ဒီနှစ် သင်္ကြန်က အခြားနှစ်တွေနဲ့ မတူပဲ ကျွန်တော့် အတွက်တော့ ပျင်းစရာကောင်းပါတယ်။ ဘာလို့လဲတော့ မသိပါ သင်္ကြန်မတိုင်ခင် ရက်တွေကတည်းက အပျင်းရောဂါစွဲကပ်နေတာရယ် နေပူတာကြောင့်လဲ ပါမယ်ထင်ပါတယ်။ အစက ဒီနှစ်သင်္ကြန်တော့ ကားတွေပိတ်ပြီးကျပ်မယ်ပေါ့ နောက် ကားတွေများတော့ အနည်းဆုံးတော့ ပွတ်မိခိုက်မိတာတွေ ရှိမယ်တွေးထားတာပါ။ အကြိုနေ့မှာ မနက်အစောနိုးပေမယ့် ဟိုလုပ်ဒီလုပ်နဲ့ အပြင်ကို မနက် ၈ နာရီလောက်မှ ထွက်ဖြစ်ပြီး ရန်ကုန် မြို့တော်ခန်းမ ဖွင့်ပွဲလဲမသွားဖြစ်လိုက်ပါဘူး။ ဗိုလ်အောင်ကျော်လမ်းမှာ ကိုမျက်လုံး နဲ့ မနက် လက်ဖက်ရည်ဆိုင်ထိုင်ပြီး လမ်းတစ်ဖက်က မင်းသား ဝေဋုကျော် လုပ်နေကြ မဏ္ဏပ်မှာ မုန့်လုံးရေပေါ်လုံးတာကို စိတ်မပါ့တပါ နဲ့ ရိုက်ဖြစ်ပါတယ်။
အမှန်တော့ ရိုက်ချင်စိတ်မရှိတဲ့အပြင် အရင်နှစ်သင်္ကြန်တုန်းက မိန်းမတွေ မဏ္ဏပ်ပေါ်မှာ ဒွန့်နေတဲ့ပုံတွေ အပြွတ်လိုက်တက်ထားတော့ ကိုယ်တွေမရိုက်ပေမယ့် ဒီနှစ် ကွိုင်ရှာခံရ၊ ညှိမှာစိုးတယ်။ နောက် ကင်မရာလဲရေစိုမှာပျက်မှာ စိုးတယ်။ ဒါပေမယ့် မနက်တော့ မြို့တော်ခန်းမတော့ ရောက်အောင်သွားမှ ဆိုပြီး ၉ နာရီလောက်မှာ ရောက်သွားသေးတယ်။ ဖွင့်ပွဲပြီးသွားပြီ ဒါနဲ့ရှေ့နားမှာ ရေပက်တာရိုက် မလားကြည့်တယ် လမ်းက ကားပေးမဝင်သေးတော့ လမ်းမပေါ်ရေဖြန်းနေသလိုပဲဆိုတော့ ဘာမှမရိုက်ခဲ့ဘူးပြန်လာတယ်။ နောက်တော့ ကိုပြည့်ဖြိုး နဲ့ US က သူငယ်ချင်းမ ရောက်လာတော့ လက်ဖက်ရည်ဆိုင် ထိုင်ပြီး သုဝဏ္ဏ အားကစားကွင်းက ရခိုင်သင်္ကြန်ကို ချီတက်ကြပါတယ်။
တစ်ခါတုန်းက မြန်မာ ဘလော့ဂ်ဂါ မောင်နှမတွေ tag လုပ်ရင်း ပို့စ်ရေးတာတွေ လုပ်ဖူးပါတယ် အဲဒီတုန်းက တစ်ခါ What’s in my bag? ဆိုပြီး ကိုယ့်အိတ်ထဲမှာ ဘာတွေပါလဲ ဆိုတဲ့ အကြောင်းပို့စ်ရေးရတာ တစ်ခါလုပ်ဖူးပါတယ်။ ခုတော့ နောက်တစ်ခါ အိတ်ထဲမှာဘာပါလဲ ကိုယ့်ဖာသာ ပြန်ကြည့်မိရင်း တစ်ခါတုန်းကရေးဖူးတဲ့ ပို့စ်ကို သတိရသွားလို့ အိတ်ထဲမှာပါတာတွေ ဓာတ်ပုံဒီနေ့ပဲ ပြန်ရိုက်ပြီးတင်ဖြစ်ပါတယ်။
အမှန်တော့ ဒီနေ့ သီချင်းနားထောင်ရင်း စဉ်းစားမိတာက စတာပါ။ အရင်က သီချင်းနားထောင်ဖို့ဆိုတာ ကတ်ဆက် walkman player ရှိရတယ်။ တစ်ဖက် ၆ ပုဒ်လောက်ပါတဲ့ ၁၂ ပုဒ်စာတစ်ခွေ ရှိတာတွေ သယ်ရတယ် နောက် AA ဓာတ်ခဲကော၊ သီချင်းကျော်ချင်ရင် ဒီနေ့လို အသံနဲ့ခိုင်းဖို့ မပြောနဲ့ စက်ကရစ်တာ စောင့်ရသေးတယ်၊ တစ်ချက်တစ်ချက် ကျော်ရင်း နားထောင်မယ့် သီချင်းကျော်သွားတတ်တာတွေ သတိရတော့ အရင်တုန်းက အကြောင်းတွေ ပြန်စဉ်းစားရင် အဲဒီပို့စ်ကို သတိရသွားတာပါ။
အရင် ပို့စ်ရေးတုန်းကတော့ အိတ်ထဲမှာ mp3 player ရှိတယ် အဲဒီတုန်းက အင်တာနက်ဆိုင်က နေသုံးရတာဆိုတော့ mp3 ထဲမှာပဲ portable firefox browser ထည့်ပြီး password တွေ အကုန် save လုပ်သုံးတယ်။ နောက် dictionary အလေးကြီး တစ်ခုလဲ သယ်ခဲ့တာပဲ ပုံကြည့်မှ သတိရတယ်။ ခုချိန်မှာတော့ iPhone ထဲမှာပဲ အင်တာနက် ထိုင်ရာမထသုံးတယ် password တွေ အင်တာနက် ကဖေးကသုံးသလို key logger ထည့်မှာ မကြောက်ရတော့ဘူး နောက် dictionary ဆိုတာက ခုရှာခုတွေ အသံထွက်ဖတ်ပြသေးတယ်။ နောက် အရင်က calculator သယ်ရသေးတယ် အဲဒီတုန်းက physics တက်နေတာကိုး ခုတော့ မလိုတော့ဘူး၊ လိုရင်လဲ ဖုန်းထဲမှာပါတယ်။ စာမေးပွဲခန်းထဲတော့ ဖုန်းနဲ့ တွက်လို့ ရမယ်မထင်ဘူး ခိုးချမှာ စိုးလို့ =D
အရင်က ကျောင်းသားဘဝ ကလို ဘောပင်၊ ခဲတံ၊ highligh pen တွေလဲ မလိုတော့ဘူး ခုတော့ အိတ်ထဲမှာ ဘောပင် တစ်ချောင်းနဲ့ notebook တစ်အုပ်ပဲပါတော့တယ်။ အရင်လို ကျောင်းစာ textbook တွေလဲ မပါတော့ဘူးပေါ့။ တူတာပြောရရင်တော့ ခုထိ အပြင်သွားတိုင်း သီချင်းနားထောင်ဖို့ earphone ပါတယ်။ နောက် ဟန်ပြပါတဲ့ ပိုက်ဆံအိတ်မှာ ပိုက်ဆံမရှိတာကတော့ အရင် အတိုင်းပဲ =D နောက် လက်ကိုင်ပုဝါ ကခုထိပါတုန်းပဲပေါ့။ တစ်ခုပဲ အရင်ကလို ဆံပင် အရှည်မဟုတ်တော့ ဘီးကုတ်တော့ မပါတော့ဘူးခင်ဗျ။

အရင် ဓာတ်ပုံစရိုက်ခါစ dslr ကိုင်ခါစက မှန်ဘီလူးဆို ranger 16mm ကနေ 200mm လောက်အတွင်း ကောင်းပေ့ဆိုတဲ့ လန်းစ်မှန်သမျှ လိုချင်ခဲ့ဖူးပါတယ်။ နောက်ပိုင်း ပိုက်ဆံစုပြီး အရင် cropframe အတွက်ပဲရတဲ့ လန်းစ်တွေရောင်းပြီး full-frame ရတဲ့ မှန်ဘီလူးတွေ အသင့်ဖြစ်အောင် ဝယ်ထားဖြစ်တယ်။ နောက်ကြားထဲမှာ European pressphoto agency မှာ အလုပ်လုပ်ဖြစ်တော့ ဌာနကပေးတဲ့ 16~35mm, 70~200mm f/2.8 တွေနဲ့ လိုတရသလိုဖြစ်သွားသေးတယ်။ နောက်ပိုင်း ၂၀၁၂ ထဲမှာ အခြားမှာလုပ်ဖို့ အလုပ်ထွက်လိုက်တော့ အရင်လို ရုံးကပေးတဲ့ ကင်မရာ ဘော်ဒီ ၂ လုံးလဲမရှှိတော့ 70~200 လဲမရှိတော့ ဟာတာတာဖြစ်သလို ခံစားရသေးတယ်။
နောက်ပိုင်းတော့ freelance လုပ်ရင်းရတဲ့ ပိုက်ဆံနဲ့ 5D M III ဝယ်လိုက်ပြီးတဲ့နောက်ပိုင်း အခြား assignments လေးတွေကနေ ပိုက်ဆံရလာပြီး စုမိတယ် နောက် ရိုက်ရင်း၊ လေ့လာရင်းနဲ့ ကိုယ်လုပ်ချင်တာကို သိလာတော့ ပိုက်ဆံစုမိတတောင် tele ကောင်းကောင်း မဝယ်ဖြစ်တော့ဘူး။ ဘာလို့လဲဆို tele က အရေးတကြီးလိုတဲ့ အရာမဟုတ်ဘူးလို့ ထင်လာတယ် နောက် tele ကတော်ရုံမလိုအပ်ပဲ press conference, sports လောက်မှ လိုသလိုထင်လာတယ်။ conflict တွေ ရိုက်ရမယ်ဆိုရင်တောင် tele မသုံးချင်တော့ဘူး စိတ်ကဖြစ်လာတယ်။ ဝယ်ချင်စိတ်လဲမရှိဘူး နောက် agency တစ်ခုခုမှာ ပြန်လုပ်ရင်လဲ သူတို့က support လုပ်မှာဆိုတော့ ကိုယ်ဝယ်ထားလဲ အလကားဖြစ်သွားမှာ စိုးတယ်။ လက်ရှိတော့ ကိုယ်ပိုင်လန်းစ်ထဲမှာ အရှည်ဆုံး focal length ဆို 100mm f/2.8 L Macro prime တစ်လုံးရှိတယ်။ အဲဒီကောင်နဲ့ အဆင်ပြေတယ် ဒါပေမယ့်် သိပ်တောင် မသုံးဖြစ်တော့ဘူး။

ဒီဘက်ခေတ်မှာ gadgets တစ်ခုခု ဝယ်တော့မယ်ဆိုရင် မဝယ်ခင် သတင်းအချက်အလက်, reviews တွေ ကြည့်တာ အရမ်းအရေးပါပါတယ်။ အရင်ကဆို Apple ထုတ်တွေရှိတယ် ဘာမှကြိုပြီး သတင်းမထွက်ပဲ ချက်ချင်း မော်ဒယ် အသစ်မိတ်ဆက်ပေးပြီး ချက်ချင်းကောက်ထုတ်တတ်တယ်။ နောက်ဓာတ်ပုံရိုက်တော့ သိလာတာက Canon နဲ့ အခြား ကင်မရာတွေလဲ သတင်းကြိုမကြေငြာပဲ ထုတ်တတ်ကြတာပါပဲ။ Apple ထုတ် mac တွေ iOS devices တွေဆို သိသာတယ် ကြိုထုတ်မယ် ကြေငြာမထားသလို ထုတ်ရင်လဲ ဒီနေ့ကြေငြာ မနက်ဖြန် ဒါမှမဟုတ် ၂ ပတ်လောက်အတွင်း ပစ္စည်းဝယ်လို့ရပြီ ဆိုတာမျိုးပါပဲ။ အသစ်ထွက်တဲ့ စျေးကလဲ အရင်ထုတ်ခဲ့တဲ့ မော်ဒယ် စျေးအတိုင်းဆိုတော့ ဒီိလိုမျိုးတွေ ကြိုသိမထားပဲ ဝယ်မိရင် ဒီနေ့ ဝယ်လိုက်ပေမယ့် နောက်ရက် မော်ဒယ် အသစ်ကို လက်ရှိစျေးနဲ့ ထွက်လာတဲ့အခါ ကြေကွဲရပါလိမ့်မယ်။
April 1 ရက် ကြားဖြတ်ရွေးကောက်ပွဲတုန်းက ကျွန်တော် ဥရောပဘက်က ရွေးကောက်ပွဲသတင်းလာယူတဲ့ ရုပ်သံမီဒီယာ တစ်ခုကို fixer လို့ခေါ်တဲ့ အမှားပြင်ပေးသူ ဒေသန္တရ ရိုးရာ၊ အချက်အလက်တွေကို ပြောပေးသူအနေနဲ့ အလုပ်လုပ်ဖြစ်ပါတယ်။ အဲဒီတုန်းက ရွေးကောက်ပွဲနေ့မှာ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာပဲ စခန်းချပြီး သတင်းလိုက်ရိုက်ဖြစ်ခဲ့ပါတယ်။ မနက်အစောပိုင်းမှာပဲ ပထမဆုံးရောက်ဖြစ်တဲ့ သိမ်ဖြူကုန်းအဆင်းနားက မဲရုံမှာ လူတွေရုတ်ရုတ်သဲသဲဖြစ်နေတာ တွေ့လို့ ကားပေါ်ကနေ ဆင်းပြီး စူးစမ်းဖြစ်ပါတယ်။ ဖြစ်တာက ပါတီတစ်ခုက အဖွဲ့ဝင်တွေက မဲရုံရှေ့ ပေ ၂၀ အကွာလောက်မှာ လမ်းပေါ်ကဖြတ်သွားနေတဲ့ ကားတွေ၊ တက္ကစီတွေမှာ ပါတဲ့ အခြားပါတီအလဲ အသေးလေးတွေ၊ စတစ်ကာတွေကို ဓာတ်ပုံရိုက်နေတာပါ။ အဆိုအရကတော့ မဲရုံရဲ့ ကိုက် ၅၀၀ အတွင်းမှာ မဲဆွယ်တယ်ဆိုတဲ့အကြောင်းနဲ့ပေါ့။
ဒီရက်တွေမှာ မအားတာနဲ့ ဘလော့ဂ်တောင် ကောင်းကောင်း မရေးဖြစ်ပါဘူး ဓာတ်ပုံ ဘလော့ဂ်မှာပဲ နဲနဲ တင်ဖြစ်တယ်။ အခုတစ်ခေါက်ကတော့ ဘာရယ်မဟုတ်ဘူး ကျွန်တော် လူတွေကို အကဲဖြတ်တဲ့နည်း အကြောင်းရေးမလို့ပါပဲ ဒါတွေက ကျွန်တော့် ပါစင်နယ် အမြင်ဖြစ်လို့ တစ်ယောက်နဲ့ တစ်ယောက် တူချင်မှ တူပါလိမ့်မယ်။ ကျွန်တော့် အနေနဲ့ကတော့ တရားစာအုပ် အဖတ်များလို့ ထင်တယ် တရားစာအုပ်ထဲက အကြောင်းတွေပိုပြီး inspire ဖြစ်နေပါတယ်။ ဥပမာ ဆိုရရင် ကျွန်တော့်အတွက်တော့ လူကြားထဲ ဖိနပ်ပြတ်ပြီး ဖိနပ် မပါပဲ အိမ်ပြန်ရမှာ မရှက်ပေမယ့်၊ လူကြားထဲမှာ သတိလက်လွတ် ချော်လဲရမယ် လက်ထဲကိုင်ထားတာတွေ အကြောင်းမယ့် ကိုယ့်ဖာသာ လွတ်ကျရမှာမျိုးတွေကို ရှက်ပါတယ်။
ပြီးခဲ့တဲ့နေ့က မတွေ့တာ နှစ်အတော်ကြာပြီဖြစ်တဲ့ ဘော်ဒါတစ်ကောင် ဖုန်းဆက်လာလို့ မြို့ထဲမှာတွေ့ဖြစ်ပါတယ်။ ဒီကောင်က ကျွန်တော်နဲ့ ပထမနှစ်ကတည်းက တူတူတက်ခဲ့တဲ့ ကောင်ပေါ့ စိုးညီညီ လို့ခေါ်တယ် ဘော်ဒါအချင်းချင်းကတော့ ကျောင်းတက်ကတည်းက နှုတ်ကျိုးနေသလို ယောက်ဖ ပဲ အချင်းချင်းခေါ်တယ်။ အင်းတွေ့ဖြစ်တော့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်ကြတယ်။ ဒီကောင်က အခု ရန်ကုန် က သယ်ယူပို့ဆောင်ရေးရုံးတစ်ခုမှာ မန်နေဂျာလိုတောင်ဖြစ်နေပြီ။

ဖားအံထောင်မှာ အနှစ် ၂၀ နဲ့ ၆ လကျော် အကျဉ်းကျခံနေရတဲ့ ဘလော့ဂ်ဂါ ကိုနေဘုန်းလတ် ၁၃ ရက်နေ့ မလွှတ်ခင်ကတည်းက ၁၂ ညလောက် ကတည်းက နောက်ရက်လွတ်မယ်ဆိုပြီး သတင်းကြားနေခဲ့ရပါတယ်။ ပထမ အခေါက် လွတ်ငြိမ်းချမ်းသာခွင့်ပေးတုန်းက မပါခဲ့တော့ ဒီတစ်ခါလဲ မသေချာသလိုလိုဖြစ်နေပေမယ့် ၁၃ ရက်မနက်ပိုင်းမှာ ဖားအံထောင်က ထွက်လာပြီလို့ သတင်းဓာတ်ပုံရိုက်ဖို့ ရောက်နေတဲ့ ကိုစိုးကြီးက သတင်းပေးလို့ သိခဲ့ရပါတယ်။

ဒီနေ့ မနက်မှာ ဘန်ကောက် ကို နောက်တစ်ခေါက် ထပ်ရောက်ဖြစ်ပါတယ်။ ဒီတစ်ခေါက်ကတော့ တစ်ယောက်ထဲလာတာပေါ့။ သုဝဏ္ဏဘူမိ လေဆိပ်မှာ ဆင်းပြီးတာနဲ့ အရင်တစ်ခေါက်ကလို ကားမစီးတော့ပဲ ငွေကုန်သက်သာအောင် sky train စမ်းစီးဖြစ်ပါတယ်။ Sky train ဆိုတော့ တာမင်နယ်တွေ အင်မီဂရေးရှင်းတွေ ဖြတ်ပြီးတော့ နောက်တစ်ထပ်အပေါ် တက်ကြည့်တာပေါ့ ဘာမှမတွေ့လို့ အင်ဖော်မေးရှင်းစင်တာမှာ မေးလိုက်တော့ မြေအောက်ထဲမှာ ဆိုတာနဲ့ အောက်ထဲ ဆင်းရတယ်။ ဟုတ်ပါတယ် အောက်ထဲမှာပါ Google Map မှာ ညကတည်းက ကြည့်ပြီးသား Phaya Thai အထိ စီးရမှာ ဆိုတော့ မေးလိုက်တော့ ၄၅ ဘတ်ကျပါတယ်တဲ့။

လွန်ခဲ့တဲ့ ရက်တွေထဲက တစ်ရက်မှာ မတွေ့တာကြာတဲ့ ပြည်တွင်းက ဘလော့ဂ်ဂါ မောင်နှမတွေ ပြန်စုစည်းဖြစ်ကြပါတယ်။ ကွျန်တော်တို့ အနေနဲ့ မတွေ့ဖြစ်တာလဲ ကြာတာတစ်ကြောင်း Blog Day 2011 ကို နီးလာတာကလဲ တစ်ကြောင်းကြောင့် အထိမ်းအမှတ်ပွဲမျိုးလေး လုပ်ဖို့ အစီအစဉ်ဆွဲကြဖို့ပါပဲ။