29 Dec, 2011

ဒီနေ့ မနက် ၂၉ ရက် မနက် အစောပိုင်း အမှန်တော့ ၂၈ ရက်ည ၁နာရီ ခွဲလောက်မှာ ကျွန်တော် အိမ်မှာ ကွန်ပျူတာရှေ့ထိုင် html ရေးနေတုန်း အုန်း ဆိုတဲ့ ပေါက်ကွဲသံကြီးနဲ့ အတူ အိမ်က တံခါးတွေကို တစ်ယောက်ယောက် စောင့်ကန်သလိုအသံတွေ ဘေးနားက တိုက်တွေ မှန်ကွဲသံတွေပါ ကြားလိုက်ရပါတယ်။ အမှန်တော့ ကျွန်တော် နားကျပ်နဲ့ သီချင်းနားထောင်ရင်း အလုပ်လုပ်နေတာဗျ ပေါက်ကွဲသံက ဘယ်လောက်ကျယ်လဲဆို သီချင်းသံကျော်ပြီးဝင်လာတယ်။ ဒါနဲ့ အိမ်ဝရန်တာထွက်ကြည့်တော့ မင်္ဂလာမွန်စျေး နိုက်ကလပ်တွေ ရှိတဲ့ ဘက်က လူတွေ ပြေးထွက်လာတာ၊ ကားတွေ အများကြီးထွက်လာတာ တွေ့လို့ အဲဒီမှာ ဗုံးပေါက်တယ် ထင်လိုက်တယ်။ ကင်မရာလွယ်ပြီး ဆင်းမယ်လုပ်တော့ အမေက စိတ်မချလို့ လိုက်မယ်ဆိုပြီး ပါလာပါတယ်။
Read the rest of this entry »
23 Sep, 2011

ဒီနေ့ စက်တင်ဘာလ ၂၂ ရက် ညနေပိုင်းမှာ ကိစ္စလေးရှိလို့ ကျွန်တော်ရယ် ကိုငြိမ်းချမ်းနိုင် ရယ် မြို့ထဲ ၂၉ လမ်းဘက်ရောက်ဖြစ်ပါတယ်။ ၂၉ လမ်းနဲ့ အနော်ရထာလမ်း ထောင့်တစ်နေရာမှာတော့ လူတွေ အုံပြီးကြည့်နေတဲ့ လမ်းဘေးစျေးသည်ရှိတာ ကြောင့် အဝေးကလှမ်းကြည့်လိုက်တော့ မုန်လာဥနီ တွေကို လှီးပြထားတာ တွေ့လို့ ဓားတို့ အခြား ဟင်းချက်ရာမှာ သုံးတဲ့ ပစ္စည်းတွေ ရောင်းတာလို့ သိလိုက်ပါတယ်။ အနားကပ်ကြည့်တော့မှ ထူးခြားတာတွေ့ရတော့တယ်။
Read the rest of this entry »
5 Sep, 2011
YouTube မှာ စိတ်ဝင်စားစရာ ဗီဒီယိုလေးတစ်ခု တွေ့လို့ ပြန်ရှဲတာပါ။ ဘာမှမဟုတ်ပါဘူး မြန်မာလူမျိုး ကလေးလေးတစ်ယောက် ဘာသာစကား ၄ မျိုးပြော နိုင်တာကို နိုင်ငံခြားသားတွေ အံ့ဩနေတဲ့ ဗီဒီယိုလေးပါ။ ကွျန်တော်တို့ ဆီမှာက စားဝတ်နေရေးခက်တော့ ကလေးကအစ ပို့စ်စကတ်ရောင်း၊ တိုးဂိုက်ကြုံသလိုလုပ်နဲ့ ဆိုက်ကားသမား၊ မြင်းလှည်းသမားက အစ ထမင်းစားရေသောက်လောက် ဘာသာစကား ၄ မျိုးလောက် တတ်ကြပါတယ်။
Read the rest of this entry »
26 Aug, 2011

ပြီးခဲ့တဲ့ ၂၄ ရက်နေ့က သူငယ်ချင်း တစ်ယောက်က ခေါ်လို့ သူတို့ တီဗီ အစီအစဉ်ရိုက်တဲ့ Info-Tech Conference Hall ကို ရောက်သွားဖြစ်ပါတယ်။ဒါပေမယ့် မနက်ပိုင်းမှာ အလုပ်များတာကြောင့် ရှိတာအလုပ် အိမ်မှာလုပ်နေပြီး အဲဒီကို ၃ နာရီလောက်မှ အရောက်သွားဖြစ်ပါတယ်။
Read the rest of this entry »
7 Aug, 2011

Foley Artist ဆိုတဲ့ အကြောင်း vimeo မှာ တွေ့တာလေး ပြန်တင်လိုက်ပါတယ်။ ဇာတ်ကားတွေ ကြည့်တိုင်း sound effect ကို သိပ်သတိမထားမိသလို ရှာရင်လဲ အင်တာနက် ပေါ်မှာ အလွယ်တကူ ရှာလို့ရတယ် ဒါမှမဟုတ် software နဲ့ လုပ်ယူလို့ ရတယ်လို့ တွေးထားမိတဲ့ ကွျန်တော့် အတွက်တော့ ဒီလို လုပ်ယူတယ် ဆိုတာ သိတော့ အတော် အံ့ဩသွားပါတယ်။
Read the rest of this entry »
5 Aug, 2011

Move ဆိုတဲ့ ဗီဒီယို အတိုလေး ဒီနေ့ vimeo မှာ ကြည့်မိပြီး အတော် သဘောကျနေမိပါတယ်။ အဓိက ကတော့ အိုင်ဒီယာပဲဗျ။ Matt Hardin ရဲ့ ကမ္ဘာပတ်ပြီး ရိုက်ထားတဲ့ ဗီဒီယိုနဲ့ အခြေခံချင်းတူပါတယ်။ ဒါပေမယ့် သူက လမ်းလျောက်တဲ့ ပုံစံရိုက်သွားတယ်။ နောက်ဆုံး အဆုံးသတ်လေးလုပ်သွားတာ အတော်လှပါတယ်။ စကားမစပ် ပြောရဦးမယ် ကွျန်တော့်လဲ ဗီဒီယိုတစ်ခု လုပ်ထားတာ ရှိတယ်ဗျ ခုထိ ရိုက်တာ ၅ လလောက်ရှိပြီ မပြီးသေးလို့ မတင်ရသေးဘူး။ မကြာမှီလာမည် ပေါ့ဗျာ…
Read the rest of this entry »
15 Jul, 2011

ဒီလ အစောပိုင်းမှာ Vimeo.com မှာ Nokia ကလုပ်တဲ့ short movie ပြိုင်ပွဲ ဆုရသူတွေ ကြေငြာပါတယ်။ ပထမဆုရသွားတဲ့ ဗီဒီယိုကို ကြည့်ဖြစ်တယ်။ ပြိုင်ပဲွရှိတယ်စကြော်ငြာကတည်းက စိတ်ဝင်စားသွားခဲ့တာပါ သူက အသစ်ထွက်ထားတဲ့ Nokia N8 ဖုန်းနဲ့ ဗီဒီယို ရိုက်ရမှာ။ အခုရသွားတဲ့ဗီဒီယိုက တကယ်လဲ ထိုက်တန်ပါတယ်။ အဓိကကတော့ အရင်အတိုင်းပဲ creative idea က သာစားသွားပါတယ်။ technical အများကြီးသုံးပြိုင်တဲ့သူတွေ ရှိပေမယ့် ခက်ခက်ခဲခဲလုပ်တာတွေ လွယ်လွယ်လုပ်တာတွေ ထက် စိတ်ကူးက အဓိကဆိုတာ ပုံပေါ်ပါတယ်။
Read the rest of this entry »
7 Jul, 2011

ဒီနေ့တော့ မျက်စိနာနေလို့ စာများများ မရေးတော့ပါဘူး။ ဗီဒီယိုပဲ တင်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် CES နဲ့ ခပ်ဆင်ဆင် တောင်ကြီးမှာ လုပ်တဲ့ TEQ Technology Exhibition မှာ ပြခန်းတစ်ခုက ပြထားတဲ့ iPhone 5 (Giant iPhone) ကြီးမှာ Windows 7 run ပြထားတာကို ရိုက်ထားဖြင်းဖြစ်ပါတယ်။ ဒီဗီဒီယိုကို ဘော်ဒါကြီး ကိုကိုရဲ ကနေ လက်တွေ့စမ်းသပ်ပြထားတာဖြစ်ပါတယ်။
Read the rest of this entry »
6 Jun, 2011

၄ ရက်နေ့ စနေနေ့က ကိုကိုရဲ စီစဉ်တဲ့ Ubuntu, Android & PIC ပွဲမှာ မအဲမွန် က Android စက်ရုပ်လေး ယူလာတာနဲ့ ပေါက်ကရ လုပ်ဖြစ်ပါတယ်။ ဒါနဲ့ ကွျန်တော့် ကျောပိုးအိပ်မှာ အမြဲချည်ထားတဲ့ bandanna လက်ကိုင်ပုဝါ စည်းပေးလိုက်ပြီး ရှိတဲ့ 550D နဲ့ အပျော် video ရိုက်ထားလိုက်တယ်။
Read the rest of this entry »
30 Apr, 2011

ဒီဘက်လတွေမှာ ရှိတဲ့ ကင်မရာလေးနဲ့ ဗီဒီယိုတော်တော်များများ ရိုက်ဖြစ်ပါတယ်။ မှတ်တမ်းသဘောမျိုး တွေ့ရာလျောက်ရိုက်တာပါ။ အဲဒါတွေ တင်ဖို့ အတွက် Vimeo.com ကို သုံးရင်း ရလာတဲ့ အတွေ့အကြုံတွေ ပြန်ရှဲပါတယ်။ Vimeo ဟာ ပြည်တွင်းကလူတွေ အတွက် အတော်အဆင်ပြေတဲ့ video sharing ဆိုဒ်ပါ။ YouTube က ကောင်းပေမယ့် ban ခံထားရလို့ တင်ဖို့ မလွယ်သလို ပြည်တွင်းကလူတွေ ကြည့်ဖို့ မလွယ်ပါဘူး။
Read the rest of this entry »