18 May, 2009

လွန်ခဲ့တဲ့ ၄ ရက်လောက်က ရန်ကုန်က Micro Star International (MSI) Dealer Smart Computer ရှိတဲ့ ၃၆ လမ်းကို ပြန်ရောက်ခဲ့တယ်။ အိမ်က desktop ဘာဖြစ်မှန်း မသိပဲကြွသွားလို့ ခင်ဗျ.. စက်က MSI P35 Neo2 ၀ယ်ထားတာပါ။ အကောင်းကြီးကနေ တစ်ခေါက်တော့ BIOS screen logo တက်ပြီး ဘာမှ မလာတော့ဘူး အဲဒီ ပုံပဲပြနေတာ BIOS ၀င်မရ၊ keyboard၊ Mouse မသိဖြစ်နေလို့ သွားပြင်ရတယ်။
Read the rest of this entry »
12 Mar, 2009

ဒီရက်တွေမှာ Apple ကနေထုတ်မယ့် Netbook အတွက် Prototype Designs တွေကို Technology ဆိုဒ်တွေမှာ အများကြီးတွေ့ရတယ်။ ဒီဇိုင်း concept တွေက တစ်ခုနဲ့ တစ်ခု မတူဘူး။ တချို့တွေက မိုက်ပါတယ်။ သူတို့ အားလုံး iPhone, iPod Touch တွေရဲ့ဒီဇိုင်းပုံစံမျိုးကို ယူထားတာများတယ်။ iSight လဲ ပါတယ်။ အခု အပေါ်ဆုံးက ဒီဇိုင်းကို အကြိုက်ဆုံးပါပဲ။
Read the rest of this entry »
7 Mar, 2009

ဒီနေ့ Info-Tech မှာ Asus ရဲ့ Authorized Dealer ဖြစ်တဲ့ Golden Power နှင့် Personal Computer Magazine တို့ က ပူးပေါင်းပြီး Over Clocking Seminar တစ်ခုကို ပြုလုပ်ပါတယ်။ နေ့လည် ၁ နာရီမှာ လုပ်တာ ဖြစ်ပြီး Over Clocking အကြောင်းကို အကြောင်းအရာစုံ ရှင်းပြခဲ့ပါတယ်။ လက်တွေ့ကိုတော့ Asus Striker II Extreme နဲ့ Core i7, DDR 3 RAM တွေကို သုံးပြီး သရုပ်ပြခဲ့ပါတယ်။ နောက် ပရိတ်သတ်တွေက သိလိုတာတွေမေးပြီးနောက် OC ကို စိတ်ဝင်စားသူများကို စုစည်ပြီးတဲ့ နောက် ပွဲပြီးဆုံးပါတယ်။
Read the rest of this entry »
6 Jul, 2008

Asustek ရဲ့ နာမည်ရ ထုတ်ကုန်ဖြစ်တဲ့ Eee PC model အသစ် 904, 905 ကို ဒီလကုန်လောက်မှ စဖြန်တော့မယ်လို့ သိရပါတယ်။ အရင် မော်ဒယ် 900 အကြောင်းကို MICT Exhibition 2008 ပို့စ်မှာတုန်းက ရေးခဲ့ဘူးပါတယ်။ သတင်းတွေဖတ်ရတာတော့ အခု မော်ဒယ် အသစ်မှာ ပါနေကျ Xandros Linux OS, Windows XP, Windows Vista အပြင် Ubuntu ပါ တင်ပေးမယ်လို့ သတင်းတွေ ထွက်တာဖတ်ခဲ့ရတယ်။ အခု အသစ်မှာ အရင်လို solid state 4GB ကိုမသုံးတော့ပဲ 40GB Harddisk ပြောင်းသုံးတာ တွေ့ရတယ်။ နောက် Windows XP တင်ပြီးသားပါ။ လောလောဆယ်တော့ Asus Authorized Dealer Golden Power က Eee PC ၀ယ်ထားတဲ့သူတွေကို 2GB thumb drive တစ်ခု လက်ဆောင်ပေးတဲ့ အစီအစဉ် ဒီလထဲမှာ လုပ်နေပါတယ်။ အခု မော်ဒယ် အသစ် 904, 905 က ကျွန်တော်တို့ ဆီ မကြာခင်ရောက်လိမ့်မယ် ထင်တယ်။ ဈေးက 600 (595$) လောက်ရှိလိမ့်မယ်။ ကျွန်တော်တို့ အခု မော်ဒယ် အသစ်မှာ ဘာတွေ ပါလာမလည်း ကြည့်ရအောင် -
Read the rest of this entry »
1 Apr, 2008
Asustek ရဲ့ Eee PC Notebook တွေ အောင်မြင်ပြီးတဲ့ နောက် Asus ဟာ ဈေးသက်သာတဲ့ ကွန်ပျူတာ ထုတ်လုပ်မှုကို အရုံစိုက်လာတာတွေ့ရပါတယ်။ အခု Asus Eee PC 900 ပြီးတဲ့နောက် Eee PC Desktop version ကွန်ပျူတာလည်း ထုတ်မယ်လို့ ပြောပါတယ်။ အခု အဲဒီ ဈေးသက်သာတဲ့ desktop version ပုံကို အင်တာနက်မှာ ပြန့်သွားလို့ အခု ကြည့်လို့ရနေပါပြီ။ သူက EP 20 လို့ ခေါ်ပြီး ဈေးသက်သာမယ်လို့ ဆိုပါတယ်။ ပုံစံက ဒေါင်လိုက် tower ပုံဖြစ်ပြီး ဒီဇိုင်း တော်တော်လှတာ တွေ့ရတယ်။ ဈေးကိုတော့ တိတိကျကျ အခုထိမသိရသေးဘူး ခင်ဗျ။ သူက built in Hi Fi Stereo နဲ့ Dolby Digital Live ကို အပြည့်အ၀ ထောက်ပံ့ပေးမယ်လို့ ဆိုပါတယ်။ OS အနေနဲ့ အရင် Eee PC Notebook မှာ ပါနေကျ Xandros လို့ခေါ်တဲ့ linux ပါမှာဖြစ်ပြီး Windows XP, Vista ကိုလည်း support လုပ်နိုင်မယ်လို့ ဆိုပါတယ်။ Processor အနေနဲ့ Intel ရဲ့ Celeron series processors တွေ သုံးမှာ ဖြစ်ပြီး Intel ရဲ့ Atom chips (codenamed “Diamondville”) ကိုလည်း သုံးနိုင်မယ်လို့ ပြောပါတယ်။ အခုထိတော့ ဒီ EP 20 ဖြန့်မယ့်ရက်ကို မသိရသေးပါဘူး။ နိုင်ငံခြားမှာ ဖြန့်ရင်တော့ ကျွန်တော်တို့ ဆီမှာလည်း တစ်ပတ်အတွင်း ဈေးကွက်မှာ ရောက်ဖို့ ရှိနိုင်ပါတယ်။
Asustek, Eee PC, Notebook, Budget PC, Myanmar