24 Mar, 2010

Windows တင်ပြီးတိုင်း ကျွန်တော်တို့ အမြဲကြုံရလေ့ရှိတာက လိုအပ်တဲ့ applications တွေ ပြန်ပြန်တင်ရတာ မျိုးတွေ ရှိပါတယ်။ ဥပမာ Windows မှာ OS တင်ထားရုံသက်သက်နဲ့တော့ .pdf ကို ဖတ်လို့မရဘူး။ Windows Messenger ကလဲပြီး အခြား ဘာမှမပါတော့ Gtalk ကို OS တင်ရုံနဲ့ ဝင်လို့မရဘူး။ နဂိုပါလာတဲ့ Internet Explorer ကလဲ စိတ်မချရဘူး။ Virus ကာဖို့ကလဲ ရှိသေးတယ်။ ဆိုတော့ အဲဒီလို 3rd Party (Open Sources) ဆော့ဝဲတွေ လိုက်ရှာပြီး သွင်းရမယ့် ပြသနာကို Ninite ဆိုတဲ့ package က ဖြေရှင်းပေးနိုင်ပါတယ်။ သူက Google Pack လို မျိုး softwares package တစ်ခုပါပဲ။
Read the rest of this entry »
10 Dec, 2009
SlideShare မှာ အရင်တုန်းက MITP Gathering, Ubuntu Show တုန်းကပြခဲ့တဲ့ MysteryZillion Projects keynote နဲ့ Ubuntu GIMP အကြောင်း keynote ၂ ခုတင်ထားလိုက်ပါတယ်။ Keynote တွေကို photoshop ထဲမှာ interface လုပ်ယူပါတယ်။ နောက်လဲ အချိန်ရရင် အခြား keynotes တွေ တင်ပေးပါဦးမယ်။ အခု ဖိုင်တွေကိုတော့ pdf အနေနဲ့ download လုပ်ယူနိုင်ပါတယ်။
Read the rest of this entry »
27 Apr, 2009

The Mosquito လို့ခေါ်တဲ့ Mosquito Ringtone ဆိုတာ လွန်ခဲ့တဲ့ ၂၀၀၆ လောက်ကတဲက ခေတ်စားတဲ့ ringtone ပေါ့.. အဲဒီတုန်းက ကျွန်တော့်မှာ ဖုန်းမရှိသေးတော့ သေသေချာချာ မစမ်းဖြစ်ဘူး။ ဒီနေ့မှ ပြန်သတိရလို့ ပြန်ရှာလိုက်တာ.. ဒီ ringtone က ခြင်နားနား လာပျံသလိုပဲ တ ၀ီ ၀ီ နဲ့ စိတ်ပျက်ဖို့ကောင်းတယ်.. တစ်ခုရှိတယ် အရမ်းကောင်းတာ.. ဖုန်းသံပေါ့ သူ့ အသံက 22khz ၀န်းကျင်လောက်ဆို အသက် ၅၀ ကျော် လူတွေ မကြားနိုင်တော့ဘူး။ သူ့ frequency လိုက်ပြီး သက်ကြီး ပိုင်းတွေ မကြားနိုင်ဘူး။
Read the rest of this entry »
5 Mar, 2009

ဒီနေ့ ကိုနေယံဦး က မေးလို့ အရင်တွေ့ဖူးတဲ့ Gtalk Add on Shell ကို ပြန်ရှာရင်းနဲ့ ပို့စ်တင်လိုက်ပါတယ်။ ဒီ add on နဲ့ ကိုယ့် Gtalk က avatar ကို လိုချင်တဲ့ အချိန်ပိုင်း အတွင်းမှာ သူ့ အလိုလို ပုံတွေ ပြောင်းအောင် လုပ်ပေးနိုင်ပါတယ်။ ကျွန်တော်တော့ စမ်းမသုံးကြည့်ဖူးဘူး။
Features :
Read the rest of this entry »
1 Mar, 2009

Mystery Zillion ကနေ ပြုလုပ်တဲ့ open source English ~ Myanmar Mobile Phone Dictionary ကို အခု Alpha အနေနဲ့ စသုံးလို့ ရနေပါပြီ။ ဖုန်းတော်တော်များများမှာ support လုပ်ပါတယ်။ Java နဲ့ ရေးထားတာဖြစ်ပြီး 1.3 MB ခန့်ရှိတဲ့ .jar ဖိုင်ကို ဖုန်းထဲမှာ ထည့် အသုံးပြုရုံပါပဲ။ လက်ရှိမှာတော့ Version 0.1.8 Alpha အနေနဲ့ ထုတ်ထားတာ ဖြစ်ပြီး တချို့ စကားလုံးတွေကို တော့ ရှာလို့တွေ့ဦးမှာ မဟုတ်ပါဘူး။ နောက်ပိုင်းမှာ ဆက်ပြီး ပြုပြင်သွားမယ်လို့ သိရပါတယ်။ Open Source ဖြစ်ပါတယ်။ ကျွန်တော့် ဖုန်း Sony Ericsson K800 မှာတော့ သုံးရအဆင်ပြေပါတယ်။ တကယ်လို့ သုံးလို့ မရတဲ့ ဖုန်းရှိရင်လဲ error message, phone model နဲ့ bug ကို report လုပ်နိုင်ပါတယ်။ Java (MIDP 2.0, CLDC 1.1) support လုပ်တဲ့ ဖုန်းတွေမှာ သုံးလို့ ရပါတယ်။
Read the rest of this entry »
5 Feb, 2009

Age Calculation ဆိုတဲ့ Excel ဖိုင်လေးနဲ့ စာဖတ်သူရဲ့ လက်ရှိ အချိန်အထိ ကုန်ခဲ့ပြီးတဲ့ အချိန်၊ နာရီ၊ စက္ကန့်တွေ အထိ အတိအကျ သိလို့ ရမှာပါ။ နေဖို့ လက်ကျန် အချိန်တော့ တွက်မပေးနိုင်ပါဘူး။ ဒါပေမယ့် နာရီပိုင်းလောက်တော့ တကယ်အချိန်နဲ့ ကွာနေမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ အဲဒီမှာ တွက်ဖို့ မွေးနေ့ ရက်၊ ခုနှစ်ပဲ ထည့်ပေးရတယ်။ အချိန် အတိ အကျ မထည့်ရလို့ပါ။ သူက excel formula သုံးထားတဲ့ ဖိုင်ပါ။ နောက်ဆုံး မွေးနေ့လဲ အလိုလျောက်တွက် ပေးပါတယ်။
Read the rest of this entry »
14 Jan, 2009

WordPress Themes Framework ဆိုတာက တကယ်တော့ ဒီဇိုင်းပါတဲ့ WP Themes တွေ မဟုတ်ပါဘူး.. ဒါက ဒီဇိုင်နာတွေ အတွက် အလွယ် တကူ design လုပ်လို့ ရအောင် ဖန်တီးထားတဲ့ plain themes တွေပါ။ သူရဲ့ တည်ဆောက်ထားပုံကို ကြည့်ပြီး ကိုယ်လိုချင်တဲ့ ဒီဇိုင်းကို စိတ်ကြိုက်ပြင် ယူနိုင်ပါတယ်။ သူကတော့ အခြေခံ html tag တွေနဲ့ အခြား ဘာမှမပါပါဘူး။
Read the rest of this entry »
11 Jan, 2009

Logo Instant ဆိုတာ Web 2.0 style logo တွေ free download ရနိုင်တဲ့ ဆိုဒ်တစ်ခုပါ။ Logo ဖိုင်တွေကို .psd, .ai တို့နဲ့ 100% free ရနိုင်တာပါ။ လိုဂိုတွေကို တိုက်ရိုက် ယူသုံးနိုင်သလို အခြား အိုင်ဒီယာနဲ့လဲ ပြောင်းသုံးနိုင်ပါတယ်။
22 Aug, 2008
IE Tester ဆိုတာ Internet Explorer version 5.5, 6, 7, 8 Beta 1 တွေကို စုစည်းပေးထားတဲ့ ဆော့ဝဲပါ။ အဓိကကတော့ Web Page တွေကို အရင် version တွေနဲ့ compact ဖြစ်မဖြစ် စမ်းနိုင်အောင် ဆော့ဝဲ တစ်ခုထဲမှာ ပေါင်းပေးထားတာပါ။ အရင်ကဆိုရင် အရင် version အဟောင်းတွေ မှာစမ်းနိုင်ဖို့ စက်မှာ multiple IE တွေကို လိုက် install လုပ်ယူရပါတယ်။ အခုတော့ ဆော့ဝဲတစ်ခုထဲနဲ့ အားလုံး စမ်းနိုင်ပါတယ်။ Interface က Microsoft ရဲ့ Office 2007 လို ပုံစံမျိုးလုပ်ထား ပါတယ်။ ဒီဆော့ဝဲမှာ အခုလက်ရှိ အားနဲချက် တစ်ခုရှိပါတယ် အဲဒါက version 5.5 နဲ့ 6 မှာ flash ဖိုင်တွေ မပြပေးတာပါ။ 7 နဲ့ 8 မှာတော့ ကောင်းကောင်းပြပေးပါတယ်။ အဲဒါက လွဲရင် ကျန်တာ အကုန်သုံးရ အဆင်ပြေပါတယ်။ ကျွန်တော် ဒီဆော့ဝဲ သုံးတာက png-24 ပုံတွေ စစ်ဖို့ရယ်.. layout ပြောင်းလဲတာကို ပြင်ဖို့ အဓိကထားပါတယ်။ Download လုပ်မယ်ဆိုရင် ဖိုင်ဆိုဒ်က 23 MB ရှိပါတယ်။ free ရနိုင်ပါတယ်။ အမှန်တော့ စာဖတ်သူတွေ အားလုံးကို ဖြစ်နိုင်ရင် Firefox ကိုပဲ သုံးစေချင်ပါတယ်။ သူ့မှာ add-on တွေ ထောင်ချီရှိသလို သုံးရတာလဲ အရမ်းအဆင်ပြေပါတယ်။
Download IE Tester
23 Jun, 2008
Ultra Surf ဆိုတဲ့ ဆော့ဝဲလေး အကြောင်းကို အားလုံး သိပြီးသားဖြစ်မယ် ထင်ပါတယ်။ Ultra Surf ဆိုတာ Freedom လို ဆော့ဝဲမျိုးပါ ဘန်းထားတဲ့ ဆိုဒ်တွေကို ကျော်နိုင်ပါတယ်။ လက်ရှိ နောက်ဆုံး version က 8.9 ပါ။ ဖိုင်ဆိုဒ်က 212 KB ပဲရှိပါတယ်။ ပြီးတော့ သူ့ကို သုံးဖို့ install လုပ်စရာမလိုပါဘူး။ Portable အနေနဲ့ thumb drive ထဲထည့်ပြီး သယ်သွားလို့လည်း ရပါတယ်။ သုံးမယ်ဆိုရင် ဆော့ဝဲကို ကလစ်လုပ်လိုက်ရင် ပေါ်လာတဲ့ check box လေးထဲမှာ အပေါ်ဆုံးက Auto Detect Proxy နဲ့ လုပ်လိုက်ရင် ခဏနေရင် Successfully connected to Server ဆိုတာလေးပေါ်လာပြီး Internet Explorer နဲ့ တရုတ်ဆိုဒ် တစ်ခု တက်လာရင် သုံးလို့ရပါပြီ။ IE မသုံးပဲ အခြား browsers တွေ သုံးချင်ရင် ကိုယ်သုံးမယ့် browser မှာ proxy 127.0.0.1 နဲ့ port 9666 ချိန်လိုက်ရင် ရပါပြီ။
Read the rest of this entry »