hit counter

Naruto Shippuden Cosplay Collections!!

Haku Cosplay by Tsurumaru dA

Cosplay ဆိုတာက cartoon, games တွေထဲက ဇာတ်ကောင်တွေနဲ့ ပုံစံတူလိုက် ၀တ်တဲ့ပွဲတော်မျိုးတစ်ခုပါ။ အထူးသဖြင့် japan Manga, Anime ထဲက characters တွေကို လုပ်ကြတာများပါတယ်။ အခုတလောတော့ ကျွန်တော်လဲ နေမကောင်းတာနဲ့ သူငယ်ချင်းဆီက ကူးလာတဲ့ Naruto Shippuden ဆိုတဲ့ Japan Anime ထိုင်ကြည့်ဖြစ်ပါတယ်။ ကြည့်ကြည့်ရင်းနဲ့စွဲသွားတာ နေ့ကြည့်ညကြည့်နဲ့ နေတောင်မကောင်းဘူး :D Blog ကလဲကျော်မရလို့ အင်တာနက်တောင် မသုံးဖြစ်တာ.. အခုမှ အဆင်ပြေလို့ ပြန်သုံးဖြစ်ပါတယ်။

Read the rest of this entry »

Fredo And Pid’Jin

Alter Eggo

Alter Eggo

ဒီနေ့ အားနေလို့ အွန်လိုင်းမှာ လျောက်ကြည့်ရင်းတွေ့မိတဲ့ ကာတွန်းတွေပါ။ ရုပ်ပြောင်ပုံတွေနဲ့ Fredo နဲ့ Pid’Jin ဆိုတဲ့ ၂ ကောင် ကာတွန်းတွေ ရယ်ရလို့ ပြန်တာလိုက်ပါတယ်။ အရုပ်တွေက ပြောင်သလို ကာတွန်းတွေကလဲ ရီရတယ်။ တချို့ ကာတွန်းတွေကတော့ 18+ တွေပေါ့။ ဒါပေမယ့် ရီရတယ်။ အခု တင်ထားတာထက် ပိုပြီး ကြည့်ချင်သေးရင် မူရင်းဆိုဒ် Fredo & Pid’Jin ကို သွားကြည့်လိုက်ပါ။ ပျော်ရွှင်ပါစေ။

Read the rest of this entry »

Disney * Pixar ~ UP

Disney Pixar ~ UP

အသက် 78 နှစ်ရှိနေပြီ ဖြစ်တဲ့ မိုးပျံပူဖောင်းရောင်းတဲ့ Carl Fredericksen က အရင်ကတဲက သူသွားချင်နေတဲ့ Adventure ကို မကြာခင် ခရီးထွက်တော့မှာပါ။ သူက တစ်ယောက်ထဲ နေရာကနေ တောင် အမေရိကကို စွန့်စားခန်း ထွက်တာပေါ့.. သူ့အိမ်ကို မိုးပျံပူဖောင်းတွေ အများကြီး ချည်ပြီး ကောင်းကင်က နေထွက် ခဲ့တဲ့ စွန့်စားခန်းပါ။ Fredericksen ကတော့ သူတစ်ယောက်ထဲ ကောင်းကင်မှာ အိမ်တစ်လုံးနဲ့ ထင်နေခဲ့တာ တကယ်တော့ ……

Read the rest of this entry »

Comics For Web Designers

No More Trackbacks?

No More Trackbacks?

Read the rest of this entry »

Gmail Fail Cartoon

Gmail Down

မနေ့က Gmail ဟာ သူ့သမိုင်းမှာ အဆိုးဆုံး အခြေအနေနဲ့ down ခဲ့ပါတယ်။ ဒီနေ့တော့ ပြန်ရနေပါပြီ။ မနေ့က Gmail goes down ပို့စ်မှာ ရေးသွားတဲ့ PC Disorder ရဲ့ကွန်မန့်က ကာတွန်းလေး ပြန်တင်လိုက်ပါတယ်။ တကယ်ပါ ကျွန်တော် Gmail ကို west မှာ သိပ်မသုံးလောက်ဖူး ထင်ထားတာ.. ထင်တာ Yahoo mail, Hot mail, AIM, Apple’s Me တို့ အသုံးများမယ် ထင်ထားတာ နောက်ပိုင်း သူတို့လဲ Gmail ကို သုံးလာကြတာပဲ။

Read the rest of this entry »

Disasters Around The World

ကာတွန်းပုံလေး တစ်ပုံတွေ့လို့ ပြန်တင်လိုက်တာပါ.. နာမည်က Disasters Around The World တဲ့.. သူပြောချင်တာက Bush ကိုထင်တယ် =P

Wall E

ပြီးခဲ့တဲ့ တင်္နလာနေ့က စာမေးပွဲဖြေ အပြီး ပရောဂျက်တင်ပြီးမှာ အပြန် အိမ်မှာ ဆော့ဖို့ အပြန် ဂိမ်းခွေ ၀င်ဝယ်ဖြစ်တယ်။ ညဘက် အိပ်ရေးပျက်တာများနေတော့ ဂိမ်းခွေ တစ်ခွေပဲ ၀ယ်ဖို့စဉ်းစားပြီး ဘာဝယ်မလဲကြည့်တော့ Kung Fu Panda နဲ့ Wall E နဲ့ ဘယ်ဂိမ်းကောင်းမလဲ စဉ်းစားရင်း Wall E ကို ၀ယ်ဖြစ်တယ်။ DVD တစ်ခွေထဲပဲ အမှန်တော့ Wall E ကို ကိုမျိုးကျော်ထွန်း ဘလော့ခ်က ပို့စ်မှာ စဖတ်ဖူးတာ နောက် ဂိမ်းထွက်တာကိုတော့ Apple မှာ ကြော်ငြာတွေ့တယ် အဲဒါနဲ့ Apple ကို လှမ်းမှာတော့ အိမ်အရောက်ပို့ဖို့ ၂၄ နာရီ ကြာမယ်ဆိုလို့ မစောင့်နိုင်လို့ အခွေဆိုင်မှာ မြန်မာငွေ 1000 တိတိ ပေးပြီး ပြေးဝယ်လိုက်တာ :D

Read the rest of this entry »

Unofficial Kung Fu Panda Wallpaper

kung-fu-panda-by-tayzar44-dakung-fu-panda-by-tayzar44-da

ဒီနေ့ မနက် အားနေတာနဲ့ စောစောနိုးပြီး ဘာမှလုပ်ချင်စိတ် မရှိတာနဲ့ photoshop ဖွင့်ပြီး Kung Fu Panda ကားထဲက ၀က်ဝံလိုပုံလေး ဆွဲကြည့်နေမိတယ် နောက်မှာ DeviantArt မှာ မတင်တာကြာနေတာနဲ့ အကြံရပြီး wallpaper လုပ်ဖြစ်တယ်။ ကာလာအရောင်ယူတာက နဂို မူရင်း ကာတွန်းကားထဲက အတိုင်းယူလိုက်ပြီး ဖောင့်ရိုးရိုးနဲ့ ဆွဲထားတဲ့ ၀က်ဝံ ခေါင်းပုံလေးကို ပွားယူလိုက်တာပါ။ ဘာမှတော့မဟုတ်ပါဘူး။ ၁၀ မိနစ်လောက် လုပ်လိုက်တာပဲ။ ကိုယ်ဆွဲတာမို့လားမသိဘူး ကြိုက်တယ် ခင်ဗျ အိမ်မှာတော့ ဒီနေ့ တင်ထားလိုက်တယ်။ Kung Fu Panda ကားထဲမှာ School Of Rock, Tenacious D ကားတွေထဲက Jack Black ပါတာတော့သိတယ် အခြားနာမည်ကြီး တွေ အသံသရုပ်ဆောင်တာလည်းကြားတယ် Jackie Chan လည်းပါတယ်လို့ ကြားတယ်။ အဲဒီ ၀က်ဝံကားကတော့ အခုထိ အခွေတွေထွက်ပေမယ့် မကြည့်သေးဘူး ရုံတင်ရင် ကြည့်မယ်ဆိုပြီး စောင့်နေတာ ကျွန်တော်က ဇာတ်ကားကောင်းရင် အိမ်မှာ မကြည့်ဘူး ရုံတင်တာပဲစောင့်တယ်။ မကြာခင်တင်တော့မယ်လို့တော့ ထင်တာပဲ။

Read the rest of this entry »

Turn Yourself As Cartoon

funkycartoon_emmawatson2funkycartoon_emmawatson

Be Funky ဆိုတဲ့ဆိုဒ်မှာ ကျွန်တော်တို့ ကိုယ့်ဓာတ်ပုံကို ကာတွန်း ပုံစံလေးတွေ ပြောင်းကြည့်ရအောင်။ ပထမဆုံး Be Funky ကိုသွားလိုက်ပြီး ကိုယ့်ပုံကို စက်ထဲက ဖြစ်ဖြစ် ဆိုဒ်က ဖြစ်ဖြစ်တင်လိုက် ပြီးတာနဲ့ sketch ဆွဲ color လုပ်ပြီး ပြောင်းလို့ရပါပြီ။ ပုံသေးသေးလေးတွေဆိုရင်တော့ ကြည့်မကောင်းဘူး 400 px လောက်ပုံမျိုးမှ အနေတော်ပဲ။ ဆိုဒ်က flash ကိုသုံးထားတာပါ။ ကာလာတွေ sketch တွေကတော့ ကိုယ့်ပုံပေါ် မူတည်ပြီး ချိန်ကြည့်ပါ။ ကျွန်တော်တော့ ဓာတ်ပုံ လိုက်ရှာတာ thumb drive ထဲ ပါလာတဲ့ Emma Watson ပုံနဲ့ လုပ်ကြည့်လိုက်တယ်။