1 Aug, 2010

မြန်မာစာ လက်ကွက်ပါတဲ့ Laptop တွေ ဈေးကွက်ထဲ ရောက်လာနေပြီ ဆိုတာ နှစ်စလောက် ကတည်းက သတင်းတွေမှာ ဖတ်ရတယ်။ တစ်ခါမှတော့ မမြင်ဖူးသေးဘူး။ ပြီးခဲ့တဲ့ အပတ်ကတော့ တိုက်တိုက်ဆိုင်ဆိုင် ကွန်ပျူတာ ဆိုင်ထဲမှာတွေ့တာနဲ့ ဓာတ်ပုံရိုက်ထားလိုက်တယ်။ မှတ်တမ်းသဘောမျိုးပေါ့။ နိုင်ငံခြားက မိတ်ဆွေတွေလဲ ပြည်တွင်းမှာ လှမ်းမှာလို့ရတယ်နော်
ဘယ် brand လဲတော့မမေးနဲ့ ဘယ်ကရှိရမှာလဲ Hasee ဆိုတဲ့ တံဆိပ်ရယ် Suzuki ဆိုတာရယ်ပေါ့ Hasee ဆိုတာက ရွှေလီမှာ တင် စက်ရုံရှိတယ်။ ဒါကြောင့် မြန်မာလို ပါရိုက်ထုတ်ထားတာပါ။
Read the rest of this entry »
1 Jul, 2010

ဒီနေ့ 1 ရက်နေ့ မနက်အစောဘက်မှာ မြန်မာနိုင်ငံဓာတ်ပုံပညာရှင် အသင်းရုံးချုပ်မှာ လုပ်တဲ့ မိုးရာသီ ဈေးရောင်းပွဲတော်ကို သွားဖြစ်ပါတယ်။ ရုံးက ၃၅ လမ်းအောက်ဖက်၊ India သံရုံးနားမှာရှိတာပါ။ အဲဒီ ဘလောက်ရောက်တော့ ပထမထပ်ရုံးခန်း မတက်သေးဘဲ အနားတစ်ဝိုက်ခန်းမတွေမှာများ လုပ်သလားလို့ လိုက်ရှာနေသေးတယ်။ အမေက အဲဒီနားက အကိုတစ်ယောက်ကို မေးလိုက်တော့မှ အပေါ်ထပ်မှာဆိုတာ သိရတော့တယ်။ အမေ မေးလိုက်တဲ့ သူက ဘယ်သူလဲမှတ်တယ် ကိုမျက်လုံး ဖြစ်နေတာ။
Read the rest of this entry »
23 Jun, 2010

ပြီးခဲ့တဲ့ Sunday က ညနေဘက်မှာ စာသင်အပြီး မရည်ရွယ်ဘဲ တပ်မတော်ခန်းမက Sony Expo 2010 ကို ရောက်ဖြစ်ပါတယ်။ အဲဒီ ၂၀ ရက်နေ့က နောက်ဆုံးနေ့ပါ။ ညနေ ၄ ခွဲလောက်ရောက်သွားတယ် အထဲမှာ တပ်မတော်ခန်းမတစ်ခုလုံးကို Sony ကပဲ အပြတ်ငှားပြီးပွဲ လုပ်သွားတာပါ။ Sony products တွေကို မြန်မာနိုင်ငံ အတွက် TMW Enterprise က ကိုယ်စားလှယ်ယူထားတာပါ။ သူတို့ကပဲ လုပ်သွားခဲ့တာပါ.. ကြည့်ရတာကတော့ ပွဲကုန်ကျစားရိတ်တွေကို မူရင်း Sony Japan က ထုတ်ပေးပုံရပါတယ်။
Read the rest of this entry »
16 Apr, 2010

Photo Credit : Moemaka
ညနေကတည်းက ကြားရတဲ့ သတင်းက စိတ်ချမ်းသာစရာမရှိဘူး။ ရန်ကုန်မှာ ဗုံး ၂ လုံးပေါက်တယ် စကြားရတယ်။ နောက် ၃ လုံးလို့ ဖြစ်လာတယ်။ Death Toll က အစက ၇ ယောက် သေတယ်ကြားရတယ်။ အခုနောက်ဆုံးကတော့ လူ ၂၀၊ ၃၀ နီးပါးသေတယ်လို့ ကြားရပါတယ်။ ပြောစရာတော့ သိပ်မရှိတော့ဘူး ဒါမျိုးက လူလုပ်တာလဲ မဖြစ်နိုင်တော့ဘူး တိရိစ္ဆာန်ထက် မိုက်မဲတဲ့ ကောင်တွေပဲ လုပ်တာ။
Read the rest of this entry »
13 Apr, 2010

အခုပြီးသွားတဲ့ 11 ရက်နေ့ ညနေက Myanmar IT Pro.com Singapore Thin Gyan Gathering ကို သွားခဲ့ပါတယ်။ MyanmarITPro.com က members တွေ အများကြီးဆုံဖြစ်ကြပါတယ်။ ညနေ ၄ ခွဲလောက်ကနေ စလိုက်ကြတာ ည ၉ နာရီလောက်မှ သိမ်းဖြစ်တယ်။ စကားတွေ အများကြီး ပြောဖြစ်ကြတယ် မုန့်တွေ အများကြီး၊ အကင်တွေ အများကြီး စားဖြစ်ကြတယ်။ မယုံရင် အောက်ဖက်မှာ သက်သေပုံတွေ ရှိပါတယ် =P
Read the rest of this entry »
7 Apr, 2010

Google မှာ chart တစ်ခုတွေ့မိလို့ ပြန်တင်တာပါ ဘာမှမဟုတ်ပါဘူး မြန်မာနိုင်ငံ လူဦးရေ ကို အဲဒီမှာ ကြည့်လို့ရတယ်။ ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံမှာ 49,189,812 လောက်ရှိတယ်လို့ ဆိုပါတယ်။ Google က စာရင်းလုပ်ထားတာတော့ မဟုတ်ဘူး World Bank က စာရင်းလုပ်ထားတာ.. အဲဒီထဲမှာ ဆင်းရဲတဲ့သူ ဘယ်နှရာခိုင်နှုန်း၊ တစ်နေ့ မြန်မာငွေ ၁၀၀၀ အောက်ရတဲ့သူ ဘယ်နှရာခိုင်နှုန်းပါလဲပါပြရင် သိပ်ကောင်းမှာပဲ။
Read the rest of this entry »
1 Apr, 2010

ဒီနေ့က April 1 ရက်နေ့မှာ မြန်မာ community တစ်ခု ဖြစ်တဲ့ MysteryZillion ရဲ့ ၃ နှစ်မြောက် မွေးနေ့လဲ ဖြစ်ပါတယ်။ MysteryZillion ဆိုတာက နည်းပညာ သီးသန့် ဖိုရမ်တစ်ခုဖြစ်ပြီး ကိုစေတန်ဂေါ့ စပြီး တည်ထောင်ခဲ့တာပါ။ ဖိုရမ်က မြန်မာနည်းပညာ ဖိုရမ် တွေထဲမှာ လက်ချိုးရေလို့ရတဲ့ Active ဖြစ်တဲ့ အထဲက တစ်ခုပါ။ နည်းပညာအကြောင်း ဖတ်လို့ရသလို၊ အခက်အခဲတွေအတွက် မေးလို့လဲ ရနိုင်ပါတယ်။ နောက် community အနေနဲ့ open source projects တွေဖြစ်တဲ့ Ornagai Mobile Phone Dicitonary, MZ Edu လို ပရောဂျက်တွေလဲ ရှိပါတယ်။
Read the rest of this entry »
3 Feb, 2010

Twitter က လူသုံးများလာနေတဲ့ Micro Messaging, Micro Blogging Site တစ်ခုဆိုတာတော့ အားလုံးလဲ သိပြီးဖြစ်မှာပါ။ ကျွန်တော်တို့ ပြည်တွင်းမှာလဲ အရင် နှစ်တွေကထက်စာရင် အသုံးများလာနေပါတယ်.. ဒါပေမယ့် ဒီနှစ် အစ ဒုတိယ အပတ်လောက်မှာပဲ ISP က ban သွားပါတယ်။ ပြည်တွင်းက ပုံမှန် tweet တဲ့သူက ကျွန်တော်သိသလောက် မဘန်းခင် အချိန်တွေကတည်းက လူ ၃၀ တောင် မပြည့်ပါဘူး.. အဲဒီထဲကမှ Geolocation based tweet တဲ့သူဆို ပိုတောင်နည်းပါတယ်။
Read the rest of this entry »
9 Jan, 2010

မြန်မာပြည်ရဲ့ နာမည်ကျော် HtooTayZar.com blog ကြီးကို MTP (Bagan ISP) မှာ လွန်ခဲ့တဲ့ ၃ ရက်ခန့်က စပြီး home page template အသစ်ပြောင်းပေးလိုက်ပါပြီ။ အရင်လို Large Background တွေလဲ မရှိတော့ဘူး တက်တာလဲ အရမ်းမြန်ပါတယ်။ အပေါ်မှာ screenshot ပြထားပါတယ်။ ဘယ်လိုဖြစ်ပြီး အဲဒီလို page ကို ပြောင်းပေးလဲ မသိတော့ပါဘူး။
Read the rest of this entry »