31 Mar, 2010

WordPress OpenSource Platform ကို စပြီးတည်ထောင်တဲ့ Automattic ကနေပြီး VaultPress ဆိုတဲ့ plug in တစ်ခု စပြီး beta အနေနဲ့ ဖြန့်ထားပါပြီ။ VaultPress က Multi-Clouds Back Up service တစ်ခုဖြစ်ပါတယ်။ Self-host WordPress blog တွေကို အလိုလျောက် back up လုပ်ပေးမယ့် plug in ပါ။ ဖရီးထင်လို့ ပျော်ပြီး VaultPress ဆိုဒ်မှာ sign up လုပ်လိုက်တော့ တစ်လကို 15$ ပေးရမယ်ဆိုတာ သိပါတယ်ဆိုတဲ့ အကြောင်းပါ ပါနေတာနဲ့ မလုပ်တော့ပဲ ရပ်လိုက်တယ်။ 15$ တော့ မပေးနိုင်ဘူး ကိုယ့်ဖာသာပဲ အလုပ်များချင်များပစေတော့ manual ပဲ လုပ်ပါတော့မယ်။
Read the rest of this entry »
2 Feb, 2010

လွန်ခဲ့တဲ့ ရက်က ကိုBoBo က မေးတယ် သူ့ wordpress blog မှာ မြန်မာဖောင့် ဘယ်လိုပဲ ပြင်ထားထား မရလို့တဲ့ မေးလာတယ်။ ကျွန်တော်လဲ အဲဒီလိုကြုံဖူးထားတော့ သိလိုက်တယ် WordPress ကို One Click Install နဲ့ သွင်းထားလို့ ဖြစ်တယ်ဆိုတာကိုလေ။ အဲဒီလိုဖြစ်တာက Hosting မှာပါတဲ့ Cpanel ထဲက Fantastico De Luxe ကြောင့်ဖြစ်တာပါ။ အခြား One Click Installer (eg. Simple Script) တွေမှာ မဖြစ်ပါဘူး။
Read the rest of this entry »
19 Dec, 2009
Christmas ကတော့ တဖြည်းဖြည်းနီးလာပါပြီ Christmas အတွက် ပစ္စည်းအသစ်အဆန်းတွေ market ထဲရောက်နေသလိုပဲ WordPress ကလဲ သူ့ရဲ့ major upgrade Version 2.9 ကို ဒီနေ့ အစောပိုင်းမှာပဲ release လုပ်လိုက်ပါပြီ။ အခု တစ်ခေါက် 2.9 အရင် version တွေလိုပဲ jazz အဆိုတော် တစ်ယောက်နာမည်ကို ဂုဏ်ပြုထားတဲ့ အနေနဲ့ code name “Carmen” လို့ ပေးထားပါတယ်။ အခု version အသစ်ကို Dashboard > Tools> Upgrade ကနေ မြှင့်နိုင်သလို Download လုပ်ပြီးတော့လည်း မြှင့်ယူနိုင်ပါတယ်။
Read the rest of this entry »
7 Jul, 2009

ကျွန်တော့် blog မှာ ပြီးခဲ့တဲ့ ၄ လစာလောက် အ၀င်အထွက် စာဖတ်သူစာရင်းကို မနေ့ညက ပြန်ကြည့်ဖြစ်ပါတယ်။ အဲဒီထဲက တချို့ကို ပြန်ပြီး တင်ထားတာပါ။ အခု စာဖတ်သူဖတ်နေတဲ့ ဒီ blog မှာ tracking system 5 ခုရှိပါတယ်။ အမှန်တော့ စာဖတ်သူတွေ ဘယ်လို article မျိုးကို ကြိုက်ကြသလဲ.. ဘယ် ဆိုဒ်တွေက ညွှန်းလို့ ရောက်လာသလဲ၊ Search Engine တွေမှာ ဘယ်လို ရှာပြီး လာခဲ့သလဲကို သိချင်လို့ ထည့်ထားတာပါ။
Read the rest of this entry »
22 Jan, 2009
Automattic ကနေ အခု WordPress.tv ဆိုတဲ့ site အသစ်ကို launch လုပ်ထားပါတယ်။ ဒီဆိုဒ်မှာ WordPress.com နဲ့ WordPress.org (self-hosted WP) အတွက်ပါ tutorial, tips & tricks video တွေ ကြည့်လို့ ရမှာပါ။ နောက် အခြား WordCamp နဲ့ Interview video တွေ လဲရှိပါတယ်။
Read the rest of this entry »
14 Jan, 2009

WordPress Themes Framework ဆိုတာက တကယ်တော့ ဒီဇိုင်းပါတဲ့ WP Themes တွေ မဟုတ်ပါဘူး.. ဒါက ဒီဇိုင်နာတွေ အတွက် အလွယ် တကူ design လုပ်လို့ ရအောင် ဖန်တီးထားတဲ့ plain themes တွေပါ။ သူရဲ့ တည်ဆောက်ထားပုံကို ကြည့်ပြီး ကိုယ်လိုချင်တဲ့ ဒီဇိုင်းကို စိတ်ကြိုက်ပြင် ယူနိုင်ပါတယ်။ သူကတော့ အခြေခံ html tag တွေနဲ့ အခြား ဘာမှမပါပါဘူး။
Read the rest of this entry »
14 Dec, 2008

WordPress 2.7 က စပြီးတင်တဲ့ နာရီ 20 အတွင်းမှာ download hit ပေါင်း 100,000 ရှိခဲ့တယ်လို့ သိရပါတယ်။ 2.7 မှာ back end UI ပြောင်းသွားတာက အသိသာဆုံး အချက်ဖြစ်ပြီး အရင်လို ၂ ဆင့်ဝင်စရာမလိုတာ quick edit တွေပါလာတာ၊ ajax ကို သုံးတာတွေက ကွန်နက်ရှင် ပုံမှန်မရှိတဲ့ ကျွန်တော်တို့လို မြန်မာ ယူဇာတွေ အတွက် အကောင်းဆုံးနဲ့ upgrade လုပ် သင့်တဲ့ version ဆိုရင် မမှားပါဘူး။ အခုလက်ရှိတော့ သူ့ရဲ့ download hit က အခုစာရေးတဲ့ အချိန်မှာ 248,830 အထိရှိနေတာ ဖြစ်ပြီး သူကလဲ opensource ဖြစ်တဲ့ အတွက် Firefox Download Day လိုပဲ စဖြန့်တဲ့ နေ့ကတည်းက download hit က စံချိန်တင်ရတာပါပဲ။
Read the rest of this entry »
13 Sep, 2008
WordPress က အခု နောက်ဆုံး 2.6.2 ကို ထွက်ထားပါတယ်။ နောက် အသစ်ထွက်မယ့် version တွေက ဘယ်အချိန်မှာ ထွက်မလဲဆိုတာကို WP team က သတ်မှတ်ထားတဲ့ ရက်တွေကို အခု ပြန်တင်လိုက်ပါတယ်။ ထွက်မယ့် version တွေရဲ့ ရက်တွေက ~
v2.7 November 10, 2008
v2.8 February 2, 2009
v2.9 May 11, 2009
v3.0 August 3, 2009
11 Sep, 2008

ကျွန်တော် ဘလော့ဂ်မှာ ပို့စ်တင်တိုင်း image ထည့်ရင် align center အရင်က အလုပ်မလုပ်ပါဘူး ပို့စ်ထဲမှာ preview ကြည့်ရင်ပေါ်တယ်။ ဘလော့ဂ်ပေါ်ရောက်သွားရင် ဘယ်ဘက်ကပ်သွားရော ဒါနဲ့ သိလိုက်ပါတယ် CSS ကြေငြာဖို့ လိုနေတယ်ဆိုတာကို။ ဒါပေမယ့် အပျင်းကကြီးတော့ မပြင်ဖြစ်ပါဘူး။ အမြဲ center tag သုံးပြီး ညှပ်ပေးလိုက်တာပါပဲ။ အလုပ်ဖြစ်တာပဲပေါ့။ လွန်ခဲ့တဲ့ ရက်ကမှ reader ကနေ ကိုယ့်ဘလော့ဂ်ကို ပြန်ကြည့်တော့မှ အပေါ်မှာ ပုံပြထားတဲ့ အတိုင်း center ညှပ်ထားတဲ့ပုံက more အောက်က တစ်ပုံ အထိပဲ အလုပ်လုပ်တာ တွေ့ရတယ် ဒါနဲ့ မဖြစ်ဘူးပြင်မှ ရတော့မယ်ဆိုပြီး ပြင်ဖြစ်ပါတယ်။ feed ထဲမှာ ကိုယ့် CSS ဖိုင်က အလုပ်မလုပ်ပေမယ့် ပုံတွေကို ဘယ်ဘက်ကပ်လဲ အာလုံး အတူတူ ကပ်နိုင်အောင် ပြင်လိုက်တာပါ။ အမှန်က တချို့ theme ရေးတဲ့ သူတွေက သတိမထားတာပါ.. WordPress မှာ image ကလိုအပ်တဲ့ CSS class တွေရှိထားပါတယ် အဲဒါတွေ ထည့်ဖို့ လိုနေတာပါ။
Read the rest of this entry »
21 Aug, 2008
StatPress ဆိုတာ WordPress မှာ reader, crawler(bot), post view စတာတွေကို track လုပ်ပေးတဲ့ plug in ပါ။ သူကို သွင်းထားလိုက်ရင် reader တွေ ဘယ် ဆိုဒ်၊ ဘလောခ့်ကနေ လာကြသလဲ။ Search Engine မှာ ဘယ်လို keyword နဲ့ ရှာပြီး ကိုယ့်ဘလောခ့်ကိုရောက်လာသလဲကို သိနိုင်ပါတယ်။ နောက် ကိုယ့်ဘလောခ့်မှာ ဘယ်ပို့စ်က လူကြည့်များလဲတွေ နောက် reader က ဘယ် browser, operating system သုံးသလဲ ကို သိနိုင်ပါတယ်။ နောက် reader ကိုယ့်ဘလောခ့်မှာ ဘာတွေ ကလစ် လုပ်သွားသလဲ သိနိုင်ပါတယ်။ အပေါ်မှာ screen-shot ပြထားသလို ဂဏန်းနဲ့ရော graphic ပုံနဲ့ပါပြပေးပါတယ်။ အပေါ်က ပုံက ကျွန်တော့် ဘလောခ့် stat မဟုတ်တာ reader အရေအတွက်ကို ကြည့်ရင် သိနိုင်ပါတယ်
ကျွန်တော့် ဘလောခ့်မှာ တနေ့ စာဖတ်သူလာတဲ့ အရေ အတွက်က လာတဲ့ crawler အရေအတွက်တောင် မမှီပါဘူး ဟီး ဟီး လာလိုက်ရင် ကျွန်တော့် အထင် မြန်မာလူမျိုးစာဖတ်သူ ၃၀၊ ၄၀ လောက်ပဲ ရှိမယ်ထင်ပါတယ်။
Read the rest of this entry »