Jackson Guitars
Jackson ဂစ်တာရဲ့ Catalog လေးတင် လိုက်ပါတယ်။ လွန်ခဲ့သော ၂၅ နှစ်ကျော်ခန့်က Jackson Guitar ရဲ့ ပထမဆုံး ဂစ်တာကို Randy Rhoads လို့ခေါ်တဲ့ လူငယ်လေး အတွက် ကိုယ်ပိုင် ဒီဇိုင်း နဲ့ စတင် ထုတ်လုပ် ခဲ့ပါတယ်။ Randy Rhoads ဆိုတာကတော့ နာမည်ကျော် Ozzy Osbourne ရဲ့ ဂစ်တာသမားဟောင်း ပါ။ နောက်ပိုင်း Randy Rhoads ဆုံးပြီး နောက်မှာတော့ Randy Rhoads နေရာမှာ Zakky Wylde က ဂစ်တာသမား ဖြစ်လာ ခဲ့တာပါ။ Zakky Wylde က Randy Rhoads အမှတ်တရ အနေနဲ့ show ပွဲတွေမှာ Randy Rhoads ရဲ့ Signature Guitar အဖြူရောင် Jackson နဲ့ တီးလေ့ရှိပါတယ်။ ဒီ ဂစ်တာဟာ သမိုင်းဝင် ဂစ်တာ တစ်လက်လည်းဖြစ်ပါတယ်။ နောက်တော့ Jackson ဟာ ကိုယ့်ဂီတကို ဖော်ပြချင်တဲ့ ဂစ်တာသမား ပေါင်းများစွာ အတွက် ဒီဇိုင်းများစွာနဲ့ စတင် ထုတ်လုပ် ပါတော့တယ်။ တကယ်တော့ Jackson ဟာ အခုချိန်မှာ Fender ဂစ်တာရဲ့ လက်အောက်ခံ ကုမ္ပဏီ တစ်ခု ဖြစ်နေပါပြီ။ ဒါပေမယ့် အရည်အသွေး ကတော့ အရင် Jackson Guitar တွေရဲ့ အတိုင်းပါပဲ။
Jackson ရဲ့ နာမည် အကြီးဆုံး ဂစ်တာ model က Randy Rhoads model ပါ။ Jackson ဂစ်တာ တွေမှာ များသောအားဖြင့် pick up ကို Seymour Duncan သုံးပါတယ်။ Bridge ကိုတော့ Floyd Rose သုံးပါတယ်။ Fret ကွက် ဒီဇိုင်း ကိုတော့ saw shape လို့ခေါ်တဲ့ အဖြု နဲ့ အနက် တစောင်းခြားထားတဲ့ ပုံကို အသုံးများ ပါတယ်။
ကုမ္ပဏီရဲ့ အပြောင်းအလဲတွေ ကြောင့်ထင်ပါရဲ့ Jackson ဟာ လူငယ် နာမည်ကျော်လာမယ့် သူအတော်များများကို လက်လွတ်ခဲ့ရပါတယ်။ ဥပမာ ပြောရရင် Alexi Laiho ဆိုတဲ့ Children Of Bodom က အဆိုတော် ဂစ်တာသမားဟာ အရင်က Jackson Guitar ကိုင်ခဲ့တဲ့သူပါ။ သူ့ ဂစ်တာကို နာမည် ပေးထားတာက Wild Child ဂစ်တာ ပါတဲ့။ သူ ကိုင်တဲ့ ဂစ်တာက Randy Rhoads ရဲ့ Signature Guitar ပုံစံ Randy Rhoads Series ဂစ်တာမှာ အနက်ရောင် body မှာ အ၀ါရောင် ထောင့်စွန်းလိုင်း နှစ်လိုင်းနဲ့ EMG humbucker pickup တပ်၊ Floyd Rose ဂစ်တာပါ။ အဲဒီ ဂစ်တာကို သူ အတော်ကြာကြာ ကိုင်ခဲ့ပေမယ့် Jackson က သူ့ကို Signature အတွက် စာချုပ် မချုပ်ခဲ့ပါဘူး။ နောက်တော့ Alexi Laiho ရဲ့ Wild Child ဟာ အခိုးခံခဲ့ရတဲ့ အချိန်မှာတော့ Alexi ဟာ နောက်ထပ် ဂစ်တာ လုပ်စရာ Jackson ကုမ္ပဏီ က Fender နဲ့ ရှုပ်ထွေး နေတာကြောင့် Alexi ဟာ ESP LTD ဂစ်တာနဲ့ စာချုပ်ချုပ်လိုက်ပြီး အရင် ဂစ်တာရဲ့ မှုပိုင်ခွင့် ဥပဒေလွတ် အောင် နဂို Jackson ရဲ့ V shape ထက် နဲနဲပိုကြီးတဲ့ ပုံစံနဲ့ ESP မှာ Signature အဖြစ်ထုတ်ဖို့ စာချုပ် ချုပ်ခဲ့တာပါ။ Jackson ဟာ ဒီလို လူငယ် ဂစ်တာ သမားတွေ လက်လွတ် ခဲ့ရတာပါ။ ဂစ်တာ quality ညံလို့ တော့တော့ မဟုတ်ပါဘူး။ ခြေလှမ်းတွေ နောက်ကျလို့ပါ။
နာမည်ကျော် Jackson Guitar Artist တွေကတော့
Rhandy Rhoads’s Signature Guitar
Technorati tags:
download, fender, fender guitars, guitar, guitarist, guitars, instrumental, jackson, jackson guitars, ozzy osbourne, ozzy osbourne guitarist, Randy Rhoads, Randy Rhoads singnature guitar, singnature guitar, Zakk Wylde
ရွေ့လျားခြင်း သစ္စာတရား (မြန်မာ စံတော်ချိန်တီးလုံး)

ဒီ တစ်ခါတော့ ဂစ်တာ နှတ်လေး တင်လိုက် ပါတယ်။ ဒီနှတ်တွေဟာ ကိုနိုင်ဇော် (Lazy Club) ရေးသားတဲ့ မြေအောက်ကကြိုးရဲ့ လျှို့ဝှက်ချက်များ စာအုပ်မှ ဖြစ်ပါတယ်။ စာအုပ်နဲ့ အတူ စီဒီ တစ်ခွေပါ ပါတယ်။ ၂၀၀၇ မတ်လကထုတ်ဝေခဲ့တာပါ။ Ringtone ကိုတော့ ဒီ သီချင်းထဲက စံတော်ချိန် တီးလုံးရဲ့ နှတ်ကိုကြည့်ပြီး Guitar Pro 5 နဲ့ စမ်းလုပ်ကြည့် ထားတာပါ။ ကျွန်တော် နှတ် အကြောင်း နားမလည်တော့ အသံက သိပ်ပြီးတော့ မကောင်းပါဘူး။ အသံကို midi သံလုပ်ထား ပါတယ်။ အောက်က အက်ဆေး ကလည်း ကိုနိုင်ဇော် (Lazy Club) ရဲ့ စာအုပ် ထဲကပဲ အချို့ကို ကောက်နှတ် ထားတာပါ။
ရွေ့လျားခြင်း သစ္စာတရား
All Guitars Naing Zaw
Composed A One Sayar Hnyar
Bass Saw Thar Gyi
Drums Adeno
မြန်မာသီချင်း တွေထဲက ကိုယ်တီးချင်တဲ့ သီချင်းလေးတ်ပုဒ်ကိုလည်း ဒီဘက်ခေတ်ကို ကိုယ်စားပြုတဲ့ Music တွေနဲ့ အမှတ်တရ ဖန်တီးပြချင်ပါတယ်။ နိုင်ငံခြားသားတွေနဲ့ ခင်မင်လို့ သူတို့ကို အခွေ လက်ဆောင်ပေးတိုင်း သူတို့ မေးလေ့ရှိတာက မင်းတို့ရဲ့ ရိုးရာတေးဂီတ အကြောင်းရော ပါသေးလား။ အဲဒီ Music ကိုရောတီးပြထားသလား? စတဲ့ ပုံစံမျိုးမေးခွန်းတွေကို အမြဲကြားနေရတတ်လို့ပါ။
ဒါကြောင့် ရှေးသီချင်းတွေထဲက ကိုယ်လုပ်ပြချင်တဲ့ ပုံစံနဲ့ ဂုဏ်ပြုသလိုမျိုးဖြစ်အောင်၊ တတ်နိုင်သလောက် ကိုယ်တတ်တဲ့ဂီတနဲ့ ပြသချင်လို့ တစ်ခါ ဒီဘက်ခေတ် ကလေးတွေလည်း တီးလုံးလေးတွေကို နားထောင်ရင်း ရှေးကသီချင်းတွေကို အမှတ်ရသွားစေချင်လို့ သီချင်းဟောင်းတွေထဲက ဘယ်သီချင်းကို တီးရမလဲလို့ စစဉ်းစားပါတယ်။ အဲဒီလို စဉ်းစားနေရင်း စိတ်ထဲပေါ်လာတာ မြန်မာ့အသံက သတင်းလာရင် လွင့်လေ့ရှိတဲ့ တီးလုံးပါပဲ။ အဲဒီ တီးလုံးကို “စံတော်ချိန် တီလုံး” လို့ အမည်နာမခေါ်ဝေါ်ကြတာလည်း သိရှိရပါတယ်။
Music ကို ဘယ်ပုံစံ အတိုင်းသွားမလဲ စဉ်းစားတော့ နဂို သီချင်းရဲ့ ပုံမှန် Tempo ဖြစ်တဲ့ အတွက် မြန်တဲ့ ဂီတကိုပဲ စဉ်းစားရပါတယ်။ စည်းချက်နရီသွက်တဲ့ Music တွေထဲမှာ Techno တို့ Disco တို့ စတဲ့ Programming Music တွေကိုတောင် မစဉ်းစားတော့ဘဲ Rock ဘက်နွယ်တဲ့ Speed Metal ဆန်တဲ့ Music ကိုပဲ ရွေးချယ်လိုက်ပါတော့တယ်။
အဲဒီလိုဖန်တီးရင်း သီချင်းရဲ့ နာမည်ကိုပါ ခေတ်အရ မော်ဒန်ဖြစ်မယ့် နာမည်လေးကို စဉ်းစားပါတယ်။ စဉ်းစားရင်းတွေးမိတာက အချိန်ရဲ့ သစ္စာတရားဆိုတာ မှန်ကန်စွာ ရွေ့လျားခြင်းပဲ။ မရွေ့လျားတဲ့ နာရီဆိုရင် ပျက်နေတာ၊ ဒါကြောင့် ပြောင်းလဲမှုရှိခဲ့ရင်၊ မတည်ငြိမ်ခဲ့ရင်၊ ကတိမတည်ခဲ့ရင်၊ သစ္စာမရှိဘူးလို့ လူတွေ သတ်မှတ်နေကြတာဟာ အချိန်နဲ့ ကြတော့ ပြောင်းပြန် အချိုးကျပါတယ်။ သူက ရွေ့လျားနေမှ ကတိတည်တယ်၊ သစ္စာရှိတယ်၊ ရပ်နေရင် သစ္စာမရှိဘူးလို့ သတ်မှတ်ပြီး “ရွေ့လျားခြင်း သစ္စာတရား” လို့နာမည်ပေးဖြစ်လိုက်ပါတယ်။
ဒီလို တီးလုံးမျိုးကို ရှာဖွေပေးခဲ့တဲ့ ဆရာကြီး “အေ၀မ်းဆရာညှာ” ကိုလည်း တအားလေးစားသွားပါတယ်။ သူရှာတဲ့ Melody သံစဉ်ဟာ ဘယ်အချိန်မဆို ခေတ်မှီနေတုန်းပဲ ဆိုတာကိုလည်း လူတွေသိစေချင်လို့ ဖန်တီးပြတာလည်းပါပါတယ်။ ခွင့်ပြုပေးခဲ့တဲ့ ဆရာကြီးရဲ့ မိသားစု ကိုလည်း အထူး ကျေးဇူး တင်ပါတယ်။
စံတော်ချိန် သီချင်းလေးကို ပြန်လည် ဆန်းသစ်တီးခတ်ရာမှာ တချို့သော တီးလုံး အနည်းငယ်ဟာ စတီရီယိုသီချင်းရဲ့ Frame ထဲမှာ ထည့်သွင်းဖို့ အခက်အခဲ ရှိတဲ့ အတွက် ဖြုတ်ထားပေးခဲ့ ရခြင်းကိုလည်း အရင်သီချင်း သိမှီသူများ၊ နားထောင်ဖူးသူများရှိခဲ့ရင် ခွင့်လွှတ်ပေးစေလိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စတီရီယို သီချင်းမှာက Backing ဆိုရင်လည်း ( Verse တစ်ခေါက် နဲ့ တစ်ခေါက်) Bars အရေ အတွက်က တူညီနေဖို့လိုပါတယ်။
အဲဒီလို ပထမပုဒ် နဲ့ ဒုတိယ အပုဒ် မတူညီဘူး ဆိုရင်လည်း ပုံသဏ္ဍာန်လုံးဝ ကွဲပြားမှ ဖြစ်မှာမို့ပါ။ ဒါမှသာ နိုင်ငံခြားသားတွေ နားထောင်ဖြစ်ခဲ့မယ်ဆိုရင်လည်း သူတို့မှာမရှိတဲ့ အယူအဆ၊ သူတို့မှာ သုံးလေ့မရှိတဲ့ Scale တွေ ဖြစ်နေလို့ မြန်မာသီချင်းမှန်း တန်းသိကြမှာပါပဲ။
ဒီသီချင်းရဲ့ အစမှာကြားရတဲ့ နာရီသံများက ကျွန်တော်ရဲ့ Sound Effect Library ထဲက နာရီသံများဖြစ်ပါတယ်။ Pink Floyd ရဲ့ Time ဆိုရင်လည်း အဖွင့် Intro မှာ နာရီသံတွေ ခေါင်းလောင်းသံတွေနဲ့ စတာ၊ Money ဆိုရင်လည်း ပိုက်ဆံ အကြွေစေ့ စက်ထဲကထွက်ကျတဲ့ အသီတွေစသည်ဖြင့် မျက်စိထဲမှာ ကွင်းကွင်း ကွက်ကွက် မြင်အောင် Sound Effect တွေနဲ့ ပံ့ပိုးပြီး ဂီတကို တောက်ပြောင်ခမ်းနားစေတာကိုလည်း ကြိုက်မိပါတယ်။ အားလည်း ကျပါတယ်။ ဒါကြောင့်လည်း စံတော်ချိန်ရဲ့ အစကို နာရီသံတွေ ထည့်ခဲ့တာပါ။
သီချင်းရဲ့ အစကို 7 Strings ဂစ်တာသံ အထူစားကြီးနဲ့ စတင်ထားပါတယ်။ ဂစ်တာ Solo ကိုတော့ ကျွန်တော့်ရဲ့ Fender ဂစ်တာ (Floyed Rose) နဲ့တီးပါတယ်။ Vamp ကိုတော့ 7 Strings နဲ့ တီးပါတယ်။ Processor ကိုတော့ (ADA, MP1) သုံးထားပါတယ်။
Technorati tags:
download, guitar, guitar tab notes, guitarist Naing Zaw- lazy club, instrumental, instrumental music, lazy club, Myanmar, Myanmar guitar notes, Myanmar guitar tab notes, Myanmar instrumental music, Myanmar music, Myanmar ringtone, Myanmar santawchain, Myanmar santawchain music, Myanmar song, Myanmar traditional guitar tab notes, Myanmar Traditional instrumental music, Myanmar Traditional instrumental song, Myanmar Traditional music, Myanmar traditional ringtone, Myanmar Traditional Song, Naing Zaw, Naing Zaw guitar essays, Naing Zaw guitar notes, ringtone, soundtrack, the truth of movement, time loyallity, traditional guitar tab notes, traditional guitar tab notes













