hit counter

Laptop Keyboard with Myanmar Sar

Laptop keyboard with Myanmar Sar

မြန်မာစာ လက်ကွက်ပါတဲ့ Laptop တွေ ဈေးကွက်ထဲ ရောက်လာနေပြီ ဆိုတာ နှစ်စလောက် ကတည်းက သတင်းတွေမှာ ဖတ်ရတယ်။ တစ်ခါမှတော့ မမြင်ဖူးသေးဘူး။ ပြီးခဲ့တဲ့ အပတ်ကတော့ တိုက်တိုက်ဆိုင်ဆိုင် ကွန်ပျူတာ ဆိုင်ထဲမှာတွေ့တာနဲ့ ဓာတ်ပုံရိုက်ထားလိုက်တယ်။ မှတ်တမ်းသဘောမျိုးပေါ့။ နိုင်ငံခြားက မိတ်ဆွေတွေလဲ ပြည်တွင်းမှာ လှမ်းမှာလို့ရတယ်နော် :D ဘယ် brand လဲတော့မမေးနဲ့ ဘယ်ကရှိရမှာလဲ Hasee ဆိုတဲ့ တံဆိပ်ရယ် Suzuki ဆိုတာရယ်ပေါ့ Hasee ဆိုတာက ရွှေလီမှာ တင် စက်ရုံရှိတယ်။ ဒါကြောင့် မြန်မာလို ပါရိုက်ထုတ်ထားတာပါ။

Read the rest of this entry »

Asus S101 Vs MacBook Air

Asus S101 Eee PC Advertisement

This is Asus S101 Eee PC Advertisement…..
And
This is MacBook Air Advertisement…….

Read the rest of this entry »

Dell Adamo ~ World Thinnest PC Laptop

‘luxury laptop' Dell Adamo

Dell ကနေ Adamo ဆိုတဲ့ code name နဲ့ World Thinnest PC Laptop ကို စပြီးတွေ့ရပါပြီ အရင်ကတဲက rumors တွေ တွေ့ခဲ့ရပေမယ့် အခုတော့ တကယ်မြင်ရတာပါ။ သူက .2GHz Core 2 Duo, X4500 graphics နှင့် 2GB RAM ပါပါတယ်။ ဒါက $1,999 က spec ပါ။ High End $2,700 အတွက်ကတော့ 1.4GHz ULV Core 2 Duo, 4GB of RAM နှင့် a built-in 3G card တို့ပါမယ်လို့ သိရပါတယ်။

Read the rest of this entry »

Apple Touch Screen Netbook Prototypes Hit The Web

Apple Touch Screen Netbook Mock Up

ဒီရက်တွေမှာ Apple ကနေထုတ်မယ့် Netbook အတွက် Prototype Designs တွေကို Technology ဆိုဒ်တွေမှာ အများကြီးတွေ့ရတယ်။ ဒီဇိုင်း concept တွေက တစ်ခုနဲ့ တစ်ခု မတူဘူး။ တချို့တွေက မိုက်ပါတယ်။ သူတို့ အားလုံး iPhone, iPod Touch တွေရဲ့ဒီဇိုင်းပုံစံမျိုးကို ယူထားတာများတယ်။ iSight လဲ ပါတယ်။ အခု အပေါ်ဆုံးက ဒီဇိုင်းကို အကြိုက်ဆုံးပါပဲ။

Read the rest of this entry »

MacBook Air Style Netbooks from MSI & Asus

MSI X Slim

Asia ရဲ့ computer ထုတ်လုပ်သူတွေ ဖြစ်တဲ့ MSI, Asus တို့ ကနေ netbook တွေကို Apple ရဲ့ MacBook Air style နဲ့ ထုတ်လိုက်ပြန်ပါပြီ။ MSI နဲ့ Asus က အာရှ ဈေးကွက်မှာ အပြိုင်ဖြစ်နေတာ ဖြစ်ပြီး Asus က Eee PC နဲ့ ဈေးကွက်ရသွားချိန်မှာ MSI ကလဲ Wind နဲ့ netbook တွေထုတ်ပါတယ်။ အခုတော့ MSI က X Slim ဆိုပြီး ပုံမှန်ထက်ပါးတဲ့ laptop ကို မကြာခင် ထုတ်တော့မှာပါ။

Read the rest of this entry »

Mac OS X on MSI Wind U100

Mac OS X on MSI WIND

Mac OS X 10.5.5 ကို MSI ရဲ့ Wind U100 မှာ တင်လို့ရပါတယ်။ U100 က Intel’ Atom CPU ကို သုံးထားပြီး RAM 1GB DDR2 ပါ။ အမှန်တော့ Mac ကို Asus EEPC တွေမှာလဲ ရပါတယ်။ MSI Wind တွေမှာ တင်ရတာက ပိုအဆင်ပြေပါတယ်။ ဘာလို့လဲ ဆိုတော့ သူ့မှာ driver တွေ အတွက် support လုပ်တဲ့ forum.MSIWind.net မှာ ယူလို့ ရတယ်။ ဒါပေမယ့် သူ့နဂို Apple product မဟုတ်တဲ့ အတွက် RAM 1GB က Apple’s 1 GB ထက်တော့ နှေးပါတယ်။ MZ က ကိုစည်သူ ရဲ့ laptop မှာ တင်ထားတာပါ။

Read the rest of this entry »

Apple New MacBook Pro

Apple's New MacBook Pro Series

Apple ရဲ့ New MacBook Pro အသစ်ကို အခု 2009 မှာ ထွက်ပါပြီ.. ဒါက october မှာ ထွက်ခဲ့တဲ့ New MacBook တွေထက် ၃ လလောက် နောက်ကျပြီးမှ ထွက်လာတာပါ။ ဒီ MacBook အသစ်မှာ အရင် New MacBook spec အတိုင်း ပဲဖြစ်ပြီး ကွဲပြားတာတွေက Core 2 Duo Processor speed, Nvidia Graphic, Apple Ports တို့က MacBook နဲ့ ကွဲပါတယ်။ Pro တွေကိုတော့ 15.4-inch နဲ့ 17-inch ဆိုပြီး ဆိုဒ် ၂ မျိုး နဲ့ထုတ်ထားပါတယ်။

Read the rest of this entry »

Apple New MacBooks, Pro & Air

Apple က ဒီလ (October) 14 ရက်နေ့က သူ့ရဲ့ notebook series အသစ် အဖြစ် 13-inch new MacBook, 15-inch new MacBook Pro တို့ကို စတင် ရောင်းချပါတယ်။ ဒီ New MacBook ၂ မျိုးဟာ မထွက်ခင် ၂ လလောက်ကတဲက သတင်းဆိုဒ်တွေ၊ ဘလော့ဂ်တွေ ပေါ်မှာ screen shot တွေ စကြည့်လို့ရခဲ့ ပြီး ၁၂ ရက်နေ့ လောက်မှာ အဲဒီ သတင်းတွေ အတွက် Apple က မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ပြီး ၁၄ ရက်နေ့မှာ စပြီး Official Site မှာ စရောင်းတာ ဖြစ်ပါတယ်။

Read the rest of this entry »

Asus Eee PC S101

Asus ရဲ့ Eee PC S101 ကို Asustek က ဒီနှစ် (2008) နိုင်ဝင်ဘာ ၁ ရက်မှာ စဖြန့်တော့မှာ ဖြစ်ပါတယ်။ ဒီ S101 ဟာ အရင် Eee PC 904, 905 တို့လို မဟုတ်ပဲ High-End အနေနဲ့ ဖြန်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကလဲ အရင် Eee PC တွေ ထက် ဈေးပိုမြင့်မှာပါ။ ဈေးနှုန်းက $699 နဲ့ ရောင်းမှာ ဖြစ်ပါတယ်။

Read the rest of this entry »

ASUS’ Eee PC 904

Asustek\' Eee PC 904, 905

Asustek ရဲ့ နာမည်ရ ထုတ်ကုန်ဖြစ်တဲ့ Eee PC model အသစ် 904, 905 ကို ဒီလကုန်လောက်မှ စဖြန်တော့မယ်လို့ သိရပါတယ်။ အရင် မော်ဒယ် 900 အကြောင်းကို MICT Exhibition 2008 ပို့စ်မှာတုန်းက ရေးခဲ့ဘူးပါတယ်။ သတင်းတွေဖတ်ရတာတော့ အခု မော်ဒယ် အသစ်မှာ ပါနေကျ Xandros Linux OS, Windows XP, Windows Vista အပြင် Ubuntu ပါ တင်ပေးမယ်လို့ သတင်းတွေ ထွက်တာဖတ်ခဲ့ရတယ်။ အခု အသစ်မှာ အရင်လို solid state 4GB ကိုမသုံးတော့ပဲ 40GB Harddisk ပြောင်းသုံးတာ တွေ့ရတယ်။ နောက် Windows XP တင်ပြီးသားပါ။ လောလောဆယ်တော့ Asus Authorized Dealer Golden Power က Eee PC ၀ယ်ထားတဲ့သူတွေကို 2GB thumb drive တစ်ခု လက်ဆောင်ပေးတဲ့ အစီအစဉ် ဒီလထဲမှာ လုပ်နေပါတယ်။ အခု မော်ဒယ် အသစ် 904, 905 က ကျွန်တော်တို့ ဆီ မကြာခင်ရောက်လိမ့်မယ် ထင်တယ်။ ဈေးက 600 (595$) လောက်ရှိလိမ့်မယ်။ ကျွန်တော်တို့ အခု မော်ဒယ် အသစ်မှာ ဘာတွေ ပါလာမလည်း ကြည့်ရအောင် -

Read the rest of this entry »