Posts Tagged: Mobile

Mobile Internet in Burma

Myanmar Mobile 3G Internet on iPhone

တိုးတက်မှု့နောက်ကျတာ ကျန်တဲ့အရာတွေမှာတော့ မသိပေမယ့် နည်းပညာပိုင်းမှာတော့ အခြားနိုင်ငံတွေကို အမှီပြန်လိုက်ရတာ ပိုလွယ်တယ်လို့ထင်မိတယ်။ နိုင်ငံခြားမှာတော့ အကြွေစေ့ထည့်သုံးရတဲ့ လမ်းဘေးဖုန်းတွေထားခဲ့ရတဲ့ခေတ်ရှိပေမယ့် ဒီမှာတော့ တိုးတက်တာနောက်ကျတော့ မိုဘိုင်းဖုန်းခေတ်ကို တန်းတက်ခွင့်ရသွားတယ်။ နောက်ဒီနှစ်ထဲမှာ ကျွန်တော့် မိုဘိုင်းဖုန်းလဲ အင်တာနက် 3G တပ်ခွင့်ရသွားတော့ ဟိုအရင်က မတွေးခဲ့ဖူးတဲ့ ဘယ်သွားသွား အင်တာနက်လေးပါပြီး ရန်ကုန်၊ မန်းလေး သာမက ကျောက်ဆည်လို မြို့မှာအထိ အင်တာနက်နဲ့ဖြစ်သွားတယ်။

GPRS, EDGE Networks to Available in Myanmar Soon

Myanmar GPRS Network

ဒီလပိုင်းတွေမှာ ဖုန်းမှာ ခဏတိုင်းမြင်ရလေ့ရှိတာက GPRS, EDGE signals တွေပါ။ ဂျာနယ်တွေမှာလဲ တွေ့ရပါလိမ့်မယ်။ ဖုန်းတွေမှာ အင်တာနက် ချပေးတယ်မယ်ဆိုတာ ပြောပါတယ်။ အစက နိုဝင်ဘာလထဲလို့ ပြောပြီး နောက်ပိုင်း သတင်းတွေမှာတော့ ၂၀၁၁ နှစ်ဆန်းပိုင်းမှာ ချပေးမယ်လို့ ပြောင်းသွားပါတယ်။ 3G အဆင့်ထိတော့ မရသေးဘူးလို့ပြောပါတယ်။

Enabling iPhone 3G iOS4 Multitasking on Mac

iOS 4

Apple က iOS 4.0 စထုတ်တဲ့ အချိန်မှာ iPhone 3G, iPod Touch 2nd Gen အစောပိုင်းတွေမှာ Home Screen Wallpaper, Battery Percent, Multitasking တွေပေး မ run တော့ပါဘူး။ အမှန်တော့ iOS 4 က အဲဒီလို device အသစ်မကိုင်နိုင်တဲ့ သူတွေအတွက် စက်လေးတာရယ် folder လေးပါလာတာရယ်ကလွဲရင် သိသာတဲ့ ပြောင်းလဲမှု မရှိသလောက်ပါ။ နောက်ဆုံးတော့ ကျွန်တော်လို JailBreak မလုပ်ချင်တဲ့သူတောင် Steve Job က အတင်းဖိအားပေးပြီး Multitasking ရဖို့ JB လုပ်ခိုင်းလာသလို ဖြစ်လာပါတယ်။

Mobile UI Dev ~ Keynote From YGNMobDev

Mobile Apps UI Designs

မနေ့ကလုပ်ခဲ့တဲ့ YGN Mobile Development Conference မှာ ကျွန်တော် section တုန်းက သုံးခဲ့တဲ့ Keynote presentation ဖိုင်ပါ။ SlideShare မှာ ပြန်တင်ထားဖြစ်ပါတယ်။ Keynote ထဲတော့ data ဘာမှသိပ်ပါမှာ မဟုတ်ပါဘူး ကျွန်တော် ပါးစပ်ကပဲ များများပြောသွားပြီး Inspirational Designs တွေကိုလဲ iPhone နဲ့ iDemo (ScreenSplitr) သုံးပြီး ပြရင်းပြောသွားလို့ပါ။ အခုတော့ အဲဒီဘာမှ သိပ်မပါတဲ့ pdf လေးတင်ထားလိုက်ပါတယ်။ အောက်မှာ ကြည့်လို့ရပါတယ် Flash Player လိုပါတယ်။ စက်ထဲမှာ ထားရင် ဖျက်မိမှာစိုးလို့ အွန်လိုင်းမှာ တင်ထားလိုက်တာပါ။ ကျေးဇူးတင်ပါတယ်။

Yangon Mobile Development Conference 2010

Yangon Mobile Development 2010

မနက်ဖြန် 14 ရက်နေ့မှာ Info-Tech Room 205 မှာ Yangon Mobile App Development Conference 2010 ပွဲရှိပါတယ်။ ဒီပွဲမှာ လက်ရှိ ခေတ်စားနေတဲ့ iPhone, Android, Java, Windows Mobile Phone Applications တွေ အကြောင်းပြောကြမှာပါ။ မြန်မာပြည်နဲ့ အခြား နိုင်ငံခြားက မြန်မာ Mobile Developer တွေ ပြောကြမှာပါ။ အခြားသူတွေလဲ အွန်လိုင်းကနေ Q&A ဖြေပေးမယ့် အစီအစဉ်တွေရှိပါတယ်။ ကျွန်တော့် section လဲပါပါတယ် ကျွန်တော်ကတော့ Developer မဟုတ်တာမို့ Mobile UI အကြောင်း နဲ့ Creative App တွေအကြောင်း အဓိကပြောပါမယ်။ ပွဲကို မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိရှိမှာ ဖြစ်ပြီးတော့ ပွဲမှာ Myanmar Developer App တွေ Technomation Studio က Mobile Apps တွေ free ပေးပါမယ် နောက် Stickers တွေလဲ ပေးမှာပါ။ ဒါကြောင့် Mobile Development ကို စိတ်ဝင်စားသူများ တက်ရောက်ဖို့ ဖိတ်ပါတယ်။

Get iPhone Wallpapers, Ringtones Free

iPhone Wallpapers

ဒီရက်ပိုင်း ဘာရယ်မဟုတ်ဘူး ဟာသ တီရှပ်တွေ ဝယ်ဖြစ်တယ်။ နောက် ပေါက်ကရတွေ ပဲလုပ်ချင်နေတယ်။ ဒါနဲ့ ဖုန်းမှာလဲ ဟာသ ပုံတွေ wallpaper လုပ်သုံးဖြစ်တယ်။ ကျွန်တော်က Wallpaper ခဏတိုင်း ပြောင်းရတာ ဝါသနာ ပါတယ်။ ပြောင်းရင် desktop, laptop, phone, mp4 တွေအကုန် one set ဆင်တူပြောင်းတာကလဲ ဝါသနာ အခုလဲ ညနေပိုင်း funny ringtones တွေ download လုပ်နေဖြစ်တယ်။ ဒါနဲ့ ကျွန်တော်လိုလူတွေ အတွက် အဆင်ပြေအောင် ဒီနေ့ ရှာခဲ့တဲံ ဆိုဒ်တွေ ပို့စ်တင်ပြီး ရေးလိုက်ပါတယ်။ ကျွန်တော်လဲ နောက်မေ့သွားရင် ပြန်ရှာလို့ ရအောင်။

Google’s Nexus One Phone

Google Nexus One Phone ~ Built by HTC

Google ရဲ့ သတင်းပြေးနေတဲ့ Nexus One ကို ဒီနေ့ သွားကြည့်ဖြစ်တယ်။ ကြည့်ဖြစ်တယ်ဆိုတာ အွန်လိုင်း မှာပြောတာပါ။ Google.com/phone မှာ ကြည့်လို့ ရတယ်လေ။ ပြောရရင် သူများတွေလို hands on မဟုတ်ဘူး mouse on ပေါ့နော် mouse နဲ့ ပဲ ထိလို့ရလို့လေ။

No More Annoying Mobile Signal In Myanmar

MM MPT GSMအရင်က ကျွန်တော် တစ်ခါ ရေးခဲ့ဖူးတယ် ရန်ကုန်မှာ GSM ဖုန်းလိုင်းမှာ 3G Handset တွေမှာ လိုင်းမမိတော့ပဲ Network Error ပြတဲ့ ပြသနာ အခု မဖြစ်နိုင်တော့ဘူး လို့ သတင်း ဖတ်ရပါတယ်။ အရင်က GSM နဲ့ WCDMA (3G) ဖုန်းလိုင်း ၂ မျိုးရှိတာ။ လူအများစု မသိကြလို့ပါ အဲဒီ အင်တာနက် ရတဲ့ 3G ဖုန်းလိုင်းက လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတဲက ရန်ကုန်မြို့ထဲမှာ ရှိနေတယ်။

ကျွန်တော်ကြားတာ စမ်းနေတယ်လို့ပြောတယ်.. နောက် power ရှိတဲ့သူတွေမှ ရတယ်လို့ ကြားမိတယ်။ ကိုယ့်ဖာသာ အိမ်မှာ စမ်းကြည့်သေးတယ် လိုင်းကတော့ မိတယ် password, proxy တွေ မသိတော့ ၀င်လို့ မရဘူး။ ကျွန်တော့် အရင်ဖုန်းက Sony Ericsson K800 က 3G support လုပ်တော့ မကြာမကြာ လိုင်းအပြင်ရောက်သွားပြီး No Ntw. ဆိုပြီး လာပေါ်လေ့ရှိတယ်။ ပုံမှန်သဘောတရားအရ GSM နဲ့ WCDMA 2 လိုင်းရှိနေရင် ဖုန်းတွေက အလိုလျောက် လိုင်းဆွဲအားကောင်းတဲ့ WCDMA (3G) ကို ၀င်သွားတတ်တယ်။ 3G Handset တွေမှာ အဲဒါကို setting မှာ သွားပိတ်မထားရင် ရန်ကုန်မြို့ထဲမှာ မကြာခဏ လိုင်းမမိတော့တဲ့ ပြသနာ ရှိခဲ့တယ်။ iPhone မှာလဲ အလိုလျောက်ရှာတယ် ဒါပေမယ့် ပိတ်ထားရင်ရပါတယ်။

Ornagai {English ~ Myanmar Dictionary}

Ornagai ~ English - Myanmar Dictionary

Ornagai ဆိုတာက English Myanmar Dictionary ၀ဘ်ဆိုဒ် တစ်ခုပါ။ Ornagai မှာ အင်္ဂလိပ်စာကနေ မြန်မာ စာ (အဘိဓာန်) အလွယ်တကူ ရှာနိုင်သလို မြန်မာ ကနေ အင်္ဂလိပ်စာကိုလဲ ပြန်ရှာလို့ ရပါတယ်။ Ornagai ဆိုဒ်က ရိုးရှင်း တက်တာမြန်သလို ရှာတဲ့ အခါမှာလဲ Google လို auto suggestion ထည့်ပေးထားပါတယ်။ Result မှာ noun, verb, adj, adv စတာတွေကို ခွဲပေးထားတဲ့ အပြင် voice spelling ပါထည့်ပေးထားပါတယ်။

Mosquito Ringtone

mosquito_graphic2

The Mosquito လို့ခေါ်တဲ့ Mosquito Ringtone ဆိုတာ လွန်ခဲ့တဲ့ ၂၀၀၆ လောက်ကတဲက ခေတ်စားတဲ့ ringtone ပေါ့.. အဲဒီတုန်းက ကျွန်တော့်မှာ ဖုန်းမရှိသေးတော့ သေသေချာချာ မစမ်းဖြစ်ဘူး။ ဒီနေ့မှ ပြန်သတိရလို့ ပြန်ရှာလိုက်တာ.. ဒီ ringtone က ခြင်နားနား လာပျံသလိုပဲ တ ၀ီ ၀ီ နဲ့ စိတ်ပျက်ဖို့ကောင်းတယ်.. တစ်ခုရှိတယ် အရမ်းကောင်းတာ.. ဖုန်းသံပေါ့ သူ့ အသံက 22khz ၀န်းကျင်လောက်ဆို အသက် ၅၀ ကျော် လူတွေ မကြားနိုင်တော့ဘူး။ သူ့ frequency လိုက်ပြီး သက်ကြီး ပိုင်းတွေ မကြားနိုင်ဘူး။