27 Feb, 2010

Flavors.me က Single Page Portfolio, Personal Web Directory လုပ်လို့ရတဲ့ service တစ်ခုပါ။ Ajax powered လုပ်ထားတဲ့ ဆိုဒ်မှာ သင့်ရဲ့ အွန်လိုင်း web profile pages တွေ profile တွေ တင်ထားလို့ရတဲ့ နေရာတစ်ခုပါပဲ။ Page ဆောက်ပြီး လုပ်ရတာလဲ လွယ်ပါတယ်။ Online service တွေ ကြိုက်တာထည့်လို့ ရပါတယ်။ နောက် background ကို၊ heading, colors စတာတွေကို ပြင်လို့ရတယ်။ Layout လဲ ပြင်လို့ရပါတယ်။ ပြီးရင်တော့ ကိုယ့်ရဲ့ twitter, LinkedIn က update မျိုးတွေကို ထည့်ထားလို့ရပါတယ်။
Read the rest of this entry »
10 Feb, 2010

Google ကနေ ဒီနေ့မနက်အစောမှာ မီဒီယာတွေကို Mountain View ခေါ်ပြီး product အသစ်ပြတာကို တွေ့ရတယ်။ Google Buzz ဆိုတာကို မိတ်ဆက်ပေးတယ်။ Buzz လို့ နာမည် မသိခင်ကတည်းက အရင်က Google Gmail မှာ Social မီဒီယာ အသစ်စမ်းနေတယ်ဆိုတဲ့ သတင်းတွေ ဖတ်ခဲ့ရတယ်။ Buzz ဆိုတာနဲ့ ကြည့်လိုက်တော့ Twitter Clone တစ်ခုလိုပဲဆိုတာတွေ့ရတယ်။
Read the rest of this entry »
16 Nov, 2009

Adobe Browser Lab ဆိုတာက Adobe ကနေ host လုပ်ထားတဲ့ web based flash application တစ်ခုပါ။ Web Designer, Developer တွေ သူတို့ ရေးထားတဲ့ ဆိုဒ်ကို OS တွေ Browser တွေမှာ ဘယ်လို render လုပ်တယ်ဆိုတာ ကြည့်ဖို့ လုပ်ထားတာဖြစ်ပါတယ်။
Read the rest of this entry »
21 Aug, 2009

ဆိုကြပါဆို Twitter မှာ လူ အယောက် ၁၀၀ ပဲ ရှိတယ်ဆိုရင်… သူ့ရဲ့ အတင်းတုပ်တဲ့သူ၊ ဘာမှမပြောတဲ့သူ၊ စကားများတဲ့သူ၊ နားထောင်ပေးတဲ့သူ စတဲ့ အရေအတွက်ကို chart တစ်ခု လုပ်ထားတာ Flickr မှာ တွေ့လို့ ပြန်တင်လိုက်ပါတယ်။ ကြည့်လိုက်တော့ ကျွန်တော် က 5 percent ၂ ခုပြထားတာ ထဲမှာ အပါအ၀င်ပါ လားလို့.. ဆိုတော့ စကားများတဲ့ သူတစ်ယောက်ပေါ့.. မိတ်ဆွေကော ??
ဘာမှမဟုတ်ပါဘူး စိတ်ဝင်စားဖို့ ကောင်းတဲ့ idea chart မို့ တင်လိုက်တာပါ။
27 May, 2009

Icon Finder ဆိုတာက Free Icon Search Engine တစ်ခုပါ။ ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ ရှာလိုက်ရင် .png .ico ဖိုင်မျိုးတွေ ရှာပေးပါတယ်။ သူမှာ လိုချင်တဲ့ color, size တွေနဲ့ ရှာလို့ရပါတယ်။ နောက် icon တွေ အတွက် tag တွေကို ကိုယ်တိုင် ထည့်လဲရပါတယ်။ Icon တော်တော်များများကို ရှာပေးနိုင်တယ်။ Personal sites တွေမှာ free သုံးနိုင်ပြီး Commercial site တွေ အတွက်တော့ icon designer ကို ဆက်သွယ်ဖို့ လိုပါမယ်။ auto complete မျိုးတွေ grid view, ajax တွေ ထည့်ထားတာကလဲ ရှာရတာ အတော် အဆင်ပြေပါတယ်။
Read the rest of this entry »
30 Jan, 2009

Tweetvisor ဆိုတာကတော့ Ajax နဲ့ Twitter API သုံးပြီး ဆောက်လုပ်ထားတဲ့ အခြား web base twitter application ပါ။ ဒီဆိုဒ်မှာ ကိုယ့်ရဲ့ ကိယ်ပိုင် twitter account နဲ့ log in ၀င်ပြီးတာနဲ့ ကိုယ် follow လုပ်ထားသူတွေရဲ့ timeline ကို စကြည့်လို့ ရပါပြီ။ UI က နဲနဲ ရှုပ်တယ်ထင်ရပေမယ့်.. နဲနဲ ကြည့်လိုက်ရင် သုံးတတ်သွားမှာပါ။ အကောင်းဆုံးကတော့ page ကို refresh လုပ်စရာမလိုပါဘူး သူ့ဘာသာ timeline tweet တွေ အားလုံး auto refresh လုပ်နေတာပါ။ ဒါမျိုးက twitter ဆိုဒ်မှာ မရပါဘူး။ ရတာဆိုလို့ Twitter က Election 2008 တုန်းက page တစ်ခု သာရပါတယ်။
Read the rest of this entry »
12 Jan, 2009

How Web 2.0 Are You? ဆိုတဲ့ Quiz မှာ စာဖတ်သူရဲ့ Web 2.0 site တွေ လိုဂိုတွေ ဘယ်လောက် သိလဲ ဆိုတာ စမ်းသပ်လို့ ရပါတယ်။ လိုဂိုတွေက တစ်ခြမ်းပဲ ဖော်ထားတာပါ. အများဆုံးပါတာကတော့ social bookmarks sites တွေ ပါတယ်။ တချို့ ဟာတွေတော့ ကျွန်တော်လဲ မသိပါဘူး။ ကျွန်တော် ဖြေကြည့်တာ မေးခွန်း 34 ခုမှာ 21 ခုပဲ သိတယ်။ စမ်းကြည့်ပါဦး ပျော်ရွှင်ပါစေ။ ။
Read the rest of this entry »
10 Jan, 2009

Addict-O-Matic ဆိုတာကတော့ Web 2.0 Search Engine တစ်ခုပါ. Personalize Search Engine ပါ။ သူက ဘာနဲ့ တူသလဲဆိုတော့ iGoogle နဲ့ ဆင်တူပါတယ်။ ဒါပေမယ့် iGoogle လို အခြား widget တွေတော့ မရှိပါဘူး။ သူ့မှာ search query (keyword) တစ်ခု ရှာလိုက်တာနဲ့ နာမည်ကျော် Powerful Web Services တွေ ဖြစ်တဲ့ Google, Live, Digg, YouTube, Twitter, Flickr, Delicious, Ask, BlinkX, Technorati, Yahoo တို့လို ဆိုဒ်တွေက result တွေကို frame အလိုက်ပြပေးတာပါ။ ဒါက အရင်ပြောခဲ့ဖူးတဲ့ Search !O နဲ့ ဆင်တူပါတယ်.. Tab ပုံစံပြတာနဲ့ Frame လိုက်ပြတာပဲ ကွာတာပါ။
Read the rest of this entry »
13 Dec, 2008

Remindr ဆိုတာ web ပေါ်မှာ alarm ပေးလို့ရတဲ့ နာရီ web 2.0 site တစ်ခုပါ။ အဲဒီမှာ ဘာ register မှ လုပ်စရာမလိုပဲ ကိုယ် alert လုပ်ချင်တဲ့ စာသားနဲ့ ဘယ် service ကို သုံးပြီး alert လုပ်ရမလဲ ဆိုတာ ရွေးလိုက်ရင် ရပါပြီ။ သူ့မှာ Twitter, email, Jabber (GoogleTalk), Mobile Phone Number 4 မျိုးကနေ message ပို့ ပေးနိုင်ပါတယ်။
Read the rest of this entry »