2 Jan, 2012

ပြီးခဲ့တဲ့ ၂၈ ရက်မှာ မီးလောင်ပေါက်ကွဲခဲ့တဲ့ စက်ဆန်း ဂိုထောင်တွေဘက်ကို နောက်တစ်ခေါက်ရောက်သွားဖြစ်ပါတယ်။ ပထမတော့ ဒုက္ခသည်စခန်းဘက်မှာ မနက်ပိုင်း ၃၀ ရက်နေ့မှာ ဓာတ်ပုံရိုက်ဖြစ်ပါတယ် နောက်တော့ မနီးမဝေးမှာ ရှိတဲ့ မီးလောင်ပြင်ကိုသွားဖြစ်တယ်။ ဝင်ဝင်ခြင်းမှာ အစောင့်ရဲအရာရှိတွေနဲ့ နဲနဲစကားပြောလိုက်ရတယ်။ နောက်တော့ အိုကေသွားတာနဲ့ အထဲ ဂိုထောင်တွေဘက်ကို အရင်ဝင်ဖြစ်ပါတယ်။ အထဲမှာ မီးမလောင်ပဲ အမိုးပျက်စီးရုံ ပြိုကျရုံလောက်ဖြစ်တဲ့ ဂိုထောင်တွေမှာ ပစ္စည်းတွေ ကုန်ကားနဲ့ သယ်နေကြတာတွေ့ပါတယ်။ ဒီ ဂိုထောင်တန်းတွေမှာ ဘာအဓိကထားလဲ ပြောရခက်ပါတယ်။ အားလုံးက စီးပွားရေးလုပ်ငန်းရှင် အမျိုးမျိုးဆိုတော့ တစ်ချို့ အခန်းတွေမှာ စားသောက်ကုန် ပဲစေ့လို အိတ်တွေရှိတယ်။ တော်တော်လေးကံကောင်းပြီး ကျန်ခဲ့တဲ့ အခန်းတစ်ခုက air con အကြီးစားတွေ မပျက်စီးပဲ ရှိနေတာ တွေ့ရပါတယ်။
Read the rest of this entry »
17 Sep, 2011

လွန်ခဲ့တဲ့ ၂ ရက်လောက်က DSLR ကင်မရာအတွက် မှာထားတဲ့ LCDVF (LCD View Finder) တစ်ခု ရောက်လာပါတယ်။ အသိအကိုတစ်ယောက် ယူလာပေးတာပါ မှာထားတာက လွန်ခဲ့တဲ့ ၂ ပတ်လောက်ကပါ။ တံဆိပ်က V-Finder ဖြစ်ပါတယ်။ မဝယ်ခင်ကတည်းက အွန်လိုင်းမှာကော အရင်တစ်ခါ တင်ခဲ့ဖူးတဲ့ Philip Bloom ဗီဒီယိုထဲပါတဲ့ Zacuto ရဲ့ Z-Finder လဲတွေ့တယ်ပေါ့ ဒင်းကတော့ စျေးကြီးတယ်ခင်ဗျ 250$ လောက်ရှိတာနဲ့ 50$ လောက်ပဲရှိတဲ့ V-Finder ယူဖြစ်ပါတယ်။
Read the rest of this entry »
8 Sep, 2011

Canon 550D လေးဝယ်တုန်းက DSLR နဲ့ HD documentary, movie အတို ဗီဒီယိုလေးတွေ ရိုက်မယ် ဆိုတဲ့ ရည်ရွယ်ချက်လဲ ပါပါတယ်။ ဝယ်တုန်းက ဆိုင်မှာစမ်းပါတယ်။ အိမ်မှာလဲ အိုကေတယ်ပေါ့ တကယ်တမ်း outdoor တွေရိုက်တယ်နောက် လေးမိနစ် ငါးမိနစ်လောက်ကြာတဲ့ အပိုင်းတွေ ရိုက်တဲ့ အခါ error တစ်ခုလာပြပါတော့တယ်။
Read the rest of this entry »
23 Aug, 2011

DLSR နဲ့ ဗီဒီယို ရိုက်ရတာ ဝါသနာ ပါသူတွေအတွက်ကော ဒါမှမဟုတ် ကင်မရာအကြောင်း လေ့လာချင်တဲ့သူတွေ အတွက်ပါ Vimeo မှာ learning channel တစ်ခု အသစ်လုပ်ထားတာ ရှိပါတယ်။ Vimeo Video School လို့ခေါ်ပါတယ်။ အမှန်တော့ အသစ်မဟုတ်ပါဘူး ကြာတောင်ကြာပါပြီ။
Read the rest of this entry »
4 Aug, 2011

ဒီနေ့ ညနေဘက်မှာ မုန်တိုင်းရှိလို့ မိုးတွေ အုံ့နေပေမယ့် ရွှေတိဂုံဘုရား ပေါ် ကိုရဲအောင်သူ နဲ့ ရောက်ဖြစ်ပြန်ပါတယ်။ ထူးထူးခြားခြားမရှိပေမယ့် ထုံးစံအတိုင်း timelapse ထပ်ရိုက်ဖြစ်ပြန်ပါတယ်။ ဟိုအရင် ရိုက်ခဲ့တဲ့ နေရာကနေပဲ ထပ်ရိုက်ဖြစ်ပါတယ် အနောက်မြောက်ဘက် အောင်မြေကနေ ရိုက်ပါတယ်။
Read the rest of this entry »
10 Jun, 2011

ပြီးခဲ့တဲ့ ၇ ရက်နေ့က နေ့လည်ဘက်မှာ ကိုစိုးကြီး နဲ့ ကိုရဲအောင်သူတို့ နဲ့ အတူ မြို့ပြင်ဘက်ထွက်ပြီး ဓာတ်ပုံရိုက်ဖို့ သွားဖြစ်ပါတယ်။ ဟိုရောက်တော့ တာဝန်ရှိသူများက ဓာတ်ပုံပေးမရိုက်တာနဲ့ ပင်ပန်းတာ အဖက်တင်ပြီး ပြန်လာခဲ့ကြတယ်။ ဒါနဲ့ မထူးဘူးဆိုပြီး ရန်ကုန်မြစ်ထဲ သွားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
Read the rest of this entry »
7 Jun, 2011

ဒီနေ့ အင်း ည ၁ နာရီခွဲဆိုတော့ မနေ့ကပေါ့ ၆ ရက်နေ့ မှာ ကိုရဲအောင်သူ နဲ့ ရွှေတိဂုံဘုရားကို ညနေဘက်သွားဖြစ်ပါတယ်။ ဓာတ်ပုံလဲ ရိုက်ရင်း timelapse ပါ ရှိတဲ့ iPhone 3G လေးအောက်ဘက်မှာ ထောင်ထားပြီး ရိုက်ဖြစ်ပါတယ်။ ညနေ ၆ နာရီလောက်က ရိုက်လိုက်တာ ည ၈ နာရီကျော်မှ ပြီးပါတယ်။ နောက်တော့ compile render လုပ်လိုက်တော့ အခုတင်ထားတဲ့ ဗီဒီယို စက္ကန့် ၃၀ စာလောက်လေး ထွက်ပါတယ်။
Read the rest of this entry »
30 Apr, 2011

ဒီဘက်လတွေမှာ ရှိတဲ့ ကင်မရာလေးနဲ့ ဗီဒီယိုတော်တော်များများ ရိုက်ဖြစ်ပါတယ်။ မှတ်တမ်းသဘောမျိုး တွေ့ရာလျောက်ရိုက်တာပါ။ အဲဒါတွေ တင်ဖို့ အတွက် Vimeo.com ကို သုံးရင်း ရလာတဲ့ အတွေ့အကြုံတွေ ပြန်ရှဲပါတယ်။ Vimeo ဟာ ပြည်တွင်းကလူတွေ အတွက် အတော်အဆင်ပြေတဲ့ video sharing ဆိုဒ်ပါ။ YouTube က ကောင်းပေမယ့် ban ခံထားရလို့ တင်ဖို့ မလွယ်သလို ပြည်တွင်းကလူတွေ ကြည့်ဖို့ မလွယ်ပါဘူး။
Read the rest of this entry »
18 Apr, 2011

ပြီးခဲ့တဲ့ သကြန် အကြတ်နေ့က အရင်ရက်တွေက ပင်ပန်းထားတာကော၊ ပျင်းတာကြောင့်ကော နောက် ဘုန်းကြီးကျောင်း သွားစရာရှိတာတွေကြောင့် ဘယ်မှ ဓာတ်ပုံ ထွက်မရိုက်ဖြစ်ပါဘူး။ ဒါနဲ့ အိမ်မှာ နေရင်း အခြားသူတွေ ကြည့်လို့ ရအောင်ဆိုပြီး time lapse video တစ်ခု ရိုက်ထားလိုက်ပါတယ်။
Read the rest of this entry »
14 Apr, 2011

၁၄ ရက်နေ့ မဟာ သကြန် အကျ နေ့မှာ မနက်ပိုင်းတော့ ဘယ်မှ မသွားဖြစ်ပါဘူး။ ပိုက်ဆံလဲ မကျန်တော့တာနဲ့ မနေ့က တစ်နေကုန် ဓာတ်ပုံထွက်ရိုက်၊ ညဓာတ်ပုံတွေ၊ ဗီဒီယိုတွေ တင်နဲ့ မနက်မှာ flag ပြသွားပါတယ်။ ဒါပေမယ့် နေ့လည် ၂ နာရီလောက်ရောက်တော့ တစ်နှစ်မှ တစ်ခါကြုံရတာ ရိုက်လိုက်ပါဦးမယ်ဆိုပြီး မြို့ထဲဘက်ထွက် ကိုသက်ထူး နဲ့ ကိုစိုးဇေယျ နဲ့ နောက် AP က ကိုစိုးသန်းဝင်း တို့ ချိန်းပြီး လျောက်ထွက်ဖြစ်ပါတယ်။ ဓာတ်ပုံ ပတ်ရိုက်ဖို့ ကားကတော့ ကိုမောင်မျိုးကနေ လိုက်ပို့ ကူညီပေးပါတယ်။
Read the rest of this entry »