25 Feb, 2009

မနေ့က Gmail ဟာ သူ့သမိုင်းမှာ အဆိုးဆုံး အခြေအနေနဲ့ down ခဲ့ပါတယ်။ ဒီနေ့တော့ ပြန်ရနေပါပြီ။ မနေ့က Gmail goes down ပို့စ်မှာ ရေးသွားတဲ့ PC Disorder ရဲ့ကွန်မန့်က ကာတွန်းလေး ပြန်တင်လိုက်ပါတယ်။ တကယ်ပါ ကျွန်တော် Gmail ကို west မှာ သိပ်မသုံးလောက်ဖူး ထင်ထားတာ.. ထင်တာ Yahoo mail, Hot mail, AIM, Apple’s Me တို့ အသုံးများမယ် ထင်ထားတာ နောက်ပိုင်း သူတို့လဲ Gmail ကို သုံးလာကြတာပဲ။
Read the rest of this entry »
24 Feb, 2009

ဒီနေ့ Gmail ကော Google.com ကော မကြာမကြာ down နေပါတယ်။ အရင်လဲ တစ်ခါတလေ ကြုံတာမျိုး ရှိပေမယ့်.. ဒီနေ့ ကတော့ အဆိုးဆုံးပါပဲ ကမ္ဘာအနှံ့ က Gmail users တွေ ဒီနေ့ twitter မှာ ပြောနေကြတာ အများကြီးတွေ့ရတယ်. ကျွန်တော် ဆီမှာတော့ တခါတလေ ရနေပြီး တခါ refresh လုပ်ရင် မရတော့ပြန်ဘူး။ Google.com မှာ search လုပ်ဖို့လဲ တခါတလေ ရတယ် တခါ မရတော့ပြန်ဘူး။ CNN သတင်း ကတော့ ပြောသွားပါတယ် အခုဖြစ်နေတာကို Google က အမြန်ပြင်ဖို့ ကြိုးစားနေပါတယ်တဲ့။
Read the rest of this entry »
10 Jan, 2009

Apple ကနေ Keyboard မပါတဲ့ ပထမဆုံး Laptop ကို မိတ်ဆက်ပြတဲ့ ဗီဒီယိုကို Onion News Network က video မှာ ကြည့်ခဲ့ရပါတယ်။ Laptop က Ipod ကလို wheel မျိုးနဲ့ပါ။ ဒါကို ပြသွားတာက နှလုံးရောဂါ ဖြစ်နေပါတယ်ဆိုတဲ့ သတင်းကို ငြင်းထားပေမယ့် သိသိသာသာ ပိန်နေတဲ့ Apple CEO Steve Job ကနေ Mac World Expo မှာ ပြသွားခဲ့တာပါ။ ဒီ laptop ကို ကြည့်ရတာ ကျွန်တော့် အတွက်တော့ စိတ်မသက်သာစရာပါ ကြည့်ရတာ အရင် ရှေးတုန်းက တယ်လီဖုန်း ကိုကြည့်ရသလိုပါပဲ.. နောက် ဂိမ်း ဘယ်လိုဆော့လို့ ရမလဲ ?
Read the rest of this entry »
7 Nov, 2008

November 4 ရက် Election Day နေ့တုန်းက CNN.com ရဲ့ visitors အရေ အတွက် ကို TechCrunch မှာ ကြည့်ရင်း အံသြသွားတယ်။ 24 hours အတွင်းမှာ visitor 27 Million နဲ့ pageview 276 Million ရှိပါတယ်တဲ့။ ဒီအရေအတွက်က နဲတဲ့ အရေအတွက် မဟုတ်ပါဘူး။ ကျွန်တော့် ဆိုဒ်ကို တစ်နေ့ အဲဒီလောက်လူလာကြည့်မယ်ဆိုရင်တောင် ကျွန်တော် လက်မခံနိုင်ဘူး
ကျွန်တော့် ဆာဗာ မနိုင်ပါဘူး ဟဲ။ CNN ရဲ့ ဆာဗာတွေ ကောင်းတာလဲ ကြိုက်သွားတယ်။
Read the rest of this entry »
3 Sep, 2008
ဒီနေ့ သတင်းဆိုဒ်တွေ feed တွေ တော်တော်များများမှာ Chrome, Chrome ဆိုတာပဲ တွေ့နေရတယ်။ ဒါနဲ့ Chrome အကြောင်းကို လိုက်ရှာ ဖတ်ဖြစ်တဲ့ အထဲက စိတ်ဝင်စားစရာတွေ ပြန်ရှဲလိုက်ပါတယ်။ Google ရဲ့ Chrome browser ကို အခု download လုပ်လို့ ရနေပါပြီ.. လိုဂိုက ကြည့်ရတာ Spider Man ကားထဲက Goblin ရဲ့ ဗုံးတွေနဲ့ တူတယ်ဗျ။ Google Chrome က open source ဖြစ်တဲ့ အတွက် ကျွန်တော်ထင်တာ သူတို့ Firefox, Flock တို့လိုပဲ Gecko Engine သုံးလိမ့်မယ် ထင်ထားတာ အခုဖတ်ကြည့်တော့မှ သူတို့ သုံးတာ Apple’s Safari, Google Android တို့သုံးတဲ့ WebKit ဆိုတာ သုံးထားတယ်လို့ သိရပါတယ်။ ဒီအတိုင်းဆိုရင်တော့ ကျွန်တော် အထင် Chrome မှာ PNG transparent, opacity, alignment, rounded corner တွေလဲ Safari မှာ လိုရမယ်လို့ ထင်ပါတယ်။ Google Chrome အကြောင်းမသိသေးဘူးဆိုရင်တော့ Google Chrome Cartoon စာအုပ်ကို ဖတ်ကြည့်လို့ ရပါတယ်။ Google Chrome ကို အခုလောလောဆယ် Windows အတွက်ပဲ ရပါသေးတယ် Linux, Mac အတွက်တော့ မကြာခင် ရမယ်လို့ ပြောပါတယ်။
1. Google Chrome is built using WebKit, which also powers Apple’s Safari and Google’s Android.
2. Google Chrome is beta, and currently only available for Windows. Mac and Linux versions are being produced.
Read the rest of this entry »
29 Jul, 2008
Microsoft ရဲ့ Windows 7 (Vienna) Server Screenshot ပုံတွေ အင်တာနက်မှာ ထပ်ပြီး မြင်ရပြန်ပြီ။ အရင်က Ultimate version က ပုံတွေ တစ်ခါမြင်ခဲ့ဘူးတယ် အခုက server version တစ်ပုံပဲ တင်တဲ့သူက Brian Puhl, an Active Directory engineer for Microsoft’s IT department က သူ့ရဲ့ wordpress.com ဘလောခ့်မှာ တင်ထားတာ နောက်ပြန်ဖျက်လိုက်တယ် ဒါပေမယ့် MSN Cache ထဲမှာ အခုထိ ကြည့်လို့ရသေးတယ်။ Windows 7 Server ရဲ့ data တချို့ပါတင်ထားတယ်
Read the rest of this entry »
26 Jul, 2008
ဒီနေ့ မြန်မာ wikipedia မှာ စာရေးဖို့ လုပ်ဖြစ်ရင်း wiki အကြောင်းတွေ လိုက်ဖတ်ဖြစ်တယ်။ Google မှာလည်း ကိုယ်ပိုင် encyclopedia ရှိနေခဲ့တာ reader ဖတ်မှပဲသိရတော့တယ်။ ပြီးခဲ့တဲ့ 24 ရက် July ကမှ စတာ Knol ~ A Unit Of Knowledge (Beta) တဲ့. Wikipedia လိုပဲ ကိုယ်သိတာရှိရင် ၀င်ရေးပြင်ရေး နိုင်တယ်။ Wiki နဲ့ လုံးဝခြားနားတဲ့ အချက်က Wiki က GNU License နဲ့ ပါ Knol ကတော့ ကြိုက်ရာ Creative Commons licenses တွေထဲက တစ်ခုကို သုံးနိုင်တယ်။ နောက်သူက blog တွေလို အောက်ဘက်မှာ comments ရေးလို့ရတယ်။ နောက်ကိုယ့် GoogleAds Publisher ID နဲ့ ဆိုဒ်ဘားမှာ adsense ထည့်ပြီး ပိုက်ဆံရှာလို့ရတယ်။ ကံဆိုးစွာပဲ အဲဒီမှာ ရေးမယ်ဆိုရင် Google ကို ဖုန်းဆက်ပြီး ဒါမှမဟုတ် Credit Card နဲ့ Verify လုပ်ပေးရတယ်။ မြန်မာကဆို ရေးဖို့မလွယ်ဘူး တကယ်တော့ ကျွန်တော်လည်း ရေးဖို့ မစဉ်းစားပါဘူး eng လိုမှမရေးတတ်တာ မြန်မာလိုရေးတာတောင် အခုထိဘယ်လိုရေးရလဲ မသိသေးဘူး။ ဘာရယ်မဟုတ်ပါဘူး ကွန်ပျူတာ ဝေါဟာရတွေ (နောက်အခြား စကားလုံးတွေ) ကြည့်ချင်ရင် wiki လို နောက်ထပ် ကြည့်စရာတစ်နေရာတိုးလာတာပေါ့ဗျာ။
Read the rest of this entry »