Posts Tagged: twitter

Seesmic for iPhone

Seesmic for iPhone

Seesmic ဆိုတာက Adobe AIR နဲ့ အလုပ်လုပ်တဲ့ Twitter + FaceBook desktop application ပါ။ Seesmic ကို အခြား BlackBerry, Android တွေမှာ app free ရတာ နဲနဲကြာပါပြီ။ အခုကတော့ iPhone (AppStore Download Link) မှာ စရတာပါ။ Seesmic က အမှန်တော့ TweetDeck နဲ့ ပြိုင်ဖက်လို့ ပြောလို့ရပါတယ်။ အရင် tweetDeck က iPhone App မှာ free ရတယ် twitter ကော facebook ကော app တစ်ခုထဲမှာပါတယ်ဆိုတော့ အသုံးများပါတယ်။ အခု Seesmic ပါဝင်လာပြီဆိုတော့ TweetDeck နေရာမသေချာတော့ဘူး။

Watch Live Twitter Conference Now!!

Watch Twitter Conference Live!!

You can watch Twitter Conference San Francisco Live Now @ Justin.tv. Best thing is you don’t need to pay 400+$ to attend that Conference =P. Now Twitter CEO @ev is talking about Twitter Users Around the World. Today Twitter will introduce “Promoted Tweet“… And Of course, “Twitter for iPhone App” (former Twittie 2).

Let’s Find Out When Twitter Users Sleep

When Do They Sleep Twitter?

When Do They Sleep (Sleeping Time) site က twitter သုံးတဲ့ ယူဇာ တစ်ယောက်ချင်းစီရဲ့ အိပ်တဲ့ အချိန်ကို တွက်ပေးတဲ့ ဆိုဒ်တစ်ခုပါ။ ပုံမှန် tweet တွေရဲ့ အချိန်ကိုယူပြီး ပျမ်းမျှတွက်သွားတာပါ။ ကိုယ် သိချင်တဲ့ twitter ယူဇာရဲ့ Username ကို ထည့်လိုက်တာနဲ့ သူဘယ်အချိန်အိပ်တတ်လဲဆိုတာ ကြည့်လို့ရပါတယ်။ ကျွန်တော့် Twitter Username (@ tayzar44) ထည့်လိုက်တာ တော့ အောက်ကပုံအတိုင်း ထွက်လာပါတယ်။

Happy Birthday to 4 Years Old Twitter

Happy Birthday Twitter

ဒီနေ့ March 21 ရက်မှာ Twitter ဆိုတဲ့ Microblogging, 140 characters Social Networking ဆိုဒ်ရဲ့ ၄ နှစ်ပြည့်မွေးနေ့ပါ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မနေ့ကတောင် ကျွန်တော် သူတို့ ရုံးခန်းပုံတွေ တင်လိုက်သေးတယ်။ ဒီနေ့က သူတို့ birthday ဖြစ်သွားပြီ။ twitter က Social Networking ဆိုဒ်တွေထဲမှာ ကျွန်တော် အကြိုက်ဆုံးပါ။ FaceBook ထက်ပိုကြိုက်ပါတယ်။ FaceBook မှာ ကြတော့ မြန်မာသူငယ်ချင်းတွေများပြီး twitter မှာတော့ နိုင်ငံခြားသား သူငယ်ချင်းတွေ ပိုများပါတယ်။

Inside Your Favorite Tech Companies

Apple Campus

ကွန်ပျူတာ အလုပ်လုပ်နေတဲ့ သူတိုင်းမှာ သူ့အတွေးနဲ့သူ အလုပ်လုပ်ချင်တဲ့ favorite company တွေရှိကြမှာပါပဲ။ တချို့ကလဲ ကိုယ်ပိုင် Software House, Studio အသေးစားလေး လုပ်ချင်တာမျိုးလဲ ရှိမယ်။ တချို့ကလဲ giant company မှာ လုပ်ချင်တာမျိုးလဲ ရှိနိုင်ပါတယ်။ လွန်ခဲ့တဲ့ ရက်တွေက အားနေတော့ ရုံးမှာ ဘာမှသိပ်မလုပ်ဖြစ်ပဲ Silicon Valley တွေ Mountain View, Cupertino, Redmon တွေ လျှောက်သွားပစ်လိုက်တယ်။ Google Search, Google Earth, Flickr တွေနဲ့ သွားတာပြောပါတယ် :D

GeoLocation Tweets From Yangon!!

Geolocation Tweets From Yangon, Myanmar

Twitter က လူသုံးများလာနေတဲ့ Micro Messaging, Micro Blogging Site တစ်ခုဆိုတာတော့ အားလုံးလဲ သိပြီးဖြစ်မှာပါ။ ကျွန်တော်တို့ ပြည်တွင်းမှာလဲ အရင် နှစ်တွေကထက်စာရင် အသုံးများလာနေပါတယ်.. ဒါပေမယ့် ဒီနှစ် အစ ဒုတိယ အပတ်လောက်မှာပဲ ISP က ban သွားပါတယ်။ ပြည်တွင်းက ပုံမှန် tweet တဲ့သူက ကျွန်တော်သိသလောက် မဘန်းခင် အချိန်တွေကတည်းက လူ ၃၀ တောင် မပြည့်ပါဘူး.. အဲဒီထဲကမှ Geolocation based tweet တဲ့သူဆို ပိုတောင်နည်းပါတယ်။

If the Twitter community was 100 people

If the Twitter community was 100 people

ဆိုကြပါဆို Twitter မှာ လူ အယောက် ၁၀၀ ပဲ ရှိတယ်ဆိုရင်… သူ့ရဲ့ အတင်းတုပ်တဲ့သူ၊ ဘာမှမပြောတဲ့သူ၊ စကားများတဲ့သူ၊ နားထောင်ပေးတဲ့သူ စတဲ့ အရေအတွက်ကို chart တစ်ခု လုပ်ထားတာ Flickr မှာ တွေ့လို့ ပြန်တင်လိုက်ပါတယ်။ ကြည့်လိုက်တော့ ကျွန်တော် က 5 percent ၂ ခုပြထားတာ ထဲမှာ အပါအ၀င်ပါ လားလို့.. ဆိုတော့ စကားများတဲ့ သူတစ်ယောက်ပေါ့.. မိတ်ဆွေကော ?? :D ဘာမှမဟုတ်ပါဘူး စိတ်ဝင်စားဖို့ ကောင်းတဲ့ idea chart မို့ တင်လိုက်တာပါ။

Two Quick ~ Google + Twitter Search

twoquick Logo

TwoQuick ဆိုတာ Google နဲ့ Twitter Search ကို ပေါင်းထားတာပါ။ Result ကို column ၂ ခုခွဲပြီး ပြပေးပါတယ်။ Google Search ကတော့ Google မှာ ရှာတဲ့ အတိုင်းပဲပြပေးပြီး Twitter Search Result ကိုတော့ Real Time Result နဲ့ပြပေးပါတယ်။ Home page က ရှင်းနေအောင် လုပ်ထားပြီး Everywhere နဲ့ Nearby ဆိုပြီး check 2 ခုထည့်ထားပါတယ်။

TweetStats ~ Analytics for twitter

TweetStats

TweetStats ဆိုတာက Twitter usage, trends, uptime, tweet condense တွေကို ရှာပေးတဲ့ web application တစ်ခုပါ။ Analytics လုပ်လို့ ရတာပေါ့။ ကျွန်တော်လဲ စမ်းကြည့်တော့ အောက်မှာ တင်ထားတဲ့ result တွေ ထွက်လာပါတယ်။ Graph တွေ အတွက် သူက flash သုံးထားပါတယ်။ Twitter User Name ထည့်လိုက်ရင် သိရပါပြီ… ပြပေးတာကတော့ အစုံပါပဲ အပေါ်က ပုံက ကျွန်တော်ရဲ့ Daily tweets Count ပါ။

Tweetie ~ Another twitter client for Mac

tweetie ~ Another twitter client for Mac

tweetie ဆိုတာ Mac အတွက် အသစ်ထွက်ထားတဲ့ twitter client တစ်ခုပါ။ ထွက်ထားတာ မကြာသေးပါဘူး.. မထွက်ခင်ကတဲက နာမည်ကြီးနေခဲ့တာပါ မထွက်ခင်က သူ့ရဲ့ teaser video ကြည့်လို့ ရတယ်။ ပုံမှန် Adobe AIR based twitter client တွေနဲ့မတူပဲ Mac only အနေနဲ့ ခွဲထွက်တဲ့ တစ်ခုပါ။