28 Aug, 2008
Beijing Olympics ပိတ်ပွဲတုန်းက ဓာတ်ပုံတွေနဲ့ နောက် ပြိုင်ပွဲကာလာအတွင်းက ရိုက်ထားတဲ့ high quality ပုံတွေ တွေ့လို့ ပြန်တင်လိုက်ပါတယ်။ ပုံတွေက အရမ်းကြည်ပြီး ရိုက်ထားတာတော်တော် ကောင်းပါတယ်။ နောက် ရိုက်ထားတဲ့ နေရာတွေ တော်တော်လှတယ်ဗျာ။ ကျွန်တော် desktop မှာ wallpaper လုပ်ပြီး သုံးထားတယ်။ ပုံတွေကောင်းတာလဲ မပြောနဲ့ဗျ ရိုက်တဲ့ ကင်မရာတွေက မှန်ဘီလူးတွေကိုက နဲတာတွေ မဟုတ်ဘူး။ အခု အပေါ်မှာ ဆုံးမှာ တင်ထားတဲ့ ပုံဆို အရမ်းလှပါတယ် တရုတ်ရိုးရာ အဆောက်အဦးပုံနဲ့ ငှက်သိုက် အားကစားကွင်းရယ်နောက် ညအမှောင်မှာ လင်းနေတဲ့ မီးပန်းတွေရယ် အရမ်းလှတယ်။
Read the rest of this entry »
13 Jul, 2008
ဒီနေ့ အင်တာနက်သုံးတော့ ပုံမှန် ၀င်နေကြ အတိုင်း deviantArt ကို ၀င်လိုက်တော့ ဆိုဒ် ဒီဇိုင်းအသစ် version အသစ်ပြောင်းတာကို စသတိထားလိုက်မိတယ်။ အားလုံးကပြောင်းသွားတယ် အရင်လို recent deviation ကို ၄ ပုံမဟုတ်တော့ပဲ အများကြီးပြပေးတယ် နောက် daily deviation ၄ ပုံကို footer မှ ပြပေးတယ် နောက် poll တစ်ခုပါလာတယ်….. အဆင်ပြေသွားတာက categories view ပဲ side bar နဲ့ တွဲပြထားလိုက်တော့ ရှာရလွယ်သွားတယ် နောက် search မှာ categories အလိုက်ရှာဖို့ drop down ထည့်ပေးလိုက်တာက အရမ်းကို အဆင်ပြေတယ် အရင် version 5 Mudkips ကဆို အဲဒီလို ရှာနိုင်ဖို့ကို Home Page (front page) ကို အမြဲပြန်သွားရတယ် အခုတော့ ကြိုက်တဲ့နေရာက ရှာလို့ ရနိုင်ပါပြီ။
Read the rest of this entry »
19 Jun, 2008
Sony Ericsson ကနေ သူ့ရဲ့ ပထမဆုံး 8.1 megapixels Cybershot ကင်မရာ ပါတဲ့
C905 (Code Name – Shiho) ဖုန်းကို
Official Site မှာတရားဝင် ကြေငြာနေပါပြီ။ ဒီဖုန်းမှာ CyberShot ရဲ့ စွမ်းဆောင်ရည်တွေဖြစ်တဲ့ face detection, smart contrast, both a xenon flash and a photo flash တို့ပါဝင်ပါတယ်။ C905 ရဲ့ display က 2.4 A 2.4-inch QVGA TFT display ဖြစ်ပြီး scratch-resistant mineral glass သုံးထားပါတယ်။
Sony Ericsson C905 Cyber-shot မှာ built-in accelerometer for screen auto rotation, TV-out port, GPS, WiFi with DLNA support (always on Connection) လည်းပါဝင်ပါတယ်။ Memory အနေနဲ့ 2GB M2 card လည်းပါပါတယ်။ ဖုန်းဈေးနှုန်းတော့ မသိသေးပါဘူး။ ကျွန်တော်ကတော့ iPhone ၀ယ်မယ့် အစား C905 ကို ပိုလိုချင်မိတယ်။ ဘာလို့လည်းဆိုတော့ ဒီမှာ mobile phone Internet မရတော့ iPhone ရှိလည်း ဘာမှလုပ်လို့ မရဘူး ခင်ဗျ။ C905 ကမှ ကင်မရာနဲ့ ရှုခင်း ဓာတ်ပုံ တွေလိုက်ရိုက်တာကမှ ပိုကောင်းဦးမယ်။ Nokia မှာတော့ camera အမြင့်ဆုံးဖုန်းက N96 ဖြစ်ပြီး 5 megapixles ပါရှိပါတယ်။ Sony Ericsson က ကင်မရာမှာ C905 မတိုင်ခင်က K800i နဲ့ K810 မှာ 3.1 megapixels Cybershot ပါခဲ့ပါတယ်။ SE ရဲ့ C905 က mobile လောကမှ ပထမဆုံး စွမ်းဆောင်ရည်မြင့် camera phone ဖြစ်ပြီး ဒီဇိုင်းကလည်း သေးငယ်ပေါ့ပါးတာကြောင့် ဈေးသာပေးရတာတန်မယ်ဆိုရင် အောင်မြင်မယ်လို့ ထင်ပါတယ်။ ဒီဖုန်းကိုလိုချင်တယ် ဆိုရင် SE မှာ အီးမေးပေးထားရင် စာပို့အကြောင်းကြားပေးပါလိမ့်မယ်။
Read the rest of this entry »
18 Jun, 2008
ကျွန်တော် အရင်နှစ်တုန်းက ကျွန်တော့် ဘလော့ခ်မှာ ကျွန်တော် online မှာ ရှိကြောင်းကို reader တွေသိနိုင်တဲ့ sidebar widget မျိုးကို အချိန်တော်တော်ကြာ ရှာခဲ့ဘူးပါတယ်။ အဲဒီတုန်းက ဆိုဒ် ၂ ခုကို တွေ့တယ် အဲဒီ ၂ ခုက
Gtalk က status ကို ယူသုံးထားတာ (အဲဒီတုန်းက
Google က အဲဒီလို service မပေးသေးဘူး) ။ ဆိုဒ်တွေတော့မမှတ်မိတော့ဘူး တစ်ခုက co.uk နဲ့ဆိုဒ်ရယ် နောက်
Jabbar မှာတွေ့တာရယ်။ ကျွန်တော် စမ်းကြည့်တယ် ၂ ခုလုံး အဆင်မပြေဘူး အလုပ်လည်း မလုပ်ဘူး။ ၂ ခုလုံးက သူတို့ add ခိုင်းတဲ့ mail ကို
Gtalk မှာ add လုပ်ခိုင်းတာ။ ဒါနဲ့ လုံးဝကို မရတော့လို့ လက်လျှော့လိုက်ပြီး နောက်ထပ် ထပ်ရှာ ဖြစ်တယ်။ နောက် တစ်ခုတွေ့တာက
Skype status သုံးတယ်။ သူကတော့ အဆင်ပြေတယ် သူဆိုဒ်မှာ လိုချင်တဲ့ badge ဒီဇိုင်းရွေးပြီး ကုဒ်ကို ထည့်ရုံပဲ။ တစ်ခုရှိတယ် စက်ကနေ
Skype ကို log In လုပ်ရင် setting ထဲမှာ show my status to public ဆိုတာ လေးကိုတော့ on ပေးရမယ်။ ဒါဆိုရင်
Skype status ကို ဘလောခ့်မှာ ထည့်ထားလို့ရပြီ။ ကျွန်တော် အဲဒါကို ၁ လလောက်ပဲ ထည့်လိုက်တယ် နောက် ပြန်ဖြုတ်လိုက်တယ် ဘာလို့လည်းဆိုတော့
Skype က မြန်မာလူမျိုး သုံးတာနည်းတယ်၊ နောက် သုံးရင်
Gtalk သုံးတာထက် ပိုပြီး ကွန်နက်ရှင်ကောင်းဖို့ လိုတယ်၊ နောက် စက်နိမ့်ရင် နဲနဲလေးတယ်။ အဲဒါတွေကြောင့် ပြန်ဖြုတ်လိုက်တယ်။
Read the rest of this entry »