Sneak Peek @ Canon 5D Mark III

canon 5D Mark III

ဒီရက်ပိုင်းမှာ CNet, Forbes တွေမှာတက်ခဲ့တဲ့ Canon ရဲ့ 5D Mark III prototype ပုံကိုကြည့်ပြီး သရေကျနေမိတယ်။ လက်ရှိနောက်ဆုံး 5D Mark II full frame dslr က ထုတ်ခဲ့တာတော်တော်ကြာနေပြီ။ ပြီးအမှန်အတိုင်းပြောတာ ကျွန်တော် 550D လောက်ကိုမကြိုက်တာ 5D ကော 5D mark II ကောပဲ အဆိုးဆုံးကတော့ shutter သံက အစနားထောင်လို့မကြိုက်ဘူး။ လက်ရှိမှာ ဒင်းက full frame ဆိုတာလေးနဲ့ အသက်ဆက်နေတာ auto focus point ကလဲ ၉ ပွိုင့်ပဲပါတယ် photojournalism မှာ အရေးပါတဲ့ fps ကလဲ မကောင်းဘူး။ ဆိုးတာက ဘော်ဒီဒီဇိုင်းက သိပ် လေးထောင့်ကျလွန်းတယ် လက်ထဲမှာ ကိုင်ဖို့ အချိုင့်မပါတဲ့ မျက်နှာပြင်ကြီးကို ညှပ်ပြီးကိုင်ရတဲ့ အတွက် အားစိုက်ရတယ်။ နောက် ဗီဒီယို ရိုက်ရင် 1080P တူတူပဲဆိုပေမယ့် သူ့မှာ ဗီဒီယိုအတွက် သီးသန့် ခလုတ်မပါဘူး။

Read the rest of this entry »

Cleaning Canon Wide Zoom’s Fungus

Canon EF 17-40 Lens

မနေ့က နေ့လည်တုန်းက ဘန်ကောက်က အက်ကာမိုင် ဘက်မှာ အလုပ်ကိစ္စလေးရှိလို့ သွားဖြစ်ပါတယ်.. နောက် အဲဒီက ထိုင်းဓာတ်ပုံဆရာကို ကျွန်တော့် လန်းစ်ထဲမှာ မိှုနဲနဲ စတွေ့ရလို့ ဆေးဖို့ နေရာမေးဖြစ်ပါတယ်။ အဲဒီမိှုက ဘန်ကောက် ရောက်မှ တက်တာ ခင်ဗျ အဓိကက ကင်မရာတစ်လုံးနဲ့ နေပူထဲလျောက်သွားပြီး လမ်းပေါ်မှာ ရိုက်လိုက် နောက် ပလာဇာ၊ ရှော့ပင်းမော တွေ့ရင် ဝင်လိုက်နဲ့ အရမ်းပြင်းတဲ့ အအေးနဲ့ အပူ တလှည့် ဆီတွေ့သွားတာ ပါပါတယ်။ ကောင်းတဲ့ အကျင့်လို့ ပြောရမလားပဲ အမြဲတမ်း လန်းကို မီးရောင်မှာ ထောင်ကြည့်တတ်တဲ့ အကျင့်ကြောင့် ညဘက်မှာ ချက်ချင်းသိလိုက်တယ်။ ဖြစ်တာက Canon EF 17-40 f/4 L USM လန်းစ်မှာ ဖြစ်တာပါ။

Read the rest of this entry »

High Speed Memory Card for DSLR HD Videography

SDHC, CF  Card for DSLR Camera

Canon 550D လေးဝယ်တုန်းက DSLR နဲ့ HD documentary, movie အတို ဗီဒီယိုလေးတွေ ရိုက်မယ် ဆိုတဲ့ ရည်ရွယ်ချက်လဲ ပါပါတယ်။ ဝယ်တုန်းက ဆိုင်မှာစမ်းပါတယ်။ အိမ်မှာလဲ အိုကေတယ်ပေါ့ တကယ်တမ်း outdoor တွေရိုက်တယ်နောက် လေးမိနစ် ငါးမိနစ်လောက်ကြာတဲ့ အပိုင်းတွေ ရိုက်တဲ့ အခါ error တစ်ခုလာပြပါတော့တယ်။

Read the rest of this entry »

DSLR Basics with Philip Bloom

Photo from http://philipbloom.net

DLSR နဲ့ ဗီဒီယို ရိုက်ရတာ ဝါသနာ ပါသူတွေအတွက်ကော ဒါမှမဟုတ် ကင်မရာအကြောင်း လေ့လာချင်တဲ့သူတွေ အတွက်ပါ Vimeo မှာ learning channel တစ်ခု အသစ်လုပ်ထားတာ ရှိပါတယ်။ Vimeo Video School လို့ခေါ်ပါတယ်။ အမှန်တော့ အသစ်မဟုတ်ပါဘူး ကြာတောင်ကြာပါပြီ။

Read the rest of this entry »

View Camera RAW files with Thumbnails on Windows

Microsoft Camera RAW Codec

Mac OS တွေ မှာ Camera ကထွက်တဲ့ RAW file တွေကို ဘာမှ ထည့်စရာမလိုပဲ default view, quick preview တွေ ကြည့်လို့ ရပေမယ့် Windows မှာတော့ ဒီအတိုင်းဆို မသိပါဘူး။ ကြည့်မယ်ဆို ACD See လို ဆော့ဝဲတွေ ထည့်ရပါတယ်။ အဲဒါတွေမထည့်ပဲ windows explorer ထဲမှာ တင် thumbnail နဲ့ မြင်ရချင်တယ် ဆိုရင်တော့ Microsoft ကထုတ်ပေးထားတဲ့ Microsoft Camera Codec Pack သွင်း ပေးဖို့ လိုပါတယ်။

Read the rest of this entry »

Create DIY Super Macro Lens

How to create SuperMacro lens (Как сделать СуперМакро объектив) from lozzless on Vimeo.

18 ~ 55 kit lens ကနေ ပြောင်းပြန်တပ်ပြီး marcro လုပ်ရိုက်လို့ ရတာ အရင်ကတည်းက tutorial တွေဖတ်ဖူးပါတယ်။ ဒီလိုမျိုး အသေးစိတ်ပြန်ဆင်တာမျိုးတော့ အခုမှ ပထမဆုံး တွေ့ဖူးပါတယ်။ motor တွေက အစ အကုန် ပြန်ဆင်ထားတာတွေရတယ်။ Kit lens ဆိုပေမယ့် ကွျန်တော်တို့ အတွက်တော့ စမ်းမကြည့်ရဲပါဘူး။ တော်ကြာ အလုပ်မလုပ်တော့မှ မဝိုက်နိုင်တော့ပဲ ဖြစ်နေမယ်။ DIY video ပါ ကြည့်လို့ ကောင်းပေမယ့် result photo မပြတာတော့ ဟာတာတာကြီး နဲ့ ပြီးသွားတယ်။

Canon 5D Mark II Brochure features In Lay Lake

Canon 5D Mark II Brochure

Canon ဆိုဒ်​မှာ lens တွေ ကင်​မ​ရာ​တွေ အကြောင်း​ဝင် ဖတ်​ရင်း​တွေ​မိ​တာ​လေး တင်​တာ​ပါ။ Canon 5D Mark II full frame camera ရဲ့ brochure မှာ အင်း​လေး​မှာ ရိုက်​ထား​တဲ့ ပုံ​တွေ့​မိ​လို့​ပါ။ ဘာ​မှ​တော့ မ​ထူးဆန်း​ပေ​မယ့် မြန်မာ​နိုင်ငံ​မှာ အင်း​လေး၊ ပုဂံ နဲ့ မန္တလေး မြို့​တွေ​ဟာ နိုင်ငံ​တကာ​က ကင်​မ​ရာ​သမား​တွေ ကြားမှာ နာမည်ကြီး​တာ သတိထား​မိ​ပါ​တယ်။ အခြား မြန်မာ​နိုင်ငံ​မှာ ရိုက်​စရာ သ​ဘာ​ဝ အလှ​တွေ အများ​ကြီး​ရှိ​သေး​ပေ​မယ့် သွား​ရေး​လာ​ရေး​ခက်ခဲ​လို့ သိပ်​မ​သိ​ကြ​သေး​တာ​များ​ပါ​တယ်။ ဖြစ်​နိုင်​မယ်​ဆို​ရင် မြိတ်​ဘက်​က ကွ​ျန်း​စု​တွေ သွား​ရိုက်​ချင်​နေ​ပါ​တယ်။ နောက် အရှေ့တောင် အာ​ရှ​ရဲ့ တစ်​ခု​တည်း​သော ရေခဲ​တောင် ခါ​ကာ​ဘို​ရာ​ဇီ လဲ ရှိ​သေး​တယ်။ အခု​ကတော့ အင်း​လေး​က​ပုံ​ပါ.. မ​ကြည့်​ရ​သေး​ရင် ကွ​ျန်တော်​ရိုက်​ထား​တဲ့ အင်းလေး ဓာတ်​ပုံ​တွေ​လဲ ကြည့်​လို့ ရ​ပါ​တယ်။

Canon Lens Production Videos

Canon-EF-Lens-Family

မနေ့က Canon DSLR Camera Lens တွေ​ထုတ်​တဲ့ အကြောင်း​ရိုက်​ထား​တဲ့ ဗီ​ဒီ​ယို ယူ​ကျူ့​မှာ ကြည့်​ဖြစ်​ပါ​တယ်။ အခု​ကတော့ ဘ​လော့ဂ်​မှာ ပြန်​တင်​ပြီး စု​ထား​လိုက်​တာ​ပါ။ မှန်​လုပ်​သွား​တာ​အရင်​က မ​မြင်​ဖူး​တော့ စိတ်ဝင်စား​ဖို့ ကောင်း​ပါ​တယ်။ အပူ​ပေး​ပြီး ပုံ​သွင်း⁠သွင်း​သွား​တာ စိတ်ဝင်စား​ဖို့ ကောင်း​ပါ​တယ်။ ထင်​မ​ထား​ဘူး ကင်​မ​ရာ​မှန်ဘီလူး​ကို စက်​နဲ့​လုပ်​တယ်​ထင်​နေ​တာ လူ​နဲ့ ဆင်​သွား​တာ​တွေ့​ရ​တယ်။

Read the rest of this entry »

Camera Discounts for Rainy Season

Myanmar Photography Association

ဒီနေ့ 1 ရက်နေ့ မနက်အစောဘက်မှာ မြန်မာနိုင်ငံဓာတ်ပုံပညာရှင် အသင်းရုံးချုပ်မှာ လုပ်တဲ့ မိုးရာသီ ဈေးရောင်းပွဲတော်ကို သွားဖြစ်ပါတယ်။ ရုံးက ၃၅ လမ်းအောက်ဖက်၊ India သံရုံးနားမှာရှိတာပါ။ အဲဒီ ဘလောက်ရောက်တော့ ပထမထပ်ရုံးခန်း မတက်သေးဘဲ အနားတစ်ဝိုက်ခန်းမတွေမှာများ လုပ်သလားလို့ လိုက်ရှာနေသေးတယ်။ အမေက အဲဒီနားက အကိုတစ်ယောက်ကို မေးလိုက်တော့မှ အပေါ်ထပ်မှာဆိုတာ သိရတော့တယ်။ အမေ မေးလိုက်တဲ့ သူက ဘယ်သူလဲမှတ်တယ် ကိုမျက်လုံး ဖြစ်နေတာ။


New Sony Ericsson C905 with 8.1 Mega Pixels Camera

Sony Ericsson

Sony Ericsson ကနေ သူ့ရဲ့ ပထမဆုံး 8.1 megapixels Cybershot ကင်မရာ ပါတဲ့ C905 (Code Name – Shiho) ဖုန်းကို Official Site မှာတရားဝင် ကြေငြာနေပါပြီ။ ဒီဖုန်းမှာ CyberShot ရဲ့ စွမ်းဆောင်ရည်တွေဖြစ်တဲ့ face detection, smart contrast, both a xenon flash and a photo flash တို့ပါဝင်ပါတယ်။ C905 ရဲ့ display က 2.4 A 2.4-inch QVGA TFT display ဖြစ်ပြီး scratch-resistant mineral glass သုံးထားပါတယ်။ Sony Ericsson C905 Cyber-shot မှာ built-in accelerometer for screen auto rotation, TV-out port, GPS, WiFi with DLNA support (always on Connection) လည်းပါဝင်ပါတယ်။ Memory အနေနဲ့ 2GB M2 card လည်းပါပါတယ်။ ဖုန်းဈေးနှုန်းတော့ မသိသေးပါဘူး။ ကျွန်တော်ကတော့ iPhone ၀ယ်မယ့် အစား C905 ကို ပိုလိုချင်မိတယ်။ ဘာလို့လည်းဆိုတော့ ဒီမှာ mobile phone Internet မရတော့ iPhone ရှိလည်း ဘာမှလုပ်လို့ မရဘူး ခင်ဗျ။ C905 ကမှ ကင်မရာနဲ့ ရှုခင်း ဓာတ်ပုံ တွေလိုက်ရိုက်တာကမှ ပိုကောင်းဦးမယ်။ Nokia မှာတော့ camera အမြင့်ဆုံးဖုန်းက N96 ဖြစ်ပြီး 5 megapixles ပါရှိပါတယ်။ Sony Ericsson က ကင်မရာမှာ C905 မတိုင်ခင်က K800i နဲ့ K810 မှာ 3.1 megapixels Cybershot ပါခဲ့ပါတယ်။ SE ရဲ့ C905 က mobile လောကမှ ပထမဆုံး စွမ်းဆောင်ရည်မြင့် camera phone ဖြစ်ပြီး ဒီဇိုင်းကလည်း သေးငယ်ပေါ့ပါးတာကြောင့် ဈေးသာပေးရတာတန်မယ်ဆိုရင် အောင်မြင်မယ်လို့ ထင်ပါတယ်။ ဒီဖုန်းကိုလိုချင်တယ် ဆိုရင် SE မှာ အီးမေးပေးထားရင် စာပို့အကြောင်းကြားပေးပါလိမ့်မယ်။
