14 Mar, 2010

Hold Your Horses ရဲ့ 70 Million လို့ခေါ်တဲ့ သီချင်း music video ကို ဒီနေ့ ၁ ခေါက်ကြည့်မိပြီးတာနဲ့ စွဲသွားတယ်။ အခု ပုံတွေတင်ထားတဲ့ အတိုင်းပါပဲ မိတ်ဆွေ ပုံတွေကို မြင်ဖူးသလိုလို ရှိနေလိမ့်မယ်…. ဘာလို့လဲဆိုတော့ နာမည်ကျော် ပန်းချီ ကားတွေကို ပြန်ပြီး သရုပ်ပြရင်း ဆိုထားလို့ပါ။ ဒါဗင်ချီ ပန်းချီတွေကော ခရစ်တော်နဲ့ သက်ဆိုင်တဲ့ ပုံတွေကော အကုန်ပါတယ်။
Read the rest of this entry »
19 Feb, 2010

ဒီနေ့တော့ ဘာမှလဲ မရေးနိုင်ဖြစ်နေတာနဲ့ သီချင်း တစ်ပုဒ် တင်လိုက်ပါတယ်။ ဒီ သီချင်းကို blog မှာတင်ဖို့ လုပ်ထားတာတော့ ကြာပါပြီ အခု ကွန်နက်ရှင်ကောင်းမှပဲ တင်ဖြစ်ပါတယ်။ သီချင်းက Chairlift ဆိုတဲ့ band က ဆိုထားတာဖြစ်ပြီးတော့ သီချင်းနာမည်က Bruises လို့ခေါ်ပါတယ်။ သီချင်းအေးအေး တစ်ပုဒ်ပါ။ Apple က 4th Generation iPod Nano (Chromatic) အတွက် ကြော်ငြာ သီချင်း အနေနဲ့ သုံးခဲ့ပါတယ်။ Apple ကြော်ငြာထဲမှာ သီချင်းကော ကြော်ငြာပုံကော ကျွန်တော် အကြိုက်ဆုံး တစ်ခုပါ။ Minilistic ကို Idea ကောင်းကောင်းနဲ့ ပေါင်းလိုက်တဲ့ ပုံပါ။
Read the rest of this entry »
4 Nov, 2009
ဒီရက်ပိုင်း အလုပ်များနေတာ မီးပျက်တာတွေကြောင့် ဘလော့ဂ်ကို မရေးဖြစ်တာ ကြာသွားတယ်။ ဒီနေ့လဲ သီချင်းတစ်ပုဒ်ပဲ တင်လိုက်တော့မယ် ဒီသီချင်းက တင်ထားတာတော့ နဲနဲကြာပါပြီ.. အခုကတော့ ဘလော့ဂ်မှာ တင်လိုက်တာပေါ့။
Read the rest of this entry »
3 Aug, 2009
ဘာရေးရမလဲ မသိလို့ ဒီနေ့တော့ နားထောင်နေတဲ့ သီချင်း တင်လိုက်ပါတယ်.. သီချင်းနာမည်က ကမ္ဘာအပြင်ဘက် လို့ခေါ်ပါတယ်။ ဂရေဟမ် နဲ့ လေးလေးဝါး တို့ ဆိုထားတာပါ။ သီချင်းက ခိုင်သင်းကြည် မင်္ဂလာဆောင်တုန်းက အခွေထဲကပါ။ အမှန်ပြော ရရင် ကျွန်တော် အဲဒီ တစ်ခွေလုံးက သီချင်းတွေ ကြိုက်ပါတယ်။ သံစုံတီးဝိုင်းနဲ့ တီးထားတာက အရမ်းကောင်းပါတယ်။ သံစဉ်က တီးသွားတာ အရမ်းကိုလှပါတယ်… သူ့နေရာနဲ့ သူပဲ မြန်မာ သံစဉ်တွေမှာ ဒီလို သီချင်းကောင်းတွေ အများကြီးရှိသေးတယ်။ အမှန်တော့ ကျွန်တော်က နားညီးတဲ့ ဂီတတွေလဲ ကြိုက်သလို ဒီလို သီချင်းတွေလဲကြိုက်ပါတယ် နောက် Orchestra နဲ့ Symphony တီးထားတာတွေ instrumental music တွေလဲ အမြဲနားထောင်ဖြစ်ပါတယ်။
Read the rest of this entry »
29 Jun, 2009

ဒီနေ့တော့ အလုပ်က ပင်ပန်းလို့ ဘာမှလဲမရေးနိုင်ဖြစ်နေတာနဲ့ သီချင်းတစ်ပုဒ်သာ တင်ပါရစေ… Germany က Groove Coverage ရဲ့ God Is A Girl ဆိုတဲ့ သီချင်းပါ။ သီချင်းနာမည်က တစ်မျိုးဆန်းပါတယ် သီချင်းက techno/dance ဆန်တဲ့သီချင်းမျိုးပါ။ ဒီသီချင်းကို ပထမဆုံးနားထောင်ဖူးတာက ဟိုအရင် သူငယ်ချင်းတစ်ယောက် မွေးနေ့မှာ ရွှေတိဂုံဘုရား မြောက်ဖက်က M3 မှာ သီချင်းသွားဆိုတုန်းကပါ။
Read the rest of this entry »
15 Apr, 2009
May Thu – Water Proof Techno from Htoo Tay Zar on Vimeo.
သင်္ကြန် သီချင်း ကွန်နက်ရှင်ကောင်းနေတုန်း တင်လိုက်ပါတယ်.. တင်နေတာ အကြိုနေ့ကတဲကပါ ဒီနေ့မှ အဆုံးထိရတာ.. ဆိုတာက မေသူ၊ ရေးသူက အရိုး ပါ။ ဘာရယ်မဟုတ်ဘူး သီချင်းစာသားကို ကြိုက်လို့ပါ။ ကြိုက်ဆို အရိုးရေးတာကိုး။ နောက် ကတာလဲ လှတယ် ထင်တယ်။ တင်တုန်းက quality အခုလောက်မဆိုးပါဘူး။ နဂိုဖိုင်ကိုက မကောင်းတာပါ။ အဲဒါကို သူက ထပ် compress လုပ်လိုက်ပုံရပါတယ်။ မူရင်းဖိုင်လိုချင်ရင် Vimeo မှာ ယူလို့ရပါတယ်။ ပျော်ရွှင်ပါစေ။ ။
12 Mar, 2009
ဒီနေ့တော့ သီချင်းတင်လိုက် ပါဦးမယ်.. ဒီသီချင်းတွေ တင်မလို့ ပဲ လုပ်နေတာ ကြာပြီ အရင် နှစ် Olympics ကတည်းက ဒါပေမယ့် ကွန်နက်ရှင် မကောင်းတာရော ပျင်းတာရော ကြောင့် ၂၀၀၉ မှ တင်ဖြစ်တော့တယ်။ Beijing Olympics 2008 တုန်းက သီချင်းတွေပါ။ ၂ ပုဒ်တင်ထားတာ Welcome to Beijing နှင့် Official Theme song You And Me သီချင်း ပါ။
Read the rest of this entry »
20 Feb, 2009

ဒီနေ့တော့ မီးပျက်နေတာ ဘာမှမတင်တော့ဘူး.. သီချင်း တစ်ပုဒ်ပဲ တင်တော့မယ်။ The Submarines ရဲ့ You, Me & Bourgeoisie ဆိုတဲ့ သီချင်းပါ။ စန္ဒယားသံနဲ့ စတယ်.. အဲဒီ အသံကို မိတ်ဆွေလဲ ကြားဖူးချင် ကြားဖူးမယ်.. လောလောဆယ် iPhone 3G Ads တွေမှာ နောက်ခံ အသံအနေနဲ့ သုံးနေပါတယ်။ Shazem App ကြော်ငြာမှာ လဲတွေ့နိုင်ပါတယ်။ အခုတလောတော့ ခဏတိုင်း နားထောင်ဖြစ်တယ်.. စာသားလဲ ကြိုက်တယ်။ မိတ်ဆွေလဲ ကြိုက်မှာပါ။ Hosting မရှိတာရယ်. နောက် copyright တွေကြောင့် သီချင်းဖိုင်တော့ တင်မပေးတော့ဘူး လိုချင်ရင် အခု ပို့စ်မှာ comment မှာ ရေးတောင်းနိုင်ပါတယ်။ ပျော်ရွှင်ပါစေ။ ။
Read the rest of this entry »
17 Sep, 2008

ကျွန်တော် အိမ်မှာ တခါတလေ ပျင်းရင် ကွန်ပျူတာမှာ iDance D Player ဆိုတဲ့ ပလေယာလေးနဲ့ သီချင်းဖွင့်လေ့ရှိပါတယ်။ အဲဒီ ပလေယာလေးက ကိုရီးယားက လုပ်ထားတာဖြစ်ပြီးတော့ သူက ကာတွန်း (manga) 3D လေးတွေကတာပါ ပါတယ်။ ပလေယာနဲ့ ဖွင့်လို့ရသလို အဲဒီ ကာတွန်း လေးတွေကို desktop ပေါ်မှာ ဖွင့်ပြီး တင်ထားလို့လဲ ရပါတယ်။ ကာတွန်းရုပ်လေးတွေ ကတာ တော်တော်လှပါတယ်.. နောက် သီချင်းတွေနဲ့လဲ လိုက်တယ်။
Read the rest of this entry »
8 Sep, 2008

Metallica ရဲ့ album သစ် Death Magnetic ကို ဒီလ ၁၂ ရက်နေ့မှာ ကမ္ဘာအနှံ့ဖြန့်တော့မှာ ဖြစ်ပါတယ်။ ရဲ့ ၉ ချပ်မြောက် album ဖြစ်ပါတယ်။ အခွေကို Padonma က ကိုMonsterOfRock က ပလန်းနက်မှာ ဒေါင်းလုဒ် လင့်တင်ပေးထား ပါတယ်။ ကျေးဇူးလဲတင်ပါတယ် ခက်တာက ဒီမှာက ဒေါင်းလုဒ်ဆွဲဖို့ ကွန်နက်ရှင် မကောင်းတဲ့ အတွက် အခွေထွက်မှပဲ ၀ယ်တော့မယ်။
Read the rest of this entry »