25 Jan, 2011

တစ်နှစ်တစ်နှစ် အကုန်မြန်လိုက်တာ အခုပဲ ဇန်နဝါရီတောင် ကုန်ပါတော့မယ်။ ဒါနဲ့ သတိရပေမယ့် မအားလို့ မတင်ဖြစ်သေးတဲ့ ၂၀၁၀ ခုနှစ်မှာ သုံးခဲ့တဲ့ ဘလော့ဂ် ဘန်နာတွေ ပြန်တင်ဖြစ်ပါတယ်။ ၂၀၁၀ ထဲမှာ ဘန်နာ ၁၈ ခုသုံးဖြစ်ခဲ့ပါတယ်။ ဒီအတိုင်း စိတ်ကူးပေါက်ရင်လဲ ဒီဇိုင်းဆွဲပြီး အသစ်ပြောင်းသလို ရက်တစ်ခုခု ထူးခြားတာရှိရင်လဲ ပြောင်းဖြစ်ပါတယ်။
Read the rest of this entry »
24 Dec, 2010

ဘာရယ်မဟုတ်ပါဘူး Christmas ရောက်တော့မှ Halloween အတွက်တင်ရမှာတွေ ထတင်တာပါ။ လွန်ခဲ့တဲ့ ၂ လလောက်က လှည်းကူး စစ်သချိုင်းမှာ ဓာတ်ပုံရိုက်ဖြစ်တဲ့ အထဲက ၂ ပုံတင်ပါတယ်။ အဲဒီတုန်းက သူငယ်ချင်းတွေနဲ့ တူတူသွားတယ် ဓာတ်ပုံရိုက်ဖြစ်ရင်း သရဲလိုလို ဘာလိုလိုတွေ ပုံထဲပေါ်လာတာ ၂ ပုံရှိခဲ့ပါတယ်။ အဲဒါတွေပြန်တင်ဖြစ်တာပါ။
16 Dec, 2010

လွန်ခဲ့တဲ့ ၃ ရက်လောက်က မြို့ထဲမှာ တစ်နေကုန်ပတ်ရင်း ပြည်လမ်းပေါ်က Sein Gay Har Centre မှာ Blackmore’s Night အခွေ ပြန်တွေ့လို့ Christmas လက်ဆောင်အနေနဲ့ သိပ်ချစ်ရတဲ့ ကိုယ့်ကိုကိုယ် ပြန်ဝယ်ပေးဖြစ်ပါတယ်။ ဒီအခွေက ကျွန်တော့်မှာ ရှိပြီးသားပါ ၃ ခွေတောင်ရှိတယ် လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက အခွေတွေ ထစ်လိုက် အသစ်ပြန်ဝယ်လိုက်နဲ့ပဲ။ သီချင်းတွေလဲ ကြိုက်တယ် ကံကောင်းချင်တော့ ဒီဇင်ဘာအေးတဲ့ လမျိုးမှာ ပိုတောင် နားထောင်လို့ကောင်းပါတယ်။ Under Violet Moon တို့ Clock Ticks On တို့လိုမျိုးပေါ့။ ဘလော့ဂ်စရေးကတည်းက ဒီဇင်ဘာရောက်တိုင်း သီချင်းတင်ပြီး ပို့စ်တင်မလို့ပဲ အခုထိ မလုပ်ဖြစ်သေးဘူး။ ဘာပဲပြောပြော တုန်နေအောင် အေးတဲ့ ဆောင်းမှာ ညတိုင်း နားထောင်လို့ကောင်းသွားတယ်။
7 Dec, 2010

တလောက ပြည်လမ်း အင်းလျားကန်နားက Best T သွားတိုက်ဆေး billboard တစ်ခု တွေခဲ့မိတယ်။ သဘောကျတာနဲ့ ဓာတ်ပုံရိုက်ထားလိုက်သေးတယ် ဘလော့ဂ်မှာတင်ပြီး အိုင်ဒီယာ ကောင်းတဲ့ အကြောင်း ဂုဏ်ပြုမလို့ပါပဲ။ ဒါပေမယ့် Best T, Super Coffee, Laser သွားတိုက်ဆေး လုပ်နေတဲ့ company က ကြော်ငြာတွေက အိုင်ဒီယာတွေ ခိုးချတတ်လွန်းလို့ ခဏစောင့်ကြည့်ဖြစ်တယ်။ အွန်လိုင်းမှာ မကြာဘူး ကူးချထားတာတွေ တွေ့ရတော့တာပဲ။
27 Nov, 2010
Military Cemetery ဆိုတာ အမှန်တော့ ဘာမှမဟုတ်ပါဘူး ကျွန်တော် ရိုက်ထားတဲ့ Video Clip နာမည်ပါ။ ရိုက်ထားတာက လှည်းကူးက စစ်သင်းချိုင်း မှာ ရိုက်ထားတာမို့ပါ။ အဲဒီတုန်းက Canon 550D ၀ယ်ထားတာ ၁ လလောက်ပဲရှိသေးတဲ့ အချိန်မှာ သူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက် သွားဖြစ်တာပါ။ ရိုက်ရင်းနဲ့ video ပါ HD 1080p နဲ့ ရိုက်ထားတာတွေကို background တီးလုံးလေးနဲ့ တွဲထားတာပါ။
2 Nov, 2010
Knockin’ On Heaven’s Door ~ Covered by Super Stars from Htoo Tay Zar on Vimeo.
ပြီးခဲ့တဲ့ အောက်တိုဘာ လ အစောပိုင်းရက်တွေက မန္တလေးမှာ အလုပ်ကိစ္စနဲ့ ရောက်တုန်း၊ ဘားကမ့် မိတင်လဲ သွားဖြစ်ရင်း ကိုသခင်ကြီး၊ ကိုမောင်လှတို့ တွေနဲ့ပါ ဆုံဖြစ်ပါတယ်။ နောက် ရန်ကုန်ကနေလာတဲ့ ကိုဇော်၊ မထိုက်၊ ၀ိန်း၊ တိုလီ တို့ရော ကျွန်တော်တည်းတဲ့ ဆီလိုက်လာကြတာမို့… မိတင်ရက်ပြီးတော့ နောက်ရက်မှာပဲ တည်းခိုခန်းကနေ ကိုသခင်ကြီး အိမ်ဘက် အားလုံးသွားဖြစ်ကြပါတယ်။ ကိုသခင်ကြီး စတူဒီယို ထဲမှာပဲ စကားပြောကြရင်း ဂစ်တာတွေ ဒရမ်တွေ တီးကြရင်းကနေ သီချင်း တစ်ပုဒ် အကုန်အတူတူ အမှတ်တရ ဆိုဖြစ်ကြပါတယ်။ ဒါနဲ့ပဲ ကင်မရာနဲ့ တစ်ခါထဲ ဗီဒီယို ရိုက်ထားဖြစ်တာကို Edit လုပ်ပြီး Vimeo မှာ တင်ထားလိုက်တယ်။
1 Nov, 2010

အင်တာနက် ပြီးခဲ့တဲ့ ရက်တွေကပျက်သွားသေးတယ်။ ကျွန်တော်တောင် နားမလည်နိုင်တဲ့ ပြည်ပကနေ အင်တာနက်ဒေါင်းအောင် DDOS နဲ့ တိုက်တယ်ဆိုလို့တဲ့ ထားပါ။ အခုက ပျင်းလို့ ကြွားချင်တာရှိလို့ ပို့စ်တင်တာပါ။ အရုပ်တွေ အကြောင်းပါ.. Naruto Shippuden လို့ခေါ်တဲ့ ဂျပန်ကာတွန်းကားထဲက Characters အရုပ်တွေ ဘန်ကောက် တရုတ်တန်းမှာ တွေ့လို့ ၀ယ်ဖြစ်ခဲ့တာပါ။ 21 ရုပ်ပါတယ်.. အဲဒီဆိုင်မှာ အခြား One Piece နဲ့ Bleach ရုပ်တွေလဲရှိသေးတယ်။ ကိုစေတန် ကိုတောင် သတိရနေသေးတယ် One Piece အရုပ်တွေတွေ့တော့ ၀ယ်ဦးမလို့ပဲ ပိုက်ဆံမရှိလို့ ရှိတာ ၀ယ်ဖြစ်ပါတယ်။
18 Oct, 2010

တင်စရာမရှိလို့ ကြွားတဲ့ ပို့စ်တင်ပါတယ်။ ဒီအပတ်ထဲ ခရီးထွက်တာက ပြန်လာလာချင်းမှာ လက်ဆောင်တွေ တော်တော်ရနေလို့လဲပါတယ်။ နောက် ကျေးဇူးတင်ကြောင်း ပြောချင်တာလဲပါပါတယ်။ ဒီအပတ်ထဲမှာ ပထမဆုံး သူငယ်ချင်း ဂျာနယ် သတင်းထောက် တစ်ယောက်က ဆရာတော် ဦးဇောတိက စာအုပ် တစ်အုပ် ရန်ကုန် ပြန်ရောက်တဲ့ ရက်မှာ လက်ဆောင်ပေးပါတယ်။ မဟုတ်ရင်တော့ အရင် အပတ်တိုင်း သူတို့ ဂျာနယ်လဲ ပေးလေ့ရှိပါတယ်။ ဆရာတော်စာအုပ်က အိမ်မှာ အမေ၀ယ်လို့ ရှိပြီးသားမို့ သူငယ်ချင်းတစ်ယောက်ယောက် ထပ်လက်ဆောင်ပေးဖို့ ကြံနေပါတယ်။ နောက်…
8 Oct, 2010

လွန်ခဲ့တဲ့ ၃ ရက်က ရန်ကုန် ကနေ ပုံဂံ (Bagan, Pagan) ကို ဘာမှ အစီအစဉ်မရှိပဲ ရုတ်တရတ် ခရီးထွက်ဖြစ်ပါတယ်။ အစီအစဉ်မရှိပဲ ဓာတ်ပုံရိုက်ရမယ့် အလုပ်ဖြစ်လာလို့ပါ… Data အတွက် လိုတဲ့ ပုံတွေ ရိုက်ဖို့ company က လူကြီးတွေလဲ ပုဂံမှာ ရှိနေတာမို့ စနေနေ့ ညနေမှ စသိပြီး တနင်္ဂနွေမှာပဲ ခရီးစထွက်ဖြစ်ပါတယ်။ ပုဂံ ကို ရောက်ဖူားကလဲ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ငယ်ငယ်က ရောက်ဖူးတာဆိုတော့ သွားတော့ နေရာတိုင်းက အသစ်ပြန်ဖြစ်သွားတယ်…
26 Sep, 2010

ဒီ အပတ်တွေမှာ ဘလော့ဂ်လဲ အသစ်မတင်ဖြစ်သလို… အလုပ်များနေတာကြောင့်လဲပါပါတယ်။ နောက် ဘာမှမဆိုင်တဲ့ ဓာတ်ပုံ သမား ယောင်ယောင် ဖြစ်နေသေးတယ်။ ပိုက်ဆံကုန်တဲ့ ၀ါသနာဆိုလို့ မစွဲအောင် ဖြတ်နေရတယ်။ ပြီးခဲ့တဲ့ ၂၃ ရက်နေ့ကတောင် သူငယ်ချင်း ကိုစိုးဝေကြီး ရဲ့ စေ့စပ်ပွဲရှိလို့ ရှိတာလေးနဲ့ ဓာတ်ပုံ သွားရိုက်ဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ ဆရာက အခန်းအနားမှုး လုပ်ပေးတယ်။ မနက်မှာ ဆရာ့ကို အိမ်သွားခေါ်ပြီး Sedona ရောက်တော့ ဆရာက ဖတ်ရမယ့် စာစီလာပြီးသား စာရွက်တွေ တွေ့တာနဲ့ အိုင်ဒီယာရပြီး ဆရာလို့ စာရွက်မကိုင်နဲ့ ခေတ်သစ် ကျောက်သင်ပုန်းကိုင် ဆိုပြီး ကင်မရာနဲ့ စာတွေ ဓာတ်ပုံရိုက် ပြီးတော့ iPad ထဲ ထည့်ပြီး ကိုင်ခိုင်းလိုက်တယ်။