NLD Party’s Charity Music Concert

NLD Party's Charity Music Concert

၃၀ ရက်နေ့မှာ National League for Democracy Party က ပညာရေးရန်ပုံငွေအတွက်လုပ်တဲ့ show ပွဲကို ရောက်ဖြစ်ပါတယ်။ ဒီပွဲကို MCC မှာ ညနေ ၃ နာရီကစလုပ်တာ ဖြစ်ပါတယ်။ အပြင်ဘက် ကွင်းပြင်မှာလုပ်ပြီး စျေးဆိုင်တန်းတွေနဲ့ တော်တော်စည်ပါတယ်။ ဖွင့်ပွဲ အခန်းအနားကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက် အမှာစကားပြောပြီး အဆိုတော်များနဲ့ အတူဖွင့်လှစ်ပါတယ်။

Read the rest of this entry »

Chandelle ~ The Truth About Me

chandelle-album

ဒီရက်ပိုင်း အလုပ်တွေ အရမ်းများနေတာနဲ့ ဘလော့ဂ်တောင် ပုံမှန် မရေးဖြစ်တော့ဘူး ဖြစ်သွားပါတယ်။ ဒီကြားထဲ တောင်ကြီးလဲ သွားလိုက်သေးတယ် မီးပုံပျံပွဲပေါ့ ပုံကတော့ နောက်ရက်မှ တင်တော့မယ်။ အခုကတော့ Dirty Girl ဆိုတဲ့ ဇာတ်ကားထဲက ဇာတ်ဝင်သီချင်းပါ။ movie trailer ကြည့်ရင်းနဲ့ ကြိုက်သွားလို့ Shazam app နဲ့ analyze လုပ်ကြည့်တယ် မရဘူး ဒါနဲ့ ကြားလိုက်ရတဲ့ စာသားကို Google မှာ ရိုက်ရှာမှ ရတော့တယ်။ Chandelle ဆိုထားပြီး The Truth About Me လို့ ခေါ်ပါတယ်။

Read the rest of this entry »

When You Believe

Prince Of Egypt

ဒီနေ့ မနက် အစောကြီးနိုးနေတာနဲ့ သီချင်းနားထောင်ဖြစ်ပါတယ်။ ငယ်ငယ်က ကြည့်ခဲ့တဲ့ ကာတွန်းကားထဲက သီချင်းပါ။ ဒါနဲ့ အဲဒီသီချင်းအကြောင်းပဲ ပို့စ်လုပ်တင်လိုက်ပါတယ်။ ကာတွန်းကား Prince Of Egypt ထဲက ဇာတ်ဝင်သီချင်းပါ။ When You Believe လို့ခေါ်ပါတယ်။ ဆိုတာကတော့ Whitney Houston နဲ့ Mariah Carey ပါ။ ဒါေပမယ့် ကာတွန်းကားထဲက ဆိုထားတာကတော့ သူတို့ အသံမဟုတ်ဘူးလို့ ထင်ပါတယ်။

Read the rest of this entry »

Ikimono Gakari ~ Blue Bird

Ikimono Gakari

Ikimono Gakari လို့ခေါ်​တဲ့ ဂျပန် band အဖွဲ့ ရဲ့ သီချင်း​တစ်​ပုဒ် တင်​လိုက်​ပါ​တယ်။ Blue Bird လို့ခေါ်​တဲ့ သီချင်း​ပါ။ ဂျပန်​လို​ဆို​ထား​ပါ​တယ်။ သံ​စဉ်​ကောင်း​တဲ့ သီချင်း​တစ်​ပုဒ်​ပါ သီချင်း အဓိပ္ပါယ်​သိ​ချင်​ရင်​တော့ YouTube မှာ ရှာ​ကြည့်​လို့ ရ​ပါ​တယ်။ ဒီ​ရက်​ပိုင်း​က တရား​စခန်း​က ပြန်လာ​ပြီး​ကတည်းက အလုပ်​တွေ​ပုံ​နေ​လို့ သီချင်း​ပဲ တင်​နိုင်​ပါ​တယ်။ အောက်​မှာ သီချင်း​ရဲ့ music video ကြည့်​လို့ ရ​ပါ​တယ်။

Read the rest of this entry »

Thin Gyan Song And Yane Dance

Thin Gyan Water Festival Song And Yane Dance

သ​ဘက်​ခါ​ဆို​ရင် သ​ကြန် အကြိုနေ့​ရောက်​တော့​မယ်… နှစ်​သစ်​ရောက်​ဖို့ နီး​လာ​ပြီ​ပဲ။ အခု​ကတော့ ပြီး​ခဲ့​တဲ့ ၉ ရက်​နေ့​က Myanmar Egress မှာ လုပ်​ခဲ့​တဲ့ Entrepreneurship E002 Batch 12 ရဲ့ ကျောင်း​ဆင်း​ပွဲ​မှာ ရိုက်​ခဲ့​တဲ့ သ​ကြန် သီချင်း​နဲ့ ယိမ်း အကလေး တင်​လိုက်​ပါ​တယ်။ ရိုးရာ သ​ကြန် သီချင်း​တွေ​က ဘယ်နှစ်​ရောက်​ရောက် ရိုးမ​သွား​ဘူး။ ခေတ်ပေါ်​သ​ကြ​န သီချင်း​တွေ​ပဲ အဓိပ္ပါယ်​မ​ရှိ​တဲ့ စာသား​တွေ သံ​စဉ်​တွေ ဆို​နေ​ကြ​တယ်။ သ​ကြန် ယိမ်း​အက​ကို​တော့ တော်တော်​ကြိုက်​ပါ​တယ်။ မြန်မာ​ရိုးရာ အက​က အမြဲ​မရိုး​ဘူး ခြေထောက်​တွေ လက်​တွေ ချိုး​ကရ​တာ​ကို သဘောကျ​တယ်။ ဒီ​ဗီ​ဒီ​ယို​ထဲ​မှာ ခြေထောက်​လှုပ်​က​တာ​ကို တော်တော်​ကြိုက်​ပါ​တယ်။ အို​ကေ ဒါ​က သ​ကြန် သီချင်း ဗီ​ဒီ​ယု​ိ​ပါ နိုင်ငံ​ခြား​ကလူ​တွေ သ​ကြန်​ကို လွမ်း​လောက်​ပါ​ရဲ့ :D ပျော်​ရွှင်​ပါ​စေ…

Read the rest of this entry »

Barking At The Moon

Bolt SoundTrack

ဒီ​နေ့ မတ်​လ ၁​၈ နဲ့ ၁​၉ ရက်​ဟာ နှစ်​ပေါင်း ၂​၀ လောက်​အတွင်း​မှာ လ နဲ့ ကမ္ဘာ​မြေကြီး အနီး​ကပ်​ဆုံး အကွာ​အဝေး​ကို ရောက်​ရှိ​မှာ ဖြစ်​ပါ​တယ်။ ဒါ​နဲ့ ဒီ​နေ့ ညနေ​ဘက်​တောင် ဓာတ်​ပုံ​စောင့်​ရိုက်​ဖို့ ထွက်​သေး​တယ်။ အခု​ကတော့ ဓာတ်​ပုံတင်​ဖို့ မဟုတ်​ပါ​ဘူး။ နားထောင်​ကောင်း​တဲ့ သီချင်း​တစ်​ပုဒ်​တင်​မ​လို့​ပါ​ပဲ လ ဆို​တော့ လ​နဲ့​ပတ်​သတ်​တဲ့ သီချင်း mood ဝင်​နေ​တော့ Barking At The Moon သီချင်း​တင်​ပါ​တယ်။

Read the rest of this entry »

Oops! I Did It Again!!

Children Of Bodom

ဒီ​နေ့​တော့ ပင်ပန်း​နေ​လို့ ဘာ​မှ​မ​ရေး​နိုင်​တော့​ပဲ သီချင်း​ပဲ တင်​ပါ​တော့​မယ်။ သီချင်း​က Oops!! I Did It Again လို့ခေါ်​ပါ​တယ်။ ဒါ​နဲ့​ပဲ Britney Spears ဆို​တယ်​လို့​တော့ မ​ထင်​ပါ​နဲ့။ အခြား​သူ​ဆို​တာ တင်​မ​လို့​ပါ Children Of Bodom ဆို​တဲ့ ဥ​ရော​ပ​က Metal band ဆို​ထား​တာ တင်​မှာ​ပါ။ Version ပြောင်း​ထား​ပြီး Metal ပုံစံ​ဆို​ထား​ပေ​မယ့် နားထောင်​လို့ ကောင်း​နေ​ဆဲ​ပါ။

Read the rest of this entry »

Scotty Doesn’t Know

Euro Trip Movie Soundtrack

ဒီနေ့တော့ ဘာမှမရေးတော့ပဲ သီချင်းတစ်ပုဒ်ပြန်တင်ပါတယ်။ Scotty Doesn’t Know လို့ခေါ်ပါတယ်။ ကြားဖူးတယ်လဲ ဖြစ်ချင်ဖြစ်မှာပါ Euro Trip ဆိုတဲ့ ကျောင်းသား ဟာသ ကားထဲကပါ။ ဒီကားက Road Trip ပြီးမှထွက်ခဲ့တာပါ။ ကြည့်ဖူးတာကတော့ ၉ တန်းလောက် ကတည်းကပါပဲ။ အကိုနဲ့ ကြည့်တယ် နောက် ရီရတယ်ဆိုပြီး ကျောင်းကဘော်ဒါကို ပြောပြတော့ သူကထပ်ပြီး ကျွန်တော့်နာမည်နဲ့ အခွေဆိုင်မှာ ငှားပြန်တယ်။ နောက် ၁၀ ရက်လောက်ကြမှ သွားအပ်ဖြစ်တယ်။ အဲဒီတုန်းက ပါရမီက Swam ဆိုတဲ့ ဆိုင်မှာ တော်သေးတယ် အခွေဆိုင်က ဘဲကြီးနဲ့လဲ သိနေကြလို့ ပိုက်ဆံအပို မပေးရတယ်။ :D


Waka Waka

wakawaka

Waka Waka လို့ဆိုတဲ့ 2010 ကမ္ဘာဖလား သီချင်းကတော့ တော်တော် အောင်မြင်တာပဲ။ နေရာတိုင်းကြားရတယ်။ ကျွန်တော် World Cup 2010 Song ဆိုပြီး တင်တုန်းက Shakira နဲ့ ဗီဒီယိုက မထွက်သေးဘူး သီချင်းပဲရှိသေးတာ။ အခုမှ ဗီဒီယိုကို နေရာအနှံ့မြင်ရတော့ ကြည့်မိပြီး သဘောကျသွားတယ်။ ကတာတွေလဲ ကြိုက်တယ်။ နောက် Shakira ရဲ့ ဖက်ရှင်ကို ကြိုက်တယ်။ ဆံပင်မှာ အရောင်စုံ ဘောလုံးလိုလေးတွေ တပ်ထားတာလဲ သဘောကျတယ်။


Slash ~ Slash 2010 Guitar Solo Album

Slash Guitar Solo Album!!

Slash ရဲ့ နှစ်ချီကြာတဲ့ Solo Album အသစ်ထွက်ပါပြီ။ Slash ဆိုတာ ဘယ်သူလဲမသိသေးတဲ့ သူတွေ အတွက် မိတ်ဆက်ပေးရရင် ကွဲသွားတဲ့ Guns N Roses အဖွဲ့က lead guitarist ဖြစ်ပါတယ်။ လက်ရှိ Velvet Revolver အဖွဲ့မှာ ဂစ်တာတီးပါတယ်။ Guitar Hero 3 မှာ Boss အနေနဲ့ပါပါတယ်။ Michael Jackson Grammy ဆုရတုန်းက Black Or White မှာ solo ဝင်တီးဖူးတာ မှတ်မိမလားမသိဘူး။ သူ့ပုံက မှတ်မိလွယ်ပါတယ်… ဆံပင်စုတ်ဖွားနဲ့ကိုမှ အပေါ်က မျက်လှည့်ဆရာလိုလို ဦးထုပ်အမြဲဆောင်းလေ့ရှိပါတယ်။ ဂစ်တာက Gibson Les Paul ပဲအမြဲ ကိုင်တယ်။ လက်မှာ ကျွန်တော်လိုပဲ steel လက်ကောက်တွေ စွတ်ထားတယ် =P တစ်ခါတစ်လေ cigar ခဲထားတတ်တယ်။
