓာတ်​ပုံ ရိုက်​ခံ​ပါ။ ရ​လာ​တဲ့ စာ​ရွက်​နဲ့ အိမ်​ပြန်​ပါ​လေ။ နောက်​နေ့​မှာ ပြန်လာ​ပြီး ဓာတ်​ပုံ​ရွေး​ပါ။

6 ~ ဓာတ်​ပုံ​ရ​ရင် ရုံး ဒုတိယ​ထပ်​မှာ ဖောင်​ဝယ်​ပါ။ ဖြည့်​ပါ​လေ။ ဖောင်​ဖြည့်​တယ်​ဆို​တာ စာအုပ်​စ​လုပ်​တုန်း​က ဖောင်​ပါ​ပဲ ဘာ​မှ​မ​အဆန်း​မဟုတ်​ပါ။ ပြီး​ရင် ရုံး​အောက်​ထပ်​က ဘဏ်​မှာ ​ေ​ငွ ၃​၀⁠၀​၀​၀/ ပေး​ဆောင်​ပါ။ အဝါ​ရောင် ဘဏ်​ဖြတ်​ပိုင်း​ပေး​ပါ​မယ် ပြီး​ရင် အပေါ် တတိယ​ထပ်​မှာ နိုင်ငံ​ခြား​မှာ ၃ လကျော်​နေ​ခဲ့​သလား ​ေ​ငွ​ဆောင်​ဖို့ ကျန်​မ​ကျန် စစ်​တဲ့ နေရာ​ကို သွား​ရ​ပါ​မယ်။ ဒီ​နေရာ​မှာ အပေါ်​က ကွ​ျန်တော်​လို ဆောင်​မ​ထား​တဲ့​သူ​တွေ အပေါ်​က​အဆင့်​တွေ ပြန်​လုပ်​ရ​ပါ​မယ်။ နားလည်​မှု​တွေ​နဲ့ ညှိ​လုပ်​လို့​မ​ရ​ပါ​ဘူး။ ကွ​ျန်တော်​ကို​တိုင်​လဲ ဒီ​အဆင့်​အရင်​လုပ်​မိ​လို့ ​ေ​ငွ​ပြန်​ဆောင်​ရ​ပါ​တယ်။ တကယ်​လို့ ဆောင်​ပြီး​ပြီ​ဆို​ရင် တစ်​ဆင့်​ပြီး​သွား​ပါ​ပြီ။

7 ~ နောက်​ကတော့ အရင်​ကုန်​သွား​တဲ့ ပတ်​စ​ပို့​စာအုပ်​ကို တစ်​အုပ်လုံး မိတ္တူ ၂ စုံ ကူး​ပါ​ပြီး​ရင် တတိယ​ထပ်​က ဖောင်​စီ​တဲ့ နေရာ​မှာ ဖောင်​သွား​စီ​ပါ။ အဲ​ဒီ​မှာ စာအုပ်​အဟောင်း​ကို စာ​အိပ်​ထဲ​ထည့်​ချုပ်​ပြီး သိမ်း​ပါ​လိမ့်​မယ်။ ဓာတ်​ပုံ​တွေ​လဲ ကပ်​ပြီး ဖောင်​လဲ ဖြည့်​တာ​အကုန်​မှန်​ပြီ​ဆို တွဲ​ပေး​ထား​တဲ့ ဖောင်​တွေ​ကို ရုံး​အောက်​ဆုံး မြေ​ညီ​ထပ်​မှာ သွား​တင်​ပါ။ သူ​က မနက်​အစော​တင်ရင် နေ့​လည် ၁​၂ လောက်​ချိန်း​ပါ​တယ်။ ၁​၂ လောက်​မှာ ရုံး​အပေါ်​ဆုံး​ထပ် ၄ ထပ်​မှာ တုံ​ကင်​ယူ​ဖို့ အတွက် ကိုယ့်​နာမည်ခေါ်​တဲ့ အထိ​စောင့်​ပါ။ ရ​ပြီ​ဆို တုံ​ကင်​ရယ် လက်​ကျန်​ဖောင်​တွေ​နဲ့ အောက်​ဖက် တတိယ​ထပ်​မှာ လူ​ရှင်း​တဲ့ ကောင်​တာ​မှာ တင်​ပါ။ သူ​များ​တင်​တဲ့ ကောင်​တာ​လိုက်​တင်ရင် အချိန်​ကြာ​ပါ​တယ်။ ကောင်​တာ​တင်ရင်​သူ​က မှတ်ပုံတင်​မူရင်း၊ သန်းခေါင်​စာရင်း မူရင်း​နဲ့ စစ်​ပါ​တယ်။ ပြီး​ရင်​လက်ခံ​ထား​ရင် နောက် ၂ နာရီ​လောက် နာမည်ခေါ်​တဲ့ အထိ​စောင့်​ပါ။

8 ~ နာမည်ခေါ်​ပြီ​ဆို ကောင်​တာ​မှာ digital လက်​ဗွေ​နှိပ်စက်​မှာ လက်​ဗွေ​ပေး​ပါ။ Digital pen နဲ့ လက်မှတ်ထိုး​ပါ။ ပြီး​ရင် သူ​က ​ေ​ငွ​ကြေး​တစ်​စုံ​တစ်​ရာ​ပေး​ရန်​မ​လို​ဆို​တဲ့ ဆိုင်း​ဘုတ်​အောက်​က​နေ လူ​တိုင်း​ကို တစ်​ထောင်​စီ​တောင်း​ပါ​လိမ့်​မယ်။ ပေး​ပါ​ပြီး​ရင် စ​လစ်ခေါ် ကိုယ့်​ဓာတ်​ပုံ​နဲ့ အဖြူ​ရောင် ပ​ရင်​တာ​ထွက် စာ​ရွက်​လေး​ပေး​ပါ​မယ်။ နာမည်​တွေ အထီး အမ​တွေ မှတ်ပုံတင် စာအုပ်​အဟောင်း အဖေ နာမည်​တွေ မှန်​မ​မှန်​စစ်​ပါ။ မှား​ပြီး ထုတ်ပေး​တတ်​ပါ​တယ်။ မ​မှန်​ရင် ချက်ချင်း​ပြော​ပါ။ မှန်​ရင်​တော့ ယူ​ပြီး သိမ်းထား​ပါ။ အဲ​ဒီ​နေ့ အဖို့ ပြီး​ပါ​ပြီ။ အဲ​ဒီ​စာ​ရွက်​ကိုင်​ပြီး ၃ ပတ်​လောက် စောင့်​ရ​ပါ​မယ်။ ကြား​ထဲ​မှာ အောက်​က​အဆင့်​တွေ လုပ်​ထား​ပါ။

၉  ~ နောက်​တစ်​ခေါက်​ကတော့ အဲ​ဒီ စ​လစ်ခေါ် စာ​ရွက်​ကိုင်​ပြီး သန်းခေါင်​စာရင်း​ရှိ​ရာ မြို့​နယ် အခွန်​ရုံး​မှာ အခွန်​မှုး​နဲ့ တွေ့​ပါ။ ပြီး​ရင်​ထုတ်ပေး​မယ် ပုံစံ ၁​၇ စာ​ရွက်​ယူ​ပါ။ ပုံစံ ၁​၇ စာ​ရွက်​သက်​တမ်း​က ၂ လသာ​ခံ​ပါ​တယ်။ နောက် သန်းခေါင်​စာရင်း​ရှိ​ရာ ရက်​ကွက်​က လူကြီး​ဆီ​မှာ နေထိုင်​ကြောင်း လက်မှတ်​စာ​ရွက်​ယူ​ပါ။

၁​၀ ~ ပြီး​ရင်​တော့ ပန်းဆိုး​တန်း​က ပုံစံ ၁​၉ ရုံး​မှာ ပုံစံ ၁​၇ ကိုင်​ပြီး စာ​ရွက်​တွေ​ဖြည့်​ပါ။ နောက် အထဲ​က ဘဏ်​မှာ ​ေ​ငွ​သွင်း​ပါ။ ပြီး​ရင် နာမည်ခေါ်​ရင် ထ​ပြီး​စာ​ရွက်​ယူ​ပါ။ ပုံစံ ၁​၉ ထုတ်ပေး​ပါ​လိမ့်​မယ်။ ပုံစံ ၁​၉ က သက်​တမ်း ၆ လ​ခံ​ပါ​တယ်။ အဲ​ဒီ ၁​၉ စာ​ရွက်ရ​ပြီ​ဆို​ရင် စ​လစ်​စာ​ရွက်​နဲ့ အတူတူ​ကိုင်​ပြီး ပန်းဆိုး​တန်း ပတ်​စ​ပို့​ရုံး အောက်​ဆုံး​ထပ် လှေကား​ဘေး​က စာအုပ်​ထုတ်ပေး​တဲ့ နေရာ​မှာ သွား​ပေးလိုက်​ရင် ပတ်​စ​ပို့စ် စာအုပ် အသစ်စက်စက် ဘား​ကုတ် ဒီ​ဂျစ်​တယ်​စနစ်​ပါ​ပြီး​သား တစ်​ခု​ကို လက်​ဝယ်​ရ​ရှိ​မှာ ဖြစ်​ကြောင်း သတင်းကောင်း​ပါး​အပ်​ပါ​တယ်။

စာအုပ်​သက်​တမ်း​တိုး​တော့ မယ်​ဆို​ရင် အကြံပေး​ချင်​တာ​က ပိုက်ဆံ အကြွေ​များ⁠များ​ဆောင်​ထား​ပါ။ မိတ္တူ​ဖိုး အပြင် ဖောင်​ဖိုး​စ​တာ​တွေ ပေး​ရ​တဲ့ အခါ အကြွေ​လို​ပါ​တယ်။ ပို​ပေး​ရင် ပြန်​မ​အမ်း​ပါ။ နောက် ပတ်​စ​ပို့​ရုံး​က လွယ်အိတ်​တွေ မ​ပြော​နဲ့ ကွ​ျတ်​ကွ​ျတ်​အိပ်​တောင် ဆိုဒ်​ကြီး​ရင် ပေး​မ​သယ်​ခိုင်း​ပါ​ဘူး။ ဖြစ်​နိုင်​ရင် ဖိုင်​အကြည်​ကိုင်​သွား​ပါ။ ကုန်ကျ​စာရိတ်​အားလုံး​က တွက်​ကြည့်​ရင် နိုင်ငံ​ခြား​မှာ ဆောင်​တာ​ထက် ပိုက်​သက်သာ​ပေ​မယ့် ၁ လ​လောက်​ကြာ​တာ​ကတော့ ဆိုး​ပါ​တယ်။

ဒီ​နေ့​လို့ ဒီ​ဂျစ်​တယ်​ခေတ်​မှာ ဘာ​မဟုတ်​တဲ့ ကြိုး​နီ​စနစ်​က အချိန်​ကြာ​ပါ​တယ်။ လုပ်​ခဲ့​ရ​တဲ့ အထဲ စိတ်ပျက်​တာ​ကတော့ နိုင်ငံ​ခြား​ဘဏ်​မှာ ​ေ​ငွ​သွင်း​ရ​တာ​ပါ။ ကွ​ျန်တော်​က အစ​က​တည်း ပွဲစား​တွေ ကြည့်​မ​ရ​သူ​မို့ ကိုယ့်​ဖာ​သာ လုပ်​ပေ​မယ့် အဲ​ဒီ​မှာ ပွဲစား​မ​ပါ​လို့ မ​ရ​တော့​တဲ့ အခြေအနေ​ဖြစ်​သွား​တယ်။ နောက်ဆုံး အမေ မန်နေဂျာ​နဲ့ တွေ့​လိုက်​တော့​မှ အဆင်​ပြေ​သွား​တယ်။ ​ေ​ငွ​ဆောင်​တဲ့ နေရာ​မှာ အဲ​ဒီ ဘဏ်​မှာ ဆောင်​ခိုင်း​တာ ဘာ​သဘော​လဲ နား​မ​လည်​ပါ ဘဏ်​အကောင့်​ရှိ​တဲ့​သူ​လိုက်​ရှာ​ရ​တာ အဆိုး​ဆုံး​ပဲ။ အဆင်​မ​ပြေ​အောင်​များ စနစ်​တ​ကျ လုပ်​ထား​လေ​ရော့​သလား​ပဲ။ ပွဲစား​တွေ ဂွင်​ကောင်း​နေ​တော့​တာ​ပဲ။ အကြံပေး​ချင်​ပါ​တယ် ပြည်​တွင်း​မှာ​လုပ်​မယ်​ဆု​ိ ကိုယ့်​ဖာ​သာ​လုပ်​ပါ။ ဘာ​မှ​မ​ခက်​သ​လို ဘယ်​သူ​မှ​လဲ မ​ရစ်​ပါ​ဘူး။ ​ေ​ငွ​အပို​ပေး​ဖို့​လဲ မ​လို​ပါ မြို့​နယ် အခွန်​ရုံး​နဲ့ စ​လစ်​ထုတ်​တဲ့ နေရာ​က​လွဲ ရင်​ပေါ့​လေ။ ဘာ​ပဲ​ပြော​ပြော စာအုပ်​လက်​ထဲ​မှာ အသစ်​လေး​ရောက်လာ​တာ ဝမ်းသာ​ရ​တယ်။ စလုံး​က အရင် company ကော နောက်​အသစ် အချို့​ကော​ကွ​ျန်တော်​့ portfolio က​နေ​တစ်​ဆင့် စာပို့​ပြီး အလုပ်​ခန့်​ဖို့​ပြော​ပေ​မယ့် လောလောဆယ် အမေ​နား​ပဲ နေ​ချင်​သေး​တာ​ကြောင့် ပြည်​တွင်း​က​နေ​ပဲ ဘ​လော့ဂ်​ဖြစ်​နေ​ဦး​မှာ​ပါ။ ကျေးဇူး​ပါ။

Credit ~ Passport photo from Shwedarling

Related Posts

Burmese Tour Guide Kid Speaking 4 Languages

Lion ~ First Well Known OS Comes with Myanmar Unicode

3rd Anniversary Of Nargis Cyclone

Origin Of Arakanese and Burmese Scripts

Trip To Arakan, Sittwe & Myauk Oo

Applying Myanmar CDMA EVDO Internet

YGN Utd VS Zayar Shwe Myay FC Match

Amazing Stunts and Tricks by Aung Zaw Oo
တစ်နေ့က ဆိုဒ်တစ်ခုမှာ Stunt ဗီဒီယို တစ်ခုကြည့်ဖြစ်ပါတယ်။ နာမည်ကြီး ဘလော့ဂ်လို့ပြောလို့ရတယ် အဲဒီမှာ မြန်မာနာမည်တွေ့လို့ စိတ်ဝင်စားသွားတာပါ။ အောင်ဇော်ဦး (Aung Zaw Oo AKO) လို့ခေါ်တဲ့ သူတစ်ယောက်လုပ်ပြသွားတာ တွေ့ပါတယ်။ တကယ်ကို စတန့်တွေ ကွျမ်းကွျမ်းကျင်ကျင် လုပ်ပြသွားပါတယ်။ ကွျန်တော်ကတော့ အမေရိကန်ကပါ အမေရိကတစ်ယောက် မြန်မာတစ်ယောက်လို့ ယူဆပါတယ်။

<object width="460" height="283"><param name="movie" value="http://www.youtube.com/v/7kTOZxTsOFk?fs=1&hl=en_US"></param><param name="allowFullScreen" value="true"></param><param name="allowscriptaccess" value="always"></param><embed src="http://www.youtube.com/v/7kTOZxTsOFk?fs=1&hl=en_US" type="application/x-shockwave-flash" allowscriptaccess="always" allowfullscreen="true" width="460" height="283"></embed></object>

စတန့်တွေမှာ နံရံကန်ပြီး ဂွျမ်းပစ်တာတွေ နံရံကန်ပြီးပြေးတာတွေ ဓားသိုင်း၊ တုတ်သိုင်းပြတာတွေ ကောအစုံပါပဲ။ ကြိုက်တာပြောရရင် အံစာတုံး သုံးတုံးကို ခွက်နဲ့ ခေါက်ပြီး နောက်ဆုံးဖွင့်လိုက်တဲ့ အချိန် ၃ တုံးလုံး ထပ်ပြီးသားဖြစ်သွားတာ အရမ်းသဘောကျတယ် နောက် စကိတ်နဲ့ လုပ်တဲ့ စတန့်တွေ ကြိုက်တယ်။ တကယ့် ပရိုတစ်ယောက်ပဲဆိုပြီး FAQ ဗီဒီယိုပါ သူ့ YouTube channel မှာတွေ့လို့ ကြည့်တော့မှ သူက စတန့် လုပ်တာနဲ့ အသက်မွေးနေတာမဟုတ်ပဲ ဂိမ်း 3D animator တစ်ယောက် ဖြစ်နေတာပါသိရပါတယ်။

<object width="460" height="283"><param name="movie" value="http://www.youtube.com/v/WxEAjO8M-Z8?fs=1&hl=en_US"></param><param name="allowFullScreen" value="true"></param><param name="allowscriptaccess" value="always"></param><embed src="http://www.youtube.com/v/WxEAjO8M-Z8?fs=1&hl=en_US" type="application/x-shockwave-flash" allowscriptaccess="always" allowfullscreen="true" width="460" height="283"></embed></object>

သူက Uber ဆိုတဲ့ ဂိမ်း studio မှာ အလုပ်လုပ်တယ်လို့ပြောပါတယ်။ လက်ရှိ Monday Night Combat ဆိုတဲ့ Xbox ဂိမ်းလုပ်နေတယ် ပြောပါတယ်။ သူ့ရဲ့ အပြင်ဘ၀က စတန့်တွေက ဂိမ်းလုပ်ဖို့အတွက် inspiration ယူတယ်ပြောတယ်။ အားလပ်ချိန်တွေမှာ အဲဒီ စတန့်တွေ လေ့ကျင့်တယ်လို့လဲ ဆိုပါတယ်။ စတန့်တွေကို မကြည့်ဖူးသေးရင် ကြည့်ကြည့်ပါ တကယ် အံ့ဩဖို့ကောင်းပါတယ်။ နိင်ငံခြားက ဆိုဒ်တွေလဲ ညွှန်းကြတာတွေ့ရပါတယ်။ YouTube က ဗီဒီယိုတွေဆို ကြည့်တဲ့ အရေအတွက် ၁ သိန်းကျော်တွေ ကြည့်ပါပဲ။ အဲဒီမှာ Stunt Tutorial တွေတောင်တင်ထားပေးသေးတာမို့ စိတ်ပါဝင်စားရင် ကျိတ်ပြီးကျင့်လို့ ရပါတယ်။ တစ်ခုခုဖြစ်ရင်တော့ ကွျန်တော် တာဝန်မယူပါဘူး   လောလောဆယ်တော့ သူရဲ့ 2010 Showreel တင်ထားလိုက်တယ်။ စိတ်ဝင်စားရင် နောက်ထပ်အများကြီး သူ့ Channel မှာ ကြည့်လို့ရသေးတယ်လို့ ညွှန်းချင်ပါရဲ့။ ဂုဏ်ယူပါတယ် ကိုအောင်ဇော်ဦး အားပေးနေပါတယ်။

This Article is written by using Unicode font.

Related Posts

Burmese Tour Guide Kid Speaking 4 Languages

Explosion At A Warehouse in Yangon, Myanmar

Chinese Street Hawker from Yangon Downtown

A Visit to Myanmar TV Program Shooting

Veteran Foley Artist

MOVE

Split Screen ~ A Love Story