4 May, 2011
Ikimono Gakari လို့ခေါ်တဲ့ ဂျပန် band အဖွဲ့ ရဲ့ သီချင်းတစ်ပုဒ် တင်လိုက်ပါတယ်။ Blue Bird လို့ခေါ်တဲ့ သီချင်းပါ။ ဂျပန်လိုဆိုထားပါတယ်။ သံစဉ်ကောင်းတဲ့ သီချင်းတစ်ပုဒ်ပါ သီချင်း အဓိပ္ပါယ်သိချင်ရင်တော့ YouTube မှာ ရှာကြည့်လို့ ရပါတယ်။ ဒီရက်ပိုင်းက တရားစခန်းက ပြန်လာပြီးကတည်းက အလုပ်တွေပုံနေလို့ သီချင်းပဲ တင်နိုင်ပါတယ်။ အောက်မှာ သီချင်းရဲ့ music video ကြည့်လို့ ရပါတယ်။
Read the rest of this entry »
16 Jan, 2011
ဒီနေ့ညကတော့ အလုပ်လုပ်ရတာ ညဉ့်နက်သွားလို့ ဘာမှမရေးနိုင်တော့ပါဘူး။ ဒီတော့ ဆားချက်တဲ့ အနေနဲ့ သီချင်းတစ်ပုဒ်ပဲ တင်လိုက်ပါတယ်။ Crossfade band က ဆိုထားတာဖြစ်ပြီး Cold လို့ အမည်ရပါတယ်။ General Command & Conquer ကို Zero Hour အထိတင်ဆော့ဖူးသူတိုင်း သိမယ်ထင်ပါတယ်။ ကွျန်တော် တော်တော်ကြိုက်တဲ့ သီချင်းတစ်ပုဒ်ပါ တက္ကသိုလ်တက်တဲ့ အချိန်တွေတုန်းက ခဏတိုင်းနားထောင်ဖြစ်ပါတယ်။
2 Nov, 2010
Knockin’ On Heaven’s Door ~ Covered by Super Stars from Htoo Tay Zar on Vimeo .
ပြီးခဲ့တဲ့ အောက်တိုဘာ လ အစောပိုင်းရက်တွေက မန္တလေးမှာ အလုပ်ကိစ္စနဲ့ ရောက်တုန်း၊ ဘားကမ့် မိတင်လဲ သွားဖြစ်ရင်း ကိုသခင်ကြီး၊ ကိုမောင်လှတို့ တွေနဲ့ပါ ဆုံဖြစ်ပါတယ်။ နောက် ရန်ကုန်ကနေလာတဲ့ ကိုဇော်၊ မထိုက်၊ ၀ိန်း၊ တိုလီ တို့ရော ကျွန်တော်တည်းတဲ့ ဆီလိုက်လာကြတာမို့… မိတင်ရက်ပြီးတော့ နောက်ရက်မှာပဲ တည်းခိုခန်းကနေ ကိုသခင်ကြီး အိမ်ဘက် အားလုံးသွားဖြစ်ကြပါတယ်။ ကိုသခင်ကြီး စတူဒီယို ထဲမှာပဲ စကားပြောကြရင်း ဂစ်တာတွေ ဒရမ်တွေ တီးကြရင်းကနေ သီချင်း တစ်ပုဒ် အကုန်အတူတူ အမှတ်တရ ဆိုဖြစ်ကြပါတယ်။ ဒါနဲ့ပဲ ကင်မရာနဲ့ တစ်ခါထဲ ဗီဒီယို ရိုက်ထားဖြစ်တာကို Edit လုပ်ပြီး Vimeo မှာ တင်ထားလိုက်တယ်။
28 Aug, 2010
ဒီနေ့တော့ ဘာမှမရေးတော့ပဲ သီချင်းတစ်ပုဒ်ပြန်တင်ပါတယ်။ Scotty Doesn’t Know လို့ခေါ်ပါတယ်။ ကြားဖူးတယ်လဲ ဖြစ်ချင်ဖြစ်မှာပါ Euro Trip ဆိုတဲ့ ကျောင်းသား ဟာသ ကားထဲကပါ။ ဒီကားက Road Trip ပြီးမှထွက်ခဲ့တာပါ။ ကြည့်ဖူးတာကတော့ ၉ တန်းလောက် ကတည်းကပါပဲ။ အကိုနဲ့ ကြည့်တယ် နောက် ရီရတယ်ဆိုပြီး ကျောင်းကဘော်ဒါကို ပြောပြတော့ သူကထပ်ပြီး ကျွန်တော့်နာမည်နဲ့ အခွေဆိုင်မှာ ငှားပြန်တယ်။ နောက် ၁၀ ရက်လောက်ကြမှ သွားအပ်ဖြစ်တယ်။ အဲဒီတုန်းက ပါရမီက Swam ဆိုတဲ့ ဆိုင်မှာ တော်သေးတယ် အခွေဆိုင်က ဘဲကြီးနဲ့လဲ သိနေကြလို့ ပိုက်ဆံအပို မပေးရတယ်။
27 Jun, 2010
Waka Waka လို့ဆိုတဲ့ 2010 ကမ္ဘာဖလား သီချင်းကတော့ တော်တော် အောင်မြင်တာပဲ။ နေရာတိုင်းကြားရတယ်။ ကျွန်တော် World Cup 2010 Song ဆိုပြီး တင်တုန်းက Shakira နဲ့ ဗီဒီယိုက မထွက်သေးဘူး သီချင်းပဲရှိသေးတာ။ အခုမှ ဗီဒီယိုကို နေရာအနှံ့မြင်ရတော့ ကြည့်မိပြီး သဘောကျသွားတယ်။ ကတာတွေလဲ ကြိုက်တယ်။ နောက် Shakira ရဲ့ ဖက်ရှင်ကို ကြိုက်တယ်။ ဆံပင်မှာ အရောင်စုံ ဘောလုံးလိုလေးတွေ တပ်ထားတာလဲ သဘောကျတယ်။
31 May, 2010
ပို့စ်မတင်ဖြစ်တာ ကြာသွားလို့ ဒီနေ့တော့ ဆားချက်တဲ့ အနေနဲ့ အခုလာတော့မယ် World Cup 2010 Africa က သီချင်း တစ်ပုဒ်တင်လိုက်ပါတယ်။ သီချင်းက Shakira ဆိုထားတာပါ Waka Waka လို့ ခေါ်ပါတယ်။ ကြည့်ရတာ တောင်အာဖရိက ဘာသာစကား ထင်တာပါပဲ။ Album လိုက်ကိုတော့ iTunes ထဲမှာ ၀ယ်လို့ ရပါတယ်။ သီချင်းနားထောင်ချင်ရင်တော့ အောက်မှာ တင်ထားတဲ့ Vimeo က ဗီဒီယိုနဲ့ နားထောင်လို့ရပါတယ်။ လောလော ဆယ်တော့ ကမ္ဘာ့ဖလား နီးနေတာရယ် သီချင်းကလဲ နားထောင်လို့ ကောင်းတာကြောင့်ပါ။ Have A Nice Day!!
10 May, 2010
ဒီနေ့တော့ သီချင်းတစ်ပုဒ် တင်ထားလိုက်မယ်ဗျာ ပင်ပန်းနေလို့… သီချင်းတင်ပြီး အိပ်တော့မလိုပါ.. Orianthi ရဲ့ Highly Strung လို့ အမည်ရတဲ့ သီချင်းပါ။ Believe ဆိုတဲ့ အခွေထဲက ဖြစ်ပါတယ်။ Orianthi ဆိုတာ ဘယ်သူလဲလို့ မိတ်ဆက်ပေးရရင် သူက Australia က မိန်းကလေး ဂစ်တာသမား၊ သီချင်းရေးသူတဲ့ ပါ။ Michael Jackson ရဲ့ This is It Documentry အခွေထဲမှာ guitar တီးတဲ့ မိန်းကလေးက သူပါပဲ။ ပြီးခဲ့တဲ့ ၂ ပတ်ကျော် Siobhan Magnus မထွက်ရခင်က American Idol မှာ Steve Vai, Randy Jackson, Travis (ex-Blink 182) တို့နဲ့ သီချင်းဝင်တီးသွားပါသေးတယ်။ နောက် Hope for Haiti ~ We Are The World မှာလဲ ဂစ်တာဝင်တီးထားပါတယ်။
14 Mar, 2010
Hold Your Horses ရဲ့ 70 Million လို့ခေါ်တဲ့ သီချင်း music video ကို ဒီနေ့ ၁ ခေါက်ကြည့်မိပြီးတာနဲ့ စွဲသွားတယ်။ အခု ပုံတွေတင်ထားတဲ့ အတိုင်းပါပဲ မိတ်ဆွေ ပုံတွေကို မြင်ဖူးသလိုလို ရှိနေလိမ့်မယ်…. ဘာလို့လဲဆိုတော့ နာမည်ကျော် ပန်းချီ ကားတွေကို ပြန်ပြီး သရုပ်ပြရင်း ဆိုထားလို့ပါ။ ဒါဗင်ချီ ပန်းချီတွေကော ခရစ်တော်နဲ့ သက်ဆိုင်တဲ့ ပုံတွေကော အကုန်ပါတယ်။
4 Nov, 2009
ဒီရက်ပိုင်း အလုပ်များနေတာ မီးပျက်တာတွေကြောင့် ဘလော့ဂ်ကို မရေးဖြစ်တာ ကြာသွားတယ်။ ဒီနေ့လဲ သီချင်းတစ်ပုဒ်ပဲ တင်လိုက်တော့မယ် ဒီသီချင်းက တင်ထားတာတော့ နဲနဲကြာပါပြီ.. အခုကတော့ ဘလော့ဂ်မှာ တင်လိုက်တာပေါ့။
3 Aug, 2009
ဘာရေးရမလဲ မသိလို့ ဒီနေ့တော့ နားထောင်နေတဲ့ သီချင်း တင်လိုက်ပါတယ်.. သီချင်းနာမည်က ကမ္ဘာအပြင်ဘက် လို့ခေါ်ပါတယ်။ ဂရေဟမ် နဲ့ လေးလေးဝါး တို့ ဆိုထားတာပါ။ သီချင်းက ခိုင်သင်းကြည် မင်္ဂလာဆောင်တုန်းက အခွေထဲကပါ။ အမှန်ပြော ရရင် ကျွန်တော် အဲဒီ တစ်ခွေလုံးက သီချင်းတွေ ကြိုက်ပါတယ်။ သံစုံတီးဝိုင်းနဲ့ တီးထားတာက အရမ်းကောင်းပါတယ်။ သံစဉ်က တီးသွားတာ အရမ်းကိုလှပါတယ်… သူ့နေရာနဲ့ သူပဲ မြန်မာ သံစဉ်တွေမှာ ဒီလို သီချင်းကောင်းတွေ အများကြီးရှိသေးတယ်။ အမှန်တော့ ကျွန်တော်က နားညီးတဲ့ ဂီတတွေလဲ ကြိုက်သလို ဒီလို သီချင်းတွေလဲကြိုက်ပါတယ် နောက် Orchestra နဲ့ Symphony တီးထားတာတွေ instrumental music တွေလဲ အမြဲနားထောင်ဖြစ်ပါတယ်။