hit counter

Yahoo! adds FaceBook Info into Search

tay zar on FaceBook

Yahoo! Search မှာ FaceBook က Information တွေကို ပေါင်းထည့်ထားတယ်လို့ Yahoo! Search Blog ကနေ ပြောပါတယ်။ ဒါနဲ့ ကျွန်တော်လဲ စမ်းကြည့်လိုက်တယ် Search မှာ Htoo Tay Zar on FaceBook လို့ ထည့်လိုက်တော့ FaceBook က profile ဓာတ်ပုံလဲ ဘေးမှာ ပေါ်လာတယ်.. နောက် Add Friend, Poke, Send Message, View Friends လင့်ခ်တွေနဲ့ ကျွန်တော့်ရဲ့  FaceBook Profile လင့်တက်လာတယ်။ ဓာတ်ပုံကတော့ ဖျက်ချင်ရင် ဖျက်လို့ ရပါတယ်။ ကိုယ်ရှာချင်နေတဲ့ ငယ်သူငယ်ချင်းတွေကို ရှာလို့ လွယ်သွားတာပေါ့။ နောက်အားမှ လိုက်ရှာကြည့်ရဦးမယ်။ ပျော်ရွှင်ပါစေ။ ။

Web Site Grader

WebSiteGrader ဆိုတဲ့ဆိုဒ်မှာ ကျွန်တော်တို့ ဆိုဒ်တွေ၊ ဘလောခ့်တွေရဲ့ လင့်ထည့်ပြီး grade ရယူနိုင်ပါတယ်။ သူက Google PR, Alexa, Technorati, Yahoo, Delicious, Digg စတဲ့ page ranking system တွေရဲ့ ရမှတ်ကို ကြည့်ပြီးမှ 1 ကနေ 100 အကြားအတွင်းမှာ ဆိုဒ်ကို သတ်မှတ်ပေးပါတယ်။ ကျွန်တော်တို့ ဆိုဒ်က အပေါ်ကပြောခဲ့တဲ့ အထဲက rank တွေ ကောင်းလေ၊ grade ကောင်းကောင်းရလေ ဖြစ်မှာပါ။ နောက်သူက ဆိုဒ်ရဲ့ meta data နောက် inbound link, blog link, error link, h1 tag, traffic တွေလဲ တခါတဲ စစ်ပေးပါတယ်။ ကျွန်တော် စစ်တာ အရင်က မြင့်ပါတယ် တဖြည်းဖြည်း ကျလာလိုက်တာ အခု 70 ပဲရှိတော့တယ်။ အမှားတွေ လုပ်မိသွားတာ ခင်ဗျ ပြန်ပြင်ရဦးမယ်။ ပြောရရင် ဒီ grade စစ်တာလေးက SEO tool ပါပဲ။

Read the rest of this entry »

Google Improves Indexing of Flash Files

Google learns to crawl Adobe Flash Google Blog မှာ July 1 ရက်နေ့က Google Search က Flash ဖိုင်တွေကို crawl လုပ်နိုင်မယ့် algorithm အသစ်ကို စစမ်းနေပြီ ဖြစ်တဲ့ အကြောင်းရေးတာ ဖတ်လိုက်ရပါတယ်။ ဒါက တကယ်တော့ သတင်းကောင်းပါပဲ အရင်ကဆို web designer တွေက Flash နဲ့ menu တွေ နောက် page တွေ သိပ်မလုပ်ကြဘူး ကြော်ငြာ အတွက်လောက်သာ သုံးကြပါတယ်။ မသုံးကြတဲ့ အကြောင်းအရင်းက site content ကို search engine တွေ crawl မလုပ်နိုင်ကြလို့ပါပဲ။ အခု ဒီအတိုင်းသာဆိုရင် Flash ကို သီးသန့်ရှာနိုင်တာတွေ Google မှာ ရလာနိုင်ပါတယ်။ ကျွန်တော်တို့ မူရင်းပို့စ်ကို ဖတ်ကြည့်ရအောင် –

Google has been developing a new algorithm for indexing textual content in Flash files of all kinds, from Flash menus, buttons and banners, to self-contained Flash websites. Recently, we’ve improved the performance of this Flash indexing algorithm by integrating Adobe’s Flash Player technology.

Read the rest of this entry »