InLay Lake ~ Where Beautiful Sunset Exist

Beautiful Sunset @ InLe Lake

မနေ့က တင်ခဲ့တဲ့ အင်းလေး (InLe Lake) က ဓာတ်ပုံတွေ ရဲ့ အဆက်ကို ဒီနေ့ မနက်အစောကြီးနိုးနေလို့ တင်လိုက်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကို Zip မနေ့က ကွန်မန့်ပေးထားလို့ Camera setting တွေနဲ့ ကျွန်တော့် အယူအဆ ကိုပါ ဆရာ မဟုတ်ပေမယ့် ထည့်ရေးထားလိုက်ပါတယ်။ အမှန်တော့ ကျွန်တော်လဲ ကင်မရာဝယ်ထားတာ ၄ လလောက်သာ ရှိသေးပြီး self-study ကို Popular Photography, Guardian တွေက ဓာတ်ပုံ ဆရာတွေ အယူအဆ setting တွေကို လေ့လာရင်း လေ့ကျင့်နေတာပါ။

Read the rest of this entry »

InLay Lake ~ Beautiful Lake Surrounded By Mountain

InLay Lake Pagoda

အင်းလေး (Inle Lake) ကန်ဆိုတာ တောင်တွေ ပတ်လည်ဝိုင်းနေတဲ့ ရေကန်ကြီး တစ်ကန်ဆိုတာ လူတိုင်းသိကြမှာပါ။ ဒီကန်က မြန်မာနိုင်ငံမှာ ဒုတိယမြောက် အကြီးဆုံးရေကန် တစ်ခုဖြစ်ပြီး ရေချိုကန်လဲဖြစ်ပါတယ်။ မြန်မာနိုင်ငံကို လျှပ်စစ်ဓာတ်အားပေးနေတဲ့ ဘီလူးချောင်း (ရေအားလျှပ်စစ်) ဆိုတာကလဲ ဒီကန်ကနေ စီဆင်းလာတဲ့ ရေကို အသုံးပြုထားတာပါ။ ဒီလို မြန်မာတင်မကပဲ ကမ္ဘာမှာပါ နာမည်ကြီးကျော်ကြားတဲ့ ရေကန်ကြီးကို လွန်ခဲ့တဲ့ ၁ ပတ်ကျော်လောက်က တောင်ကြီးမြို့က မိတ်ဆွေတွေ ကောင်းမှုနဲ့ ပထမဆုံးအကြိမ် အလည်ရောက်ဖြစ်ခဲ့ပါတယ်။

Read the rest of this entry »

Aung San Su Kyi Speech @ NLD Headquarter

Aung San Su Kyi Speaks @ NLD Headquarter

ဒီနေ့ November 14 ရက်နေ့မှာ ရွှေဂုံတိုင် မှာရှိတဲ့ National League for Democracy (NLD) HQ မှာ Daw Aung San Su Kyi ၁၂ နာရီမှာ ပြည်သူတွေကို မိန့်ခွန်းပြောကြား မယ့်ပွဲကို အရောက် သွားဖြစ်ပါတယ်။ မနေ့ညက ကိုဘို ကဖုန်းဆက်ခေါ်လို့ ရောက်ဖြစ်တာလဲ ပါပါတယ်။ ဒီရက်ပိုင်း personal ကိစ္စတွေကြောင့် အင်တာနက်လဲ လုံးဝ မသုံးဖြစ်တာရယ်ကြောင့် ဘာမှမသိပဲ ညမှသိလို့ camera, batteries, memory cards တွေ ready ပြင်ပြီး သွားဖြစ်တာပါ။

Read the rest of this entry »

2010 Myanmar Election News (Update)

Myanmar (Burma) 7 November 2010 Election Day

ဒီနေ့ 7 ရက်နေ့ 2010 Election Day မှာ ကျွန်တော် မနက် ၁၁ နာရီလောက်မှာ အိမ်နားက မဲရုံ အမှတ် ၄ မှာ မဲပေးခဲ့ပါတယ်။ ညနေဘက် ၄ နာရီ မဲရုံ ပိတ်ချိန်မှာတော့ ကျွန်တော် ပြည်သူတစ်ယောက် အနေနဲ့ သွားပြီး လေ့လာစောင့်ကြည့်ဖြစ်ပါတယ်။ ရုံကတော့ မင်္ဂလာတောင်ညွန့် မဲရုံ အမှတ် ၄ မှာ ဖြစ်ပါတယ်။ ရုံကို ၄ နာရီ အတိမှာ ပိတ်ပါတယ် ပြီးတဲ့ နောက် ကျွန်တော် ရယ် ကိုပြည့်ဖြိုး ရယ်က ပြည်သူအနေနဲ့ နောက် ဒီမိုကရတ်တစ်ပါတီက တစ်ယောက်၊ ကြံဖွံ့ပါတီက ၃ ယောက် လေ့လာစောင့်ကြည့်ကြပါတယ်။

Read the rest of this entry »

Trip To Ancient City Bagan

Traditional Lacquerware Workshop @ Bagan

လွန်ခဲ့တဲ့ ၃ ရက်က ရန်ကုန် ကနေ ပုံဂံ (Bagan, Pagan) ကို ဘာမှ အစီအစဉ်မရှိပဲ ရုတ်တရတ် ခရီးထွက်ဖြစ်ပါတယ်။ အစီအစဉ်မရှိပဲ ဓာတ်ပုံရိုက်ရမယ့် အလုပ်ဖြစ်လာလို့ပါ… Data အတွက် လိုတဲ့ ပုံတွေ ရိုက်ဖို့ company က လူကြီးတွေလဲ ပုဂံမှာ ရှိနေတာမို့ စနေနေ့ ညနေမှ စသိပြီး တနင်္ဂနွေမှာပဲ ခရီးစထွက်ဖြစ်ပါတယ်။ ပုဂံ ကို ရောက်ဖူားကလဲ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ငယ်ငယ်က ရောက်ဖူးတာဆိုတော့ သွားတော့ နေရာတိုင်းက အသစ်ပြန်ဖြစ်သွားတယ်…

Read the rest of this entry »

Diary Of Me (14/9/10)

Myanmar Blogger Society logo

ဘလော့ဂ်မရေးဖြစ်တာ တော်တော်ကြာသွားပါတယ် ကြားထဲမှာ အနှီ အင်တာနက်က ကျွန်တော်ဆိုဒ်ဘန်းထားတော့ စာရေးရတာ အရင်လို မလွယ်တော့ဘူး အဲဒါကြောင့် ရယ် အခြား အလုပ်တွေလဲ ရှိနေလို့ပါ။ အခုတောင် သူငယ်ချင်းတစ်ယောက် ကူညီလို့ ဘလော့ဂ်ပြန်ဝင်လို့ ရနေတာပါ။ ကျေးဇူးတင်ပါတယ်။ ဒီရက်ပိုင်းတော့ Myanmar Blogger Society (MBS) ကနေ လုပ်တဲ့ Etiquettes & Technics 2010 ဆိုတဲ့ ၂ ရက်လုပ်တဲ့ ဆီမင်နာ လုပ်ဖြစ်ပါတယ်။

Read the rest of this entry »

Snakes Becoming Domestic Pets in Myanmar

Snakes

မြို့ထဲမှာ အခုနောက်ပိုင်း ပုံမှာ ပါသလို မြွေတွေ ရောင်းတာပါတွေ့လာရတယ်။ အရင်က ရွှေငါးတွေ အထုပ်လေးတွေနဲ့ ရောင်းတာမျိုးတွေ့ဖူးတာ။ အခုတော့ မြွေပေါက်လေးတွေပါ ရောင်းလာကြတယ်။ အဆိပ် မရှိဘူးတဲ့ခင်ဗျ။ အဲဒီ မြွေပေါက်လေးတွေကို နွားနို့တိုက်ပေးရင် ရဆိုပဲ။

Read the rest of this entry »

Invitation For Upcoming BarCamp Yangon Meeting

BarCamp Yangon 2011

BarCamp Yangon 2011
အတွက် Organizer Team ဖွဲ့စည်းဖို့ အတွက် Meeting ကို အခုလာမယ့် ၂၀ ရက်နေ့မှာ Info-Tech ထဲမှာ လုပ်ဖို့ ရှိပါတယ်။ Meeting ကို မည်သူမဆို 2011 အတွက် Organized လုပ်ပေးနိုင်မယ့်သူများ တက်ရောက်နိုင်ပါတယ်။ အခန်း ၂၀၅ မှာ လုပ်မှာပါ။ ဖိတ်စာကတော့ ရက်ကပ်နေပြီ ဖြစ်တာမို့ ဂျာနယ်တွေထဲလဲ ပါဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ဘလော့ဂ်ကနေ အသိပေးလိုက်ရပါတယ်။ ဖိတ်စာက အောက်ပါအတိုင်းဖြစ်ပါတယ်။

Read the rest of this entry »

13th Anniversary PhotoCity ~ Photo Exhibition

Photo City

ဒီနေ့ 7 ရက်နေ့မှာ ယောက်လမ်းမှာ ရှိတဲ့ Gallery 65 မှာ လုပ်တဲ့ PhotoCity ရဲ့ ဓာတ်ပုံပြပွဲ ရောက်ဖြစ်ပါတယ်။ ဒီပွဲက မြန်မာနိုင်ငံမှာ လူသိများ ထင်ရှားတဲ့ ဓာတ်ပုံ ဆရာကြီးတွေ စုလုပ်တဲ့ပွဲမို့ ကြုံခဲတယ်လို့ ပြောလို့ရပါတယ်။ ဒီပွဲမှာ ကျွန်တော့် ဆရာပုံလဲပါတာမို့ ဆရာနဲ့ ကပ်ပြီး မနက်အစော ဖွင့်ပွဲကတည်းက ရောက်ဖြစ်ပါတယ်။ အဲဒီက ကော်ဖီ၊ ဒိုးနတ်ကျွေးတယ် နောက် အဲဒီမှာ နာမည်ကြီး ဓာတ်ပုံဆရာတွေ ဓာတ်ပုံ အသင်းက နာယကကြီးတွေနဲ့ တွေ့ခဲ့ရပါတယ်။ နောက် ဓာတ်ပုံတွေ ပတ်ကြည့်ဖြစ်ပါတယ်။ ဖွင့်ပွဲမို့ထင်တယ် လူအပြင်မှာကို အများကြီးပါပဲ။

Read the rest of this entry »

Ornagai iPhone Dictionary App Give Away!!

Ornagai iPhone Dictionary App Icon

Ornagai ဆိုတာ English – Myanmar Dictionary တစ်ခုပါ။ အဲဒီ Ornagai ကို အရင်လို Web ပေါ်မှာတင်မဟုတ်ပဲ အခု iPhone App အနေနဲ့ပါ App Store မှာ ရနေပါပြီ။ ဒီ iPhone App က ကိုစေတန်ဂေါ့ develop လုပ်ထားတာပါ။ Apple App Store မှာ 0.99$ နဲ့ ရောင်းပါတယ်။ ဖုန်းထဲမှာ English Myanmar Dictionary တစ်ခုအနေနဲ့ ထည့်လို့ရပါပြီ။ Ornagai App ထဲမှာ မြန်မာစာလဲ ပေါ်ပါမယ် jailbreak လုပ်စရာမလိုပါဘူး။ iPad ပေါ်မှာလဲ ကောင်းကောင်း အလုပ်လုပ်ပါတယ်။

Read the rest of this entry »