Proudly Powered by WordPress

ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဘလောခ့်ကို အခု Blogger ကနေ WordPress ကို ရွှေ့လိုက်ပါပြီ။ အခုဆိုရင် ပြည်တွင်းက ဖတ်တဲ့သူတွေလည်း အရင်လို ကျော်ခွစရာမလိုပဲဖတ်လို့ ရသွားသလို ကျွန်တော်လည်း ကျော်ခွပြီး ရေးစရာမလိုတော့ပါဘူး။ အခုထိတော့ ကျွန်တော် WordPress ရဲ့ UI နဲ့ သိပ်မရင်းနီးသေးဘူး။ အခုသုံးထားတဲ့ WP Theme က Dezinerfolio ရဲ့ DF Marine ပါ။ သူ့ theme ကို သဘောကျတာက Web 2.0 စတိုင်ရှိတာရယ် နောက် ဆိုဒ်ဘားမှာ Accordian JavaScript သုံးထားတာကို ကြိုတ်တာပါ။ နောက် ဒီဇိုင်းက ရိုးရှင်းပြီး အရောင်လည်းကြိုက်ပါတယ်။ အမှန်တော့ ကျွန်တော့်ကိုယ်ပိုင် theme သုံးချင်တာပါ။ ဒါပေမယ့် ကိုယ်တိုင်က ဘာမှမတတ်တော့ သူများဟာ ယူသုံးထားတာပါ။ လောလောဆယ်တော့ အိမ်မှာ Apache တင်ပြီး စမ်းနေပါတယ်။
