11 Apr, 2011
သဘက်ခါဆိုရင် သကြန် အကြိုနေ့ရောက်တော့မယ်… နှစ်သစ်ရောက်ဖို့ နီးလာပြီပဲ။ အခုကတော့ ပြီးခဲ့တဲ့ ၉ ရက်နေ့က Myanmar Egress မှာ လုပ်ခဲ့တဲ့ Entrepreneurship E002 Batch 12 ရဲ့ ကျောင်းဆင်းပွဲမှာ ရိုက်ခဲ့တဲ့ သကြန် သီချင်းနဲ့ ယိမ်း အကလေး တင်လိုက်ပါတယ်။ ရိုးရာ သကြန် သီချင်းတွေက ဘယ်နှစ်ရောက်ရောက် ရိုးမသွားဘူး။ ခေတ်ပေါ်သကြန သီချင်းတွေပဲ အဓိပ္ပါယ်မရှိတဲ့ စာသားတွေ သံစဉ်တွေ ဆိုနေကြတယ်။ သကြန် ယိမ်းအကကိုတော့ တော်တော်ကြိုက်ပါတယ်။ မြန်မာရိုးရာ အကက အမြဲမရိုးဘူး ခြေထောက်တွေ လက်တွေ ချိုးကရတာကို သဘောကျတယ်။ ဒီဗီဒီယိုထဲမှာ ခြေထောက်လှုပ်ကတာကို တော်တော်ကြိုက်ပါတယ်။ အိုကေ ဒါက သကြန် သီချင်း ဗီဒီယုိပါ နိုင်ငံခြားကလူတွေ သကြန်ကို လွမ်းလောက်ပါရဲ့ ပျော်ရွှင်ပါစေ…
Read the rest of this entry »
1 Apr, 2011
ဂျပန်နိုင်ငံက DJ Ozma ရဲ့ Drinking’s Boys သီချင်းကို ဘလော့ဂ်မှာ ပြန်တင်လိုက်ပါတယ်။ ဒီသီချင်းက ကိုထူးမြင့်နောင် အီးမေးလ်ပို့တဲ့ ထဲမှာ တွေ့လို့ ကြည့်မိရင်း ကြိုက်သွားတာပါ။ ကြိုက်ဆို ကြည့်နေရင်း အူနှိပ်နေအောင် ရီရပါတယ်။ တကယ်ပြောတာပါ မရီရရင် ကြိုက်သလိုပြော။ တော်တော်လဲပြောင်နိုင်တဲ့ ကောင်တွေပါပဲ။ ငယ်ငယ်တုန်းက ၇တန်းကျောင်းသားဘဝက ဝမ်းကွဲအကို နိုင်ငံခြားက ယူလာတဲ့ Blink 182 ရဲ့ What’s My Age Again အတိုင်းပဲ အူနှိပ်နေအောင် ရီရတယ်။ တစ်ခုတော့ ရှိတယ် ကလေးတွေ ရှိရင်မကြည့်ပါနဲ့ 18+ ပါ။
Read the rest of this entry »
29 Mar, 2011
မနေ့ညက ခေါင်းမူးပြီး အိပ်ပျော်သွားလို့ Miss ပွဲက ပုံတွေ မတင်ဖြစ်လိုက်ဘူး အခုကတော့ ခဏလာတင်တာပါ Chris Jordan ရဲ့ TED မှာ ပြောသွားခဲ့တဲ့ အကြောင်းအရာပါ။ ဓာတ်ပုံ ဆရာ Chris Jordan ကနေ သူ့ရဲ့ ဓာတ်ပုံ ပညာအသုံးချပြီး လူတွေ သတိထားမိစေဖို့ လုပ်ထားတဲ့ အရာတွေပါ။ တော်တော် အိုင်ဒီယာကောင်းသလို အချိန်လဲ အတော်ပေးထားပုံရပါတယ်။ ဒီရက်တွေမှာ TED talk တွေ တစ်နေ့ ဗီဒီယို တစ်ခုတော့ အနည်းဆုံးကြည့်ဖြစ်နေတယ်။ အဲဒီထဲ ကစိတ်ဝင်စားမိတဲ့ talk တစ်ခုပါ။ စကားမစပ် Miss ပုံတွေ ညမှ ပြန်တင်ပါ့မယ်။
18 Mar, 2011
Me Playing The Rising Fighting Spirit from Htoo Tay Zar on Vimeo .
မနေ့က ညဘက်စိတ်ကူးပေါက်လို့ ဂစ်တာတီးဖြစ်ပါတယ်။ The Rising Fighting Spirit ဆိုတဲ့ ဂျပန် တူရိယာသက်သက် သီချင်းပါ။ Naruto manga ကာတွန်းကားထဲမှာ ပါပါတယ် ကလေးဘဝ အပိုင်းမှာ ပါတယ်။ အဲဒီ သီချင်းတော်တော်ကြိုက်ပါတယ် ဂျပန် ဒရမ်သံလဲပါတယ် နောက် ခေတ်ပေါ် guitar သံကောနောက် ဂျပန်ပုလွေသံကော ရောထားတာက ရသတစ်မျိုးရတယ်။ ဒါနဲ့ပဲ အဲဒီသီချင်းတီးဖြစ်ပါတယ် အမှန်တော့ notes တွေ မေ့တောင်နေပါပြီ။
Read the rest of this entry »
5 Mar, 2011
Time Lapse @ Yangon from Htoo Tay Zar on Vimeo .
ဘလော့ဂ် မရေးပဲ ဒီအတိုင်းထားထားတာ အချိန်တောင်တော်တော်ကြာသွားပါတယ်။ အခုကတော့ စပြီးပြန်ရေးပါပြီ အရင်က အလုပ်တွေ မအားတာနဲ့ BarCamp Yangon မှာ ကူလုပ်နေတာနဲ့ စိတ်ညစ်နေတာတွေနဲ့ မအားဖြစ်လိုက်ပါဘူး။ အခုတော့ ပြန်လာပါပြီ။ ဒီနေ့ကတော့ Time Lapse video တင်လိုက်ပါတယ်။ ရန်ကုန်မြို့ထဲက မီးပိွုင့်လေးတစ်ခု ရဲ့ ညနေခင်း အကြောင်းပါ။
Read the rest of this entry »
10 Jan, 2011
လွန်ခဲ့တဲ့ ၃ လလောက်က ဆရာတွေနဲ့ အတူ ရုပ်သေးရုပ်ကပွဲတစ်ခုကို သွားဖြစ်ပါတယ်။ ဓာတ်ပုံသွားရိုက်ရင်းနဲ့ သဘောကျလို့ ဗီဒီယိုပါ 720HD နဲ့ ရိုက်ဖြစ်ခဲ့ပါတယ်။ အဲဒီထဲက ဇော်ဂျီအက (Puppet Name ~ Zawgyi) ဗီဒီယိုလေးတစ်ခုကို အဆင်သင့်တုန်းက ဘန်ကောက်မှ ကွန်နက်ရှင်ကောင်းလို့ တင်ဖြစ်ခဲ့တာလေး အခု ဘလော့ဂ်မှာ ပြန်တင်ပါတယ်။
Read the rest of this entry »
5 Jan, 2011
မကြည့်ရသေးဘူးဆိုရင် ကြည့်ဖုိ့ပါ Tron ရုပ်ရှင်ကားထဲကလို မီးလင်းတဲ့ ပစ္စည်းမျိုးတွေ DIY အနေနဲ့ လုပ်လို့ရပါတယ်။ အခုကတော့ အဲဒီလို မီးလင်းနေတဲ့ laptop အိတ်လုပ်နည်းပါ။ စိတ်ဝင်စားဖို့ ကောင်းပါတယ် Craft ကနေ သရုပ်ပြပေးထားတာပါ။ စမ်းကြည့်ချင်ပေမယ့် တချို့ ပစ္စည်းတွေ မရှိလို့ မလုပ်နိုင်သေးပါဘူး။ နည်းတော့ သိသွားတာပေါ့။ ပျော်ရွှင်ပါစေ။
Read the rest of this entry »
3 Jan, 2011
တစ်နေ့က ဆိုဒ်တစ်ခုမှာ Stunt ဗီဒီယို တစ်ခုကြည့်ဖြစ်ပါတယ်။ နာမည်ကြီး ဘလော့ဂ်လို့ပြောလို့ရတယ် အဲဒီမှာ မြန်မာနာမည်တွေ့လို့ စိတ်ဝင်စားသွားတာပါ။ အောင်ဇော်ဦး (Aung Zaw Oo AKO) လို့ခေါ်တဲ့ သူတစ်ယောက်လုပ်ပြသွားတာ တွေ့ပါတယ်။ တကယ်ကို စတန့်တွေ ကွျမ်းကွျမ်းကျင်ကျင် လုပ်ပြသွားပါတယ်။ ကွျန်တော်ကတော့ အမေရိကန်ကပါ အမေရိကတစ်ယောက် မြန်မာတစ်ယောက်လို့ ယူဆပါတယ်။
Read the rest of this entry »
2 Nov, 2010
Knockin’ On Heaven’s Door ~ Covered by Super Stars from Htoo Tay Zar on Vimeo .
ပြီးခဲ့တဲ့ အောက်တိုဘာ လ အစောပိုင်းရက်တွေက မန္တလေးမှာ အလုပ်ကိစ္စနဲ့ ရောက်တုန်း၊ ဘားကမ့် မိတင်လဲ သွားဖြစ်ရင်း ကိုသခင်ကြီး၊ ကိုမောင်လှတို့ တွေနဲ့ပါ ဆုံဖြစ်ပါတယ်။ နောက် ရန်ကုန်ကနေလာတဲ့ ကိုဇော်၊ မထိုက်၊ ၀ိန်း၊ တိုလီ တို့ရော ကျွန်တော်တည်းတဲ့ ဆီလိုက်လာကြတာမို့… မိတင်ရက်ပြီးတော့ နောက်ရက်မှာပဲ တည်းခိုခန်းကနေ ကိုသခင်ကြီး အိမ်ဘက် အားလုံးသွားဖြစ်ကြပါတယ်။ ကိုသခင်ကြီး စတူဒီယို ထဲမှာပဲ စကားပြောကြရင်း ဂစ်တာတွေ ဒရမ်တွေ တီးကြရင်းကနေ သီချင်း တစ်ပုဒ် အကုန်အတူတူ အမှတ်တရ ဆိုဖြစ်ကြပါတယ်။ ဒါနဲ့ပဲ ကင်မရာနဲ့ တစ်ခါထဲ ဗီဒီယို ရိုက်ထားဖြစ်တာကို Edit လုပ်ပြီး Vimeo မှာ တင်ထားလိုက်တယ်။
14 Jul, 2010
Vimeo မှာ Super Mario Bros. ဆိုတဲ့ animation video တစ်ခုတွေ့မိလို့ ပြန် share ပါတယ်။ ဂျာမနီနိုင်ငံက ကျောင်းသားတစ်ယောက်ရဲ့ personal project တစ်ခုပါ။ သဘောကျလို့ ပြန်တင်ဖြစ်ပါတယ်။ Mario ဆိုတာက Nintendo Family Game တုန်းက စက်ဝယ်ရင် တွဲပါတဲ့ ဂိမ်းဖြစ်တာရယ်ကြောင့် လူသိများပါတယ်။ အဲဒီတုန်းက 8 Bit graphic ရယ် midi သံရယ်က အခုထိမရိုးနိုင်လို့ ဖုန်းထဲတောင် Mario ringtone လုပ်ထည့်ထားသေးတယ် ဘလောဂ်မတင်ဖြစ်တာကြာသွားပါတယ်။ ကြာဆို ရန်ကုန်မှာ ကျွန်တော့် blog က ဘန်းခံထားရတော့ ကျော်ရတာ အခက်အခဲရှိတာကြောင့် ခဏခဏပျောက်နေတာပါ။ Have A Nice Day!!