Real Mac World
MacWorld က အမှန်တော့ media တစ်ခုနာမည်ပါပဲ သူက လစဉ် Mac, Gadgets အကြောင်းတွေရေးထုတ်တဲ့ magazine ပါ။ တကယ်ထင်တာ အခု ပုံတွေလဲ MacWorld လို့ပြောရမှာပဲ =D အပေါ်ကပုံက Florida University က ကျောင်းသားတွေပါ။
MacWorld က အမှန်တော့ media တစ်ခုနာမည်ပါပဲ သူက လစဉ် Mac, Gadgets အကြောင်းတွေရေးထုတ်တဲ့ magazine ပါ။ တကယ်ထင်တာ အခု ပုံတွေလဲ MacWorld လို့ပြောရမှာပဲ =D အပေါ်ကပုံက Florida University က ကျောင်းသားတွေပါ။

Apple ကနေ Black Friday ကို တရားဝင်ကြေငြာလိုက်ပါပြီ… Black Friday က အရင်ကတည်းက ကောလဟာလ ထွက်နေခဲ့တာပါ။ အရင်ထွက်တုန်းကတော့ black friday မှာ 30% Discount လောက်အထိရှိမယ်လို့ သတင်းထွက်ပေမယ့်။ အခု တရားဝင်ဆိုဒ်မှာတော့ ဘာမှမပြောထားပါဘူး။ တကယ်တန်းလျော့ပေးလဲ 30, 40, 50$ လောက်အထိသာ အများဆုံးလျှော့ပေးမှာပါ။ ရက်ကတော့ တစ်နှစ်တစ်ခါဆိုတဲ့ အတိုင်း ဒီလ နိုဝင်ဘာလ 27 ရက်နေ့ ဖြစ်ပါတယ်။
Apple က သတင်းတွေထွက်နေတဲ့ အတိုင်း iMac, MacBook, Macmini နဲ့ mouse အသစ် Magic Mouse ဆိုပြီးထုတ်လိုက်ပါပြီ။ ဆိုဒ်သွားကြည့်လိုက်တော့ iMac ကို အရင်တွေလိုက်ရတယ်။ အခု အသစ်ထွက်တဲ့ iMac က အရင်ထက် အနည်းငယ်ပိုပါးပါတယ်.. ထူးခြားတာကတော့ iMac ကို QuadCore အထိ မြင့်လို့ရတယ် RAM ကို 16 GB အထိ ရတယ်။
နောက် ဈေးကလဲ လုံးဝကို ချထားတယ် 21 inch ကို 1100$ နဲ့ရတယ်။ 27 လက်မကတော့ Apple ထုတ်ထဲမှာ အကြီးဆုံးဆိုဒ်ဖြစ်လာတယ် ဈေးက 1700$ ကစတယ်။ LED BackLit Display သုံးပြီး view angle က အရင်ထက်အများကြီးပိုကျယ်တယ်။ SD card slot ပါတယ်။ အထူးခြားဆုံးက iMac တိုင်းမှာ wireless mouse, Magic Mouse က standard အနေနဲ့ပါတယ်။ အရင်ကဆို wired တွေနဲ့လာတာ wireless ဖြစ်ချင်ရင် ပိုက်ဆံထပ်ပေးရတယ်။ နောက် ဈေးက အရင်က 24 လက်မက 1400 လောက်ကစတယ် အခုက အများကြီးကို သက်သာသွားပြီ။

Fun Booth ဆိုတာက Mac Application တစ်ခုဖြစ်ပြီး ဓာတ်ပုံ ရိုက်တဲ့ အခါ သုံးပါတယ်။ Mac OS X ရဲ့built in Photo Booth နဲ့ ပုံစံတူပါတယ်။ မတူတာက Mac တွေရဲ့ iSight Camera ကိုသုံးပြီး ပုံကို ကြည့်တဲ့ အခါ Face Detection နဲ့ အလိုလျောက်ပုံထဲက မျက်နှာတွေမှာ ကိုယ်ထည့်ချင်တဲ့ ဦးထုပ်၊ မျက်နှာဖုံး၊ နှုတ်ခမ်းမွေးလို အရာတွေ ထည့်လို့ ရပါတယ်။ Real Time ထည့်ပေးတာပါ။

CrossLoop ဆိုတာ Screen Sharing အလွယ်တကူလုပ်နိုင်ဖို့ ၀န်ဆောင်မှုပေးတဲ့ ဆိုဒ်တစ်ခုပါ။ သူငယ်ချင်း အချင်းချင်း screen share လုပ်ရုံတင်မကပဲ အဲဒီဆိုဒ်မှာ မိတ်ဆွေရဲ့ Softwares, Anti-Virus, iPhone လို topic မျိုးတွေနဲ့ free technical support လုပ်ပေးနေတဲ့ သူတွေလဲ ရှိပါတယ်။ Screen Sharing က Mac မှာ ကျွန်တော် အရင်က ပြောခဲ့သလိုပဲ Mac.com account ကိုသုံးပြီး iChat မှာ အလွယ်တကူ လုပ်လို့ ရပါတယ်။

ဒီနေ့ June 8 ရက် (မြန်မာစံတော်ချိန် june 9 ရက် နံနက် ၁ နာရီ) မှာ Apple ရဲ့ World Wide Developer Conference (WWDC 09) ကို San Fransisco မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ ကျွန်တော်လဲ နေမကောင်းပေမယ့် Conference က အရေးပါတဲ့ ဖိုင်နယ် ဘောလုံးပွဲ တစ်ပွဲလို လက်လွတ်မခံနိုင်တာကြောင့် တိုက်ရိုက် သတင်းတွေကို track လုပ် ဖတ်ရပါတော့တယ်။ WWDC 09 သတင်းက ဒီရက်ပိုင်းမှာ tech blog, web site, postcast တွေမှာ နေရာ အနှံ့တွေ့ရဦးမှာပါ။ ကျွန်တော်ကတော့ twitter, Gizmodo live blog ကနေ အဓိက ထားပြီး WWDC က တိုက်ရိုက် သတင်း၊ ဓာတ်ပုံတွေကို ကြည့်ပါတယ်။

အစက MacBook တွေရဲ့ TrackPad တွေ အကြောင်းကို အခြား guide လို post ထဲမှာ စုရေးမလို့ စဉ်းစားထားတာပဲ နောက် မထူးပါဘူး ထင်လို့ အခုလို ခွဲရေးလိုက်ပါတယ်။ MacBook တွေမှာ Buttonless Trackpad ကို ပထမဆုံးစသုံးတာက 2007 မှထွက်တဲ့ MacBook Air မှာ ပထမဆုံးပါလာတာပါ။ သူက Glass ဖန်နဲ့ လုပ်ထားတယ်။ သူ့အပေါ် ထုထည်ကြီးတဲ့ ပစ္စည်းမျိုးကျရင် ကွဲနိုင်ပါတယ်။

Apple ရဲ့ CEO Steve Jobs လက်ရှိ ကျန်းမာရေး အရ အနားယူနေချိန်မှာ ပြောရေးဆိုခွင့်ရှိသူ Tim Cook က သတင်းထွက်နေတဲ့ Apple NetBook လောကကို ၀င်မယ်ဆိုတဲ့ ကိစ္စကို တရားဝင်ငြင်းသွားပါတယ်။