12 Mar, 2009

ဒီရက်တွေမှာ Apple ကနေထုတ်မယ့် Netbook အတွက် Prototype Designs တွေကို Technology ဆိုဒ်တွေမှာ အများကြီးတွေ့ရတယ်။ ဒီဇိုင်း concept တွေက တစ်ခုနဲ့ တစ်ခု မတူဘူး။ တချို့တွေက မိုက်ပါတယ်။ သူတို့ အားလုံး iPhone, iPod Touch တွေရဲ့ဒီဇိုင်းပုံစံမျိုးကို ယူထားတာများတယ်။ iSight လဲ ပါတယ်။ အခု အပေါ်ဆုံးက ဒီဇိုင်းကို အကြိုက်ဆုံးပါပဲ။
Read the rest of this entry »
4 Mar, 2009

Gmail ကို သင့်ရဲ့ ကွန်ပျူတာက Dashboard ကနေ စစ်လို့ ရပါတယ်။ Gmail Widget ကို ထည့်ထားရင် Gmail ကို အမြဲတမ်း F4 တစ်ချက် နှိပ်ပြီး စစ်ကြည့်ရုံပါပဲ။ Compose ကတော့ ကလစ်လုပ်လိုက်ရင် default browser နဲ့ တက်လာမှာပါ။ Gmail စစ်ရတာ အဆင်ပြေပါတယ် နောက် auto refresh ဖြစ်ပါတယ်။ Download လုပ်ပြီး သွင်းလိုက်ရုံပါပဲ။ Mac OS X tiger, leopard တွေမှာ သုံးလို့ ရပါတယ်။
16 Feb, 2009

iPhoney ဆိုတာ iPhone Web page တွေကို iPhone, iPod touch မှာ မြင်ရတဲ့ ပုံစံကို သိရအောင် လုပ်ပေးနိုင်တဲ့ tool တစ်ခုပါ။ Web designer, developer တွေ အတွက် အသုံးဝင်ပါလိမ့်မယ်။ Safari လိုပဲ Webkit engine ကို သုံးထားတာပါ။ ဆိုဒ်တွေကို ဒေါင်လိုက် အလျားလိုက် ပြောင်းကြည့်ချင်ရင် command + T နှိပ်ပြီး ကြည့်နိုင်ပါတယ်။ Mac OS အတွက်ပါ။ iPhone Apps တွေ စမ်းဖို့ simulator မျိုးတော့ မဟုတ်ပါဘူး။
Read the rest of this entry »
12 Feb, 2009

Mac OS X 10.5.5 ကို MSI ရဲ့ Wind U100 မှာ တင်လို့ရပါတယ်။ U100 က Intel’ Atom CPU ကို သုံးထားပြီး RAM 1GB DDR2 ပါ။ အမှန်တော့ Mac ကို Asus EEPC တွေမှာလဲ ရပါတယ်။ MSI Wind တွေမှာ တင်ရတာက ပိုအဆင်ပြေပါတယ်။ ဘာလို့လဲ ဆိုတော့ သူ့မှာ driver တွေ အတွက် support လုပ်တဲ့ forum.MSIWind.net မှာ ယူလို့ ရတယ်။ ဒါပေမယ့် သူ့နဂို Apple product မဟုတ်တဲ့ အတွက် RAM 1GB က Apple’s 1 GB ထက်တော့ နှေးပါတယ်။ MZ က ကိုစည်သူ ရဲ့ laptop မှာ တင်ထားတာပါ။
Read the rest of this entry »
24 Jan, 2009

ဒီနေ့ January 24 ရက်မှာ Mac လို့ခေါ်တဲ့ Macintosh က 25 နှစ်မြောက် Anniversary ကို ရောက်ခဲ့ပါပြီ။ January 24, 1984 မှာ Apple Inc ကနေ စတင်မိတ်ဆက်ခဲ့တဲ့ world first Graphical User Interface နဲ့ keyboard, mouse သုံးထားတဲ့ ကွန်ပျူတာ ဖြစ်ခဲ့တာပါ။ ဒီနေ့ ခေတ် ကွန်ပျူတာတွေရဲ့ ပထမဆုံး UI နဲ့ Operating System စတင်ခဲ့တာပါ။ အဲဒီ အချိန်ကနေ အဆင့်ဆင့်ပြောင်းလဲ ခဲ့တာ အခုဆိုရင် Macintosh ဟာ Mac OS X Leopard ဆိုပြီး နောက်ဆုံး version 10.5.6 ကို ရောက်နေခဲ့ပါပြီ။ ဒီနှစ်ကုန်လောက်မှာတော့ Snow Leopard လဲ အသစ်ထွက်တော့မှာပါ။
Read the rest of this entry »
22 Jan, 2009

ဒီနေ့ Webdesigner Depot က The Evolution Of Apple Design 1977 – 2008 ပို့စ်ကို ဖတ်ကြည့်ဖြစ်တယ်။ ဟိုးအရင် ခေတ်တွေက Apple products တွေကနေ ဒီနေ့ ခေတ်အထိ စုစည်းထားတာ.. သူခေါင်းစဉ်တပ်ထားတာကတော့ မှားနေတယ်။ သူက 2008 အထိတပ်ထားပြီး 2009 မှာ မှ ထုတ်တဲ့ New MacBook Pro ပုံပါထည့်ထားတယ်။ ကျွန်တော် ငယ်ငယ်က ကွန်ပျူတာ စသင်တုန်းက ကိုင်ရတဲ့ Macintosh Performa 5200 – 1995 ပုံလဲ ပြန်တွေ့ရတယ်။
Read the rest of this entry »
12 Jan, 2009

iPhoto အသစ် မှာ အခု feature အသစ် အနေနဲ့ FaceLift (Face Recognition) နည်းပညာ အသစ် ပါလာပါတယ်။ ဒီနည်းပညာက iPhoto မှာ ထည့်တဲ့ လူပုံတွေကို သူ့ပုံ အလိုက် နာမည် တပ်ပေးလိုက်တာနဲ့ သူက ကျန်တဲ့ library ထဲက ပုံတွေ အကုန်လုံးကို သူ့ဘာသာ လူနာမည် အလိုက် album လုပ်ပေးနိုင်ပါတယ်။ နောက် အုပ်စုလိုက်ပုံတွေမှာ ပုံပေါ် mouse over တင်လိုက်ရင် လူနာမည် ပြပေးပါတယ်။
Read the rest of this entry »
10 Jan, 2009

Apple ကနေ Keyboard မပါတဲ့ ပထမဆုံး Laptop ကို မိတ်ဆက်ပြတဲ့ ဗီဒီယိုကို Onion News Network က video မှာ ကြည့်ခဲ့ရပါတယ်။ Laptop က Ipod ကလို wheel မျိုးနဲ့ပါ။ ဒါကို ပြသွားတာက နှလုံးရောဂါ ဖြစ်နေပါတယ်ဆိုတဲ့ သတင်းကို ငြင်းထားပေမယ့် သိသိသာသာ ပိန်နေတဲ့ Apple CEO Steve Job ကနေ Mac World Expo မှာ ပြသွားခဲ့တာပါ။ ဒီ laptop ကို ကြည့်ရတာ ကျွန်တော့် အတွက်တော့ စိတ်မသက်သာစရာပါ ကြည့်ရတာ အရင် ရှေးတုန်းက တယ်လီဖုန်း ကိုကြည့်ရသလိုပါပဲ.. နောက် ဂိမ်း ဘယ်လိုဆော့လို့ ရမလဲ ?
Read the rest of this entry »
10 Jan, 2009

Apple ရဲ့ New MacBook Pro အသစ်ကို အခု 2009 မှာ ထွက်ပါပြီ.. ဒါက october မှာ ထွက်ခဲ့တဲ့ New MacBook တွေထက် ၃ လလောက် နောက်ကျပြီးမှ ထွက်လာတာပါ။ ဒီ MacBook အသစ်မှာ အရင် New MacBook spec အတိုင်း ပဲဖြစ်ပြီး ကွဲပြားတာတွေက Core 2 Duo Processor speed, Nvidia Graphic, Apple Ports တို့က MacBook နဲ့ ကွဲပါတယ်။ Pro တွေကိုတော့ 15.4-inch နဲ့ 17-inch ဆိုပြီး ဆိုဒ် ၂ မျိုး နဲ့ထုတ်ထားပါတယ်။
Read the rest of this entry »
28 Dec, 2008

မနေ့က singapore ကနေ Apple MacBook ရောက်လာပါတယ်။ Christmas present ပေါ့ အမေက ၀ယ်ပေးတာပါ။ ၀ယ်လိုက်တာက အရင် ကျွန်တော်ရေးခဲ့တဲ့ 13-inch new MacBook ပါ။ Oct 14 ရက်နေ့က Apple က စဖြန့်ပါတယ်။ အခု ၀ယ်လိုက်တဲ့ တစ်ခုက 2.0 GHz Core 2 Duo, 4 GB DDR3 RAM, 160 GB HD, Nividia Geforce 9400 ပါပါတယ်။ အမှန်တော့ စင်ကာပူက အကိုကို ၀ယ်ခိုင်းတာ 2GB RAM ပါ အကိုက ဆက်မြင့်ရင် ဈေးသက်သာတယ်ဆိုပြီး 4GB အထိမြင့်လိုက်တာပါ။
Read the rest of this entry »