hit counter

Inside Your Favorite Tech Companies

Apple Campus

ကွန်ပျူတာ အလုပ်လုပ်နေတဲ့ သူတိုင်းမှာ သူ့အတွေးနဲ့သူ အလုပ်လုပ်ချင်တဲ့ favorite company တွေရှိကြမှာပါပဲ။ တချို့ကလဲ ကိုယ်ပိုင် Software House, Studio အသေးစားလေး လုပ်ချင်တာမျိုးလဲ ရှိမယ်။ တချို့ကလဲ giant company မှာ လုပ်ချင်တာမျိုးလဲ ရှိနိုင်ပါတယ်။ လွန်ခဲ့တဲ့ ရက်တွေက အားနေတော့ ရုံးမှာ ဘာမှသိပ်မလုပ်ဖြစ်ပဲ Silicon Valley တွေ Mountain View, Cupertino, Redmon တွေ လျှောက်သွားပစ်လိုက်တယ်။ Google Search, Google Earth, Flickr တွေနဲ့ သွားတာပြောပါတယ် :D

Read the rest of this entry »

Last Day Of Thin Gyan (Water Festival) 2009

Myanmar Thin Gyan (Water Festival) 2009 Last Day

ဒီနေ့က သင်္ကြန် အတက်နေ့ ဖြစ်ပါတယ်.. မနက်ဖြစ်က စပြီး နှစ်သစ်ကို ရောက်ပြီပေါ့.. ဒီနေ့ အတက်နေ့မှာ မနက်ပိုင်း နေခဏ ပူလိုက်ပြီး နေ့လည်က စပြီး မိုးအုံ့ပြီး ရွာပါတယ်။ နေ့လည် လောက်မှာ သူငယ်ချင်း ၂ ယောက်နဲ့ အအေးဆိုင်ထိုင် ဖြစ်တယ်။ အရင် အတိုင်းပါပဲ အိမ်နား တစ်ဝိုက်က မဏ္ဍပ် တွေသာ ရိုက်ဖြစ်ပါတယ်။ နောက် ရွှေရင်အေး စတုဒီသာ တိုက်နေတဲ့ နေရာမျိုးတွေပဲ ရိုက်ဖြစ်ပါတယ်။ မနက်ဖြန်တော့ ဘုရား သွားဖြစ်ပါတယ်။ ဒီနေ့ကတော့ ဒီနဲနဲပဲ ရိုက်ဖြစ်တာပါ။ မနက်ဖြန်ကစပြီး နှစ်သစ်ရောက်ပြီမို့ နှစ်သစ်မှာ ပျော်ရွှင်အေးချမ်းပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။ ပျော်ရွှင်ပါစေ။ ။

Read the rest of this entry »

Third Day Of Thin Gyan (Water Festival) 2009

Myanmar Water Festival 2009 ~ Inya St

ဒီနေ့ သင်္ကြန် အကြတ်နေ့ပါ။ အကျနေ့ ညဘက်မှာ တီဗီ ကြည့်တုန်း အောက်ဖက်ကနေ မိုးလေ၀သက ပြောသွားတယ် ဘင်္ဂလားပင်လယ်အော်မှာ မုန်းတိုင်း တစ်ခုရှိတယ် လေတိုက်နှုန်း ၁ နာရီကို 40 လောက်နဲ့ မြောက် ဒါမှမဟုတ် အရှေ့မြောက်ကို ဦးတည်နေတယ်လို့ သတင်း ခဏတိုင်း ပြထားတော့ ဒီနေ့ မိုးသည်းမယ်ထင်တာ.. မနက်ရောက်တော့ နေက အရမ်းကို ပူနေခဲ့တယ်။

Read the rest of this entry »

Second Day Of Thin Gyan (Water Festival) 2009

Burma Water Festival

ဒီနေ့ သင်္ကြန် အကျ နေ့ပါ.. ဘယ်မှ မသွားဖြစ်ပါဘူး လမ်းထပ်က အအေးဆိုင် ထိုင်တယ် နောက် သူငယ်ချင်း တစ်ယောက် အိမ်ပြန် လိုက်ပို့ ပေးရင်း လမ်းမှာ ကြုံသမျှတွေ ဓာတ်ပုံ ရိုက်ဖြစ်တာပါ။ ဒီနေ့လဲ တနေကုန် မိုးအုံ့ပါတယ်။ မနက်ဖြန်တော့ အင်းလျားလမ်းကို ရောက်ဖြစ် ဦးမှာပါ။ ဓာတ်ပုံ တွေ ထပ်တင်ပါဦးမယ်။ ပျော်ရွှင်ပါစေ။ ။

Read the rest of this entry »

First Day Of Thin Gyan (Water Festival) 2009

Myanmar Thin Gyan 2009 - Yangon City Hall

ဒီနေ့ ၁၃ ရက် သင်္ကြန် အကြိုနေ့မှာ ညနေပိုင်းကို သူငယ်ချင်းတွေနဲ့ အအေးဆိုင်ထိုင်ဖြစ်တယ်.. နောက် ပျင်းတာနဲ့ မြို့တော်ခန်းမဘက် ထွက်ခဲ့ကြတယ်။ ဒီနေ့ အကြိုနေ့က တနေ့လုံး မိုးအုံ့နေတယ်နောက် နဲနဲ ရွာတယ်။ ကြည့်ရတာ သင်္ကြန် ၄ ရက်လုံး မိုးအုံ့မယ်ပုံပဲ။ လည်တဲ့သူတွေ အသားမမည်းတော့ဘူးပေါ့။

Read the rest of this entry »

The Day before Thin Gyan

Infront Of Yuzana Plaza (12.5.09)

မနက်ဖြန်ဆိုရင် 13 ရက် သင်္ကြန် အကြိုနေ့ ရောက်ပြီ.. ဒီရက်တွေမှာ ၃ ရက်လောက်ရှိပြီ မိုးတွေ အုံ့တယ် နဲနဲ ရွာတယ်။ ဒီနေ့ တော့ မနက်ကတည်းက တော်တော်ရွာတယ်.. လမ်းတွေပေါ်မှာ ရေတွေ လျှံနေတယ်။ ဒါပထမဆုံး သည်းတာပဲ အရင်ရက်တွေကဆို အရမ်းပူလို့ ခေါင်းတွေလဲ မူးနေခဲ့တာ..

Read the rest of this entry »

If Browsers were Girls

Firefox Girl

Web Browsers တွေသာ မိန်းမဖြစ်ခဲ့ရင် ဆိုတာလေး ရီရလို့ ပြန်တင်လိုက်ပါတယ်။ ကျွန်တော်လား Firefox နဲ့ Safari အကြိုက်ဆုံးပဲ :P အဟဲ browser ကိုပြောတာ ပုံတွေ ပြောတာ မဟုတ်ဘူး =D IE ကတော့ မကြိုက်ဆုံးပဲ… Opera ကတော့ ချစ်စရာကောင်းတယ် download လုပ်ရင်ပေါ့ =D

Read the rest of this entry »

Web Show 2008

Web Show 2008

December 25 Christmas နေ့က ရန်ကုန် Myanmar Info-Tech မှာ Web Show 2008 ကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ personal websites 15 ခု နှင့် အခြား community sites တွေကိုလဲ ပြသခဲ့ပါတယ်။ Sponsers အနေနဲ့ Creative, Myanmar Times, အလင်းတန်း, NOW, MCIS တို့က ပါဝင်ခဲ့တာပါ။ ကျွန်တော်လဲ အဲဒီမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ နောက် အခြား ပရောဂျက်ဆိုဒ် တစ်ခုလဲ အပါအ၀င်ပါ။ လက်ရှိတော့ အဲဒီ ဆိုဒ်က အစမ်းကာလသာရှိ ပါသေးတယ်။ မကြာခင် စတင်နိုင်မှာပါ။

Read the rest of this entry »

10th Anniversary ICT Exhibition

မနေ့က မြန်မာ ကွန်ပျူတာ အသင်းချုပ် (MCPA) နှင့် ကွန်ပျူတာ အသင်များ ရဲ့ ၁၀ နှစ်မြောက် အထိမ်းအမှတ် ပြပွဲကို ရောက်ဖြစ်ခဲ့ပါတယ်။ အမှန်တော့ နေမကောင်းလို့ သွားဖို့ အစီအစဉ်မရှိပဲ မနက်ပိုင်းမှာ ဆေးခန်းသွားပြရင်းနဲ့ သွားဖြစ်ခဲ့ပါတယ်။ ကျွန်တော် နှင့် သူငယ်ချင်း တစ်ယောက်နဲ့သွားတာ ဆေးခန်းမှာ ဆေးထိုးပြီး ပြခန်းတွေရှိတဲ့ တပ်မတော်ခန်းမရှေ့ကို မနက် ၉ နာရီလောက်ရောက်တော့ ဖွင့်ပွဲ နေ့မို့ ၀န်းကြီးတွေ ရှိနေလို့ ၀င်ခွင့်မရသေးပဲ အရှေ့မှာ နာရီဝက်လောက် ရပ်စောင့်နေရပါတယ်။ နောက်တော့ ပြခန်းတွေ ကြည့်ဖို့ အထဲဝင်ခွင့်ရပါတယ်။

Read the rest of this entry »

Breath Taking Images Around Olympics

Beijing Olympics ပိတ်ပွဲတုန်းက ဓာတ်ပုံတွေနဲ့ နောက် ပြိုင်ပွဲကာလာအတွင်းက ရိုက်ထားတဲ့ high quality ပုံတွေ တွေ့လို့ ပြန်တင်လိုက်ပါတယ်။ ပုံတွေက အရမ်းကြည်ပြီး ရိုက်ထားတာတော်တော် ကောင်းပါတယ်။ နောက် ရိုက်ထားတဲ့ နေရာတွေ တော်တော်လှတယ်ဗျာ။ ကျွန်တော် desktop မှာ wallpaper လုပ်ပြီး သုံးထားတယ်။ ပုံတွေကောင်းတာလဲ မပြောနဲ့ဗျ ရိုက်တဲ့ ကင်မရာတွေက မှန်ဘီလူးတွေကိုက နဲတာတွေ မဟုတ်ဘူး။ အခု အပေါ်မှာ ဆုံးမှာ တင်ထားတဲ့ ပုံဆို အရမ်းလှပါတယ် တရုတ်ရိုးရာ အဆောက်အဦးပုံနဲ့ ငှက်သိုက် အားကစားကွင်းရယ်နောက် ညအမှောင်မှာ လင်းနေတဲ့ မီးပန်းတွေရယ် အရမ်းလှတယ်။

Read the rest of this entry »