18 Feb, 2012

ဒီရက်တွေမှာ မန်းလေး ဘားကမ့်သွား ပျော်ပါးလိုက် ရန်ကုန်ဘားကမ့်မှာ အလုပ်များလိုက်နဲ့ ဘလော့ဂ်မှာပို့စ် မတင်တာအတော်ကြာသွားပါတယ်။ နောက်မှပဲ ဘားကမ့်က ပုံတွေတင်ပါဦးမယ်။ အခုကတော့ လွန်ခဲ့တဲ့ ၃ ရက်လောက် မနားမနေလုပ်လိုက်လို့ ပြီးသွားတဲ့ ဘလော့ဂ်အသစ်လေး တစ်ခုအကြောင်းမိတ်ဆက်ချင်လို့ပါ။ နာမည်ကို Image+Me လို့ ပေးထားပြီး www.imageplus.me ဆိုတဲ့ ဒိုမိန်းမှာ သွားရောက်လည်ပတ်နိုင်ပါတယ်။
Read the rest of this entry »
31 Aug, 2011

၂၉ ရက်နေ့က ကွျန်တော်ရယ် ကိုရဲအောင်သူရယ် နောက် နန်းညီ ရယ် အမျိုးသားကဇာတ်ရုံ မှာ လုပ်တဲ့ ရန်ကုန် အနုပညာကျောင်း ရဲ့ ကျောင်းဆင်းပွဲကို ရောက်ဖြစ်ကြပါတယ်။ ကွျန်တော်တို့ ရောက်တော့ ၁၀ နာရီကျော် လောက်မှာ ရောက်ပါတယ်။
Read the rest of this entry »
28 Aug, 2011

ဒီနေ့ သန်လျင် ဘက်မှာ ကိုရဲအောင်သူ၊ ဖြိုးဟိန်းကျော်၊ နန်းညီ နောက် ဖြိုးဟိန်းကျော် သူငယ်ချင်း နဲ့ အားလုံး အတူတူ ဓာတ်ပုံရိုက် ထွက်ဖြစ်ပါတယ်။ အပြန်မှာတော့ ရှု့ခင်းသာ အရှေ့က ကွေ့မှာ သစ်လုံးတင်ကားကြီး မှောက်နေတာ တွေ့တာကြောင့် ဓာတ်ပုံရိုက်ဖြစ်ကြပါတယ်။
Read the rest of this entry »
15 Aug, 2011

မနေ့က 14 August မှာ အန်တီ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပထမဆုံး နိုင်ငံရေးခရီးစဉ်နဲ့ ပဲခူးကို လိုက်ဖြစ်ပါတယ်။ အစက ကွျန်တော်နဲ့ ကိုရဲအောင်သူ နဲ့ တောင်ပြုန်းသွားဖို့ စဉ်းစားထားတာ မသွား ဖြစ်ခဲ့ဘူး။ ညဘက် အထိကွျန်တော်က လိုက်ဖြစ်ဖုိ့ မသေချာသေးဘူး ကားကလဲလူများလားမသိ မနက်မှာ မလိုက်ဖြစ်ရင် Canon Club နဲ့ လိုက်ပြီး မော်ဒယ် ရိုက်တော့မလားလို့။ နောက်တော့လဲ လိုက်ဖြစ်သွားပါတယ်။
Read the rest of this entry »
29 Jul, 2011

ဒီနေ့ 28 ရက်နေ့မှာ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကန်တဲ့ မြန်မာ နဲ့ အိုမန် အသင်းရဲ့ ဒုတိယအကျော့ ပွဲစဉ်ကို သွားပြီး သတင်းဓာတ်ပုံ ရိုက်ဖြစ်ပါတယ်။ ဒီပွဲဟာ 2014 FIFA World Cup Brazil Qualifier အတွက် ကန်တာဖြစ်ပါတယ်။ ပထမ အကျော့ အိုမန် နိုင်ငံမှာ ကန်တုန်းက မြန်မာက ၂ ဂိုး ၀ နဲ့ ရံှုးခဲ့ပြီးသားပါ။
Read the rest of this entry »
19 Jul, 2011

ဂျူလိုင် ၁၉ ရက်နေ့ ယနေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့မှာ မနက်စောစောပဲ အိမ်ကနေထွက်ပြီး ရွှေဂုံတုိင်ဘက်ကို သွားဖြစ်ပါတယ်။ ဒီနေ့ အတွက် ဓာတ်ပုံရိုက်ဖို့၊ အာဇာနည်ကုန်းသွားဖို့ အဲဒီမှာ ချိန်းထားလို့ပါ။ မနက်စာကို အဲဒီနားက ထမင်းကြော်ဆိုင်လေးမှာပဲ စားဖြစ်တယ်။ အနားတစ်ဝိုက်က ဆိုင်တွေ အားလုံးမှာ အဖြူဝတ် လူကြီး၊ လူငယ် တွေ အများကြီးနဲ့ တွေ့ရပါတယ်။
Read the rest of this entry »
10 Jun, 2011

ပြီးခဲ့တဲ့ ၇ ရက်နေ့က နေ့လည်ဘက်မှာ ကိုစိုးကြီး နဲ့ ကိုရဲအောင်သူတို့ နဲ့ အတူ မြို့ပြင်ဘက်ထွက်ပြီး ဓာတ်ပုံရိုက်ဖို့ သွားဖြစ်ပါတယ်။ ဟိုရောက်တော့ တာဝန်ရှိသူများက ဓာတ်ပုံပေးမရိုက်တာနဲ့ ပင်ပန်းတာ အဖက်တင်ပြီး ပြန်လာခဲ့ကြတယ်။ ဒါနဲ့ မထူးဘူးဆိုပြီး ရန်ကုန်မြစ်ထဲ သွားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
Read the rest of this entry »
4 Jun, 2011

ဒီနေ့ မနက်မှာ ဆယ်တန်း စာမေးပွဲ အောင်စာရင်းထွက်ပါတယ်။ ထုံးစံအတိုင်း ညဘက် ၂ နာရီလောက်မှ စကပ်ပါတယ်။ ဒါနဲ့ ညက သူငယ်ချင်းတွေ ဆီသွားအိပ်ပြီး မနက်စောစော စမ်းချောင်း အ.ထ.က ၂ မှာ ဓာတ်ပုံ ရိုက်ဖြစ်ပါတယ်။ ဒီနှစ် ဆယ်တန်းက အဲဒီမှာ ကြည့်ခဲ့သလောက် ဂုဏ်ထူးနဲ့ အောင်တဲ့ သူတွေ တော်တော်များတာပဲ။ ည မနက် ၁ နာရီလောက်မှာ အင်းစိန် ဘက်ကကျောင်းတွေမှာ အောင်စာရင်းကို ၂၀၀၀ ပေးပြီး ကြိုကြည့်လို့ ရတယ်လို့တော့ သတင်းသဲ့သဲ့ ကြားမိသေးတယ်။ ဟုတ်မဟုတ်တော့မသိပါဘူး။ ဝမ်းကွဲ အမွှာ ၂ ကောင်တော့ ဂုဏ်ထူး ၁ ခုစီနဲ့ အောင်တယ်လို့ အဒေါ်ပြောတယ်။ တော်တော်များများလဲ အောင်ကြမယ်ထင်ပါတယ်။
Read the rest of this entry »
18 Apr, 2011

သကြန် အတက်နေ့မှာ မနက်ကတည်းက ကိုဇော်မျိုး ကားနဲ့လာခေါ်လို့ ကွျန်တော်ရယ်၊ ကိုစိုးကြီး၊ သူ့ညီ နဲ့ ကိုသက်ထူးတို့ အတူထွက်လည်ဖြစ်ပါတယ်။ ညကတည်းက မနက်ဖြန်လည်မှာနော် ကင်မရာမယူခဲ့နဲ့လို့ အချင်းချင်း ဖုန်းဆက်ထားပေမယ့် တကယ့်မနက်ရောက်တော့ အကုန်လုံး ကင်မရာတွေ ယူလာကြတာပါပဲ
ကွျန်တော်ကလဲ နောက်ဆုံးရက်မို့ ရိုက်ဦးမယ်ဆိုပြီး ယူလာပါတယ်။ ကွျတ်ကွျတ်အိတ်နဲ့ ထုပ်ပြီး ကျောပိုးအိတ်ထဲ ထည့်ယူလာခဲ့ပါတယ်။
Read the rest of this entry »
16 Apr, 2011

ဒီနေ့ ၁၆ ရက်နေ့ သကြန် အတက်နေ့မှာ မနက်ကတည်းက တစ်နေကုန် အပြင်ထွက်ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဟိုအရင်ကတည်းက လုပ်ချင်နေတဲ့ personal project လေးတစ်ခု လုပ်ဖြစ်သွားပါတယ်။ project က V လို့ နာမည်ပေးထားတာပါ။ ဒီ ပရောဂျက်မှာ လူပေါင်း ၃၀ လောက်နီးပါး ပါဝင်ကူညီပေးထားကြပါတယ်။
Read the rest of this entry »